Atos 13

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 အန္တိ​အုတ်​မြို့​အ​သင်း​တော်​တွင် ပ​ရော​ဖက်​များ နှင့်​ဆ​ရာ​များ​ရှိ​၏။ ထို​သူ​တို့​ကား​ဗာ​န​ဗ၊ နိ​ဂါ​ခေါ်​ရှုမောင်၊ ကု​ရေ​နေ​ပြည်​သား​လု​ကိ၊ (စော်​ဘွား​ဟေ​ရုဒ်​၏​ငယ်​သူ​ငယ်​ချင်း​ဖြစ်​သူ) မာ​နင်​နှင့်​ရှော​လု​တို့​တည်း။-
1 E na igreja que estava em Antioquia havia alguns profetas e doutores, a saber: Barnabé e Simeão chamado Níger, e Lúcio, cireneu, e Manaém, que fora criado com Herodes o tetrarca, e Saulo.
2 ထို​သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​၍ အ​စာ​ရှောင်​လျက်​နေ​ကြ​စဉ် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က​သူ​တို့​အား ``ရှော​လု နှင့်​ဗာ​န​ဗ​တို့​ကို ငါ​၏​အ​မှု​တော်​ဆောင်​ရန် အ​တွက်​သီး​သန့်​ရွေး​ချယ်​ကြ​လော့'' ဟု​မိန့် တော်​မူ​၏။
2 E, servindo eles ao Senhor, e jejuando, disse o Espírito Santo: Apartai-me a Barnabé e a Saulo para a obra a que os tenho chamado.
3 ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင် ဗာ​န​ဗ​နှင့်​ရှော​လု တို့​၏​ဦး​ခေါင်း​ပေါ်​တွင်​မိ​မိ​တို့​လက်​ကို​တင် ကြ​၏။ ထို​နောက်​သူ​တို့​အား​အ​မှု​တော် ဆောင်​ရွက်​ရန်​စေ​လွှတ်​လိုက်​ကြ​၏။
3 Então, jejuando e orando, e pondo sobre eles as mãos, os despediram.
4 ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​စေ​လွှတ်​တော်​မူ​သည်​အ​တိုင်း သေ​လု​ကိ​မြို့​သို့​သွား​ရောက်​၍​ထို​မြို့​မှ ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော​လွှင့်​ကြ​၏။-
4 E assim estes, enviados pelo Espírito Santo, desceram a Selêucia e dali navegaram para Chipre.
5 သူ​တို့​သည်​ရှာ​လ​မိ​မြို့​သို့​ရောက်​သော​အ​ခါ တ​ရား​ဇ​ရပ်​များ​တွင်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။ ယော​ဟန်​မာ​ကု​သည်​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ကူ​ညီ​ဆောင်​ရွက်​၏။
5 E, chegados a Salamina, anunciavam a palavra de Deus nas sinagogas dos judeus; e tinham também a João como cooperador.
6 သူ​တို့​သည်​ထို​ကျွန်း​ကို​ဖြတ်​၍​ပါ​ဖု​မြို့ အ​ထိ​လျှောက်​သွား​ကြ​၏။ ထို​မြို့​တွင်​ယု​ဒ အ​မျိုး​သား​မိစ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော​မှော် ဆ​ရာ​တစ်​ယောက်​ကို​တွေ့​ကြ​၏။ သူ​၏​နာ​မည် မှာ​ဗာ​ယေ​ရှု​ဖြစ်​၏။-
6 E, havendo atravessado a ilha até Pafos, acharam um certo judeu mágico, falso profeta, chamado Barjesus,
7 သူ​သည်​ဘု​ရင်​ခံ​သေ​ရ​ဂိ​ပေါ​လု​၏​မိတ်​ဆွေ ဖြစ်​၏။ ထို​ဘု​ရင်​ခံ​ကား​သ​တိ​ပ​ညာ​ရှိ​သူ တစ်​ယောက်​ဖြစ်​ပေ​သည်။ သူ​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​လို​၍ ဗာ​န​ဗ​နှင့်​ရှော​လု​ကို​ပင့်​ဖိတ်​လေ​၏။-
7 O qual estava com o procônsul Sérgio Paulo, homem prudente. Este, chamando a si Barnabé e Saulo, procurava muito ouvir a palavra de Deus.
