Atos 11

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 လူ​မျိုး​ခြား​များ​သည်​လည်း​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ခံ​ယူ​ကြ​ကြောင်း ယု​ဒ​ပြည်​ရှိ​တ​မန်​တော်​များ​နှင့်​ညီ​အစ်​ကို များ​ကြား​သိ​ကြ​၏။-
1 Logo chegou aos apóstolos e a outros irmãos da Judeia a notícia de que os gentios haviam recebido a palavra de Deus.
2 ယေ​ရု​ရှ​လင်​မြို့​သို့​ပေ​တ​ရု​ရောက်​လာ​သော အ​ခါ လူ​မျိုး​ခြား​တို့​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ပေး​ခြင်း​ကို​လို​လား သူ​တို့​သည် ပေ​တ​ရု​နှင့်​ဆွေး​နွေး​ငြင်း​ခုံ​ကြ​၏။-
2 Mas, quando Pedro voltou a Jerusalém, os discípulos judeus o criticaram,
3 သူ​တို့​က ``သင်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို မ​ခံ​မ​ယူ​သူ​လူ​မျိုး​ခြား​များ​ထံ​လည် ပတ်​၍ သူ​တို့​နှင့်​အ​တူ​စား​သောက်​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
3 dizendo: “Você entrou na casa de gentios e até comeu com eles!”.
4 သို့​ဖြစ်​၍​ပေ​တ​ရု​သည်​သူ​တို့​အား ဖြစ်​ပျက် ခဲ့​သ​မျှ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​အ​စ မှ​အ​ဆုံး​တိုင်​အောင်​ရှင်း​လင်း​ပြော​ပြ​၏။
4 Então Pedro lhes contou exatamente o que havia acontecido.
5 ပေ​တ​ရု​က ``ငါ​သည်​ယုပ္ပေ​မြို့​တွင်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​စဉ် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​၏။ ရွက်​ထည်​ကြီး​နှင့်​တူ​သော​အ​ရာ တစ်​ခု​ကို​ထောင့်​လေး​ထောင့်​မှ​ကိုင်​၍ မိုး ကောင်း​ကင်​မှ​ချ​ပေး​သည်​ကို​မြင်​ရ​၏။-
5 Disse: “Eu estava na cidade de Jope e, enquanto orava, num êxtase, tive uma visão. Algo semelhante a um lençol grande foi baixado do céu, preso pelas quatro pontas, vindo até onde eu estava.
6 ထို​အ​ရာ​သည်​ငါ့​အ​နီး​သို့​ရောက်​ရှိ​လာ​၏။ သေ​ချာ​စွာ​ကြည့်​ရှု​လိုက်​သော​အ​ခါ​ခြေ​လေး ချောင်း​သတ္တ​ဝါ​များ၊ သား​ရဲ​များ၊ တွား​တတ် သော​သတ္တ​ဝါ​များ​နှင့်​ကောင်း​ကင်​ငှက်​များ ကို​မြင်​ရ​၏။-
6 Quando olhei dentro do lençol, vi toda espécie de animais domésticos e selvagens, répteis e aves.
7 ထို​နောက် `ပေ​တ​ရု​ထ​လော့၊ သတ်​စား​လော့' ဟု ဆို​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
7 E ouvi uma voz dizer: ‘Levante-se, Pedro; mate e coma’.
8 သို့​ရာ​တွင်​ငါ​က `သ​ခင်​ဘု​ရား၊ အ​ဘယ်​နည်း နှင့်​မျှ​မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း သော​အ​ရာ၊ သို့​မ​ဟုတ်​မ​သန့်​စင်​သော​အ​ရာ ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ' ဟု ပြန်​၍​လျှောက်​၏။-
8 “Eu respondi: ‘De modo nenhum, Senhor! Jamais comi coisa alguma que fosse considerada impura ou imprópria’.
9 ထို​နောက်​ကောင်း​ကင်​အ​သံ​တော်​က`ဘု​ရား​သ​ခင် သန့်​စင်​သည်​ဟု​ဆို​သည့်​အ​ရာ​ကို သင်​သည်​ညစ် ညမ်း​သည်​ဟု​မ​ဆို​ရ' ဟူ​၍​မိန့်​တော်​မူ​၏။-
9 “Mas a voz do céu falou novamente: ‘Não chame de impuro o que Deus purificou’.
10 ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ထို​အ​ရာ​ခပ်​သိမ်း​တို့​ကို​မိုး​ကောင်း​ကင်​သို့ ပြန်​လည်​ရုပ်​သိမ်း​သွား​လေ​၏။-
10 Isso aconteceu três vezes, antes que o lençol, com tudo que ele continha, fosse recolhido ao céu.
11 ထို​နောက်​ငါ​ရှိ​ရာ​အိမ်​သို့​လူ​သုံး​ယောက် ရုတ်​တ​ရက်​ရောက်​ရှိ​လာ​၏။ သူ​တို့​သည် ကဲ​သ​ရိ​မြို့​မှ​ငါ့​ထံ​သို့​စေ​လွှတ်​လိုက် သူ​များ​ဖြစ်​၏။-
11 “Nesse momento, três homens que haviam sido enviados de Cesareia chegaram à casa onde eu estava hospedado.
