Apocalipse 19

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ထို​နောက်​ကောင်း​ကင်​ပ​ရိ​သတ်​ကြီး​မှ ထွက် ပေါ်​လာ​သော​အ​သံ​နှင့်​တူ​သည့်​အ​သံ​ကို​ငါ ကြား​ရ​၏။ ထို​သူ​တို့​က``ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ဘုန်း​အ​သ ရေ​တော်၊ တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-
1 E, depois destas coisas ouvi no céu uma grande voz de uma grande multidão, que dizia: Aleluia! A salvação, e a glória, e a honra, e o poder pertencem ao Senhor nosso Deus;
2 ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-
2 Porque verdadeiros e justos são os seus juízos, pois julgou a grande prostituta, que havia corrompido a terra com a sua fornicação, e das mãos dela vingou o sangue dos seus servos.
3 တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။-
3 E outra vez disseram: Aleluia! E a fumaça dela sobe para todo o sempre.
4 ထို​အ​ခါ​အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​နှင့် သက် ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​က``အာ​မင်၊ ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့'' ဟု​ဆို​ကာ​ပလ္လင် တော်​ပေါ်​တွင် စံ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင် အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။
4 E os vinte e quatro anciãos, e os quatro animais, prostraram-se e adoraram a Deus, que estava assentado no trono, dizendo: Amém. Aleluia!
5 ``ဘု​ရား​သခင်​၏​အ​စေ​ခံ​အ​ပေါင်း​တို့၊ ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့'' ဟု​ပလ္လင်​တော်​မှ​အ​သံ​ထွက်​ပေါ်​လာ​၏။-
5 E saiu uma voz do trono, que dizia: Louvai o nosso Deus, vós, todos os seus servos, e vós que o temeis, assim pequenos como grandes.
6 ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။-
6 E ouvi como que a voz de uma grande multidão, e como que a voz de muitas águas, e como que a voz de grandes trovões, que dizia: Aleluia! pois já o Senhor Deus Todo-Poderoso reina.
7 သိုး​သူ​ငယ်​တော်​၏​ထိမ်း​မြား​မင်္ဂလာ​ပွဲ​အ​ခါ ကျ​ရောက်​ပြီ​ဖြစ်​၍​ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း မြောက်​လျက် ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​မွမ်း ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​ကိုယ်​ကို​အ​သင့်​ပြင်​ဆင် ထား​လေ​ပြီ။-
7 Regozijemo-nos, e alegremo-nos, e demos-lhe glória; porque vindas são as bodas do Cordeiro, e já a sua esposa se aprontou.
8 သူ​သည်​ဝတ်​ဆင်​ရန်​တောက်​ပ​ဖြူ​စင်​သော​ပိတ် ချော​ထည်​ကို​ရ​ရှိ​ထား​ပြီ'' ဟု​ဆို​၏။ (ထို​ပိတ် ချော​ထည်​ကား​ဘု​ရား​သ​ခင်​လူ​စု​ဝင်​တို့​၏ မွန်​မြတ်​သည့်​အ​ကျင့်​များ​ကို​ဆို​လို​သ​တည်း။)
8 E foi-lhe dado que se vestisse de linho fino, puro e resplandecente; porque o linho fino são as justiças dos santos.
9 ထို​နောက်​ကောင်း​ကင်​တ​မန်​က``သိုး​သူ​ငယ်​တော် ၏​ထိမ်း​မြား​မင်္ဂ​လာ​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သူ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏​ဟု​ရေး​မှတ်​ထား​လော့'' ဟူ​၍​လည်း​ကောင်း``ဤ​စ​ကား​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​တော်​ထွက်​စ​ကား​ပင်​ဖြစ်​၏'' ဟူ​၍​လည်း ကောင်း​ငါ့​အား​မြွက်​ဆို​၏။
9 E disse-me: Escreve: Bemaventurados aqueles que são chamados à ceia das bodas do Cordeiro. E disse-me: Estas são as verdadeiras palavras de Deus.
