Atos 15

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 လူ​အ​ချို့​တို့​သည်​ယု​ဒ​ပြည်​မှ​အန္တိ​အုတ်​မြို့ သို့​သွား​ရောက်​၍ ညီ​အစ်​ကို​တို့​အား ``သင်​တို့ သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား​အ​ရ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​ယူ​လျှင်​ကယ်​တင် ခြင်း​မ​ရ​နိုင်'' ဟု​ဟော​ပြော​သွန်​သင်​ကြ​၏။-
1 Chegaram a Antioquia alguns homens da Judeia e começaram a ensinar aos irmãos: “A menos que sejam circuncidados, conforme exige a lei de Moisés, vocês não poderão ser salvos”.
2 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​နှင့် အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ကာ အ​ချေ​အ​တင် ပြော​ဆို​ကြ​၏။ ထို့​ကြောင့်​အ​သင်း​တော်​သည်​ဤ သို့​အ​ငြင်း​ပွား​သည့်​ကိစ္စ​နှင့်​ပတ်​သက်​၍ တိုင်​ပင် ဆွေး​နွေး​ရန်​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို​တ​ပည့် တော်​အ​ချို့​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​ရှိ အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​၏။
2 Paulo e Barnabé discordaram deles e discutiram energicamente. Por fim, a igreja decidiu enviar Paulo e Barnabé a Jerusalém, acompanhados de alguns irmãos de Antioquia, para tratar dessa questão com os apóstolos e presbíteros.
3 အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-
3 A igreja, portanto, enviou seus representantes a Jerusalém. No caminho, eles pararam na Fenícia e em Samaria para visitar os irmãos e contaram que os gentios também estavam sendo convertidos, o que muito alegrou a todos.
4 ယေ​ရု​ရှ​လင်​မြို့​သို့​ဗာ​န​ဗ​တို့​ရောက်​ကြ သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ကွ​တ​မန်​တော် များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​သူ​တို့​အား ကြို​ဆို​လက်​ခံ​သည့်​အ​ခါ မိ​မိ​တို့​အား​ဘု​ရား သ​ခင်​အ​သုံး​ပြု​တော်​မူ​ပုံ​အ​လုံး​စုံ​ကို​ပြန် ကြား​ကြ​၏။-
4 Quando chegaram a Jerusalém, foram bem recebidos pela igreja, pelos apóstolos e presbíteros, e relataram tudo que Deus havia feito por meio deles.
5 သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​အ​ဖွဲ့​ဝင်​များ​အ​နက် ယုံ ကြည်​သူ​လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ​မျိုး​ခြား တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရ​မည်။ မော​ရှေ ၏​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ရ​မည်'' ဟု​ဆို ကြ​၏။
5 Contudo, alguns dos irmãos que pertenciam à seita dos fariseus se levantaram e disseram: “É necessário que os convertidos gentios sejam circuncidados e guardem a lei de Moisés”.
6 သို့​ဖြစ်​၍​တ​မန်​တော်​များ​နှင့်​အ​သင်း​တော် လူ​ကြီး​များ​သည် ဤ​အ​မှု​ကိစ္စ​ကို​စဉ်း​စား ဆင်​ခြင်​ရန်​စည်း​ဝေး​ကြ​၏။-
6 Os apóstolos e presbíteros se reuniram para decidir a questão.
7 အ​တော်​ပင်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ပြီး သော​အ​ခါ ပေ​တ​ရု​သည်​နေ​ရာ​မှ​ထ​၍ ``ညီ အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည်​သ​တင်း​ကောင်း ကို​ကြား​၍​ယုံ​ကြည်​နိုင်​စေ​ရန် ဘု​ရား​သ​ခင် သည်​လွန်​ခဲ့​သည့်​ကာ​လ​အ​တန်​ကြာ​က သ​တင်း ကောင်း​ကို​ကြေ​ညာ​ရန်​အ​တွက် ငါ့​အား​သင်​တို့ အ​ထဲ​မှ​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။-
7 Depois de uma longa discussão, Pedro se levantou e se dirigiu a eles, dizendo: “Irmãos, vocês sabem que, há muito tempo, Deus me escolheu dentre vocês para falar aos gentios a fim de que eles pudessem ouvir as boas-novas e crer.
