Atos 10

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ကဲ​သ​ရိ​မြို့​တွင်​ကော်​နေ​လိ​နာ​မည်​ရှိ​သူ​လူ တစ်​ယောက်​ရှိ​၏။ သူ​သည် ``ဣ​တ​လိ​တပ်'' ဟု ခေါ်​သော​တပ်​မှ​တပ်​ခွဲ​မှူး​တစ်​ယောက်​ဖြစ်​၏။-
1 Havia em Cesaréia um homem, por nome Cornélio, centurião da coorte que se chamava Itálica.
2 သူ​နှင့်​တ​ကွ​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​တ​ရား​ကြည်​ညို​၍​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​သူ​များ​ဖြစ်​ကြ​၏။ သူ​သည် ဆင်း​ရဲ​သော​ယု​ဒ​အ​မျိုး​သား​တို့​အား ရက် ရော​စွာ​လှူ​ဒါန်း​တတ်​၏။ သူ​သည်​ဘု​ရား သ​ခင်​ထံ​အ​ချိန်​မှန်​မှန်​ပတ္ထနာ​ပြု​လေ​၏။-
2 Era religioso; ele e todos os de sua casa eram tementes a Deus. Dava muitas esmolas ao povo e orava constantemente.
3 မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​အ​ချိန်​၌​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​သူ့​ထံ​သို့​လာ​၍ ``ကော် နေ​လိ'' ဟု​ခေါ်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် အ​ထင်​အ​ရှား​မြင်​ရ​၏။
3 Este homem viu claramente numa visão, pela hora nona do dia, aproximar-se dele um anjo de Deus e o chamar: Cornélio!
4 သူ​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​တ​မန်​ကို စိုက်​ကြည့်​ပြီး​လျှင် ``အ​ရှင်၊ အ​ဘယ်​အ​မှု အ​ခင်း​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။
4 Cornélio fixou nele os olhos e, possuído de temor, perguntou: Que há, Senhor? O anjo replicou: As tuas orações e as tuas esmolas subiram à presença de Deus como uma oferta de lembrança.
5 ယ​ခု​ပင်​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ပေ​တ​ရု​ခေါ် ရှိ​မုန်​ဆို​သူ​ကို​ပင့်​ခေါ်​လော့။-
5 Agora envia homens a Jope e faze vir aqui um certo Simão, que tem por sobrenome Pedro.
6 သူ​သည်​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏။ ထို​အိမ်​ကား​ပင်​လယ်​ကမ်း အ​နီး​တွင်​ရှိ​၏'' ဟု​မြွက်​ဆို​၏။-
6 Ele se acha hospedado em casa de Simão, um curtidor, cuja casa fica junto ao mar.
7 ထို​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် မိ​မိ​၏​အ​စေ​ခံ​နှစ်​ယောက်​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​အ​ပါး​တော်​မြဲ စစ်​သား​တစ်​ယောက်​ကို​ခေါ်​ကာ၊-
7 Quando se retirou o anjo que lhe falara, chamou dois dos seus criados e um soldado temente ao Senhor, daqueles que estavam às suas ordens.
8 အ​ကြောင်း​အ​လုံး​စုံ​ကို​ပြော​ပြ​ပြီး​လျှင် ယုပ္ပေ​မြို့​သို့​စေ​လွှတ်​လေ​သည်။
8 Contou-lhes tudo e enviou-os a Jope.
9 ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။-
9 No dia seguinte, enquanto estavam em viagem e se aproximavam da cidade - pelo meio-dia -, Pedro subiu ao terraço da casa para fazer oração.
10 သူ​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့်​အ​စား အ​စာ​ကို​တောင့်​တ​၏။ သူ​၏​အ​တွက်​အ​စား အ​စာ​များ​ပြင်​ဆင်​နေ​ကြ​စဉ်​သူ​သည်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​လေ​သည်။-
10 Então, como sentisse fome, quis comer. Mas, enquanto lho preparavam, caiu em êxtase.
11 ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မိုး​ကောင်း​ကင်​ကွဲ​ဟ သည်​ကို​လည်း​ကောင်း၊ ထောင့်​လေး​ထောင့်​မှ​ချုပ် ကိုင်​ထား​သော​ရွက်​ထည်​ကြီး​နှင့်​တူ​သည့် အ​ရာ​မြေ​သို့​ကျ​လာ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ရ​၏။-
11 Viu o céu aberto e descer uma coisa parecida com uma grande toalha que baixava do céu à terra, segura pelas quatro pontas.
