Atos 14

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဣ​ကော​နိ​မြို့​တွင်​လည်း​ပေါ​လု​နှင့်​ဗာ​န​ဗ သည် ယု​ဒ​အ​မျိုး​သား​တို့​၏​တ​ရား​ဇ​ရပ်​သို့ ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​ရာ ယု​ဒ​အ​မျိုး သား​နှင့်​လူ​မျိုး​ခြား​အ​မြောက်​အ​မြား​သည် ယုံ​ကြည်​ကြ​၏။-
1 Em Icônio, Paulo e Barnabé entraram juntos na sinagoga judaica e falaram de tal modo, que veio a crer grande multidão, tanto de judeus como de gregos.
2 သို့​သော်​မ​ယုံ​ကြည်​သည့်​ယု​ဒ​အ​မျိုး​သား များ​သည် လူ​မျိုး​ခြား​တို့​အား​ညီ​အစ်​ကို​တို့ ကို​မ​နာ​လို​စိတ်​ရှိ​စေ​ရန်​ဆွ​ပေး​ကြ​၏။-
2 Mas os judeus que não tinham crido incitaram e irritaram os ânimos dos gentios contra os irmãos.
3 တ​မန်​တော်​တို့​သည်​ထို​အ​ရပ်​တွင်​ကြာ​မြင့်​စွာ နေ​ထိုင်​လျက် သ​ခင်​ဘု​ရား​၏​အ​ကြောင်း​ကို ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။ ကိုယ်​တော်​သည်​ထို သူ​တို့​ဟော​ပြော​သည့်​ကျေး​ဇူး​တော်​ဆိုင်​ရာ တ​ရား​မှန်​ကန်​ကြောင်း​သက်​သေ​ပြ​ရန် သူ​တို့ အား​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ပြ​နိုင်​သော​တန်​ခိုး​ကို​ပေး​တော်​မူ​၏။-
3 Entretanto, Paulo e Barnabé ficaram bastante tempo em Icônio, falando ousadamente no Senhor, o qual confirmava a palavra da sua graça, concedendo que, por mão deles, se fizessem sinais e prodígios.
4 မြို့​သူ​မြို့​သား​တို့​သည်​နှစ်​စု​ကွဲ​ကြ​၏။ တစ်​စု က​ယု​ဒ​အ​မျိုး​သား​တို့​ဘက်​သို့​ပါ​၍ အ​ခြား တစ်​စု​က​တ​မန်​တော်​တို့​ဘက်​သို့​ပါ​ကြ​၏။
4 Mas o povo da cidade se dividiu: uns eram pelos judeus; outros, pelos apóstolos.
5 ယု​ဒ​အ​မျိုး​သား​နှင့်​လူ​မျိုး​ခြား​အ​ချို့​တို့ သည် တ​မန်​တော်​တို့​ကို​ညှဉ်း​ဆဲ​ရန်​နှင့်​ခဲ​ဖြင့် ပေါက်​ရန် မိ​မိ​တို့​ခေါင်း​ဆောင်​များ​နှင့်​ကြံ​စည် အား​ထုတ်​ကြ​၏။-
5 Então surgiu um movimento entre os gentios e os judeus, com o apoio das suas autoridades, para os maltratar e apedrejar.
6 ထို​အ​ကြောင်း​ကို​တ​မန်​တော်​တို့​ကြား​သိ ကြ​သော​အ​ခါ လု​ကော​နိ​ပြည်​ရှိ​လုတ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နှင့်​အ​နီး​ရှိ​ဒေ​သ​သို့​ထွက်​ပြေး ၍၊-
6 Quando Paulo e Barnabé souberam disso, fugiram para Listra e Derbe, cidades da Licaônia, e para as regiões vizinhas,
7 သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြ​၏။
7 onde anunciaram o evangelho.
8 လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-
8 Em Listra, costumava estar sentado certo homem aleijado, paralítico desde o seu nascimento, e que nunca tinha conseguido andar.
9 သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-
9 Esse homem ouviu Paulo falar. Quando Paulo fixou nele os olhos e viu que ele tinha fé para ser curado,
10 ``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။-
10 disse a ele em voz alta: — Levante-se direito sobre os pés! O homem saltou e começou a andar.
11 လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-
11 Quando as multidões viram o que Paulo tinha feito, gritaram em língua licaônica: — Os deuses, em forma de homens, desceram até nós.
12 သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-
12 A Barnabé chamavam Júpiter, e a Paulo, Mercúrio, porque este era o principal portador da palavra.
13 ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။
13 O sacerdote de Júpiter, cujo templo estava em frente da cidade, trazendo touros e grinaldas para junto dos portões da cidade, queria oferecer um sacrifício juntamente com a multidão.