8 သို့​ရာ​တွင် (ဂ​ရိ​ဘာ​သာ​အား​ဖြင့်​ဧ​လု​မ​ဟု နာ​မည်​ရှိ​သော) ထို​မှော်​ဆ​ရာ​သည်​ဘု​ရင်​ခံ အား​ယုံ​ကြည်​ခြင်း​လွဲ​မှား​စေ​ရန် ဗာ​န​ဗ နှင့်​ရှော​လု​တို့​ကို​အ​တိုက်​အ​ခံ​ပြု​လေ​၏။-
8 Mas resistia-lhes Elimas, o encantador (porque assim se interpreta o seu nome), procurando apartar da fé o procônsul.
9 ထို​အ​ခါ​ပေါ​လု​ခေါ်​ရှော​လု​သည် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက် မှော် ဆ​ရာ​အား​စိုက်​ကြည့်​ပြီး​နောက်၊-
9 Todavia Saulo, que também se chama Paulo, cheio do Espírito Santo, e fixando os olhos nele,
10 ``မာရ်​နတ်​၏​သား၊ လှည့်​စား​လိမ်​လည်​တတ်​သူ၊ အ​မှန်​တ​ရား​၏​ရန်​သူ၊ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဖြောင့်​မှန်​သော​တ​ရား​လမ်း​ကို ကောက်​လိမ်​အောင်​ပြု​ပါ​သည်​တ​ကား။-
10 Disse: Ó filho do diabo, cheio de todo o engano e de toda a malícia, inimigo de toda a justiça, não cessarás de perturbar os retos caminhos do Senhor?
11 ယ​ခု​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော် သည် သင့်​ပေါ်​သို့​ကျ​ရောက်​တော်​မူ​သ​ဖြင့် သင် သည်​မျက်​စိ​ကွယ်​လိမ့်​မည်။ ကာ​လ​အ​တန် အ​ကြာ​နေ​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မြွက်​ဆို​၏။
11 Eis aí, pois, agora contra ti a mão do Senhor, e ficarás cego, sem ver o sol por algum tempo. E no mesmo instante a escuridão e as trevas caíram sobre ele e, andando à roda, buscava a quem o guiasse pela mão.
12 ဘု​ရင်​ခံ​သည်​ထို​အ​ဖြစ်​အ​ပျက်​ကို​မြင်​လျှင် ယုံ​ကြည်​လာ​၏။ သူ​သည်​သ​ခင်​ဘု​ရား​၏​တ​ရား တော်​ကို​ကြား​သော​အ​ခါ​အံ့​သြ​မိန်း​မော​၍ နေ​၏။
12 Então o procônsul, vendo o que havia acontecido, creu, maravilhado da doutrina do Senhor.
13 ပေါ​လု​နှင့်​အ​ပေါင်း​ဖော်​များ​သည်​ပါ​ဖု​မြို့​မှ သင်္ဘော​လွှင့်​၍ ပံ​ဖု​လိ​ပြည်​ပေ​ရ​ဂေ​မြို့​သို့​ရောက် ကြ​၏။ ထို​အ​ခါ​ယော​ဟန်​မာ​ကု​သည်​သူ​တို့ နှင့်​ခွဲ​ခွာ​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။-
13 E, partindo de Pafos, Paulo e os que estavam com ele chegaram a Perge, da Panfília. Mas João, apartando-se deles, voltou para Jerusalém.
