Atos 17
Common Language Bible (MYA) vs VC
1 သူတို့သည်ခရီးဆက်ခဲ့ရာအံဖိပေါလိမြို့ နှင့်အာပေါလောနိမြို့ကိုဖြတ်၍ သက်သာ လောနိတ်မြို့သို့ရောက်ကြ၏။ ထိုမြို့တွင်ယုဒ တရားဇရပ်ရှိ၏။-
1 Passaram por Anfípolis e Apolônia e chegaram a Tessalônica, onde havia uma sinagoga de judeus.
2 ပေါလုသည်မိမိ၏အလေ့အထရှိသည် အတိုင်း ထိုတရားဇရပ်သို့သွား၍ ဥပုသ်နေ့ သုံးနေ့တိုင်တိုင်ကျမ်းစာတော်ကိုကိုးကား ကာလူတို့နှင့်အခြေအတင်ဆွေးနွေး၏။-
2 Paulo dirigiu-se a eles, segundo o seu costume, e por três sábados disputou com eles.
3 မေရှိယသည်ဒုက္ခဝေဒနာခံတော်မူရမည့် အကြောင်းတို့ကို ကျမ်းချက်အထောက်အထား များနှင့်တကွရှင်းလင်းစွာဖွင့်ပြ၏။ ပေါလု က ``ငါသင်တို့အားပြောပြနေသောသခင် ယေရှုကားမေရှိယပင်ဖြစ်၏'' ဟုဆို၏။-
3 Explicava e demonstrava, à base das Escrituras, que era necessário que Cristo padecesse e ressurgisse dos mortos. E este Cristo é Jesus que eu vos anuncio.
4 အချို့သောသူတို့သည်ပေါလုပြောသောစကား ကိုယုံကြည်သဖြင့် ပေါလုနှင့်သိလတို့၏အဖွဲ့ သို့ဝင်ကြ၏။ ဘုရားသခင်ကိုကိုးကွယ်သူဂရိ အမျိုးသားအမြောက်အမြားနှင့်ထင်ပေါ်သော ဂရိအမျိုးသမီးများလည်း သူတို့၏အဖွဲ့ သို့ဝင်ကြလေသည်။
4 Alguns deles creram e associaram-se a Paulo e Silas, como também uma grande multidão de prosélitos gentios, e não poucas mulheres de destaque.
5 သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
5 Os judeus, tomados de inveja, ajuntaram alguns homens da plebe e com esta gente amotinaram a cidade. Assaltaram a casa de Jasão, procurando-os para os entregar ao povo.
6 ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
6 Mas como não os achassem, arrastaram Jasão e alguns irmãos à presença dos magistrados, clamando: Estes homens amotinam todo o mundo. Estão agora aqui! E Jasão os acolheu!
7 ထိုသူတို့သည်ယေရှုဟူသောအခြား ဧကရာဇ်ဘုရင်တစ်ပါးရှိသည်ဟုဆိုကာ ဧကရာဇ်၏အမိန့်တော်ကိုဆန့်ကျင်ဘက် ပြုကြပါ၏'' ဟုဟစ်အော်ကြသော်၊-
7 Todos eles contrariam os decretos de César, proclamando outro rei: Jesus.
8 လူပရိသတ်နှင့်မြို့အာဏာပိုင်များသည် ဆူညံ၍သွားကြ၏။-
8 Assim excitavam o povo e os magistrados.
9 အာဏာပိုင်တို့သည်ယာသုန်နှင့်အပေါင်းအပါ တို့အား အာမခံငွေများကိုပေးဆောင်စေပြီး နောက်ထွက်သွားခွင့်ပြုကြ၏။
9 E só depois de receberem uma caução de Jasão e dos outros é que os deixaram ir.
10 ညဥ့်အချိန်ရောက်လျှင်ရောက်ချင်းယုံကြည် သူတို့သည် ပေါလုနှင့်သိလတို့ကိုဗေရိမြို့ သို့ထွက်ခွာသွားစေကြ၏။ ထိုမြို့သို့ရောက်လျှင် သူတို့သည်ယုဒတရားဇရပ်သို့သွားကြ၏။-
10 Logo que se fez noite, os irmãos enviaram Paulo e Silas para Beréia. Quando ali chegaram, entraram na sinagoga dos judeus.
11 ဗေရိမြို့သားတို့ကားသက်သာလောနိတ်မြို့သား တို့လောက် တစ်ယူသန်စိတ်ရှိသူများမဟုတ်ချေ။ သို့ဖြစ်၍ပေါလုဟောပြောသည့်တရားတော်ကို အလွန်ကြည်ညိုသောစိတ်ဖြင့်နာခံကြ၏။ သူတို့ သည်ပေါလုနှင့်သိလတို့ပြောကြားသည့်အတိုင်း မှန်မမှန်ကိုသိရှိနိုင်ရန်နေ့စဉ်နေ့တိုင်းကျမ်း စာတော်ကိုလေ့လာကြ၏။-
11 Estes eram mais nobres do que os de Tessalônica e receberam a palavra com ansioso desejo, indagando todos os dias, nas Escrituras, se essas coisas eram de fato assim.