14 ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-
14 Porém, ouvindo isto, os apóstolos Barnabé e Paulo, rasgando as suas roupas, saltaram para o meio da multidão, gritando:
15 အ​ချင်း​လူ​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း​သင်​တို့​ကဲ့ သို့​ပင်​လူ​သာ​မန်​များ​သာ​ဖြစ်​ကြ​၏။ သင်​တို့ သည်​ဤ​သို့​အ​ကျိုး​မ​ရှိ​သည့်​အ​မှု​အ​ရာ​များ ကို​စွန့်​ပစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​အား​ဆည်း​ကပ်​ကြ​စေ​ရန် ငါ​တို့​သည် သင်​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ရောက်​ရှိ​လာ​ကြ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​မိုး​မြေ​ကို​လည်း​ကောင်း ပင်​လယ်​နှင့်​အ​ရပ်​ခပ်​သိမ်း​တွင်​ရှိ​လေ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​ကောင်း​ဖန်​ဆင်း​တော် မူ​၏။-
15 — Senhores, por que estão fazendo isto? Nós também somos seres humanos como vocês, sujeitos aos mesmos sentimentos, e anunciamos o evangelho a vocês para que se convertam destas coisas vãs ao Deus vivo, que fez o céu, a terra, o mar e tudo o que neles há.
16 လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။-
16 Nas gerações passadas, Deus permitiu que todos os povos andassem nos seus próprios caminhos.
17 သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။-
17 Contudo, não deixou de dar testemunho de si mesmo, fazendo o bem, dando a vocês chuvas do céu e estações frutíferas, enchendo o coração de vocês de fartura e de alegria.
18 ဤ​သို့​တ​မန်​တော်​တို့​ကြွေး​ကြော်​ကြ​သော် လည်း လူ​တို့​ယဇ်​ပူ​ဇော်​ရန်​ကြိုး​စား​မှု​ကို​မူ ဆီး​တား​၍​မ​ရ​ချေ။
18 Dizendo isto, foi ainda com dificuldade que impediram a multidão de lhes oferecer sacrifícios.
19 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။-
19 Entretanto, chegaram judeus de Antioquia e Icônio e, instigando as multidões, apedrejaram Paulo e o arrastaram para fora da cidade, dando-o por morto.
20 သို့​သော်​မိ​မိ​၏​ပတ်​လည်​တွင်​တ​ပည့်​တော်​တို့ ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​ထ​၍​မြို့ ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​၌​ပေါ​လု​နှင့် ဗာ​န​ဗ​သည်​ဒေ​ရ​ဗေ​မြို့​သို့​ထွက်​ခွာ​သွား ကြ​၏။
20 Mas, quando os discípulos o rodearam, ele se levantou e entrou na cidade. No dia seguinte, foi com Barnabé para Derbe.
21 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။-
21 E, tendo anunciado o evangelho naquela cidade e feito muitos discípulos, Paulo e Barnabé voltaram para Listra, Icônio e Antioquia,
22 ``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-
22 fortalecendo o ânimo dos discípulos, exortando-os a permanecerem firmes na fé e mostrando que, através de muitas tribulações, nos importa entrar no Reino de Deus.
23 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အ​သင်း​တော်​တိုင်း ၌ အ​သင်း​တော်​လူ​ကြီး​များ​ကို​ခန့်​ထား​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​အ​စာ​ရှောင် ပြီး​လျှင် အ​သင်း​တော်​ဝင်​တို့​ယုံ​ကြည်​ကြ သည့်​သ​ခင်​ဘု​ရား​၏​လက်​တော်​သို့​ထို​သူ တို့​ကို​အပ်​ကြ​၏။-
23 E, promovendo-lhes, em cada igreja, a eleição de presbíteros, depois de orar com jejuns, os encomendaram ao Senhor, em quem haviam crido.
24 ပေါ​လု​နှင့်​ဗာ​န​ဗ​သည်​ဝိ​သိ​ဒိ​ပြည်​ကို​ဖြတ် သွား​ပြီး​နောက် ပံ​ဖု​လိ​ပြည်​သို့​ရောက်​ကြ​၏။-
24 Atravessando a Pisídia, Paulo e Barnabé se dirigiram à Panfília.
25 သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​တွင်​တ​ရား​တော်​ကို ဟော​ပြော​ကြ​၏။ ထို​နောက်​အတ္တ​လိ​မြို့​သို့ သွား​ပြီး​လျှင်၊-
25 E, tendo anunciado a palavra em Perge, foram para Atália
26 အန္တိ​အုတ်​မြို့​သို့​သင်္ဘော​လွှင့်​ကြ​၏။ ထို​မြို့​ကား ယ​ခု​မိ​မိ​တို့​ဆောင်​ရွက်​ပြီး​စီး​သွား​သည့် အ​မှု​တော်​အ​တွက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သို့​အပ်​နှံ​၍​စေ​လွှတ်​သော​မြို့​ပင်​ဖြစ် သ​တည်း။
26 e dali navegaram para Antioquia, onde tinham sido recomendados à graça de Deus para a obra que agora tinham terminado.
27 အန္တိ​အုတ်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​သည် အ​သင်း​တော်​ဝင်​တို့​ကို​စု​ရုံး​စေ​လျက် မိ​မိ တို့​အား​ဖြင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး ခြား​တို့​ယုံ​ကြည်​လာ​စေ​ရန်​ကိုယ်​တော်​လမ်း ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြန် ကြား​ကြ​၏။-
27 Quando chegaram a Antioquia, reuniram a igreja e relataram tudo o que Deus havia feito com eles e como tinha aberto aos gentios a porta da fé.
28 ထို​နောက်​သူ​တို့​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​၏။
28 E permaneceram muito tempo com os discípulos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.