14 သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​မှ​ထွက်​ခွာ​ကြ​ရာ ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ရောက်​၍ ဥ​ပုသ် နေ့​၌​တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ထိုင်​ကြ​၏။-
14 E eles, saindo de Perge, chegaram a Antioquia, da Pisídia, e, entrando na sinagoga, num dia de sábado, assentaram-se;
15 ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​ကို​ဖတ်​ပြီး သော​အ​ခါ တ​ရား​ဇ​ရပ်​အ​မှု​ဆောင်​လူ​ကြီး များ​သည်​သူ​တို့​အား ``ညီ​အစ်​ကို​တို့၊ လူ​တို့ အား​တိုက်​တွန်း​အား​ပေး​စ​ကား​ပြော​ကြား ရန်​ရှိ​ပါ​လျှင်​ပြော​ကြ​ပါ'' ဟု​လူ​လွှတ်​၍ အ​ကြောင်း​ကြား​ကြ​၏။-
15 E, depois da lição da lei e dos profetas, lhes mandaram dizer os principais da sinagoga: Homens irmãos, se tendes alguma palavra de consolação para o povo, falai.
16 ပေါ​လု​သည်​နေ​ရာ​မှ​ထ​၍​လက်​ရိပ်​ပြ ပြီး​နောက် ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။-
16 E, levantando-se Paulo, e pedindo silêncio com a mão, disse: Homens israelitas, e os que temeis a Deus, ouvi:
17 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ငါ​တို့​ဘိုး​ဘေး​များ​အီ​ဂျစ်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင်​ကြ​စဉ်၊ သူ​တို့​အား​ရွေး​ကောက်​၍ လူ​မျိုး​ကြီး​ဖြစ်​စေ တော်​မူ​၏။ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ထို​ပြည် မှ​ထုတ်​ဆောင်​သွား​တော်​မူ​ကာ၊-
17 O Deus deste povo de Israel escolheu a nossos pais, e exaltou o povo, sendo eles estrangeiros na terra do Egito; e com braço poderoso os tirou dela;
18 တော​ကန္တာ​ရ​တွင်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး သူ​တို့​အား​သည်း​ခံ​တော်​မူ​၏။-
18 E suportou os seus costumes no deserto por espaço de quase quarenta anos.
19 ထို​နောက်​ခါ​နာန်​ပြည်​နေ​လူ​ခု​နစ်​မျိုး​တို့ ကို​ဖယ်​ရှား​ပြီး​လျှင်​ထို​ပြည်​ကို၊-
19 E, destruindo a sete nações na terra de Canaã, deu-lhes por sorte a terra deles.
20 မိ​မိ​လူ​စု​တော်​အား​ပိုင်​ဆိုင်​ခွင့်​ကို​ပေး တော်​မူ​၏။ ဤ​အ​ဖြစ်​အ​ပျက်​အ​ထိ​နှစ် ပေါင်း​လေး​ရာ့​ငါး​ဆယ်​ကြာ​ခဲ့​၏။
20 E, depois disto, por quase quatrocentos e cinqüenta anos, lhes deu juízes, até ao profeta Samuel.
21 သူ​တို့​သည်​ရှင်​ဘု​ရင်​တစ်​ပါး​ခန့်​ပေး​ရန် ရှ​မွေ​လ​အား​တောင်း​ဆို​ကြ​သ​ဖြင့် ဘု​ရား သ​ခင်​သည်​ကိ​ရှ​၏​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင် ရှော​လု​ကို​ခန့်​ထား​တော်​မူ​၏။ ရှော​လု​သည် အ​နှစ်​လေး​ဆယ်​ပတ်​လုံး​နန်း​စံ​တော်​မူ သ​တည်း။-
21 E depois pediram um rei, e Deus lhes deu por quarenta anos, a Saul filho de Cis, homem da tribo de Benjamim.
22 ထို​နောက်​ဘု​ရား​သ​ခင်​သည်​ရှော​လု​ကို​ဖယ် ရှား​ပြီး​လျှင် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က `ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ငါ​၏​စိတ်​တော်​နှင့် တွေ့​သူ၊ ငါ​ဆောင်​ရွက်​စေ​လို​သ​မျှ​တို့​ကို​ဆောင် ရွက်​မည့်​သူ​ဖြစ်​ကြောင်း​ငါ​တွေ့​ရှိ​ရ​ပြီ' ဟု ဒါ​ဝိဒ်​နှင့်​ပတ်​သက်​၍​မိန့်​တော်​မူ​၏။-
22 E, quando este foi retirado, levantou-lhes como rei a Davi, ao qual também deu testemunho, e disse: Achei a Davi, filho de Jessé, homem conforme o meu coração, que executará toda a minha vontade.
