Atos 22

Common Language Bible (MYA) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ``ညီ​အစ်​ကို​များ​နှင့်​ဖ​ခင်​တို့၊ ယ​ခု​အ​ကျွန်ုပ် ထု​ချေ​မည့်​စ​ကား​ကို​နား​ထောင်​ကြ​ပါ'' ဟု ဆို​၏။-
1 Irmãos e pais, ouvi, agora, a minha defesa perante vós.
2 ထို​သို့​ဟေ​ဗြဲ​ဘာ​သာ​ဖြင့်​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ လူ​တို့​သည်​ပို​၍​ပင်​ဆိတ် ဆိတ်​နေ​ကြ​၏။
2 Quando ouviram que lhes falava em língua hebraica, guardaram ainda maior silêncio. E continuou:
3 ပေါ​လု​က​ဆက်​လက်​၍ ``အ​ကျွန်ုပ်​သည်​ကိ​လိ​ကိ ပြည်၊ တာ​ရှု​မြို့​တွင်​မွေး​ဖွား​သူ​ယု​ဒ​အ​မျိုး​သား ဖြစ်​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကြီး​ပြင်း​၍​ဘိုး ဘေး​တို့​လိုက်​လျှောက်​ကျင့်​သုံး​သည့်​ပ​ညတ်​တ​ရား တော်​ကို ဂါ​မ​လျေ​လ​၏​ခြေ​ရင်း​၌​တိ​ကျ​စွာ ဆည်း​ပူး​ခဲ့​ပါ​၏။ ယ​ခု​သင်​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန်​စိတ်​အား ထက်​သန်​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း​စိတ် အား​ထက်​သန်​ခဲ့​ပါ​၏။-
3 Eu sou judeu, nasci em Tarso da Cilícia, mas criei-me nesta cidade e aqui fui instruído aos pés de Gamaliel, segundo a exatidão da lei de nossos antepassados, sendo zeloso para com Deus, assim como todos vós o sois no dia de hoje.
4 အ​ကျွန်ုပ်​သည်​ယေ​ရှု​၏​လမ်း​စဉ်​တော်​ကို​လိုက် လျှောက်​ကြ​သူ​များ​အား အ​သေ​သတ်​သည်​အ​ထိ ညှဉ်း​ဆဲ​နှိပ်​စက်​ခဲ့​ပါ​၏။ အ​မျိုး​သား၊ အ​မျိုး သ​မီး​များ​ကို​ဖမ်း​ဆီး​၍​ထောင်​ချ​ခဲ့​ပါ​၏။-
4 Persegui este Caminho até à morte, prendendo e metendo em cárceres homens e mulheres,
5 အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။
5 de que são testemunhas o sumo sacerdote e todos os anciãos. Destes, recebi cartas para os irmãos; e ia para Damasco, no propósito de trazer manietados para Jerusalém os que também lá estivessem, para serem punidos.
6 ``အ​ကျွန်ုပ်​သည်​ခ​ရီး​သွား​နေ​စဉ်​ဒ​မာ​သက် မြို့​အ​နီး​သို့​ရောက်​သော​အ​ခါ​မွန်း​တည့်​အ​ချိန် ခန့်​တွင် ကောင်း​ကင်​မှ​အ​လင်း​ရောင်​ကြီး​တစ်​ခု သည် ရုတ်​တ​ရက်​အ​ကျွန်ုပ်​ပတ်​လည်​တွင်​ထွန်း တောက်​သ​ဖြင့်၊-
6 Ora, aconteceu que, indo de caminho e já perto de Damasco, quase ao meio-dia, repentinamente, grande luz do céu brilhou ao redor de mim.
7 အ​ကျွန်ုပ်​သည်​မြေ​ပေါ်​သို့​လဲ​ကျ​နေ​စဉ် `ရှော​လု၊ ရှော​လု၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​နှိပ်​စက် ညှဉ်း​ဆဲ​သ​နည်း' ဟူ​သော​အ​သံ​ကို​ကြား​ရ ပါ​၏။-
7 Então, caí por terra, ouvindo uma voz que me dizia: Saulo, Saulo, por que me persegues?
8 အ​ကျွန်ုပ်​က `အ​ရှင်၊ ကိုယ်​တော်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော်​က `ငါ​သည်​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​သော​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​ပင်​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။-
