Apocalipse 21
Common Language Bible (MYA) vs ARA
1 ထိုနောက်ကောင်းကင်သစ်နှင့်ကမ္ဘာသစ်ကိုငါ မြင်ရ၏။ ယခင်ကောင်းကင်ဟောင်းနှင့်ကမ္ဘာ ဟောင်းသည်ကွယ်ပျောက်သွားလေပြီ။ ပင်လယ် သမုဒ္ဒရာသည်လည်းမရှိတော့ပေ။-
1 Vi novo céu e nova terra, pois o primeiro céu e a primeira terra passaram, e o mar já não existe.
2 ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။-
2 Vi também a cidade santa, a nova Jerusalém, que descia do céu, da parte de Deus, ataviada como noiva adornada para o seu esposo.
3 ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-
3 Então, ouvi grande voz vinda do trono, dizendo: Eis o tabernáculo de Deus com os homens. Deus habitará com eles. Eles serão povos de Deus, e Deus mesmo estará com eles.
4 ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။
4 E lhes enxugará dos olhos toda lágrima, e a morte já não existirá, já não haverá luto, nem pranto, nem dor, porque as primeiras coisas passaram.
5 ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်က``ယခု အခါ၌ခပ်သိမ်းသောအရာတို့ကိုငါအသစ် ဖန်ဆင်းပြီ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်ကငါ့ အား``ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ရေးမှတ်၍ထားလော့'' ဟုမိန့်တော် မူ၏။-
5 E aquele que está assentado no trono disse: Eis que faço novas todas as coisas. E acrescentou: Escreve, porque estas palavras são fiéis e verdadeiras.
6 ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
6 Disse-me ainda: Tudo está feito. Eu sou o Alfa e o Ômega, o Princípio e o Fim. Eu, a quem tem sede, darei de graça da fonte da água da vida.
7 အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။-
7 O vencedor herdará estas coisas, e eu lhe serei Deus, e ele me será filho.
8 သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
8 Quanto, porém, aos covardes, aos incrédulos, aos abomináveis, aos assassinos, aos impuros, aos feiticeiros, aos idólatras e a todos os mentirosos, a parte que lhes cabe será no lago que arde com fogo e enxofre, a saber, a segunda morte.
9 ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။-
9 Então, veio um dos sete anjos que têm as sete taças cheias dos últimos sete flagelos e falou comigo, dizendo: Vem, mostrar-te-ei a noiva, a esposa do Cordeiro;
10 ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။-
10 e me transportou, em espírito, até a uma grande e elevada montanha e me mostrou a santa cidade, Jerusalém, que descia do céu, da parte de Deus,
11 ထိုမြို့သည်ဘုရားသခင်၏ဘုန်းအသရေတော် နှင့်ထွန်းလင်း၍ကျောက်သလင်းသဖွယ်ကြည်လင် သည့်နဂါးသွဲ့ကျောက်မျက်ရတနာကဲ့သို့ အရောင်အဝါတောက်ပလျက်နေ၏။-
11 a qual tem a glória de Deus. O seu fulgor era semelhante a uma pedra preciosíssima, como pedra de jaspe cristalina.
12 ထိုမြို့တွင်တံခါးပေါက်တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီးရှိ၏။ ထိုတံခါးပေါက် တို့တွင်ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးစောင့် ၍ဣသရေလအမျိုးတစ်ဆယ့်နှစ်ပါးတို့၏ နာမည်များကိုတံခါးများပေါ်၌ရေးထား လျက်ရှိ၏။-
12 Tinha grande e alta muralha, doze portas, e, junto às portas, doze anjos, e, sobre elas, nomes inscritos, que são os nomes das doze tribos dos filhos de Israel.
13 အရှေ့ဘက်တွင်တံခါးပေါက်သုံးပေါက်၊ မြောက် ဘက်တွင်သုံးပေါက်၊ တောင်ဘက်တွင်သုံးပေါက်၊ အနောက်ဘက်တွင်သုံးပေါက်ရှိ၏။-
13 Três portas se achavam a leste, três, ao norte, três, ao sul, e três, a oeste.
14 မြို့ရိုးတွင်အုတ်မြစ်ကျောက်တစ်ဆယ့်နှစ်ခုရှိ၏။ ထိုကျောက်များအပေါ်တွင်သိုးသူငယ်တော်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏နာမည်များ ကိုရေးထားလျက်ရှိ၏။-
14 A muralha da cidade tinha doze fundamentos, e estavam sobre estes os doze nomes dos doze apóstolos do Cordeiro.
15 ငါနှင့်စကားပြောသောကောင်းကင်တမန်၏လက် တွင်မြို့ကိုလည်းကောင်း၊ မြို့တံခါးများကိုလည်း ကောင်း၊ မြို့ရိုးကိုလည်းကောင်းတိုင်းထွာရန်ရွှေ ကူလုံးရှိ၏။-
15 Aquele que falava comigo tinha por medida uma vara de ouro para medir a cidade, as suas portas e a sua muralha.
16 ထိုမြို့သည်အနားလေးဘက်ညီသောထောင့်မှန် စတုဂံပုံရှိ၍အလျားနှင့်အနံတူညီ၏။ ကောင်း ကင်တမန်သည်ကူလုံးဖြင့်မြို့ကိုတိုင်းထွာရာ အလျား၊ အနံ၊ အမြင့်မှာမိုင်တစ်ထောင့်ငါး ရာစီရှိကြောင်းတွေ့ရ၏။-
16 A cidade é quadrangular, de comprimento e largura iguais. E mediu a cidade com a vara até doze mil estádios. O seu comprimento, largura e altura são iguais.
