Atos 18
Common Language Bible (MYA) vs ARA
1 ထိုနောက်ပေါလုသည်အာသင်မြို့မှထွက် ခွာ၍ ကောရိန္သုမြို့သို့ရောက်၏။-
1 Depois disto, deixando Paulo Atenas, partiu para Corinto.
2 ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။-
2 Lá, encontrou certo judeu chamado Áquila, natural do Ponto, recentemente chegado da Itália, com Priscila, sua mulher, em vista de ter Cláudio decretado que todos os judeus se retirassem de Roma. Paulo aproximou-se deles.
3 ထိုသူတို့သည်ပေါလုကဲ့သို့သားရေအလုပ် သမားများဖြစ်ကြ၏။ သို့ဖြစ်၍ပေါလုသည် သူတို့ထံသို့သွားပြီးလျှင် သူတို့နှင့်အတူ နေ၍အလုပ်လုပ်၏။-
3 E, posto que eram do mesmo ofício, passou a morar com eles e ali trabalhava, pois a profissão deles era fazer tendas.
4 ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
4 E todos os sábados discorria na sinagoga, persuadindo tanto judeus como gregos.
5 သိလနှင့်တိမောသေတို့မာကေဒေါနိပြည် မှရောက်လာကြသောအခါ ပေါလုသည်တရား ဟောခြင်းအမှုကိုသာဆောင်ရွက်လျက် မေရှိယ သည်သခင်ယေရှုပင်ဖြစ်ကြောင်းယုဒအမျိုး သားတို့အားသေချာစွာရှင်းပြ၏။-
5 Quando Silas e Timóteo desceram da Macedônia, Paulo se entregou totalmente à palavra, testemunhando aos judeus que o Cristo é Jesus.
6 ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
6 Opondo-se eles e blasfemando, sacudiu Paulo as vestes e disse-lhes: Sobre a vossa cabeça, o vosso sangue! Eu dele estou limpo e, desde agora, vou para os gentios.
7 ထိုနောက်ထိုသူတို့ထံမှထွက်ခွာ၍ ဘုရား သခင်ကိုကိုးကွယ်သူတိတုယုတ္တုနာမည် ရှိသော ယုဒအမျိုးသားမဟုတ်သူ၏အိမ် သို့သွားရောက်တည်းခိုလေသည်။ ထိုအိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။-
7 Saindo dali, entrou na casa de um homem chamado Tício Justo, que era temente a Deus; a casa era contígua à sinagoga.
8 တရားဇရပ်အုပ်ချုပ်မှူးကရိပ္ပုနှင့်အိမ်သူ အိမ်သားအပေါင်းတို့သည် သခင်ဘုရားကို ယုံကြည်သူများဖြစ်လာကြ၏။ အခြား ကောရိန္သုမြို့သားအမြောက်အမြားသည် လည်း နှုတ်ကပတ်တရားတော်ကိုကြားရ၍ ယုံကြည်ကာဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။
8 Mas Crispo, o principal da sinagoga, creu no Senhor, com toda a sua casa; também muitos dos coríntios, ouvindo, criam e eram batizados.
9 တစ်ညသ၌ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်၏။ ဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားက ``ငါသည်သင်နှင့်အတူရှိသည်ဖြစ်၍မ ကြောက်နှင့်။ ဆက်လက်ဟောပြောလော့။ လက် မလျှော့နှင့်။-
9 Teve Paulo durante a noite uma visão em que o Senhor lhe disse: Não temas; pelo contrário, fala e não te cales;
10 အဘယ်သူမျှသင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့ရှိလူအမြောက်အမြားတို့သည် ငါ့ လူစုတော်ဝင်များဖြစ်ကြ၏'' ဟုမိန့်တော် မူ၏။-
10 porquanto eu estou contigo, e ninguém ousará fazer-te mal, pois tenho muito povo nesta cidade.
11 သို့ဖြစ်၍ပေါလုသည်ထိုမြို့တွင်တစ်နှစ်နှင့် ခြောက်လမျှနေထိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုဟောပြောသွန် သင်လျက်နေ၏။
11 E ali permaneceu um ano e seis meses, ensinando entre eles a palavra de Deus.
12 ဂါလျုန်သည်အခါယပြည်ဘုရင်ခံဖြစ်စဉ် အခါ ယုဒအမျိုးသားအပေါင်းတို့သည် စုရုံးလျက် ပေါလုကိုဖမ်းဆီးပြီးလျှင် တရားခွင်ရှေ့သို့ခေါ်ဆောင်ခဲ့ကြ၏။-
12 Quando, porém, Gálio era procônsul da Acaia, levantaram-se os judeus, concordemente, contra Paulo e o levaram ao tribunal,
13 သူတို့က ``ဤသူသည်ပညတ်တရားတော် နှင့်ဆန့်ကျင်၍ ဘုရားသခင်ကိုကိုးကွယ် ကြစေရန်လူတို့အားသွေးဆောင်လျက် နေပါသည်'' ဟုလျှောက်ထားကြ၏။-
13 dizendo: Este persuade os homens a adorar a Deus por modo contrário à lei.
