Apocalipse 20

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​တွင်း နက်​ကြီး​၏​သော့​ကို​လည်း​ကောင်း၊ သံ​ကြိုး​ကြီး ကို​လည်း​ကောင်း ကိုင်​လျက်​ကောင်း​ကင်​မှ​ဆင်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-
1 Então vi descer do céu um anjo que tinha na mão a chave do abismo e uma grande corrente.
2 သူ​သည်​ရှေး​မြွေ​န​ဂါး​ကြီး​ကို​ဖမ်း​ဆီး​ပြီး​လျှင် သံ​ကြိုး​ဖြင့်​အ​နှစ်​တစ်​ထောင်​ချည်​နှောင်​၍​ထား ၏။ ထို​န​ဂါး​ကား​နတ်​မိစ္ဆာ​ဘု​ရင်​သို့​မ​ဟုတ် စာ​တန်​ပင်​ဖြစ်​၏။-
2 Ele segurou o dragão, a antiga serpente, que é o diabo, Satanás, e o prendeu por mil anos.
3 ကောင်း​ကင်​တ​မန်​သည်​န​ဂါး​ကို​တွင်း​နက်​ကြီး ထဲ​သို့​ပစ်​ချ​ကာ​တွင်း​ကို​ပိတ်​ပြီး​နောက် အ​နှစ် တစ်​ထောင်​ကုန်​ဆုံး​သည့်​တိုင်​အောင်​လူ​မျိုး​တ​ကာ တို့​အား​မှောက်​မှား​လမ်း​လွဲ​မှု​မ​ပြု​နိုင်​စေ​ရန် တံ​ဆိပ်​ခတ်​နှိပ်​၍​ထား​၏။ အ​နှစ်​တစ်​ထောင် ကုန်​ဆုံး​ချိန်​၌​သူ့​အား​ခေတ္တ​လွှတ်​ပေး​ရ​မည်။
3 Lançou-o no abismo, fechou-o e pôs selo sobre ele, para que não mais enganasse as nações até se completarem os mil anos. Depois disso, é necessário que ele seja solto por um pouco de tempo.
4 ထို​နောက်​ငါ​သည်​ပလ္လင်​များ​ကို​မြင်​ရ​၏။ ယင်း ပလ္လင်​များ​ပေါ်​တွင်​ထိုင်​နေ​သူ​များ​မှာ​တ​ရား စီ​ရင်​ရန် အာ​ဏာ​အပ်​နှင်း​ခြင်း​ခံ​ရ​သူ​များ ဖြစ်​၏။ ထို့​ပြင်​သ​ခင်​ယေ​ရှု​ဖော်​ပြ​တော်​မူ သော​သမ္မာ​တ​ရား​ကို​လည်း​ကောင်း၊ ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ဟော​ပြော​ကြေ​ညာ​ခဲ့​သည့်​အ​တွက်​ကွပ်​မျက် ခြင်း​ခံ​ရ​ကြ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​လည်း ငါ​မြင်​ရ​၏။ သူ​တို့​သည်​သား​ရဲ​နှင့်​သား​ရဲ ၏​ရုပ်​တု​ကို​ရှိ​မ​ခိုး​ခဲ့​ကြ။ မိ​မိ​တို့​၏​န​ဖူး နှင့်​လက်​များ​တွင်​လည်း​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​မ​ခံ​ယူ​ခဲ့​ကြ။ သူ​တို့​သည်​အ​သက် ပြန်​၍​ရှင်​လာ​ကြ​ပြီး​လျှင်​ခ​ရစ်​တော်​နှင့် အ​တူ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့်​အ​နှစ်​တစ် ထောင်​စိုး​စံ​ကြ​ရ​၏။-
4 Vi também tronos, e nestes sentaram-se aqueles aos quais foi dada autoridade para julgar. Vi ainda as almas dos que foram decapitados por terem dado testemunho de Jesus e proclamado a palavra de Deus. Estes são os que não adoraram a besta nem a sua imagem, e não receberam a sua marca na testa e na mão; e viveram e reinaram com Cristo durante mil anos.
5 (ကျန်​သေ​လွန်​သူ​တို့​မူ​ကား​အ​နှစ်​တစ်​ထောင် ကုန်​လွန်​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​ကြ​ရ​၏။) ဤ ကား​ပ​ထမ​အ​ကြိမ်​သူ​သေ​တို့​အား​ဘု​ရား သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ​ခြင်း ဖြစ်​သ​တည်း။-
5 Os restantes dos mortos não reviveram até que se completassem os mil anos. Esta é a primeira ressurreição.
6 ယင်း​သို့​ပ​ထ​မ​အ​ကြိမ်​ရှင်​ပြန်​ထ​မြောက်​ခြင်း တွင်​ပါ​ဝင်​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​၍​ကောင်း​ချီး ကြွယ်​ဝ​စွာ​ခံ​စား​ရ​ကြ​၏။ ဒု​တိ​ယ​သေ​ခြင်း သည်​သူ​တို့​အား​အ​စိုး​မ​ရ​နိုင်​ရာ။ သူ​တို့​သည် ဘု​ရား​သ​ခင်​နှင့်​ခ​ရစ်​တော်​၏​ယဇ်​ပု​ရော ဟိတ်​များ​ဖြစ်​၍​ခ​ရစ်​တော်​နှင့်​အ​တူ​အ​နှစ် တစ်​ထောင်​စိုး​စံ​ကြ​ရ​လိမ့်​မည်။
6 Bem-aventurado e santo é aquele que tem parte na primeira ressurreição. Sobre esses a segunda morte não tem poder; pelo contrário, serão sacerdotes de Deus e de Cristo e reinarão com ele os mil anos.