12 ထို​အ​ရာ​ထဲ​တွင်​ခြေ​လေး​ချောင်း​သတ္တဝါ မျိုး၊ တွား​တတ်​သည့်​သတ္တ​ဝါ​အ​မျိုး​မျိုး​နှင့် ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​တို့​ဖြင့်​ပါ​ရှိ​၏။-
12 Nela havia de todos os quadrúpedes, dos répteis da terra e das aves do céu.
13 ``ပေ​တ​ရု၊ ထ​လော့၊ သတ်​၍​စား​လော့'' ဟူ​သော အ​သံ​ကို​သူ​ကြား​ရ​၏။
13 Uma voz lhe falou: Levanta-te, Pedro! Mata e come.
14 ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။
14 Disse Pedro: De modo algum, Senhor, porque nunca comi coisa alguma profana e impura.
15 ထို​အ​ခါ​ဗျာ​ဒိတ်​သံ​က ``ဘု​ရား​သ​ခင်​သန့်​စင် သည်​ဟု​ဆို​သည့်​အ​ရာ​ကို​သင်​က​ညစ်​ညမ်း​သည် ဟု​မ​ဆို​ရ'' ဟု​မိန့်​တော်​မူ​၏။-
15 Esta voz lhe falou pela segunda vez: O que Deus purificou não chames tu de impuro.
16 ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ချက်​ချင်း​ပင်​ရွက်​ထည်​နှင့်​တူ​သော​အ​ရာ​သည် မိုး​ကောင်း​ကင်​သို့​ပြန်​လည်​ရုပ်​သိမ်း​ခြင်း​ကို ခံ​ရ​လေ​သည်။
16 Isto se repetiu três vezes e logo a toalha foi recolhida ao céu.
17 ပေ​တ​ရု​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​၏။ ထို အ​ချိန်​၌​ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​၍ ယ​ခု​အိမ်​ရှေ့​သို့​ရောက်​ရှိ​လာ​ကြ​၏။-
17 Desconcertado, Pedro refletia consigo mesmo sobre o que significava a visão que tivera, quando os homens, enviados por Cornélio, se apresentaram à porta, perguntando pela casa de Simão.
18 ထို​သူ​တို့​က ``ပေ​တ​ရု​ခေါ်​ရှိ​မုန်​သည်​ဤ အိမ်​တွင်​ရှိ​ပါ​၏​လော'' ဟု​အော်​၍​မေး​မြန်း ကြ​၏။
18 Eles chamaram e indagaram se ali estava hospedado Simão, com o sobrenome Pedro.
19 ပေ​တ​ရု​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​စဉ်း​စား​နေ​စဉ်​ဝိ​ညာဉ်​တော်​က ``လူ​သုံး ယောက်​တို့​သည်​သင့်​ကို​ရှာ​နေ​ကြ​၏။-
19 Enquanto Pedro refletia na visão, disse o Espírito: Eis aí três homens que te procuram.
20 ထ​၍​ဆင်း​သွား​လော့။ ငါ​ပင်​သူ​တို့​ကို​စေ​လွှတ် လိုက်​သည်​ဖြစ်​၍ မ​ဆိုင်း​မ​တွ​ဘဲ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-
20 Levanta-te! Desce e vai com eles sem hesitar, porque sou eu quem os enviou.
21 သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထို​သူ​တို့​ထံ​သို့​ဆင်း သွား​ပြီး​လျှင် ``သင်​တို့​ရှာ​နေ​သူ​ကား​ငါ​ပင် ဖြစ်​သည်။ အ​ဘယ်​အ​ကြောင်း​ကြောင့်​သင်​တို့ ရောက်​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
21 Pedro desceu ao encontro dos homens e disse-lhes: Aqui me tendes, sou eu a quem buscais. Qual é o motivo por que viestes aqui?