23 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​က​တိ​တော်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့​ကယ်​တင်​ရှင် ကို ထို​သူ​၏​သား​မြေး​များ​အ​ထဲ​မှ​ပေါ်​ထွန်း စေ​တော်​မူ​၏။ ထို​အ​ရှင်​ကား​သ​ခင်​ယေ​ရှု​ပင် ဖြစ်​သ​တည်း။-
23 Da descendência deste, conforme a promessa, levantou Deus a Jesus para Salvador de Israel;
24 ထို​အ​ရှင်​အ​မှု​တော်​ကို​စ​တင်​၍​ဆောင်​ရွက် တော်​မ​မူ​မီ​ယော​ဟန်​သည် ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား `နောင်​တ​ရ​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ကြ​လော့' ဟု​ဟော​ပြော​၏။-
24 Tendo primeiramente João, antes da vinda dele, pregado a todo o povo de Israel o batismo de arrependimento.
25 မိ​မိ​ဆောင်​ရွက်​ရ​မည့်​အ​မှု​ပြီး​ဆုံး​ချိန်​နီး သော​အ​ခါ ယော​ဟန်​က `ငါ​သည်​သင်​တို့​စောင့် မျှော်​နေ​သည့်​အ​ရှင်​မ​ဟုတ်။ ထို​အ​ရှင်​သည် ငါ့​နောက်​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို အ​ရှင်​၏​ဖိ​နပ်​ကို​မျှ​မ​ချွတ်​ထိုက်' ဟု​ဆို​၏။
25 Mas João, quando completava a carreira, disse: Quem pensais vós que eu sou? Eu não sou o Cristo; mas eis que após mim vem aquele a quem não sou digno de desatar as alparcas dos pés.
26 ``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။-
26 Homens irmãos, filhos da geração de Abraão, e os que dentre vós temem a Deus, a vós vos é enviada a palavra desta salvação.
27 ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့်​သူ​တို့​၏​ခေါင်း ဆောင်​များ​ကား ထို​အ​ရှင်​သည်​ကယ်​တင်​ရှင် ဖြစ်​သည်​ကို​မ​သိ​မ​မြင်​ကြ။ ဥ​ပုသ်​နေ့​တိုင်း မိ​မိ​တို့​ဖတ်​ကြ​သည့်​ပ​ရော​ဖက်​ကျမ်း​စ​ကား ကို​လည်း​နား​မ​လည်​ကြ။ သို့​သော်​ထို​သူ​တို့ သည်​ပ​ရော​ဖက်​များ​၏​ဟော​ကြား​ချက်​အ​တိုင်း ဖြစ်​ပျက်​စေ​ရန် ထို​အ​ရှင်​ကို​သေ​ဒဏ်​စီ​ရင် ကြ​၏။-
27 Por não terem conhecido a este, os que habitavam em Jerusalém, e os seus príncipes, condenaram-no, cumprindo assim as vozes dos profetas que se lêem todos os sábados.