17 ထိုနောက်မြို့ရိုးကိုတိုင်းရာကောင်းကင်တမန် အသုံးပြုသည့်လူတို့၏အတိုင်းအထွာအရ၊ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေရှိသတည်း။-
17 Mediu também a sua muralha, cento e quarenta e quatro côvados, medida de homem, isto é, de anjo.
18 မြို့ရိုးကိုနဂါးသွဲ့ကျောက်ဖြင့်ဆောက်လုပ်ထား၏။ မြို့တော်ကြီးကားဖန်ရောင်ထနေသောရွှေစင်ဖြင့် ပြီး၏။-
18 A estrutura da muralha é de jaspe; também a cidade é de ouro puro, semelhante a vidro límpido.
19 မြို့ရိုးအုတ်မြစ်များကိုကျောက်မျက်ရတနာ အမျိုးမျိုးတို့ဖြင့်ခြယ်လှယ်ထား၏။ ပထမအုတ် မြစ်မှာနဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာမဟူရာ၊ စတုတ္ထ အုတ်မြစ်မှာမြ၊-
19 Os fundamentos da muralha da cidade estão adornados de toda espécie de pedras preciosas. O primeiro fundamento é de jaspe; o segundo, de safira; o terceiro, de calcedônia; o quarto, de esmeralda;
20 ပဉ္စမအုတ်မြစ်မှာကြောင်၊ ဆဋ္ဌမအုတ်မြစ်မှာပတ္တမြား၊ သတ္တမအုတ်မြစ်မှာဂေါဒန်ကျောက်၊ အဋ္ဌမအုတ်မြစ် မှာမျက်ရွဲ၊ နဝမအုတ်မြစ်မှာဥဿဖရား၊ ဒသမ အုတ်မြစ်မှာမဟူရာစိမ်း၊ ဧကဒသမအုတ်မြစ် မှာစိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာဂေါ် မုတ်ဖြစ်သတည်း။-
20 o quinto, de sardônio; o sexto, de sárdio; o sétimo, de crisólito; o oitavo, de berilo; o nono, de topázio; o décimo, de crisópraso; o undécimo, de jacinto; e o duodécimo, de ametista.
21 မြို့တံခါးတစ်ခုလျှင်ပုလဲတစ်လုံးဖြင့်ပြုလုပ် ထားသဖြင့် မြို့တံခါးတစ်ဆယ့်နှစ်ခုတို့သည်ပုလဲ တစ်ဆယ့်နှစ်လုံးဖြစ်ကြ၏။ မြို့၏လမ်းတို့ကိုလည်း ကြည်လင်သည့်ဖန်ကဲ့သို့ရွှေစင်ဖြင့်ပြုလုပ်ထား လေသည်။
21 As doze portas são doze pérolas, e cada uma dessas portas, de uma só pérola. A praça da cidade é de ouro puro, como vidro transparente.
22 ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။-
22 Nela, não vi santuário, porque o seu santuário é o Senhor, o Deus Todo-Poderoso, e o Cordeiro.
23 ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-
23 A cidade não precisa nem do sol, nem da lua, para lhe darem claridade, pois a glória de Deus a iluminou, e o Cordeiro é a sua lâmpada.
24 လူမျိုးတကာတို့သည်ထိုမြို့၏အလင်းရောင်ကို အမှီပြု၍သွားလာကြလိမ့်မည်။ ကမ္ဘာပေါ်ရှိရှင် ဘုရင်တို့သည်လည်းမိမိတို့၏စည်းစိမ်ဥစ္စာများ ကိုထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။-
24 As nações andarão mediante a sua luz, e os reis da terra lhe trazem a sua glória.
25 မြို့တံခါးတို့ကိုတစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထို မြို့၌ညအချိန်မရှိသဖြင့်မြို့တံခါးတို့ကို အဘယ်အခါ၌မျှပိတ်ထားလိမ့်မည်မဟုတ်။-
25 As suas portas nunca jamais se fecharão de dia, porque, nela, não haverá noite.
26 လူမျိုးတကာတို့သည်မိမိတို့၏ဘုန်းအသရေ နှင့်စည်းစိမ်ဥစ္စာများကိုထိုမြို့သို့ယူဆောင်လာ ကြလိမ့်မည်။-
26 E lhe trarão a glória e a honra das nações.
27 သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။
27 Nela, nunca jamais penetrará coisa alguma contaminada, nem o que pratica abominação e mentira, mas somente os inscritos no Livro da Vida do Cordeiro.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.