22 ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။-
22 Responderam: O centurião Cornélio, homem justo e temente a Deus, o qual goza de excelente reputação entre todos os judeus, recebeu dum santo anjo o aviso de te mandar chamar à sua casa e de ouvir as tuas palavras.
23 ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။
23 Então Pedro os mandou entrar e hospedou-os. No dia seguinte, levantou-se e partiu com eles, e alguns dos irmãos de Jope o acompanharam.
24 နောက်​တစ်​နေ့​၌​ပေ​တ​ရု​သည်​ကဲ​သ​ရိ​မြို့​သို့ ရောက်​လေ​သည်။ ထို​မြို့​တွင်​ကော်​နေ​လိ​သည် မိ​မိ​ဖိတ်​ခေါ်​ထား​သည့်​ဆွေ​မျိုး​သား​ချင်း များ၊ ရင်း​နှီး​သော​မိတ်​ဆွေ​များ​နှင့်​အ​တူ သူ့​အား​စောင့်​မျှော်​လျက်​နေ​ကြ​၏။-
24 No outro dia chegaram a Cesaréia. Cornélio os estava esperando, tendo convidado os seus parentes e amigos mais íntimos.
25 ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​၍​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လေ​၏။-
25 Quando Pedro estava para entrar, Cornélio saiu a recebê-lo e prostrou-se aos seus pés para adorá-lo.
26 သို့​ရာ​တွင်​ပေ​တ​ရု​က ``ထ​လော့၊ ငါ​ကိုယ်​တိုင် ပင်​လူ​သာ​မန်​ဖြစ်​ပါ​သည်'' ဟု​ဆို​၍ ကော်​နေ​လိ ကို​အ​ထ​ခိုင်း​၏။-
26 Pedro, porém, o ergueu, dizendo: Levanta-te! Também eu sou um homem!
27 ထို​နောက်​ကော်​နေ​လိ​နှင့်​အ​တူ​စ​ကား​ပြော လျက်​အိမ်​ထဲ​သို့​ဝင်​သွား​သော​အ​ခါ လူ အ​မြောက်​အ​မြား​စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​မြင်​ရ​၏။-
27 E, falando com ele, entrou e achou ali muitas pessoas que se tinham reunido e disse:
28 ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။-
28 Vós sabeis que é proibido a um judeu aproximar-se dum estrangeiro ou ir à sua casa. Todavia, Deus me mostrou que nenhum homem deve ser considerado profano ou impuro.
29 ထို့​ကြောင့်​ငါ့​ကို​သင်​ခေါ်​ဖိတ်​သော​အ​ခါ ငါ​သည်​မ​ငြင်း​မ​ဆို​ဘဲ​လိုက်​လာ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ဖိတ်​ရ​ကြောင်း ပြော​ကြား​ပါ​လော့'' ဟု​ဆို​၏။
29 Por isso vim sem hesitar, logo que fui chamado. Pergunto, pois, por que motivo me chamastes.
30 ကော်​နေ​လိ​က ``လွန်​ခဲ့​သော​သုံး​ရက်​က​မွန်း လွဲ​သုံး​နာ​ရီ​၌ အ​ကျွန်ုပ်​သည်​အိမ်​မှာ​ဆု​တောင်း လျက်​နေ​ပါ​၏။ ထို​အ​ခါ​တောက်​ပြောင်​သော အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သူ​လူ​တစ်​ယောက် သည် အ​ကျွန်ုပ်​၏​ရှေ့​တွင်​ရုတ်​တ​ရက်​ရပ်​၍၊-
30 Disse Cornélio: Faz hoje quatro dias que estava eu a orar em minha casa, à hora nona, quando se pôs diante de mim um homem com vestes resplandecentes, que disse:
31 `ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ဘု​ရား သ​ခင်​ကြား​တော်​မူ​ပြီ။ သင်​၏​စွန့်​ကြဲ​ပေး​ကမ်း မှု​ကို​လည်း​သိ​မှတ်​တော်​မူ​ပြီ။-