28 ဤ​သို့​သေ​ဒဏ်​စီ​ရင်​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​တွေ့​သော်​လည်း သေ​ဒဏ်​ပေး ရန်​ပိ​လတ်​မင်း​အား​တောင်း​ဆို​ကြ​၏။-
28 E, embora não achassem alguma causa de morte, pediram a Pilatos que ele fosse morto.
29 သူ​တို့​သည်​ထို​အ​ရှင်​နှင့်​ပတ်​သက်​၍ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ရာ​တို့ ကို​ပြု​ကြ​ပြီး​နောက် ထို​အ​ရှင်​၏​တ​ပည့်​တို့ သည်​အ​လောင်း​တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ ချ​၍​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။-
29 E, havendo eles cumprido todas as coisas que dele estavam escritas, tirando-o do madeiro, o puseram na sepultura;
30 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​၏။-
30 Mas Deus o ressuscitou dentre os mortos.
31 ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။-
31 E ele por muitos dias foi visto pelos que subiram com ele da Galiléia a Jerusalém, e são suas testemunhas para com o povo.
32 — ausente —
32 E nós vos anunciamos que a promessa que foi feita aos pais, Deus a cumpriu a nós, seus filhos, ressuscitando a Jesus;
33 — ausente —
33 Como também está escrito no salmo segundo: Meu filho és tu, hoje te gerei.
34 — ausente —
34 E que o ressuscitaria dentre os mortos, para nunca mais tornar à corrupção, disse-o assim: As santas e fiéis bênçãos de Davi vos darei.
35 — ausente —
35 Por isso também em outro salmo diz: Não permitirás que o teu santo veja corrupção.
36 ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-
36 Porque, na verdade, tendo Davi no seu tempo servido conforme a vontade de Deus, dormiu, foi posto junto de seus pais e viu a corrupção.
37 သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။-
37 Mas aquele a quem Deus ressuscitou nenhuma corrupção viu.
38 — ausente —
38 Seja-vos, pois, notório, homens irmàos, que por este se vos anuncia a remissão dos pecados.
39 — ausente —
39 E de tudo o que, pela lei de Moisés, não pudestes ser justificados, por ele é justificado todo aquele que crê.
40 — ausente —
40 Vede, pois, que não venha sobre vós o que está dito nos profetas:
41 — ausente —
41 Vede, ó desprezadores, e espantai-vos e desaparecei;porque opero uma obra em vossos dias,ora tal que não crereis, se alguém vo-la contar.
42 တ​ရား​ဇ​ရပ်​မှ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ထွက်​ခွာ လာ​ကြ​စဉ် လူ​တို့​က​မိ​မိ​တို့​အား​နောက်​လာ မည့်​ဥ​ပုသ်​နေ့​၌ ဤ​အ​ကြောင်း​အ​ရာ​များ​ကို တစ်​ဖန်​ဟော​ပြော​ရန်​တောင်း​ပန်​ကြ​၏။-
42 E, saídos os judeus da sinagoga, os gentios rogaram que no sábado seguinte lhes fossem ditas as mesmas coisas.
43 တ​ရား​ဇ​ရပ်​မှ​လူ​စု​ကွဲ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​အ​မြောက်​အ​မြား​နှင့် ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​အ​မြောက်​အ​မြား​တို့​သည် ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​၏​နောက်​သို့​လိုက်​ကြ​၏။ တ​မန်​တော်​တို့​က​ထို​သူ​တို့​အား ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​၌​ဆက်​လက်​သက်​ရှင်​ကြ​ရန် အား​ပေး​တိုက်​တွန်း​ကြ​၏။
43 E, despedida a sinagoga, muitos dos judeus e dos prosélitos religiosos seguiram Paulo e Barnabé; os quais, falando-lhes, os exortavam a que permanecessem na graça de Deus.