12 ဝိ​ညာဉ်​တော်​က​ထို​သူ​တို့​နှင့်​အ​တူ​မ​ဆိုင်း မ​တွ​လိုက်​သွား​ရန် ငါ့​အား​အ​မိန့်​ရှိ​တော်​မူ​၏။ ယုပ္ပေ​မြို့​မှ​ညီ​အစ်​ကို​ခြောက်​ယောက်​တို့​သည်​လည်း ငါ​နှင့်​အ​တူ​လိုက်​ခဲ့​ကြ​၏။ ငါ​တို့​အား​လုံး ပင်​ကော်​နေ​လိ​၏​အိမ်​သို့​ဝင်​ကြ​၏။-
12 O Espírito me disse que eu fosse com eles, sem nada questionar. Esses seis irmãos me acompanharam, e logo entramos na casa do homem que havia mandado nos buscar.
13 ကော်​နေ​လိ​က​မိ​မိ​၏​အိမ်​တွင်​ကောင်း​ကင် တ​မန်​တစ်​ပါး​ရပ်​လျက်`ယုပ္ပေ​မြို့​သို့​လူ​လွှတ် ၍​ရှိ​မုန်​ပေ​တ​ရု​ဟု​ခေါ်​သော​သူ​ကို​ပင့် ဖိတ်​လော့။-
13 Ele nos contou como um anjo havia aparecido em sua casa e dito: ‘Envie mensageiros a Jope e mande buscar Simão, também chamado Pedro.
14 ထို​သူ​သည်​သင်​နှင့်​အိမ်​သူ​အိမ်​သား​များ​အား ကယ်​တင်​ခြင်း​ရ​ရာ​ရ​ကြောင်း​တရား​စ​ကား များ​ကို​ဟော​ပြော​လိမ့်​မည်' ဟူ​၍​မြွက်​ဆို ကြောင်း​ကို​ငါ​တို့​အား​ပြော​ကြ​၏။-
14 Ele lhe dirá como você e toda a sua casa podem ser salvos’.
15 ထို​နောက်​ငါ​သည်​စ​၍​စ​ကား​ပြော​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​အ​ထက်​က​ငါ တို့​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သည်​နည်း​တူ ထို​သူ​တို့​အ​ပေါ်​သို့​လည်း​သက်​ရောက်​တော် မူ​၏။-
15 “Quando comecei a falar, o Espírito Santo desceu sobre eles, como ocorreu conosco, no princípio.
16 ထို​အ​ခါ `ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သို့​ရာ​တွင်​သင်​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ရ​ကြ​လိမ့် မည်' ဟူ​သော​သ​ခင်​ဘု​ရား​၏​စ​ကား​တော် ကို​ငါ​သည်​ပြန်​၍​သ​တိ​ရ​၏။-
16 Então me lembrei das palavras do Senhor, quando ele disse: ‘João batizou com água, mas vocês serão batizados com o Espírito Santo’.
17 ဘု​ရား​သ​ခင်​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ဆု​ကျေး​ဇူး ကို ထို​လူ​မျိုး​ခြား​တို့​အား​လည်း​ပေး​တော်​မူ ကြောင်း​ထင်​ရှား​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​ဘယ် သို့​သော​သူ​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ဆီး​တား နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။
17 E, uma vez que Deus deu a esses gentios a mesma dádiva que concedeu a nós quando cremos no Senhor Jesus Cristo, quem era eu para me opor a Deus?”.
18 ထို​စ​ကား​ကို​ကြား​သော​အ​ခါ ထို​သူ​တို့​သည် ပြစ်​တင်​ဝေ​ဖန်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ``ဘု​ရား သ​ခင်​သည်​လူ​မျိုး​ခြား​တို့​အား​လည်း နောင်​တ​ရ ၍​အ​သက်​ရှင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​သည်​တ​ကား'' ဟု​ဆို​၍​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။
18 Ao ouvirem isso, pararam de levantar objeções e começaram a louvar a Deus, dizendo: “Vemos que Deus deu aos gentios o mesmo privilégio de se arrepender e receber a vida eterna!”.
19 သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​သူ​တို့​သည် သ​တေ​ဖန် အ​သတ်​ခံ​ရ​ချိန်​၌​ဖြစ်​ပေါ်​လာ​သော​နှိပ်​စက် ညှဉ်း​ဆဲ​မှု​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​သွား ကြ​၏။ ထို​သူ​အ​ချို့​တို့​သည်​ဖိ​နိတ်​ပြည်၊ ကု​ပ​ရု​ကျွန်း၊ အန္တိ​အုတ်​မြို့​သို့​တိုင်​အောင် ရောက်​ရှိ​ကြ​၏။ သူ​တို့​သည်​ဘုရား​သခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ယု​ဒ​အ​မျိုး သား​တို့​အား​သာ​ဟော​ပြော​ကြ​၏။-
19 Enquanto isso, os discípulos que haviam sido dispersos na perseguição depois da morte de Estêvão chegaram até a Fenícia, Chipre e Antioquia da Síria. Pregaram a palavra, mas somente aos judeus.
