Apocalipse 6

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-
1 Então vi o Cordeiro quebrar o primeiro dos sete selos e ouvi um dos quatro seres vivos dizer com voz forte como o barulho de um trovão: — Venha!
2 ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​ဖြူ​တစ်​ကောင် ကို​တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​သည်​လေး​ကို​ကိုင် ထား​၏။ သ​ရ​ဖူ​ကို​ခံ​ယူ​ရ​ရှိ​ထား​၏။ သူ သည်​အောင်​ပွဲ​ခံ​ပြီး​သော​သူ​အ​နေ​ဖြင့်​ဆက် လက်​အောင်​ပွဲ​ခံ​ရန်​ထွက်​ခွာ​သွား​၏။
2 Olhei e vi um cavalo branco. O seu cavaleiro tinha um arco, e lhe deram uma coroa de rei. E ele saiu vencendo e conquistando.
3 သိုး​သူ​ငယ်​တော်​သည်​ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဒု​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-
3 Depois o Cordeiro quebrou o segundo selo. E ouvi o segundo ser vivo dizer: — Venha!
4 ထို​နောက်​မြင်း​နီ​တစ်​ကောင်​ထွက်​လာ​၏။ လူ​တို့ သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သတ်​ဖြတ်​ကြ​စေ​ရန်​မြင်း​စီး​သူ​ရဲ​အား ဤ လော​က​တွင်​စစ်​မက်​ဖြစ်​ပွား​စေ​နိုင်​သည့်​တန်​ခိုး ကို​ပေး​အပ်​ထား​၏။ ဋ္ဌား​ကြီး​တစ်​လက်​ကို​သူ့ အား​ပေး​ထား​၏။
4 Aí saiu outro cavalo, que era vermelho. O seu cavaleiro recebeu o poder de trazer a guerra ao mundo a fim de que as pessoas matassem umas às outras. E ele recebeu uma grande espada.
5 သိုး​သူ​ငယ်​တော်​သည်​တ​တိ​ယ​ချိပ်​တံ​ဆိပ်​ကို ဖွင့်​လိုက်​သော​အ​ခါ တ​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။ ငါ​ကြည့်​လိုက်​သော အ​ခါ​မြင်း​နက်​တစ်​ကောင်​ကို​တွေ့​ရ​၏။ မြင်း​စီး သူ​ရဲ​သည်​ချိန်​ခွင်​ကို​ကိုင်​ထား​၏။-
5 Então o Cordeiro quebrou o terceiro selo. E ouvi o terceiro ser vivo dizer: — Venha! Olhei e vi um cavalo preto. O seu cavaleiro tinha uma balança na mão.
6 သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ သည်​ဟု​ထင်​ရ​သော​အ​သံ​တစ်​ခု​ကို​ငါ​ကြား ရ​၏။ ထို​အ​သံ​က``ဂျုံ​ဆန်​တစ်​ခွက်​ကို​တစ်​နေ့ စာ​လုပ်​အား​ခ​ပေး​ရ​၏။ သို့​ရာ​တွင်​သံ​လွင် ဥ​ယျာဉ်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ဖျက် ဆီး​ကြ​နှင့်'' ဟု​ဆို​၏။
6 Ouvi o que parecia ser uma voz, que vinha do meio dos quatro seres vivos e dizia: — Meio quilo de trigo custa o que vocês ganham num dia inteiro de trabalho; e um quilo e meio de
7 သိုး​သူ​ငယ်​တော်​သည်​စတုတ္ထ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​၏​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​သတ္တ​ဝါ​က``လာ​လော့'' ဟု ဆို​၏။-
7 Depois o Cordeiro quebrou o quarto selo. E ouvi o quarto ser vivo dizer: — Venha!
8 ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​မွဲ​တစ်​ကောင်​ကို တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​၏​နာ​မည်​မှာ​သေ​မင်း ဖြစ်​၏။ သူ​၏​နောက်​မှ​မ​ရ​ဏာ​နိုင်​ငံ​လိုက်​ပါ လာ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ် ပုံ​တွင်​ရှိ​သော​လူ​တို့​အား​ဋ္ဌား​ဘေး၊ ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ သား​ရဲ တိ​ရစ္ဆာန်​များ​၏​ဘေး​တို့​ဖြင့်​သေ​စေ​နိုင်​သည့် အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​ထား​ကြ​၏။
8 Olhei e vi um cavalo amarelo. O seu cavaleiro se chamava Morte, e o mundo dos mortos o seguia. Estes receberam poder sobre a quarta parte da terra, para matar por meio de guerras, fome, doenças e animais selvagens.