12 ထို့ကြောင့်သူတို့အများပင်ယုံကြည်လာကြ၏။ ယင်းသို့ယုံကြည်သူတို့တွင်ဂုဏ်အသရေရှိ ဂရိအမျိုးသမီး၊ အမျိုးသားအမြောက် အမြားပါဝင်၏။-
12 Muitos deles creram, como também muitas mulheres gregas da aristocracia, e não poucos homens.
13 ဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။-
13 Mas os judeus de Tessalônica, sabendo que também em Beréia tinha sido pregada por Paulo a palavra de Deus, foram para lá agitar e sublevar o povo.
14 ထိုအခါယုံကြည်သူတို့သည်ချက်ချင်းပင် ပေါလုကိုပင်လယ်ကမ်းခြေသို့ထွက်ခွာသွား စေကြ၏။ သိလနှင့်တိမောသေတို့မူကား ဗေရိ မြို့တွင်ပင်နေရစ်ခဲ့ကြ၏။-
14 Então os irmãos fizeram que Paulo se retirasse e fosse até o mar, ao passo que Silas e Timóteo ficaram ali.
15 ပေါလုကိုလိုက်ပို့ကြသောသူတို့သည် သူနှင့် အာသင်မြို့အထိလိုက်သွားကြ၏။ ထို့နောက် သိလနှင့်တိမောသေတို့အမြန်ဆုံးလိုက် လာစေရန်ညွှန်ကြားချက်ရလျက် ဗေရိမြို့ သို့ပြန်သွားကြ၏။
15 Os que conduziam Paulo levaram-no até Atenas. De lá voltaram e transmitiram para Silas e Timóteo a ordem de que fossem ter com ele o mais cedo possível.
16 ပေါလုသည်အာသင်မြို့တွင် သိလနှင့်တိမောသေ တို့ကိုစောင့်ဆိုင်းလျက်နေစဉ် ထိုမြို့တွင်ရုပ်တု များနှင့်ပြည့်နှက်လျက်ရှိသည်ကိုမြင်သဖြင့် စိတ်မချမ်းမသာဖြစ်၏။-
16 Enquanto Paulo os esperava em Atenas, à vista da cidade entregue à idolatria, o seu coração enchia-se de amargura.
17 ထို့ကြောင့်တရားဇရပ်တွင်ယုဒအမျိုးသား များ၊ ဘုရားသခင်ကိုကိုးကွယ်သူများနှင့် လည်းကောင်း၊ နေ့စဉ်နေ့တိုင်းမြို့တွင်းမြေကွက် လပ်သို့လာရောက်ကြသူများနှင့်လည်းကောင်း တရားဆွေးနွေး၏။-
17 Disputava na sinagoga com os judeus e prosélitos, e todos os dias, na praça, com os que ali se encontravam.
18 ဧပိကုရုနှင့်သတောအိပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်အချေအတင်ဆွေးနွေးကြ၏။ ထို သူအချို့တို့က ``ဤစကားအိုးသည်အဘယ် အရာကိုပြောဆိုနေပါသနည်း'' ဟုဆိုကြ၏။
18 Alguns filósofos epicureus e estóicos conversaram com ele. Diziam uns: Que quer dizer esse tagarela? Outros: Parece que é pregador de novos deuses. Pois lhes anunciava Jesus e a Ressurreição.
19 သို့ဖြစ်၍ထိုသူတို့သည်ပေါလုကို အာရေတောင် တရားရုံးတော်သို့ခေါ်ဆောင်သွားပြီးလျှင် ``သင် ဟောပြောနေသည့်အယူဝါဒသစ်အကြောင်း ကိုငါတို့သိပါရစေ။-
19 Tomaram-no consigo e levaram-no ao Areópago, e lhe perguntaram: Podemos saber que nova doutrina é essa que pregas?
20 သင်တို့ဟောပြောသောအကြောင်းအရာအချို့ တို့မှာ ငါတို့အတွက်အသစ်အဆန်းဖြစ်၍ နေပါ၏။ ထိုအရာများ၏အနက်အဋ္ဌိပ္ပါယ် ကိုငါတို့သိချင်ပါသည်'' ဟုဆိုကြ၏။-
20 Pois o que nos trazes aos ouvidos nos parece muito estranho. Queremos saber o que vem a ser isso.
21 (အာသင်မြို့သားအပေါင်းတို့နှင့်ထိုမြို့တွင် နေထိုင်သူဧည့်သည်များသည် သတင်းအသစ် အဆန်းကိုပြောဆိုကြားနာခြင်းအားဖြင့် အချိန်ကိုကုန်လွန်စေတတ်ကြ၏။)
21 Ora {como se sabe}, todos os atenienses e os forasteiros que ali se fixaram não se ocupavam de outra coisa senão a de dizer ou de ouvir as últimas novidades.