14 ပေါလုသည်ချေပပြောဆိုမည်အပြုတွင် ဂါလျုန်က ``ယုဒအမျိုးသားတို့၊ ဤအမှု သည်ဆိုးယုတ်သောပြစ်မှုသို့မဟုတ်လိမ်လည် မှုဖြစ်ပါမူ ငါသည်သင်တို့၏စွပ်စွဲချက်ကို စိတ်ရှည်လက်ရှည်နားထောင်နိုင်ပေမည်။-
14 Ia Paulo falar, quando Gálio declarou aos judeus: Se fosse, com efeito, alguma injustiça ou crime da maior gravidade, ó judeus, de razão seria atender-vos;
15 သို့ရာတွင်ဤအမှု၏စကားများ၊ နာမည် များသည်သင်တို့၏ပညတ်တရားနှင့်သက် ဆိုင်သည့်အမှုဖြစ်သဖြင့် သင်တို့ကိုယ်တိုင် ပင်စီရင်ဆုံးဖြတ်ကြလော့။ ထိုအမှုမျိုး ကိုငါမစီရင်ပြီ'' ဟုဆို၍၊-
15 mas, se é questão de palavra, de nomes e da vossa lei, tratai disso vós mesmos; eu não quero ser juiz dessas coisas!
16 ယုဒအမျိုးသားတို့အားတရားခွင်မှ နှင်ထုတ်လိုက်၏။-
16 E os expulsou do tribunal.
17 ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
17 Então, todos agarraram Sóstenes, o principal da sinagoga, e o espancavam diante do tribunal; Gálio, todavia, não se incomodava com estas coisas.
18 ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။-
18 Mas Paulo, havendo permanecido ali ainda muitos dias, por fim, despedindo-se dos irmãos, navegou para a Síria, levando em sua companhia Priscila e Áquila, depois de ter raspado a cabeça em Cencreia, porque tomara voto.
19 ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
19 Chegados a Éfeso, deixou-os ali; ele, porém, entrando na sinagoga, pregava aos judeus.
20 လူတို့သည်မိမိတို့ထံတွင်ကြာမြင့်စွာနေ ထိုင်ရန် တောင်းပန်ကြသော်လည်းပေါလုသည် ငြင်းဆန်လျက်၊-
20 Rogando-lhe eles que permanecesse ali mais algum tempo, não acedeu.
21 ``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
21 Mas, despedindo-se, disse: Se Deus quiser, voltarei para vós outros. E, embarcando, partiu de Éfeso.
22 သူသည်ကဲသရိမြို့သို့ရောက်လျှင်သင်္ဘောမှ ဆင်းပြီးနောက် ယေရုရှလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်၏။ ထိုနောက်အန္တိ အုတ်မြို့သို့သွား၏။-
22 Chegando a Cesareia, desembarcou, subindo a Jerusalém; e, tendo saudado a igreja, desceu para Antioquia.
23 ထိုမြို့တွင်ကာလအတန်ကြာနေပြီးနောက် ခရီးထွက်ခဲ့ရာဂလာတိပြည်နှင့်ဖြုဂိ ပြည်တို့သို့ရောက်ရှိလျက် ယုံကြည်သူ အပေါင်းတို့ကိုကြံ့ခိုင်စေလေသည်။
23 Havendo passado ali algum tempo, saiu, atravessando sucessivamente a região da Galácia e Frígia, confirmando todos os discípulos.
24 အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
24 Nesse meio tempo, chegou a Éfeso um judeu, natural de Alexandria, chamado Apolo, homem eloquente e poderoso nas Escrituras.
25 သခင်ဘုရား၏လမ်းစဉ်တော်အကြောင်းကို စုံလင်စွာလေ့လာသင်ယူထားသူလည်းဖြစ် ၏။ သူသည်သခင်ယေရှုနှင့်သက်ဆိုင်သော တိကျမှန်ကန်သည့်အကြောင်းပြချက်များ ကို စိတ်အားထက်သန်စွာဟောပြောသွန်သင်၏။ သို့သော်သူသည်ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။-
25 Era ele instruído no caminho do Senhor; e, sendo fervoroso de espírito, falava e ensinava com precisão a respeito de Jesus, conhecendo apenas o batismo de João.
26 သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
26 Ele, pois, começou a falar ousadamente na sinagoga. Ouvindo-o, porém, Priscila e Áquila, tomaram-no consigo e, com mais exatidão, lhe expuseram o caminho de Deus.
27 သူသည်အခါယပြည်သို့သွားလိုသဖြင့် ဧဖက် မြို့ရှိညီအစ်ကိုများသည်သူ၏အတွက် အခါ ယပြည်ရှိတပည့်တော်တို့ထံသို့မိတ်ဆက် စာရေးခြင်းအားဖြင့်ကူညီကြ၏။ သူသည် အခါယပြည်သို့ရောက်သောအခါ ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်ယုံကြည် လာသူများအားများစွာအကူအညီ ပေး၏။-
27 Querendo ele percorrer a Acaia, animaram-no os irmãos e escreveram aos discípulos para o receberem. Tendo chegado, auxiliou muito aqueles que, mediante a graça, haviam crido;
28 အဘယ်ကြောင့်ဆိုသော်သူသည်လူထုရှေ့ ဆွေးနွေးပွဲများတွင် ကျမ်းစာတော်မှအထောက် အထားများဖြင့် သခင်ယေရှုသည်မေရှိယ ပင်ဖြစ်ကြောင်းကို ယုဒအမျိုးသားတို့အား ပိုင်နိုင်စွာချေပပြောဆိုသောကြောင့်ဖြစ်၏။
28 porque, com grande poder, convencia publicamente os judeus, provando, por meio das Escrituras, que o Cristo é Jesus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.