9 သိုး​သူ​ငယ်​တော်​သည်​ပဉ္စမ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဘု​ရား​သခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း၊ သစ္စာ​နှင့်​သက်​သေ​ခံ​သည့်​အ​တွက် ကြောင့်​လည်း​ကောင်း​အ​သတ်​ခံ​ကြ​ရ​သူ​တို့ ၏​ဝိ​ညာဉ်​များ​ကို​ပလ္လင်​တော်​အောက်​တွင်​ငါ မြင်​ရ​၏။-
9 Então o Cordeiro quebrou o quinto selo. E vi debaixo do altar as almas dos que tinham sido mortos porque haviam anunciado a mensagem de Deus e tinham sido fiéis no seu testemunho.
10 ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-
10 Eles gritavam com voz bem forte: — Ó Todo-Poderoso, santo e verdadeiro! Quando julgarás e condenarás os que na terra nos mataram?
11 ထို​သူ​တို့​သည်​ဝတ်​လုံ​ဖြူ​တစ်​ထည်​စီ​ကို​ရ​ပြီး လျှင် မိ​မိ​တို့​နည်း​တူ​အ​သတ်​ခံ​ရ​ကြ​မည့် အ​စေ​ခံ​ချင်း​နှင့်​ညီ​အစ်​ကို​ချင်း အ​ရေ​အ​တွက် ပြည့်​သည့်​တိုင်​အောင်​ခ​ဏ​ငြိမ်​သက်​စွာ​နေ​ကြ ရန်​အ​မိန့်​ကို​ရ​ကြ​၏။
11 Cada um deles recebeu uma roupa branca. E foi dito a eles que descansassem um pouco mais, até que se completasse o número dos seus companheiros no trabalho de Cristo, que eram seus irmãos e que iam ser mortos como eles tinham sido.
12 ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ဆ​ဋ္ဌ​မ​ချိပ် တံ​ဆိပ်​တော်​ကို​ဖွင့်​လေ​လျှင် မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ နေ​သည်​ဂုံ​အိတ်​ထည်​မည်း​ကဲ့ သို့​မည်း​နက်​လာ​၏။ လ​တစ်​ဝန်း​လုံး​သည် လည်း​သွေး​ကဲ့​သို့​နီ​လာ​၏။-
12 Em seguida vi o Cordeiro quebrar o sexto selo. Houve um violento terremoto, o sol se tornou negro como uma roupa de luto, e a lua ficou toda vermelha como sangue.
13 ကောင်း​ကင်​ရှိ​ကြယ်​များ​သည်​လေ​ပြင်း​ဒဏ် ကြောင့် အ​ပင်​မှ​ကြွေ​ကုန်​သော​င်္သဘော​သ​ဖန်း သီး​စိမ်း​များ​ကဲ့​သို့​ကမ္ဘာ​မြေ​သို့​ကျ​ကုန်​၏။
13 As estrelas caíram do céu sobre a terra, como os figos verdes caem da figueira sacudida por um vento forte.
14 မိုး​ကောင်း​ကင်​သည်​စာ​စောင်​ကို​လိပ်​သ​ကဲ့​သို့ ပျောက်​ကွယ်​သွား​၏။ တောင်​များ​နှင့်​ကျွန်း​ရှိ သ​မျှ​သည်​မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​ကုန်​၏။-
14 O céu desapareceu como um rolo de papel que se enrola de novo, e todos os montes e ilhas foram tirados dos seus lugares.
15 ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။-
15 Então os reis do mundo inteiro, os governadores e os chefes militares, os ricos e os poderosos e todas as outras pessoas, escravas ou livres, se esconderam nas cavernas e debaixo das rochas das montanhas.
16 ထို​သူ​တို့​က​တောင်​များ၊ ကျောက်​ဆောင်​များ အား``ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​လျက်​ပလ္လင်​တော် ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏​မျက်​နှာ​တော် ကို​မ​မြင်​ရ​စေ​ရန်​နှင့်​သိုး​သူ​ငယ်​တော်​၏ အ​မျက်​တော်​မ​သင့်​ကြ​စေ​ရန်​ငါ​တို့​အား ဖုံး​ကွယ်​၍​ထား​ကြ​ပါ။-
16 E gritavam para os montes e para as rochas: — Caiam sobre nós e nos escondam dos olhos daquele que está sentado no trono e nos protejam da
17 ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။
17 Pois já chegou o grande dia da ira deles, e quem poderá aguentá-la?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.