8 Perguntei: quem és tu, Senhor? Ao que me respondeu: Eu sou Jesus, o Nazareno, a quem tu persegues.
9 အကျွန်ုပ်​နှင့်​အ​တူ​ပါ​လာ​ကြ​သော​သူ​တို့ သည် ထို​အ​လင်း​ရောင်​ကို​မြင်​ရ​ကြ​သော် လည်း အ​ကျွန်ုပ်​အား​မိန့်​မှာ​တော်​မူ​သော​အ​ရှင် ၏​အ​သံ​ကို​မူ​မ​ကြား​ရ​ကြ။-
9 Os que estavam comigo viram a luz, sem, contudo, perceberem o sentido da voz de quem falava comigo.
10 အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော် က `ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင် ဆောင်​ရွက်​ရန်​ခွဲ​ခန့်​သတ်​မှတ်​ထား​သည့်​အ​မှု အ​ရာ​ခပ်​သိမ်း​ကို ထို​မြို့​တွင်​သင့်​အား​ပြော မည်' ဟု​မိန့်​တော်​မူ​၏။-
10 Então, perguntei: que farei, Senhor? E o Senhor me disse: Levanta-te, entra em Damasco, pois ali te dirão acerca de tudo o que te é ordenado fazer.
11 အ​ကျွန်ုပ်​သည်​အ​လင်း​ရောင်​၏​တောက်​ပြောင်​မှု ကြောင့်​မျက်​စိ​ကွယ်​သွား​သ​ဖြင့် အ​ကျွန်ုပ်​နှင့် အ​တူ​ပါ​လာ​ကြ​သော​သူ​တို့​က အ​ကျွန်ုပ် ကို​လက်​ဆွဲ​၍​ဒ​မာ​သက်​မြို့​သို့​ပို့​ဆောင် ပေး​ရ​ကြ​ပါ​သည်။
11 Tendo ficado cego por causa do fulgor daquela luz, guiado pela mão dos que estavam comigo, cheguei a Damasco.
12 အာ​န​နိ​ဆို​သူ​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​လာ ပါ​၏။ သူ​သည်​ပ​ညတ်​တ​ရား​ကို​လိုက်​လျှောက် ကျင့်​သုံး​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​သူ​ဖြစ်​၏။ ဒ​မာ​သက်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​၏​ရို​သေ​လေး​စား​ခြင်း​ကို​လည်း​ခံ​ရ​၏။-
12 Um homem, chamado Ananias, piedoso conforme a lei, tendo bom testemunho de todos os judeus que ali moravam,
13 သူ​သည်​အ​ကျွန်ုပ်​၏​အ​နီး​တွင်​ရပ်​လျက် `ညီ​ရှော​လု၊ သင်​သည်​မျက်​စိ​ပြန်​၍​မြင်​စေ​သ​တည်း​ဟု​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​အ​ကျွန်ုပ်​သည်​မျက်​စိ​ပြန်​၍ မြင်​သ​ဖြင့်​သူ့​ကို​ကြည့်​လိုက်​ရာ၊-
13 veio procurar-me e, pondo-se junto a mim, disse: Saulo, irmão, recebe novamente a vista. Nessa mesma hora, recobrei a vista e olhei para ele.
14 အာ​န​နိ​က `သင်​သည်​ငါ​တို့​ဘိုး​ဘေး​များ ကိုး​ကွယ်​သည့်​ဘု​ရား​သ​ခင်​၏​အ​လို​တော် ကို​သိ​ရ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏ ဖြောင့်​မတ်​သော​အ​စေ​ခံ​အား​ဖူး​မြင်​ရ​စေ ရန်​လည်း​ကောင်း၊ ထို​အ​ရှင်​၏​နှုတ်​တော်​မှ အ​သံ​တော်​ကို​ကြား​ရ​စေ​ရန်​လည်း​ကောင်း ကိုယ်​တော်​သည်​သင့်​အား​ရွေး​ချယ်​တော်​မူ လေ​ပြီ။-
14 Então, ele disse: O Deus de nossos pais, de antemão, te escolheu para conheceres a sua vontade, veres o Justo e ouvires uma voz da sua própria boca,
15 သင်​သည်​မိ​မိ​မြင်​ရ​ကြား​ရ​သည့်​အ​ရာ များ​ကို လူ​အ​ပေါင်း​တို့​အား​ပြော​ကြား​ရန် ထို​အ​ရှင်​၏​သက်​သေ​ခံ​ဖြစ်​ရ​လိမ့်​မည်။-
15 porque terás de ser sua testemunha diante de todos os homens, das coisas que tens visto e ouvido.