8 လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-
8 Deus conhece o coração humano e confirmou que aceita os gentios ao lhes dar o Espírito Santo, como o deu a nós.
9 ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။-
9 Não fez distinção alguma entre nós e eles, pois purificou o coração deles por meio da fé.
10 သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​ကို​သွေး​စမ်း​လို​ကြ​သ​နည်း။ ငါ​တို့​ဘိုး ဘေး​များ​သော်​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​တိုင် ပင်​သော်​လည်း​ကောင်း၊ မ​ထမ်း​နိုင်​သည့်​ဝန်​ကို အ​ဘယ်​ကြောင့်​ထို​သူ​တို့​အား​ထမ်း​စေ​ကြ ပါ​သ​နည်း။-
10 Então por que agora vocês provocam a Deus, sobrecarregando os discípulos gentios com um jugo que nem nós nem nossos antepassados conseguimos suportar?
11 ငါ​တို့​သည်​လည်း​ထို​သူ​တို့​နည်း​တူ​ယုံ​ကြည် သ​ဖြင့် သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏'' ဟု​ဆို​၏။
11 Cremos que todos, nós e eles, somos salvos da mesma forma, pela graça do Senhor Jesus”.
12 ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည်​မိ​မိ​တို့​အား ဖြင့် လူ​မျိုး​ခြား​တို့​တွင်​ဘု​ရား​သ​ခင်​ပြု တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​ပြော​ကြား​နေ စဉ်​စု​ဝေး​သော​လူ​အား​လုံး​ပင်​ဆိတ်​ငြိမ်​စွာ နား​ထောင်​လျက်​နေ​ကြ​၏။-
12 Todos ouviram em silêncio enquanto Barnabé e Paulo lhes relatavam os sinais e maravilhas que Deus havia realizado por meio deles entre os gentios.
13 သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ​ယာ​ကုပ်​က ``ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​ပါ။-
13 Quando terminaram de falar, Tiago se levantou e disse: “Irmãos, ouçam-me!
14 ဘု​ရား​သ​ခင်​သည်​ရှေး​ဦး​စွာ​လူ​မျိုး​ခြား​တို့ အ​နက်​အ​ချို့​သော​သူ​တို့​ကို မိ​မိ​၏​လူ​စု တော်​ဝင်​များ​ဖြစ်​စေ​ရန်​ရွေး​ထုတ်​ခြင်း​အား ဖြင့် သူ​တို့​ကို​ဂ​ရု​စိုက်​တော်​မူ​ကြောင်း​ရှိ​မုန် ရှင်း​ပြ​ခဲ့​ပြီ။-
14 Pedro lhes falou sobre como Deus visitou primeiramente os gentios para separar dentre eles um povo para si.
15 ပ​ရော​ဖက်​တို့​၏​ဟော​ကြား​ချက်​များ​သည် လည်း ဤ​အ​ချက်​နှင့်​လုံး​ဝ​ကိုက်​ညီ​လျက် ရှိ​၏။ ကျမ်း​စာ​တော်​တွင်၊
15 E isso está em pleno acordo com o que disseram os profetas. Como está escrito:
16 — ausente —
16 ‘Depois disso voltarei e restaurarei a tenda caída de Davi. Reconstruirei suas ruínas e a restaurarei,
17 — ausente —
17 para que o restante da humanidade busque o Senhor, incluindo os gentios, todos os que chamei para serem meus. O Senhor falou,
18 ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း'
18 aquele que tornou essas coisas conhecidas desde a eternidade’.
19 ယာ​ကုပ်​က​ဆက်​လက်​၍ ``ထို့​ကြောင့်​ဘု​ရား သ​ခင်​ထံ​ပြောင်း​လဲ​လာ​ကြ​သူ လူ​မျိုး​ခြား တို့​အ​ခက်​ကြုံ​စေ​ရန်​ငါ​တို့​မ​ပြု​သင့်။-
19 “Portanto, considero que não devemos criar dificuldades para os gentios que se convertem a Deus.
20 သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-
20 Ao contrário, devemos escrever a eles dizendo-lhes que se abstenham de alimentos oferecidos a ídolos, da imoralidade sexual, da carne de animais estrangulados e do sangue.
21 အ​ဘယ်​ကြောင့်​ဆို​သော်​ရှေး​ကာ​လ​မှ​စ​၍ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​တ​ရား​ဇ​ရပ်​များ တွင်​ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ခြင်း၊ သူ​၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​ဆို လေ​သည်။
21 Pois essas leis de Moisés são pregadas todos os sábados nas sinagogas judaicas em todas as cidades há muitas gerações”.