31 Cornélio, a tua oração foi atendida e Deus se lembrou de tuas esmolas.
32 သို့​ဖြစ်​၍​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ရှိ​မုန်​ပေ​တ​ရု ဟု​ခေါ်​သော​သူ​ကို​ပင့်​လော့။ သူ​သည်​ပင်​လယ်​ကမ်း အ​နီး​ရှိ​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏' ဟု​မြွက်​ဆို​ပါ​၏။-
32 Envia alguém a Jope e manda vir Simão, que tem por sobrenome Pedro. Está hospedado perto do mar em casa do curtidor Simão.
33 ထို​ကြောင့်​အ​ကျွန်ုပ်​သည်​ချက်​ချင်း​ပင်​အ​ရှင် ၏​ထံ​သို့​လူ​လွှတ်​ခဲ့​ပါ​သည်။ အ​ရှင်​ကြွ​လာ သည့်​အ​တွက်​ကျေး​ဇူး​ကြီး​လှ​ပါ​၏။ ကိုယ်​တော် အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ သော​စ​ကား​တော်​တို့​ကို​ကြား​နာ​ရန် အ​ကျွန်ုပ် တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့ ရောက်​ရှိ​နေ​ကြ​ပါ​ပြီ'' ဟု​ပြော​ဆို​၏။
33 Por isso mandei chamar-te logo e felicito-te por teres vindo. Agora, pois, eis-nos todos reunidos na presença de Deus para ouvir tudo o que Deus te ordenou de nos dizer.
34 ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။-
34 Então Pedro tomou a palavra e disse: Em verdade, reconheço que Deus não faz distinção de pessoas,
35 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​၍ အ​မှန်​တ​ရား​ကို​ကျင့်​သုံး​သူ​မှန်​သ​မျှ​အား လူ​မျိုး​ခွဲ​ခြား​မှု​မ​ပြု​ဘဲ​နှစ်​သက်​လက်​ခံ တော်​မူ​၏။-
35 mas em toda nação lhe é agradável aquele que o temer e fizer o que é justo.
36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-
36 Deus enviou a sua palavra aos filhos de Israel, anunciando-lhes a boa nova da paz, por meio de Jesus Cristo. Este é o Senhor de todos.
37 ဗတ္တိ​ဇံ​တ​ရား​ကို​ယော​ဟန်​ဟော​ပြော​ပြီး​သည့် နောက် ဂါ​လိ​လဲ​ပြည်​မှ​အ​စ​ပြု​၍ ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို​လည်း​ကောင်း၊-
37 Vós sabeis como tudo isso aconteceu na Judéia, depois de ter começado na Galiléia, após o batismo que João pregou.
38 နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-
38 Vós sabeis como Deus ungiu a Jesus de Nazaré com o Espírito Santo e com o poder, como ele andou fazendo o bem e curando todos os oprimidos do demônio, porque Deus estava com ele.
39 ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ ဣသ​ရေ​လ နိုင်​ငံ​ရှိ​အ​ခြား​မြို့​ရွာ​များ​၌​လည်း​ကောင်း၊ ကိုယ်​တော်​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ တို့​နှင့်​ပတ်​သက်​၍ ငါ​တို့​သည်​အ​သိ​သက်​သေ များ​ဖြစ်​ကြ​၏။ ထို​နောက်​လူ​တို့​သည်​ကိုယ်​တော် ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။-
39 E nós somos testemunhas de tudo o que fez na terra dos judeus e em Jerusalém. Eles o mataram, suspendendo-o num madeiro.
