Atos 12
Common Language Bible (MYA) vs ACF
1 ထိုအချိန်ကာလ၌ဟေရုဒ်ဘုရင်သည် အသင်း တော်ဝင်အချို့တို့ကိုနှိပ်စက်ညှဉ်းပန်းရန်ကြံစည် အားထုတ်လေ၏။-
1 E por aquele mesmo tempo o rei Herodes estendeu as mãos sobre alguns da igreja, para os maltratar;
2 သူသည်ယောဟန်၏ညီအစ်ကိုယာကုပ်ကိုဋ္ဌား ဖြင့်ကွပ်မျက်စေ၏။-
2 E matou à espada Tiago, irmão de João.
3 ထိုအမှုကိုယုဒအမျိုးသားတို့နှစ်သက်ကြ သဖြင့် သူသည်ပေတရုကိုလည်းဖမ်းဆီး၏။ (ထိုအချိန်ကားတဆေးမဲ့မုန့်ပွဲတော်အခါ ဖြစ်၏။)-
3 E, vendo que isso agradara aos judeus, continuou, mandando prender também a Pedro. E eram os dias dos ázimos.
4 ဟေရုဒ်သည်ပေတရုကိုဖမ်းဆီးပြီးနောက် စစ် သားလေးယောက်စီပါသောတပ်စုငယ်လေးစု လက်သို့အပ်ကာအကျဉ်းချထား၏။ ပသခါ ပွဲလွန်သောအခါ သူ့ကိုယုဒအမျိုးသား တို့ရှေ့တွင်စစ်ဆေး၍ဒဏ်စီရင်ရန်အကြံ ရှိ၏။-
4 E, havendo-o prendido, o encerrou na prisão, entregando-o a quatro quaternos de soldados, para que o guardassem, querendo apresentá-lo ao povo depois da páscoa.
5 သို့ဖြစ်၍ပေတရုသည်ထောင်ထဲမှာအကျဉ်း ချထားခြင်းကိုခံရ၏။ သို့သော်အသင်းတော် ဝင်အပေါင်းတို့သည်ပေတရု၏အတွက် စိတ် အားထက်သန်စွာဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
5 Pedro, pois, era guardado na prisão; mas a igreja fazia contínua oração por ele a Deus.
6 ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။-
6 E quando Herodes estava para o fazer comparecer, nessa mesma noite estava Pedro dormindo entre dois soldados, ligado com duas cadeias, e os guardas diante da porta guardavam a prisão.
7 ထာဝရဘုရား၏ကောင်းကင်တမန်သည် ပေတရုအနီးတွင်ရုတ်တရက်ပေါ်လာ၍ အချုပ်ခန်းသည်ထွန်းလင်းလျက်နေ၏။ ကောင်း ကင်တမန်သည်ပေတရု၏ပခုံးကိုပုတ်၍ ``မြန်မြန်ထလော့'' ဟုဆိုကာနှိုး၏။ ထိုအခါ သံကြိုးတို့သည်ပေတရု၏လက်မှကျွတ် ကျ၏။-
7 E eis que sobreveio o anjo do Senhor, e resplandeceu uma luz na prisão; e, tocando a Pedro na ilharga, o despertou, dizendo: Levanta-te depressa. E caíram-lhe das mãos as cadeias.
8 ကောင်းကင်တမန်က ``သင်၏ခါးပန်းကိုစည်း၍ ဖိနပ်ကိုစီးလော့'' ဟုဆို၏။ ပေတရုသည်ထို သို့ဆိုသည့်အတိုင်းပြု၏။ ထိုနောက်ကောင်းကင် တမန်က ``ဝတ်လုံကိုခြုံ၍ငါ့နောက်သို့လိုက် လော့'' ဟုဆို၏။-
8 E disse-lhe o anjo: Cinge-te, e ata as tuas alparcas. E ele assim o fez. Disse-lhe mais: Lança às costas a tua capa, e segue-me.