16 သို့​ဖြစ်​၍​ယ​ခု​သင်​သည်​အ​ဘယ်​ကြောင့်​ဆိုင်း​ငံ့ နေ​ပါ​သ​နည်း။ ထ​၍​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ သင်​၏​အ​ပြစ်​များ​ဖြေ​လွှတ်​စိမ့်​သော​ငှာ​ကိုယ် တော်​အား​ပတ္ထ​နာ​ပြု​လော့' ဟု​ဆို​လေ​သည်။
16 E agora, por que te demoras? Levanta-te, recebe o batismo e lava os teus pecados, invocando o nome dele.
17 ``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​ရောက် ၍ ဗိ​မာန်​တော်​တွင်​ဆု​တောင်း​လျက်​နေ​စဉ်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပါ​၏။-
17 Tendo eu voltado para Jerusalém, enquanto orava no templo, sobreveio-me um êxtase,
18 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​သ​ခင်​ဘု​ရား​သည် ထင်​ရှား​၍ `သင်​သည်​ဆိုင်း​ငံ့​၍​မ​နေ​ဘဲ​ယေ​ရု ရှ​လင်​မြို့​မှ အ​လျင်​အ​မြန်​ထွက်​ခွာ​သွား​လော့။ ဤ​မြို့​သား​တို့​သည်​ငါ​၏​အ​ကြောင်း​သင်​သက် သေ​ခံ​ချက်​ကို​လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏။-
18 e vi aquele que falava comigo: Apressa-te e sai logo de Jerusalém, porque não receberão o teu testemunho a meu respeito.
19 အ​ကျွန်ုပ်​က `သ​ခင်​ဘု​ရား၊ တ​ရား​ဇ​ရပ်​တစ်​ခု မှ​တစ်​ခု​သို့​သွား​၍ အ​ရှင့်​ကို​ယုံ​ကြည်​ကြ​သူ တို့​အား​ဖမ်း​ဆီး​ရိုက်​နှက်​သူ​မှာ အ​ကျွန်ုပ်​ပင် ဖြစ်​ကြောင်း​ထို​သူ​တို့​သိ​ကြ​ပါ​၏။-
19 Eu disse: Senhor, eles bem sabem que eu encerrava em prisão e, nas sinagogas, açoitava os que criam em ti.
20 အ​ရှင်​၏​အ​ကြောင်း​သက်​သေ​ခံ​သူ​သ​တေ​ဖန် ကို​သတ်​ကြ​သော​အ​ခါ​၌​လည်း အ​ကျွန်ုပ်​သည် အ​နီး​တွင်​ရပ်​လျက်​အ​လို​တူ​အ​လို​ပါ​ပြု ခဲ့​ပါ​၏။ သူ့​ကို​သတ်​ကြ​သော​သူ​တို့​၏​အ​ဝတ် များ​ကို​စောင့်​ထိန်း​ပေး​ခဲ့​ပါ​၏' ဟု​ပြန်​လျှောက် သော်၊-
20 Quando se derramava o sangue de Estêvão, tua testemunha, eu também estava presente, consentia nisso e até guardei as vestes dos que o matavam.
21 သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။
21 Mas ele me disse: Vai, porque eu te enviarei para longe, aos gentios.
22 လူ​တို့​သည်​ဤ​မျှ​ကြာ​အောင်​နား​ထောင်​နေ ကြ​ပြီး​နောက် ဤ​သို့​ပေါ​လု​ပြော​ဆို​သည်​ကို ကြား​သော​အ​ခါ ``ဤ​သူ​အား​ကမ္ဘာ​မြေ​ကြီး ပေါ်​မှ​သုတ်​သင်​ပယ်​ရှင်း​လော့။ သူ့​အား​သတ် လော့။ သူ​သည်​အ​သက်​ရှင်​ရန်​မ​သင့်'' ဟု အ​သံ​ကုန်​ဟစ်​အော်​ကြ​၏။-
22 Ouviram-no até essa palavra e, então, gritaram, dizendo: Tira tal homem da terra, porque não convém que ele viva!
23 သူ​တို့​သည်​ဝတ်​လုံ​များ​ကို​ဝှေ့​ရမ်း​ကာ​မြေ မှုန့်​ကို မိုး​ကောင်း​ကင်​သို့​ပစ်​လွှင့်​လျက်​အော် ဟစ်​ကြ​၏။-
23 Ora, estando eles gritando, arrojando de si as suas capas, atirando poeira para os ares,
24 ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-
24 ordenou o comandante que Paulo fosse recolhido à fortaleza e que, sob açoite, fosse interrogado para saber por que motivo assim clamavam contra ele.