22 ထို​အ​ခါ​တ​မန်​တော်​များ၊ အ​သင်း​တော်​လူ ကြီး​များ​နှင့်​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ သည် ကိုယ်​စား​လှယ်​များ​ကို​ရွေး​ချယ်​၍​ပေါ​လု၊ ဗာ​န​ဗ​နှင့်​အ​တူ​အန္တိ​အုတ်​မြို့​သို့​စေ​လွှတ် ရန်​ဆုံး​ဖြတ်​ကြ​၏။ သူ​တို့​သည်​ယုံ​ကြည်​သူ တို့​အ​လွန်​ကြည်​ညို​လေး​စား​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့်​သိ​လ​တို့​ကို​ရွေး ချယ်​ကြ​၏။-
22 Então os apóstolos e presbíteros e toda a igreja em Jerusalém escolheram representantes e os enviaram a Antioquia da Síria, com Paulo e Barnabé, para informar sobre essa decisão. Os homens escolhidos eram dois líderes entre os irmãos: Judas, também chamado Barsabás, e Silas.
23 ထို​သူ​နှစ်​ဦး​၏​လက်​ဖြင့်​စာ​တစ်​စောင်​ပို့​လိုက် ကြ​၏။ ထို​စာ​တွင်၊
23 Esta foi a carta que levaram: “Nós, os apóstolos e presbíteros, e seus irmãos em Jerusalém, escrevemos esta carta aos irmãos gentios em Antioquia, Síria e Cilícia. Saudações.
24 ကျွန်ုပ်​တို့​အ​ထဲ​မှ​လူ​အ​ချို့​သည်​ကျွန်ုပ်​တို့​၏ ညွှန်​ကြား​ချက်​မ​ရ​ဘဲ သင်​တို့​ထံ​သို့​သွား​၍ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​သည့်​စ​ကား​များ ကို​ပြော​ဆို​ကာ သင်​တို့​အား​ဒုက္ခ​ပေး​ခဲ့​ကြ ကြောင်း​သိ​ရ​ပါ​သည်။-
24 “Soubemos que alguns homens, que daqui saíram sem nossa autorização, têm perturbado e inquietado vocês com seu ensino.
25 သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​အ​စည်း​အ​ဝေး​ပြု လုပ်​၍​လူ​အ​ချို့​ကို​ရွေး​ချယ်​လျက် သင်​တို့​ထံ သို့​စေ​လွှတ်​ရန်​အား​လုံး​သ​ဘော​တူ​ဆုံး​ဖြတ် ကြ​ပါ​သည်။ ထို​သူ​တို့​သည်​ကျွန်ုပ်​တို့​ချစ်​ခင် သူ​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​အ​တူ​လိုက်​သွား ကြ​ပါ​လိမ့်​မည်။-
25 Portanto, depois de chegarmos a um consenso, resolvemos enviar-lhes alguns representantes com nossos amados irmãos Barnabé e Paulo,
26 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ကား ကျွန်ုပ်​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​မှု​တော်​ကို သက်​စွန့် ကြိုး​ပမ်း​ဆောင်​ရွက်​ခဲ့​သူ​များ​ပင်​တည်း။-
26 que têm arriscado a vida pelo nome de nosso Senhor Jesus Cristo.
27 သို့​ဖြစ်​၍​ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ယု​ဒ နှင့်​သိ​လ​တို့​ကို သင်​တို့​ထံ​သို့​စေ​လွှတ်​လိုက်​ပါ သည်။ ကျွန်ုပ်​တို့​၏​စာ​တွင်​ရေး​သား​ဖော်​ပြ​ထား သည့်​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​ကိုယ်​တိုင် လည်း​ပြော​ပြ​ကြ​ပါ​လိမ့်​မည်။-
27 Estamos enviando Judas e Silas para confirmarem pessoalmente o que aqui escrevemos.
28 ရုပ်​တု​များ​အား​ပူ​ဇော်​ထား​သည့်​အ​စား အ​စာ​ကို​မ​စား​နှင့်။ သွေး​ကို​လည်း​မ​စား​နှင့်။-
28 “Pois pareceu bem ao Espírito Santo e a nós não impor a vocês nenhum peso maior que estes poucos requisitos:
29 လည်​ညှစ်​သား​ကို​မ​စား​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား မှု​ကို​မ​ပြု​နှင့်​ဟူ​သော​ပ​ညတ်​များ​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို​သင်​တို့​အ​ပေါ်​မ​တင်​ရန် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ကျွန်ုပ်​တို့​သ​ဘော တူ​ကြ​ပါ​၏။ ဤ​အ​ရာ​များ​ကို​ရှောင်​ကြဉ်​ကြ ပါ​က သင်​တို့​အ​တွက်​လုံ​လောက်​ပေ​ပြီ။ ကျန်း မာ​ရွှင်​လန်း​ကြ​ပါ​စေ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ သည်။
29 abstenham-se de comer alimentos oferecidos a ídolos, de consumir o sangue ou a carne de animais estrangulados, e de praticar a imoralidade sexual. Farão muito bem se evitarem essas coisas. “Que tudo lhes vá bem.”