10 ထို​အ​ခါ​ငါ​သည်​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လျက်​သူ့​အား​ရှိ​ခိုး​မည်​ပြု​၏။ သို့​ရာ​တွင်​ကောင်း ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​များ​မှ​စ​၍​သ​ခင်​ယေ​ရှု ဖော်​ပြ​သည့်​သမ္မာ​တရား​ကို​စောင့်​ထိန်း​ရ​သူ တို့​နှင့်​လုပ်​ဖော်​ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး သာ​လျှင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​သာ​ရှိ​ခိုး လော့'' ဟု​ဆို​၏။
10 E eu lancei-me a seus pés para o adorar; mas ele disse-me: Olha não faças tal; sou teu conservo, e de teus irmãos, que têm o testemunho de Jesus. Adora a Deus; porque o testemunho de Jesus é o espírito de profecia.
11 ထို​နောက်​ကောင်း​ကင်​ဘုံ​ပွင့်​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ ထို​အ​ရပ်​တွင်​မြင်း​ဖြူ​တစ်​စီး​ရှိ​၏။ ထို မြင်း​ကို​စီး​သူ​သည်​သစ္စာ​သမ္မာ​ဟူ​၍​နာ​မည်​တွင်​၏။ ထို​အ​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တတ်​၏။ တ​ရား​သ​ဖြင့်​စစ်​တိုက်​တတ်​၏။-
11 E vi o céu aberto, e eis um cavalo branco; e o que estava assentado sobre ele chama-se Fiel e Verdadeiro; e julga e peleja com justiça.
12 သူ​၏​မျက်​လုံး​တော်​တို့​သည်​မီး​လျှံ​ကဲ့​သို့ တောက်​ပ​၏။ သူ​၏​ဦး​ခေါင်း​တော်​တွင်​သ​ရ​ဖူ များ​ကို​ဆောင်း​ထား​၏။ မိ​မိ​မှ​တစ်​ပါး အ​ခြား​မည်​သူ​မျှ​မ​သိ​သည့်​အ​မည်​နာ​မ တော်​ကို​သူ​၏​အ​ပေါ်​မှာ​ရေး​မှတ်​ထား​၏။-
12 E os seus olhos eram como chama de fogo; e sobre a sua cabeça havia muitos diademas; e tinha um nome escrito, que ninguém sabia senão ele mesmo.
13 ထို​အ​ရှင်​သည်​သွေး​တွင်​နှစ်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​၏။ သူ​၏​နာ​မ​တော်​မှာ``ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်'' ဟူ​၍​ဖြစ်​၏။-
13 E estava vestido de veste tingida em sangue; e o nome pelo qual se chama é A Palavra de Deus.
14 ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​စင်​ကြယ်​သည့်​ပိတ် ချော​ဖြူ​ထည်​ကို​ဝတ်​ဆင်​ကာ​မြင်း​ဖြူ​များ​စီး လျက်​ထို​အ​ရှင်​၏​နောက်​တော်​က​လိုက်​ကြ​၏။-
14 E seguiam-no os exércitos no céu em cavalos brancos, e vestidos de linho fino, branco e puro.
15 လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ရန်​အ​တွက်​ကိုယ် တော်​၏​ခံ​တွင်း​မှ​ထက်​သော​သန်​လျက်​ထွက်​၏။ ကိုယ်​တော်​သည်​ထို​သူ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​တော်​မူ​လိမ့်​မည်။ အနန္တ​တန်​ခိုး​ရှင်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် သီး​နယ်​ရာ​ကျင်း​တွင်​စ​ပျစ်​ရည်​များ​ကို နင်း​တော်​မူ​လိမ့်​မည်။-
15 E da sua boca saía uma aguda espada, para ferir com ela as nações; e ele as regerá com vara de ferro; e ele mesmo é o que pisa o lagar do vinho do furor e da ira do Deus Todo-Poderoso.