20 သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-
20 Contudo, alguns dos discípulos que foram de Chipre e Cirene até Antioquia começaram a anunciar aos gentios as boas-novas a respeito do Senhor Jesus.
21 သူ​တို့​သည်​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော် ကို​ခံ​ယူ​ရ​သ​ဖြင့် လူ​အ​မြောက်​အ​မြား ပင်​ယုံ​ကြည်​၍​သ​ခင်​ဘု​ရား​ထံ​ပြောင်း​လဲ လာ​ကြ​၏။
21 A mão do Senhor estava com eles, e muitos desses gentios creram e se converteram ao Senhor.
22 ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-
22 Quando a igreja de Jerusalém soube do que havia acontecido, enviou Barnabé a Antioquia.
23 သူ​သည်​ထို​မြို့​သို့​ရောက်​၍​လူ​တို့​အား ဘု​ရား သ​ခင်​အ​ဘယ်​သို့​ကောင်း​ချီး​ပေး​တော်​မူ​သည် ကို​မြင်​သော​အ​ခါ ရွှင်​လန်း​ဝမ်း​မြောက်​သ​ဖြင့် သ​ခင်​ဘု​ရား​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​၍ သစ္စာ​စောင့်​ကြ​ရန်​တိုက် တွန်း​နှိုး​ဆော်​လေ​သည်။-
23 Ao chegar ali e ver essa demonstração da graça de Deus, alegrou-se muito e incentivou os irmãos a permanecerem fiéis ao Senhor.
24 ဗာ​န​ဗ​သည်​သူ​တော်​ကောင်း​ဖြစ်​၍​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည် ခြင်း​နှင့်​လည်း​ကောင်း​ပြည့်​ဝ​သ​ဖြင့်​များ​စွာ သော​သူ​တို့​အား​သ​ခင်​ဘု​ရား​ကို​ယုံ​ကြည် စေ​၏။
24 Barnabé era um homem bom, cheio do Espírito Santo e de fé. E uma grande multidão se converteu ao Senhor.
25 ထို​နောက်​ဗာ​န​ဗ​သည်​ရှော​လု​ကို​ရှာ​ရန် တာ​ရှု​မြို့​သို့​သွား​၏။-
25 Então Barnabé foi a Tarso procurar Saulo.
26 သူ့​ကို​တွေ့​လျှင်​အန္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့​၏။ သူ​တို့ နှစ်​ဦး​သည်​တစ်​နှစ်​ပတ်​လုံး​အ​သင်း​တော်​ဝင်​တို့ နှင့်​တွေ့​ဆုံ​၍ များ​စွာ​သော​လူ​ပ​ရိ​သတ်​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည်​ပ​ထ​မ​ဆုံး အ​ကြိမ်​ခ​ရစ်​ယာန်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ ကြ​ရ​သည့်​အ​ရပ်​မှာ​အန္တိ​အုတ်​မြို့​ဖြစ်​သ​တည်း။
26 Quando o encontrou, levou-o para Antioquia. Ali permaneceram com a igreja um ano inteiro, ensinando a muitas pessoas. Foi em Antioquia que os discípulos foram chamados de cristãos pela primeira vez.
27 ထို​အ​ခါ​ကာ​လ​၌​ပ​ရော​ဖက်​အ​ချို့​တို့​သည် ယေ​ရု​ရှ​လင်​မြို့​မှ​အန္တိ​အုတ်​မြို့​သို့​လာ​ကြ​၏။-
27 Durante esse tempo, alguns profetas viajaram de Jerusalém a Antioquia.
28 ထို​သူ​တို့​အ​နက်​အာ​ဂ​ဗု​နာ​မည်​ရှိ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​အ​ရ ထ​၍ ကမ္ဘာ​တစ်​ဝှမ်း​လုံး​တွင်​အ​စား​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ကြီး​သင့်​လိမ့်​မည်​ဟု ဟော​ပြော​လေ​၏။ (ဧ​က​ရာဇ်​ဘု​ရင်​က​လော​ဒိ လက်​ထက်​၌ အ​ကယ်​ပင်​ဤ​သို့​ငတ်​မွတ်​ခေါင်း ပါး​ခဲ့​သ​တည်း။)-
28 Um deles, chamado Ágabo, pôs-se em pé numa das reuniões e predisse, pelo Espírito, que uma grande fome viria sobre todo o mundo romano. (Isso se cumpriu durante o reinado de Cláudio.)
29 တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-
29 Então os discípulos de Antioquia decidiram enviar uma ajuda aos irmãos na Judeia, cada um de acordo com suas possibilidades.
30 ဤ​သို့​ဆုံး​ဖြတ်​ကြ​ပြီး​နောက်​ထောက်​ပံ့​ငွေ များ​ကို​ဗာ​န​ဗ​နှင့်​ရှော​လု​မှ​တစ်​ဆင့် ယေ​ရု ရှ​လင်​မြို့​အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့ ပေး​ပို့​ကြ​၏။
30 Foi o que fizeram, enviando as doações aos presbíteros por meio de Barnabé e Saulo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.