40 သို့​ရာ​တွင်​တ​တိ​ယ​နေ့​၌​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍​ကိုယ်​ထင်​ပြ​စေ​တော်​မူ​၏။-
40 Mas Deus o ressuscitou ao terceiro dia e permitiu que aparecesse,
41 လူ​တိုင်း​ကိုယ်​တော်​ကို​ဖူး​မြင်​ခွင့်​ရ​ကြ​သည် မ​ဟုတ်။ အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ဘု​ရား သ​ခင်​ကြို​တင်​ရွေး​ချယ်​ထား​သူ​ငါ​တို့​သာ လျှင်​ဖူး​မြင်​ရ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ် ကြ​၏။-
41 não a todo o povo, mas às testemunhas que Deus havia predestinado, a nós que comemos e bebemos com ele, depois que ressuscitou.
42 ကိုယ်​တော်​သည်​လူ​တို့​အား​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​နှင့် ကိုယ်​တော်​သည်​အ​သက်​ရှင်​နေ သူ၊ သေ​လွန်​သူ​များ​ကို​တ​ရား​စီ​ရင်​သော သ​ခင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ခန့်​ထား​တော် မူ​ကြောင်း​ဟော​ပြော​သက်​သေ​ခံ​ရန် ငါ​တို့ အား​ပ​ညတ်​ပေး​တော်​မူ​ခဲ့​၏။-
42 Ele nos mandou pregar ao povo e testemunhar que é ele quem foi constituído por Deus juiz dos vivos e dos mortos.
43 ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​တန်​ခိုး​အား ဖြင့် မိ​မိ​တို့​၏​အ​ပြစ်​များ​ဖြေ​လွှတ်​ခြင်း​ခံ ရ​ကြ​လတ္တံ့​ဟူ​၍ ကိုယ်​တော်​၏​အ​ကြောင်း​ကို ပ​ရော​ဖက်​အ​ပေါင်း​တို့​ဟော​ပြော​ခဲ့​ကြ​၏'' ဟု​မြွက်​ဆို​လေ​သည်။
43 Dele todos os profetas dão testemunho, anunciando que todos os que nele crêem recebem o perdão dos pecados por meio de seu nome.
44 ဤ​သို့​ပေ​တ​ရု​မြွက်​ဆို​နေ​စဉ် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည်​နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​နေ​ကြ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့​ဆင်း​သက်​တော်​မူ​၏။-
44 Estando Pedro ainda a falar, o Espírito Santo desceu sobre todos os que ouviam a {santa} palavra.
45 လူ​မျိုး​ခြား​တို့​သည်​လည်း​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​ကို​ခံ​ယူ​ရ​ရှိ​ကြ သည်​ဖြစ်​၍ ပေ​တ​ရု​နှင့်​အ​တူ​လိုက်​လာ​ကြ သော​ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သား​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​၏။-
45 Os fiéis da circuncisão, que tinham vindo com Pedro, profundamente se admiraram, vendo que o dom do Espírito Santo era derramado também sobre os pagãos;
46 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​ခြား​တို့​သည် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော ၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​သည်​ကို​ကြား​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ပေ​တ​ရု​က၊-
46 pois eles os ouviam falar em outras línguas e glorificar a Deus.
47 ``ဤ​သူ​တို့​သည်​ငါ​တို့​ကဲ့​သို့​ပင်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ​ဖြစ် ကြ​၏။ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​သူ​တို့​ဗတ္တိ ဇံ​မင်္ဂ​လာ​ခံ​ယူ​မှု​ကို​တားမြစ်​နိုင်​သ​နည်း'' ဟု ဆို​၏။-
47 Então Pedro tomou a palavra: Porventura pode-se negar a água do batismo a estes que receberam o Espírito Santo como nós?
48 ထို​နောက်​ပေ​တ​ရု​သည်​ထို​သူ​တို့​အား​ယေ​ရှု ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဗတ္တိ​ဇံ​မင်္ဂ​လာ ခံ​စေ​ရန်​အ​မိန့်​ပေး​လေ​၏။ ထို​နောက်​ပေ​တ​ရု အား​မိ​မိ​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ ထိုင်​ရန်​ထို​သူ​တို့​သည်​မေတ္တာ​ရပ်​ခံ​ကြ​၏။
48 E mandou que fossem batizados em nome de Jesus Cristo. Rogaram-lhe então que ficasse com eles por alguns dias.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.