25 သူ့​ကို​ကြိမ်​ဒဏ်​ခတ်​ရန်​ချည်​နှောင်​ကြ​သော အ​ခါ ပေါ​လု​က​အ​နီး​တွင်​ရပ်​လျက်​နေ​သည့် တပ်​ခွဲ​မှူး​အား``ရော​မ​နိုင်​ငံ​သား​တစ်​ယောက် ကို​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ပြု​ဘဲ​ကြိမ်​ဒဏ် ခတ်​ခြင်း​မှာ​တ​ရား​ဥ​ပ​ဒေ​နှင့်​ကိုက်​ညီ​ပါ သ​လော'' ဟု​မေး​၏။
25 Quando o estavam amarrando com correias, disse Paulo ao centurião presente: Ser-vos-á, porventura, lícito açoitar um cidadão romano, sem estar condenado?
26 ထို​စ​ကား​ကို​ကြား​လျှင်​တပ်​ခွဲ​မှူး​သည်​တပ်​မှူး ထံ​သို့​သွား​၍ ``အ​ရှင်၊ အ​သို့​ပြု​ဘိ​သ​နည်း။ ထို သူ​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု လျှောက်​၏။
26 Ouvindo isto, o centurião procurou o comandante e lhe disse: Que estás para fazer? Porque este homem é cidadão romano.
27 ထို​အ​ခါ​တပ်​မှူး​သည်​ပေါ​လု​ထံ​လာ​၍ ``သင် သည်​ရော​မ​နိုင်​ငံ​သား​ပေ​လော။ ငါ့​အား​ပြော ပါ'' ဟု​ဆို​လျှင်​ပေါ​လု​က ``ဟုတ်​ပါ​၏'' ဟု ဆို​၏။
27 Vindo o comandante, perguntou a Paulo: Dize-me: és tu romano? Ele disse: Sou.
28 တပ်​မှူး​က ``ငါ​သည်​ငွေ​အ​မြောက်​အ​မြား​ပေး​၍ ရော​မ​နိုင်​ငံ​သား​အ​ဖြစ်​ကို​ရ​ရှိ​၏'' ဟု​ဆို​လျှင် ပေါ​လု​က ``ငါ​မူ​ကား​ဇာ​တိ​အား​ဖြင့်​ရော​မ နိုင်​ငံ​သား​ဖြစ်​ပါ​၏'' ဟု​ပြန်​ပြော​၏။
28 Respondeu-lhe o comandante: A mim me custou grande soma de dinheiro este título de cidadão. Disse Paulo: Pois eu o tenho por direito de nascimento.
29 သူ့​ကို​စစ်​ဆေး​မေး​မြန်း​မည့်​သူ​တို့​သည်​လည်း ချက်​ချင်း​ပင်​နောက်​သို့​ဆုတ်​ခွာ​သွား​ကြ​လေ သည်။ ပေါ​လု​သည်​ရော​မ​နိုင်​ငံ​သား​ဖြစ်​သည် ကို​လည်း​ကောင်း၊ သူ့​အား​သံ​ကြိုး​ဖြင့်​ချည်​နှောင် မိ​သည်​ကို​လည်း​ကောင်း​သိ​မြင်​သော​အ​ခါ တပ်​မှူး​သည်​ကြောက်​လန့်​လေ​၏။
29 Imediatamente, se afastaram os que estavam para o inquirir com açoites. O próprio comandante sentiu-se receoso quando soube que Paulo era romano, porque o mandara amarrar.
30 တပ်​မှူး​သည်​ပေါ​လု​အား​ယု​ဒ​အ​မျိုး​သား​တို့ က အ​ဘယ်​ပြစ်​မှု​ဖြင့်​စွပ်​စွဲ​ကြ​သည်​ကို​အ​သေ အ​ချာ​သိ​လို​၏။ သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌ ပေါ​လု​အား​ချည်​နှောင်​ထား​သည့်​သံ​ကြိုး​ကို ဖယ်​ရှား​စေ​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင် အ​ပေါင်း​တို့​ကို​စု​ဝေး​ကြ​ရန်​အ​မိန့်​ပေး လေ​သည်။ ထို​နောက်​ပေါ​လု​ကို​ခေါ်​ဆောင်​ကာ ထို​သူ​တို့​ရှေ့​တွင်​ရပ်​စေ​၏။
30 No dia seguinte, querendo certificar-se dos motivos por que vinha ele sendo acusado pelos judeus, soltou-o, e ordenou que se reunissem os principais sacerdotes e todo o Sinédrio, e, mandando trazer Paulo, apresentou-o perante eles.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.