Apocalipse 8

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 သတ္တမ​ချိပ်​တံ​ဆိပ်​ကို​သိုး​သူ​ငယ်​တော်​ဖွင့် လိုက်​သော​အ​ခါ ကောင်း​ကင်​ဘုံ​တွင်​နာ​ရီ ဝက်​ခန့်​ဆိတ်​ငြိမ်​၍​သွား​၏။-
1 Quando ele abriu o sétimo selo, houve silêncio no céu por volta de meia hora.
2 ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။
2 Vi os sete anjos que se acham em pé diante de Deus; a eles foram dadas sete trombetas.
3 ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​ပလ္လင်​တော်​အ​နား​သို့​လာ​၍​ရပ်​၏။ သူ သည်​ရွှေ​လင်​ပန်း​ကို​ကိုင်​ထား​၏။ ပလ္လင်​တော် ရှေ့​၌​ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​ပေါ်​မှာ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​၏​ဆု တောင်း​ပတ္ထ​နာ​များ​နှင့်​အ​တူ ပူ​ဇော်​မီး​ရှို့ ရန်​များ​စွာ​သော​နံ့​သာ​ပေါင်း​ကို​သူ့​အား ပေး​အပ်​ထား​သည်။-
3 Outro anjo, que trazia um incensário de ouro, aproximou-se e se colocou de pé junto ao altar. A ele foi dado muito incenso para oferecer com as orações de todos os santos sobre o altar de ouro diante do trono.
4 နံ့​သာ​ပေါင်း​မှ​ထွက်​လာ​သော​မီး​ခိုး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ်​နေ​သော ကောင်း​ကင်​တ​မန်​၏​လက်​မှ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​တို့​ဆု​တောင်း​ပတ္ထနာ​များ နှင့်​အ​တူ​အ​ထက်​သို့​တက်​လေ​၏။-
4 E da mão do anjo subiu diante de Deus a fumaça do incenso juntamente com as orações dos santos.
5 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​လင်​ပန်း​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​က​မီး​ကို​ထည့်​၍​ကမ္ဘာ မြေ​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​အ​ခါ​မိုး​ကြိုး ထစ်​ချုန်း​ခြင်း၊ အ​သံ​မြည်​ခြင်း၊ လျှပ်​ပြက် ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း​တို့​ဖြစ်​ပေါ်​လာ လေ​သည်။
5 Então o anjo pegou o incensário, encheu-o com fogo do altar e lançou-o sobre a terra; e houve trovões, vozes, relâmpagos e um terremoto.
6 ထို​နောက်​တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ကိုင်​ထား သည့်​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-
6 Então os sete anjos, que tinham as sete trombetas, prepararam-se para tocá-las.
7 ပ​ထ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​ကို မှုတ်​လိုက်​သော​အ​ခါ​သွေး​နှင့်​ရော​နှော​နေ သော​မီး​နှင့်​မိုး​သီး​တို့​သည်​မြေ​ပေါ်​သို့ ကျ​ကုန်​၏။ ကမ္ဘာ​မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ၊ သုံး​ပုံ​တစ်​ပုံ​သော​သစ်​ပင်၊ စိမ်း​စို​သော​မြက် ရှိ​သ​မျှ​တို့​သည်​လောင်​ကျွမ်း​လေ​၏။
7 O primeiro anjo tocou a sua trombeta, e granizo e fogo misturado com sangue foram lançados sobre a terra. Foi queimado um terço da terra, um terço das árvores e toda a planta verde.
8 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ မီး​လျှံ​ထ​နေ​သော တောင်​ကြီး​ခန့်​ကြီး​မား​သော​မီး​လုံး​ကြီး ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​သ​ကဲ့​သို့ ဖြစ်​ပြီး​လျှင် ပင်​လယ်​ရေ​သုံး​ပုံ​တစ်​ပုံ သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-
8 O segundo anjo tocou a sua trombeta, e algo como um grande monte em chamas foi lançado ao mar. Um terço do mar transformou-se em sangue,
9 ပင်​လယ်​သတ္တဝါ​သုံး​ပုံ​တစ်​ပုံ​တို့​သည်​သေ ကြ​၏။ သုံး​ပုံ​တစ်​ပုံ​မျှ​သော​င်္သဘော​တို့ သည်​လည်း​ပျက်​စီး​သွား​ကြ​၏။
9 morreu um terço das criaturas vivas do mar e foi destruído um terço das embarcações.
10 တ​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ ကြယ်​ကြီး​တစ်​လုံး​သည်​မီး လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​ကဲ့​သို့ ကောင်း​ကင် မှ​မြစ်​များ​သုံး​ပုံ​တစ်​ပုံ​နှင့်​စမ်း​ပေါက်​များ အ​ပေါ်​သို့​ကျ​လေ​၏။-
10 O terceiro anjo tocou a sua trombeta, e caiu do céu uma grande estrela, queimando como tocha, sobre um terço dos rios e das fontes de águas;
11 (ယင်း​ကြယ်​ကို``ခါး​ခြင်း'' ဟု​ခေါ်​၏) သုံး​ပုံ​တစ် ပုံ​သော​ရေ​တို့​သည်​ရေ​ခါး​အ​ဖြစ်​သို့​ပြောင်း လဲ​သွား​ကြ​၏။ များ​စွာ​သော​လူ​တို့​သည်​ထို ရေ​ခါး​ကို​သောက်​သ​ဖြင့်​သေ​ကြ​ကုန်​၏။
11 o nome da estrela é Absinto. Tornou-se amargo um terço das águas, e muitos morreram pela ação das águas que se tornaram amargas.
12 စတုတ္ထ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​လိုက် သော​အ​ခါ​နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ တစ်​ပုံ၊ ကြယ်​တာ​ရာ​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့ သည်​ကပ်​သင့်​ကြ​သ​ဖြင့်​၎င်း​တို့​၏​အ​လင်း​သည် သုံး​ပုံ​တစ်​ပုံ​လျော့​နည်း​သွား​လေ​၏။ နေ့​၏​သုံး ပုံ​တစ်​ပုံ၊ ည​၏​သုံး​ပုံ​တစ်​ပုံ​သည်​အ​လင်း မ​ရ​ကြ။
12 O quarto anjo tocou a sua trombeta, e foi ferido um terço do sol, um terço da lua e um terço das estrelas, de forma que um terço deles escureceu. Um terço do dia ficou sem luz, e também um terço da noite.
13 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ကောင်း​ကင် အ​လယ်​တွင် ပျံ​ဝဲ​လျက်​နေ​သော​လင်း​ယုန်​ငှက် တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​ငှက်​က``အ​ခြား​ကောင်း ကင်​တ​မန်​သုံး​ပါး​မှုတ်​ကြ​မည့်​တံ​ပိုး​ခ​ရာ​သံ သုံး​ချက်​ကြောင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​သတ္တ​ဝါ​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​သံ ကျယ်​စွာ​ပြော​ဆို​နေ​သည်​ကို​ငါ​ကြား​ရ​၏။
13 Enquanto eu olhava, ouvi uma águia que voava pelo meio do céu e dizia em alta voz: "Ai, ai, ai dos que habitam na terra, por causa do toque das trombetas que está prestes a ser dado pelos três outros anjos! "

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.