30 စေ​တ​မန်​တို့​အား​စေ​လွှတ်​သ​ဖြင့် သူ​တို့​သည် အန္တိ​အုတ်​မြို့​သို့​သွား​၍​ယုံ​ကြည်​သူ​အ​ပေါင်း တို့​အား စု​ဝေး​စေ​ပြီး​လျှင်​အ​မှာ​စာ​ကို​ပေး အပ်​ကြ​၏။-
30 Os mensageiros partiram de imediato para Antioquia, onde reuniram os irmãos e entregaram a carta.
31 ထို​စာ​ကို​ဖတ်​ပြ​ကြ​သော​အ​ခါ​သူ​တို့​သည် အား​ပေး​စ​ကား​များ​ကြောင့်​လွန်​စွာ​ဝမ်း မြောက်​ကြ​၏။-
31 Houve grande alegria em toda a igreja no dia em que leram essa mensagem animadora.
32 ယု​ဒ​နှင့်​သိ​လ​တို့​သည်​လည်း​ပ​ရော​ဖက်​များ ဖြစ်​ကြ​သည့်​အ​လျောက် သူ​တို့​အား​အ​ချိန်​ကြာ မြင့်​စွာ​တိုက်​တွန်း​အား​ပေး​သ​ဖြင့်​သူ​တို့​အား ကြံ့​ခိုင်​စေ​ကြ​၏။-
32 Então Judas e Silas, ambos profetas, encorajaram e fortaleceram os irmãos com muitas palavras.
33 သူ​တို့​သည်​ထို​အ​ရပ်​တွင်​ကာ​လ​အ​တန်​ကြာ နေ​ပြီး​နောက် ယုံ​ကြည်​သူ​တို့​အား​နှုတ်​ဆက်​၍ ပြန်​လွှတ်​လိုက်​ကြ​၏။-
33 Permaneceram ali algum tempo, e depois os irmãos os enviaram em paz de volta à igreja de Jerusalém.
34 သို့​သော်​လည်း​သိ​လ​သည်​နေ​ရစ်​ရန်​ဆုံး​ဖြတ်​၏။
34 Silas, porém, resolveu permanecer ali.
35 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အန္တိ​အုတ်​မြို့​တွင် ဆက်​လက်​နေ​ထိုင်​၍ သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​အ​ခြား​သူ​များ​နှင့်​အ​တူ​ဟော​ပြော သွန်​သင်​ကြ​၏။
35 Paulo e Barnabé ficaram em Antioquia. Eles e muitos outros ensinavam e pregavam a palavra do Senhor naquela cidade.
36 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-
36 Algum tempo depois, Paulo disse a Barnabé: “Voltemos para visitar cada uma das cidades onde pregamos a palavra do Senhor, para ver como os irmãos estão indo”.
37 ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-
37 Barnabé queria levar João Marcos,
38 သို့​သော်​ပေါ​လု​က​မိ​မိ​တို့​နှင့်​သာ​သ​နာ ပြု​ခ​ရီး​အ​ဆုံး​တိုင်​အောင်​မ​လိုက်​ဘဲ ပံ​ဖု​လိ ပြည်​တွင်​မိ​မိ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ခဲ့​သူ ကို​ခေါ်​ဆောင်​ရန်​မ​သင့်​လျော်​ဟု​ယူ​ဆ​၏။-
38 mas Paulo se opôs, pois João Marcos tinha se separado deles na Panfília, não prosseguindo com eles no trabalho.
39 သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။-
39 O desentendimento entre eles foi tão grave que os dois se separaram. Barnabé levou João Marcos e navegou para Chipre.
40 ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။-
40 Paulo escolheu Silas e partiu, e os irmãos o entregaram ao cuidado gracioso do Senhor.
41 ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။
41 Então ele viajou por toda a Síria e Cilícia, fortalecendo as igrejas de lá.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.