16 ကိုယ်​တော်​၏​ဝတ်​လုံ​တော်​နှင့်​ပေါင်​တော်​တွင်``ဘု​ရင် တ​ကာ​တို့​၏​ဘု​ရင်၊ အ​ရှင်​တ​ကာ​တို့​၏​အ​ရှင်'' ဟူ​သော​အ​မည်​နာ​မ​တော်​ကို​ရေး​ထား​လျက် ရှိ​၏။
16 E no manto e na sua coxa tem escrito este nome: Rei dos reis, e Senhor dos senhores.
17 ထို​နောက်​နေ​ကို​ကြည့်​လိုက်​သော​အ​ခါ၊ နေ​ထဲ တွင်​ကောင်း​ကင်​တ​မန်​တစ်​ပါး​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကောင်း​ကင်​အ​လယ်​တွင် ပျံ​သန်း​နေ​သော​ငှက်​အ​ပေါင်း​တို့​အား``လာ​ကြ၊ ဘု​ရား​သ​ခင်​၏​စား​ပွဲ​တော်​ကြီး​သို့​စု​ဝေး ကြ​လော့။-
17 E vi um anjo que estava no sol, e clamou com grande voz, dizendo a todas as aves que voavam pelo meio do céu: Vinde, e ajuntai-vos à ceia do grande Deus;
18 သင်​တို့​သည်​ရှင်​ဘု​ရင်​တို့​၏​အ​သား၊ ဗိုလ်​ချုပ် ကြီး​တို့​၏​အ​သား၊ စစ်​သူ​ရဲ​တို့​၏​အ​သား၊ လူ ကြီး​လူ​ငယ်၊ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​တို့​၏ အ​သား​ကို​စား​ကြ​ရ​လတ္တံ့'' ဟု​အ​သံ​ကျယ် စွာ​ကြွေး​ကြော်​လေ​သည်။
18 Para que comais a carne dos reis, e a carne dos tribunos, e a carne dos fortes, e a carne dos cavalos e dos que sobre eles se assentam; e a carne de todos os homens, livres e servos, pequenos e grandes.
19 ထို​နောက်​သား​ရဲ​နှင့်​တ​ကွ​ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင် များ​နှင့်​သူ​တို့​၏​စစ်​သည်​ဗိုလ်​ပါ​တို့​သည်​မြင်း​ဖြူ ကို​စီး​တော်​မူ​သော​အ​ရှင်​နှင့်​သူ​၏​စစ်​သည်​တော် များ​ကို​တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​သည်​ကို​ငါ​မြင် ရ​၏။-
19 E vi a besta, e os reis da terra, e os seus exércitos reunidos, para fazerem guerra àquele que estava assentado sobre o cavalo, e ao seu exército.
20 သား​ရဲ​နှင့်​တ​ကွ​သူ​၏​ရှေ့​တွင်​နိ​မိတ်​လက္ခ​ဏာ များ​ကို​ပြ​သော​မိစ္ဆာ​ပ​ရော​ဖက်​သည်​အ​ဖမ်း​ခံ ရ​၏။ (ထို​မိစ္ဆာ​ပ​ရော​ဖက်​ကား​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ကို​ခံ​ယူ​၍ သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​သူ​များ အား​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ခြင်း​အား​ဖြင့် မှောက်​မှား​လမ်း​လွဲ​စေ​သူ​ဖြစ်​သ​တည်း။) ထို​သူ နှစ်​ဦး​စ​လုံး​ပင်​လျှင်​တောက်​လောင်​နေ​သော​ကန့် မီး​အိုင်​ထဲ​သို့​အ​ရှင်​လတ်​လတ်​ပစ်​ချ​ခြင်း​ကို ခံ​ရ​ကြ​၏။-
20 E a besta foi presa, e com ela o falso profeta, que diante dela fizera os sinais, com que enganou os que receberam o sinal da besta, e adoraram a sua imagem. Estes dois foram lançados vivos no lago de fogo que arde com enxofre.
21 ကြွင်း​ကျန်​သော​သူ​တို့​သည်​ကား​မြင်း​ဖြူ​ကို စီး​တော်​မူ​သော​အ​ရှင်​၏​ခံ​တွင်း​မှ​ထွက်​လာ သော​သန်​လျက်​ဖြင့်​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ ကြ​၏။ ငှက်​အ​ပေါင်း​တို့​သည်​သူ​တို့​၏​အ​သား ကို​ဝ​စွာ​စား​ကြ​၏။
21 E os demais foram mortos com a espada que saía da boca do que estava assentado sobre o cavalo, e todas as aves se fartaram das suas carnes.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.