Apocalipse 5

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏ လက်​ယာ​လက်​တော်​တွင်​စာ​လိပ်​ကို​ငါ​မြင်​၏။ ထို​စာ​လိပ်​သည်​တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ် ထား​၍ စာ​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင်​စာ များ​ရေး​သား​ထား​၏။-
1 Eu vi também, na mão direita do que estava assentado no trono, um livro escrito por dentro e por fora, selado com sete selos.
2 ထို​နောက်​ခွန်​အား​ကြီး​မား​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​က``အ​ဘယ်​သူ​သည်​တံ​ဆိပ်​များ​ကို​ခွာ ၍​ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​ပါ​သ​နည်း'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​လျက်​နေ​သည်​ကို​ငါ​မြင်​၏။-
2 Vi então um anjo vigoroso, que clamava em alta voz: Quem é digno de abrir o livro e desatar os seus selos?
3 သို့​ရာ​တွင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​၌ ထို​စာ​လိပ်​ကို​ဖွင့်​နိုင်​သူ​သို့​မ​ဟုတ် ကြည့်​နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
3 Mas ninguém, nem no céu, nem na terra, nem debaixo da terra, podia abrir o livro ou examiná-lo.
4 ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​သူ​သို့​မ​ဟုတ်​ဖတ်​ထိုက် သူ တစ်​ယောက်​မျှ​ရှာ​၍​မ​တွေ့​ရ​သ​ဖြင့်​ငါ​သည် လွန်​စွာ​ငို​ကြွေး​၏။-
4 Eu chorava muito, porque ninguém fora achado digno de abrir o livro e examiná-lo.
5 ထို​အခါ​အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``မ​ငို ပါ​နှင့်။ ကြည့်​ရှု​လော့။ ယု​ဒ​အ​နွယ်​ဝင်​ခြင်္သေ့​တည်း ဟူ​သော​ဒါ​ဝိဒ်​မှ​ဆင်း​သက်​သူ​သည်​အောင်​မြင် လေ​ပြီ။ သူ​သည်​ဤ​စာ​လိပ်​နှင့်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​ကို​ဖွင့်​နိုင်​၏'' ဟု​ပြော​လေ​၏။
5 Então um dos Anciãos me falou: Não chores! O Leão da tribo de Judá, o descendente de Davi achou meio de abrir o livro e os sete selos.
6 ထို​နောက်​သိုး​သူ​ငယ်​သည်​သက်​ရှိ​သတ္တဝါ​လေး ပါး​တို့​နှင့်​အ​ကြီး​အ​ကဲ​များ​ခြံ​ရံ​လျက်​ရှိ သည့်​ပလ္လင်​တော်​အ​လယ်​၌​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​၏။ သူ​သည်​ယဇ်​ပူ​ဇော်​ရန်​အ​သတ် ခံ​ရ​ပြီး​သည့်​သိုး​နှင့်​တူ​၏။ သူ့​မှာ​ဦး​ချို​ခု​နစ် ချောင်း​နှင့်​မျက်​စိ​ခု​နစ်​လုံး​ရှိ​၏။ ယင်း​တို့​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ဘု​ရား​သ​ခင်​စေ လွှတ်​တော်​မူ​သော​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​၏။-
6 Eu vi no meio do trono, dos quatro Animais e no meio dos Anciãos um Cordeiro de pé, como que imolado. Tinha ele sete chifres e sete olhos {que são os sete Espíritos de Deus, enviados por toda a terra}.
7 ထို​သိုး​သူ​ငယ်​သည်​လာ​၍​ပလ္လင်​ပေါ်​တွင်​ထိုင် လျက် နေ​သော​အ​ရှင်​၏​လက်ယာ​လက်​တော်​မှ စာ​လိပ်​ကို​ယူ​၏။-
7 Veio e recebeu o livro da mão direita do que se assentava no trono.
8 ထို​သို့​ယူ​လိုက်​သော​အ​ခါ​သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည် အ​သီး သီး​စောင်း​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် လူ​စု​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​တည်း​ဟူ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​လျက်​ရှိ​သည့်​ရွှေ​ဖ​လား များ​ကို​လည်း​ကောင်း ကိုင်​ဆောင်​ကာ​သိုး​သူ​ငယ် တော်​၏​ရှေ့​တော်​တွင်​ပျပ်​ဝပ်​လျက်၊
8 Quando recebeu o livro, os quatro Animais e os vinte e quatro Anciãos prostraram-se diante do Cordeiro, tendo cada um uma cítara e taças de ouro cheias de perfume {que são as orações dos santos}.
9 ``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊
9 Cantavam um cântico novo, dizendo: Tu és digno de receber o livro e de abrir-lhe os selos, porque foste imolado e resgataste para Deus, ao preço de teu sangue, homens de toda tribo, língua, povo e raça;
10 ကိုယ်​တော်​သည်​သူ​တို့​အား
10 e deles fizeste para nosso Deus um reino de sacerdotes, que reinam sobre a terra.
11 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။-
11 Na minha visão ouvi também, ao redor do trono, dos Animais e dos Anciãos, a voz de muitos anjos, em número de miríades de miríades e de milhares de milhares,
12 သူ​တို့​က၊
12 bradando em alta voz: Digno é o Cordeiro imolado de receber o poder, a riqueza, a sabedoria, a força, a glória, a honra e o louvor.
13 ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊
13 E todas as criaturas que estão no céu, na terra, debaixo da terra e no mar, e tudo que contêm, eu as ouvi clamar: Àquele que se assenta no trono e ao Cordeiro, louvor, honra, glória e poder pelos séculos dos séculos.
14 သတ္တဝါ​လေး​ပါး​တို့​က``အာ​မင်'' ဟု​တုံ့​ပြန်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​လည်း​ပျပ်​ဝပ်​ရှိ​ခိုး ကြ​၏။
14 E os quatro Animais diziam: Amém! Os Anciãos prostravam-se e adoravam.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.