44 နောက်​ဥ​ပုသ်​နေ့​၌​သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​နာ​ရန် မြို့​လုံး​ကျွတ်​နီး ပါး​လူ​တို့​လာ​ရောက်​ကြ​၏။-
44 E no sábado seguinte ajuntou-se quase toda a cidade para ouvir a palavra de Deus.
45 သို့​သော်​ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​ပ​ရိ​သတ် ကို​မြင်​သော​အ​ခါ မ​နာ​လို​စိတ်​ရှိ​သ​ဖြင့် ပေါ​လု ဟော​ပြော​သော​စ​ကား​များ​ကို​ငြင်း​ခုံ​ကာ​ပုတ် ခတ်​ပြော​ဆို​ကြ​၏။-
45 Então os judeus, vendo a multidão, encheram-se de inveja e, blasfemando, contradiziam o que Paulo falava.
46 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က​ယ​ခင်​က​ထက်​ပို​မို ရဲ​ရင့်​စွာ​ဟော​ကြား​သည်​မှာ ``ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဦး​စွာ​ပ​ထ​မ​ဟော​ပြော​ရ​ပေ​မည်။ သို့​ရာ​တွင် သင်​တို့​သည်​ထို​တ​ရား​တော်​ကို​ပစ်​ပယ်​ကာ မိ​မိ တို့​ကိုယ်​ကို​ထာ​ဝ​ရ​အ​သက်​နှင့်​မ​ထိုက်​မ​တန် သူ​များ​ဖြစ်​သည်​ဟု​စီ​ရင်​ကြ​သော​ကြောင့် ငါ​တို့ သည်​သင်​တို့​ထံ​မှ​ထွက်​ခွာ​၍​လူ​မျိုး​ခြား​တို့ ထံ​သို့​သွား​ကြ​ပါ​မည်။-
46 Mas Paulo e Barnabé, usando de ousadia, disseram: Era mister que a vós se vos pregasse primeiro a palavra de Deus; mas, visto que a rejeitais, e não vos julgais dignos da vida eterna, eis que nos voltamos para os gentios;
47 ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က၊
47 Porque o Senhor assim no-lo mandou:eu te pus para luz dos gentios,a fim de que sejas para salvação até os confins da terra.
48 လူ​မျိုး​ခြား​တို့​သည်​ထို​စ​ကား​ကို​ကြား​သော အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​ကာ​သ​ခင်​ဘု​ရား​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ပြော​ဆို ကြ​၏။ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ရန်​ရွေး​ကောက် ခြင်း​ခံ​ရ​သူ​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ် လာ​ကြ​၏။-
48 E os gentios, ouvindo isto, alegraram-se, e glorificavam a palavra do Senhor; e creram todos quantos estavam ordenados para a vida eterna.
49 သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည် ထို​ဒေ​သ​တစ်​ခု​လုံး​တွင်​နှံ့​ပြား​လေ​၏။-
49 E a palavra do Senhor se divulgava por toda aquela província.
50 သို့​သော်​လည်း​ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ထက်​တန်း​လွှာ​အ​မျိုး သ​မီး​များ​နှင့် မြို့​မျက်​နှာ​ဖုံး​အ​မျိုး​သား​များ ကို​လှုံ့​ဆော်​ကာ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​စေ​ကြ​၏။ သူ​တို့​သည်​ထို​သူ နှစ်​ဦး​အား​မိ​မိ​တို့​နယ်​မှ​နှင်​ထုတ်​လိုက်​ကြ​၏။-
50 Mas os judeus incitaram algumas mulheres religiosas e honestas, e os principais da cidade, e levantaram perseguição contra Paulo e Barnabé, e os lançaram fora dos seus termos.
51 ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​၏​စိတ် သ​ဘော​ကို​မ​နှစ်​သက်​သည့်​အ​နေ​ဖြင့် မိ​မိ တို့​ခြေ​မှ​မြေ​မှုန့်​ကို​ခါ​ချ​ခဲ့​ပြီး​လျှင် ဣ​ကော​နိ​မြို့​သို့​ထွက်​သွား​ကြ​၏။-
51 Sacudindo, porém, contra eles o pó dos seus pés, partiram para Icônio.
52 အန္တိ​အုတ်​မြို့​ရှိ​တ​ပည့်​တော်​တို့​သည်​ရွှန်​လန်း ဝမ်း​မြောက်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ရှိ​ကြ​၏။
52 E os discípulos estavam cheios de alegria e do Espírito Santo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.