7 ထို​နောက်​အ​နှစ်​တစ်​ထောင်​ကုန်​လွန်​သော​အ​ခါ စာ​တန်​သည်​အ​ကျဉ်း​ကျ​ရာ​မှ​လွတ်​ပြီး​လျှင်၊-
7 Quando, porém, se completarem os mil anos, Satanás será solto da sua prisão
8 ဂေါ​ဂ​နှင့်​မာ​ဂေါ​ဂ​ဟု​ခေါ်​သော​ကမ္ဘာ​အ​ရပ်​လေး မျက်​နှာ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား မှောက်​မှား လမ်း​လွဲ​စေ​လျက်​စစ်​တိုက်​ရန်​စု​ဝေး​စေ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မုဒ္ဒရာ သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။-
8 e sairá para enganar as nações que estão nos quatro cantos da terra, Gogue e Magogue, a fim de reuni-las para a batalha. O número dessas é como a areia do mar.
9 သူ​တို့​သည်​ကမ္ဘာ​အ​နှံ့​အ​ပြား​သို့​ချီ​တက်​လာ ပြီး​လျှင် ဘု​ရား​သ​ခင်​၏​တပ်​စ​ခန်း​နှင့်​ကိုယ်​တော် နှစ်​သက်​မြတ်​နိုး​တော်​မူ​သော​မြို့​ကြီး​ကို​ဝိုင်း ကြ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​မှ​မီး​ကျ​သ​ဖြင့် သူ​တို့​သည်​ကျွမ်း​လောင်​ဖျက်​ဆီး​ခြင်း​ခံ​ရ ကြ​၏။-
9 Marcharam, então, pela superfície da terra e cercaram o acampamento dos santos e a cidade amada. Porém, desceu fogo do céu e os consumiu.
10 သူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ​သူ​စာ​တန် သည်​လည်း ကန့်​မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို ခံ​ရ​လေ​၏။ ထို​အိုင်​ထဲ​သို့​သား​ရဲ​နှင့်​မိစ္ဆာ​ပ​ရော ဖက်​တို့​ပစ်​ချ​ခြင်း​ခံ​ရ​ပြီး​ဖြစ်​သည်။ သူ​တို့ သည်​ကမ္ဘာ​အ​ဆက်​ဆက်​နေ့​ရော​ညဥ့်​ပါ ညှဉ်း​ပန်း​နှိပ်​စက်​ခြင်း​ကို​ခံ​ရ​ကြ​လတ္တံ့။
10 O diabo, que os tinha enganado, foi lançado no lago de fogo e enxofre, onde já se encontram a besta e o falso profeta; e serão atormentados de dia e de noite, para todo o sempre.
11 ထို​နောက်​ပလ္လင်​ဖြူ​ကြီး​ကို​လည်း​ကောင်း၊ ယင်း ပလ္လင်​ပေါ်​တွင်​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို​အ​ရှင်​၏​ရှေ့ တော်​မှောက်​မှာ​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း ကင်​သည်​လျင်​မြန်​စွာ​ရွေ့​လျား​ပျောက်​လွင့် ၍​သွား​ကြ​ကုန်​၏။-
11 Vi um grande trono branco e aquele que está sentado nele. A terra e o céu fugiram da presença dele, e não se achou lugar para eles.
12 သေ​လွန်​သူ​အ​ကြီး​အ​ငယ်​တို့​သည်​ပလ္လင် တော်​ရှေ့​၌​ရပ်​လျက်​နေ​ကြ​သည်​ကို​လည်း ကောင်း၊ စာ​စောင်​များ​ကို​ဖွင့်​သည်​ကို​လည်း ကောင်း​ငါ​မြင်​ရ​၏။ ထို​နောက်​အ​သက်​စာ စောင်​တည်း​ဟူ​သော​အ​ခြား​စာ​စောင်​ကို ဖွင့်​လိုက်​၏။ သေ​လွန်​သူ​တို့​သည်​ထို​စာ စောင်​များ​တွင်​မှတ်​တမ်း​တင်​ထား​သည့် မိ​မိ​တို့​အ​ကျင့်​များ​နှင့်​အ​ညီ​တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
12 Vi também os mortos, os grandes e os pequenos, que estavam em pé diante do trono. Então foram abertos livros. Ainda outro livro, o Livro da Vida, foi aberto. E os mortos foram julgados, segundo as suas obras, conforme o que estava escrito nos livros.
13 သ​မုဒ္ဒ​ရာ​သည်​မိ​မိ​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ သည်​လည်း မိ​မိ​တို့​၌​ရှိ​သော​သေ​သူ​တို့​ကို ပေး​အပ်​ကြ​၏။ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့ အ​ကျင့်​အ​လျောက်​တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​၏။-
13 O mar entregou os mortos que nele estavam. A morte e o inferno entregaram os mortos que neles havia. E foram julgados, um por um, segundo as suas obras.
14 ထို​နောက်​သေ​မင်း​နှင့်​မ​ရ​ဏာ​နိုင်​ငံ​သည် မီး အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
14 Então a morte e o inferno foram lançados no lago de fogo. Esta é a segunda morte, o lago de fogo.
15 (ထို​မီး​အိုင်​ကား​ဒု​တိ​ယ​သေ​ခြင်း​တည်း။) အ​သက် စာ​စောင်​တွင်​စာ​ရင်း​မ​ဝင်​သူ​ရှိ​သ​မျှ​တို့​သည် မီး​အိုင်​ထဲ​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။
15 E, se alguém não foi achado inscrito no Livro da Vida, esse foi lançado no lago de fogo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.