22 ပေါလုသည် အာရေတောင်တရားရုံးတော်ရှေ့ တွင်ရပ်လျက် ``အာသင်မြို့သားတို့၊ သင်တို့သည် လွန်စွာဘုရားတရားကြည်ညိုသူများဖြစ် ကြောင်း အစစအရာရာကိုထောက်၍ငါသိ ရ၏။-
22 Paulo, em pé no meio do Areópago, disse: Homens de Atenas, em tudo vos vejo muitíssimo religiosos.
23 ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။-
23 Percorrendo a cidade e considerando os monumentos do vosso culto, encontrei também um altar com esta inscrição: A um Deus desconhecido. O que adorais sem o conhecer, eu vo-lo anuncio!
24 ကမ္ဘာလောကကြီးနှင့်တကွကမ္ဘာပေါ်တွင်ရှိ သမျှသောအရာတို့ကိုဖန်ဆင်းတော်မူသော ဘုရားသည် မိုးမြေကိုစိုးပိုင်တော်မူသော အရှင်ဖြစ်၍လူ့လက်ဖြင့်ဆောက်လုပ်သည့် ဘုံဗိမာန်တွင်ကျိန်းဝပ်တော်မမူ။-
24 O Deus, que fez o mundo e tudo o que nele há, é o Senhor do céu e da terra, e não habita em templos feitos por mãos humanas.
25 ထိုအရှင်ကိုယ်တိုင်ပင်လူခပ်သိမ်းတို့အား အသက်နှင့်တကွအခြားလိုအပ်သည့်အရာ ရှိသမျှကိုပေးသနားတော်မူ၏။ သို့ဖြစ် ၍တစ်စုံတစ်ခုကိုလိုလား၍လူ့လက်မှ အထောက်အပံ့ကိုခံယူရန်မလိုပေ။-
25 Nem é servido por mãos de homens, como se necessitasse de alguma coisa, porque é ele quem dá a todos a vida, a respiração e todas as coisas.
26 ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
26 Ele fez nascer de um só homem todo o gênero humano, para que habitasse sobre toda a face da terra. Fixou aos povos os tempos e os limites da sua habitação.
27 — ausente —
27 Tudo isso para que procurem a Deus e se esforcem por encontrá-lo como que às apalpadelas, pois na verdade ele não está longe de cada um de nós.
28 — ausente —
28 Porque é nele que temos a vida, o movimento e o ser, como até alguns dos vossos poetas disseram: Nós somos também de sua raça...
29 ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ ဘုရားသခင်သည် လူတို့၏စိတ်ကူးနှင့်အနုပညာစွမ်းရည်ဖြင့် ထုလုပ်ထားသောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက် ရုပ်တုတို့နှင့်တူတော်မူသည်ဟုမထင်မမှတ် အပ်။-
29 Se, pois, somos da raça de Deus, não devemos pensar que a divindade é semelhante ao ouro, à prata ou à pedra lavrada por arte e gênio dos homens.
30 ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
30 Deus, porém, não levando em conta os tempos da ignorância, convida agora a todos os homens de todos os lugares a se arrependerem.
31 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
31 Porquanto fixou o dia em que há de julgar o mundo com justiça, pelo ministério de um homem que para isso destinou. Para todos deu como garantia disso o fato de tê-lo ressuscitado dentre os mortos.
32 သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကိုကြားသောအခါ လူအချို့တို့သည်ပြောင် လှောင်ကြ၏။ သို့ရာတွင်အချို့သောသူတို့က မူ ``သင်ပြောဆိုနေသည့်အကြောင်းအရာကို ငါတို့တစ်ဖန်ကြားလိုပါသည်'' ဟုဆိုကြ၏။-
32 Quando o ouviram falar de ressurreição dos mortos, uns zombavam e outros diziam: A respeito disso te ouviremos outra vez.
33 သို့ဖြစ်၍ပေါလုသည်တရားရုံးတော်မှ ထွက်သွားလေသည်။-
33 Assim saiu Paulo do meio deles.
34 အချို့သောသူတို့သည်ပေါလုနှင့်ပေါင်းဖော် ပြီးလျှင် ယုံကြည်သူများဖြစ်လာကြ၏။ ထို သူတို့တွင်ဒယောနုသိနာမည်ရှိသောအာရေ တောင်တရားရုံးတော်အဖွဲ့ဝင်တစ်ဦး၊ ဒမာရိ နာမည်ရှိသောအမျိုးသမီးတစ်ဦးနှင့်အခြား သူအချို့တို့ပါဝင်ကြ၏။
34 Todavia, alguns homens aderiram a ele e creram: entre eles, Dionísio, o areopagita, e uma mulher chamada Dâmaris; e com eles ainda outros.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.