9 ပေတရုသည်အချုပ်ခန်းမှထွက်၍ ကောင်းကင် တမန်၏နောက်သို့လိုက်လေ၏။ သူသည်ကောင်းကင် တမန်ပြုသောအမှုကိုတကယ်အဖြစ်အပျက် ဟူ၍မသိ။ ဗျာဒိတ်ရူပါရုံကိုမြင်လျက်နေသည် ဟူ၍သာထင်မှတ်၏။-
9 E, saindo, o seguia. E não sabia que era real o que estava sendo feito pelo anjo, mas cuidava que via alguma visão.
10 သူတို့သည်ကင်းနှစ်တန်ကိုကျော်လွန်သွားပြီး လျှင် ထောင်အထွက်သံတံခါးသို့ရောက်ကြ၏။ ထိုတံခါးသည်အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍လမ်းအတိုင်းလိုက်သွား ကြ၏။ ထိုနောက်ကောင်းကင်တမန်သည်ရုတ် တရက်ပေတရုထံမှထွက်ခွာသွားလေ၏။
10 E, quando passaram a primeira e segunda guarda, chegaram à porta de ferro, que dá para a cidade, a qual se lhes abriu por si mesma; e, tendo saído, percorreram uma rua, e logo o anjo se apartou dele.
11 ပေတရုသည်ပြန်၍သတိရလာသောအခါ ``သခင်ဘုရားသည်မိမိ၏ကောင်းကင်တမန် ကိုစေလွှတ်၍ ငါ့ကိုဟေရုဒ်၏လက်မှလည်း ကောင်း၊ ယုဒအမျိုးသားတို့ငါ့အားသက်ရောက် စေရန် မျှော်လင့်သမျှသောဘေးမှလည်းကောင်း ကယ်ဆယ်တော်မူသည်ကိုယခုငါသိပြီ'' ဟု ဆို၏။
11 E Pedro, tornando a si, disse: Agora sei verdadeiramente que o Senhor enviou o seu anjo, e me livrou da mão de Herodes, e de tudo o que o povo dos judeus esperava.
12 ဤသို့သိရှိလာသောအခါ သူသည်ယောဟန် မာကု၏အမိမာရိ၏အိမ်သို့သွား၏။ ထို အိမ်တွင်လူအမြောက်အမြားစုဝေး၍ဆု တောင်းပတ္ထနာပြုလျက်နေကြ၏။-
12 E, considerando ele nisto, foi à casa de Maria, mãe de João, que tinha por sobrenome Marcos, onde muitos estavam reunidos e oravam.
13 ပေတရုသည်အိမ်တံခါးကြီးရှိတံခါးငယ် ကိုခေါက်လျှင် ရောဒေနာမည်ရှိသူအစေခံမ ကလေးသည်တံခါးဖွင့်ရန်လာ၏။-
13 E, batendo Pedro à porta do pátio, uma menina chamada Rode saiu a escutar;
14 သူသည်ပေတရု၏အသံကိုမှတ်မိသဖြင့် လွန်စွာဝမ်းမြောက်ရကား တံခါးကိုမဖွင့်ဘဲ အိမ်ထဲသို့ပြေးဝင်ကာတံခါးဝသို့ပေတရု ရောက်နေကြောင်းကိုလူတို့အားပြော၏။-
14 E, conhecendo a voz de Pedro, de gozo não abriu a porta, mas, correndo para dentro, anunciou que Pedro estava à porta.
15 ထိုသူတို့က ``သင်ရူးလေပြီ'' ဟုဆို၏။ သို့ သော်အစေခံမကလေးကမိမိပြောသည့် အတိုင်း အမှန်ပင်ဖြစ်ကြောင်းပြောနေသဖြင့် သူတို့က ``ထိုသူသည်ပေတရု၏ကိုယ်စောင့် ကောင်းကင်တမန်ဖြစ်တန်ရာ၏'' ဟုဆိုကြ၏။
15 E disseram-lhe: Estás fora de ti. Mas ela afirmava que assim era. E diziam: É o seu anjo.
16 ပေတရုသည်တံခါးကိုခေါက်မြဲခေါက်လျက် နေသော် သူတို့သည်တံခါးဖွင့်လိုက်သောအခါ ပေတရုကိုမြင်သဖြင့်အံ့သြကြ၏။-
16 Mas Pedro perseverava em bater e, quando abriram, viram-no, e se espantaram.
17 ပေတရုကဆိတ်ဆိတ်နေကြရန်လက်ရိပ်ပြ ပြီးလျှင် မိမိအားသခင်ဘုရားသည်အဘယ် သို့ထောင်ထဲမှထုတ်ဆောင်လာကြောင်းကိုပြော ပြလေ၏။ ထိုနောက် ``ဤအကြောင်းကိုယာကုပ် နှင့်အခြားညီအစ်ကိုတို့အားပြောပြကြပါ'' ဟုမှာကြားပြီးလျှင်အခြားအရပ်သို့ထွက် ခွာသွား၏။
17 E acenando-lhes ele com a mão para que se calassem, contou-lhes como o Senhor o tirara da prisão, e disse: Anunciai isto a Tiago e aos irmãos. E, saindo, partiu para outro lugar.
18 မိုးလင်းသောအခါ ``ပေတရုအဘယ်မှာ နည်း'' ဟုဆို၍ အစောင့်စစ်သားတို့သည်လွန် စွာကြောက်လန့်တုန်လှုပ်ကြ၏။-
18 E, sendo já dia, houve não pouco alvoroço entre os soldados sobre o que seria feito de Pedro.
19 ဟေရုဒ်မင်းသည်ပေတရုကိုရှာစေရာမတွေ့ သဖြင့် အစောင့်စစ်သားတို့အားစစ်ဆေးမေး မြန်း၍ သေဒဏ်ပေးရန်အမိန့်ချမှတ်လိုက်လေ သည်။
19 E, quando Herodes o procurou e o não achou, feita inquirição aos guardas, mandou-os justiçar. E, partindo da Judéia para Cesaréia, ficou ali.
20 ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။
20 E ele estava irritado com os de Tiro e de Sidom; mas estes, vindo de comum acordo ter com ele, e obtendo a amizade de Blasto, que era o camarista do rei, pediam paz; porquanto o seu país se abastecia do país do rei.
21 ဟေရုဒ်မင်းသည်ချိန်းချက်ထားသည့်နေ့၌ မင်း မြောက်တန်ဆာများကိုဝတ်ဆင်ပြီးလျှင် ရာဇ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူလျက် လူတို့ အားမိန့်ခွန်းမြွက်ကြားတော်မူ၏။-
21 E num dia designado, vestindo Herodes as vestes reais, estava assentado no tribunal e lhes fez uma prática.
22 ထိုသူတို့က ``ဤအသံသည်လူ၏အသံ မဟုတ်။ ဘုရားသခင်၏အသံဖြစ်၏'' ဟု ကြွေးကြော်ကြ၏။-
22 E o povo exclamava: Voz de Deus, e não de homem.
23 ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
23 E no mesmo instante feriu-o o anjo do Senhor, porque não deu glória a Deus e, comido de bichos, expirou.
24 ဘုရားသခင်၏နှုတ်ကပတ်တရားတော်မူ ကားပျံ့နှံ့၍ ယုံကြည်သူအရေအတွက် တိုးပွားလျက်နေ၏။
24 E a palavra de Deus crescia e se multiplicava.
25 ဗာနဗနှင့်ရှောလုတို့သည် မိမိတို့ဆောင်ရွက် ရန်ရှိသည့်အမှုကိစ္စများကိုဆောင်ရွက်ကြ ပြီးနောက် ယောဟန်မာကုကိုခေါ်၍ယေရု ရှလင်မြို့မှပြန်ခဲ့ကြ၏။
25 E Barnabé e Saulo, havendo terminado aquele serviço, voltaram de Jerusalém, levando também consigo a João, que tinha por sobrenome Marcos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.