Apocalipse 16

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။
1 Então ouvi uma poderosa voz que vinha do templo dizer aos sete anjos: “Vão e derramem sobre a terra as sete taças da fúria de Deus”.
2 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည်​သွား​၍ မိ​မိ ဖ​လား​မှ​အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့ သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သူ​များ​နှင့် သူ​၏ ရုပ်​ကို​ရှိ​ခိုး​သော​သူ​တို့​တွင်​အ​လွန်​ဆိုး​ရွား သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။
2 O primeiro anjo saiu do templo e derramou sua taça sobre a terra, e se abriram feridas horríveis e malignas naqueles que tinham a marca da besta e adoravam sua estátua.
3 ထို့​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ဖ​လား​မှ အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​ပင်​လယ်​ရေ​သည်​လူ သေ​၏​သွေး​ကဲ့​သို့​ဖြစ်​လေ​၏။ ပင်​လယ်​ထဲ​ရှိ ရေ​သတ္တဝါ​မှန်​သ​မျှ​သည်​သေ​ကုန်​၏။
3 O segundo anjo derramou sua taça sobre o mar, que se transformou em sangue como de um cadáver, e morreram todas as criaturas do mar.
4 ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​ဖ​လား​မှ​အ​မျက်​တော်​ကို​မြစ်​များ၊ စမ်း ပေါက်​များ​ပေါ်​သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ ရေ​တို့​သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-
4 O terceiro anjo derramou sua taça sobre os rios e as fontes, que se transformaram em sangue.
5 ရေ​ကို​စောင့်​သည့်​ကောင်း​ကင်​တ​မန်​က``ပစ္စုပ္ပန် အ​တိတ်​ကာ​လ​တို့​တွင်​ရှိ​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​သည်​ဖြောင့်​မှန်​ပါ​၏။-
5 E ouvi o anjo que tinha autoridade sobre a água dizer: “Tu és justo, ó Santo, que és e que eras, pois enviaste estes julgamentos.
6 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့် ပ​ရော​ဖက်​တို့​၏​သွေး​ကို​သွန်း​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​သောက်​ရန်​သွေး​ကို​ပေး တော်​မူ​လေ​ပြီ။ ထို​သူ​တို့​ခံ​ထိုက်​သော​ဒဏ်​ကို ခံ​ရ​ကြ​ပါ​၏'' ဟု​လျှောက်​ထား​၏။-
6 Porque eles derramaram o sangue de teu povo santo e de teus profetas, tu lhes deste sangue para beber; é sua justa retribuição”.
7 ထို​နောက်​ယဇ်​ပလ္လင်​မှ​အ​သံ​က``အန​န္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​တို့​သည်​မှန်​ကန်​၍​တ​ရား​မျှ​တ ပါ​၏'' ဟု​လျှောက်​ထား​သည်​ကို​ငါ​ကြား​ရ​၏။
7 E ouvi uma voz que vinha do altar dizer: “Sim, Senhor Deus, o Todo-poderoso, teus julgamentos são verdadeiros e justos”.
8 ထို​နောက်​စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ၏​ဖ​လား​မှ အ​မျက်​တော်​ကို​နေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​နေ​သည်​လူ​တို့​အား အ​ပူ​ရှိန်​ဖြင့် ကျွမ်း​လောင်​စေ​နိုင်​ခွင့်​ကို​ရ​လေ​၏။-
8 O quarto anjo derramou sua taça sobre o sol, que com seu fogo fez queimar as pessoas.
9 လူ​တို့​သည်​အား​ကြီး​သော​အ​ပူ​ရှိန်​ဖြင့်​ကျွမ်း လောင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘေး​ဒဏ်​တို့​ကို​အ​စိုး​ရ သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​ကျိန်​ဆဲ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​လည်း မ​ရ​ကြ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​မ​ချီး​မွမ်း ကြ။
9 Todos foram queimados pelo intenso calor e blasfemaram contra o nome de Deus, que tinha controle sobre essas pragas. E não se arrependeram nem deram glória a Deus.
10 ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ​အ​မျက်​တော်​ကို​သား​ရဲ​၏​ပလ္လင်​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​နိုင်​ငံ သည်​မှောင်​အ​တိ​ဖြစ်​လေ​၏။ ထို​နိုင်​ငံ​သား​တို့ သည်​ဝေ​ဒ​နာ​ခံ​ရ​သည်​နှင့်​မိ​မိ​တို့​၏​လျှာ ကို​ကိုက်​ခဲ​ကြ​၏။-
10 O quinto anjo derramou sua taça sobre o trono da besta, e seu reino foi lançado na escuridão. Angustiados, seus súditos rangiam os dentes
11 မိ​မိ​တို့​၏​ဝေ​ဒ​နာ​နှင့်​အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ ၏။ မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​နောင်​တ​မ​ရ ကြ။
11 e, por causa de suas dores e feridas, blasfemavam contra o Deus do céu. E não se arrependeram de seus atos perversos.
12 ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-
12 O sexto anjo derramou sua taça sobre o grande rio Eufrates, e ele secou, abrindo caminho para os reis que vêm do Oriente.
13 ထို​နောက်​ငါ​သည်​ဖား​နှင့်​တူ​သည့်​ညစ်​ညမ်း​သော နတ်​သုံး​ပါး​ကို​တွေ့​မြင်​ရ​၏။ သူ​တို့​သည်​န​ဂါး၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​တို့​၏​ခံ​တွင်း​အ​သီး သီး​မှ​ထွက်​လာ​ကြ​၏။-
13 Então vi saltarem da boca do dragão, da boca da besta e da boca do falso profeta três espíritos impuros semelhantes a sapos.
14 သူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​သော နတ်​မိစ္ဆာ​များ​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ကြီး​စစ်​ပွဲ​သို့ ဝင်​ရန် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​ရှင်​ဘု​ရင်​များ​အား စု​ရုံး​ခြင်း​ငှာ​သူ​တို့​သည်​ထွက်​ခွာ​သွား​ကြ​၏။
14 São espíritos demoníacos que realizam sinais e vão aos governantes da terra a fim de reuni-los para a batalha contra o Senhor, no grande dia de Deus, o Todo-poderoso.
15 ``ငါ​သည်​သူ​ခိုး​လာ​သ​ကဲ့​သို့​အ​မှတ်​မ​ထင် လာ​မည်။ သို့​ဖြစ်​၍​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ​၍​လူ​တို့​၏​ရှေ့​၌​အ​ရှက်​မ​ရ​စေ ရန်​နိုး​လျက်​နေ​၍ မိ​မိ​၏​အ​ဝတ်​များ​ကို သ​တိ​နှင့်​စောင့်​ကြပ်​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။
15 “Eu virei inesperadamente, como ladrão! Feliz é aquele que me espera alerta e mantém puras suas vestes, para que não precise andar nu e envergonhado.”
16 ထို​နောက်​ဝိ​ညာဉ်​တို့​သည်​ရှင်​ဘု​ရင်​တို့​အား ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု နာ​မည်​တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​စု​ရုံး စေ​ကြ​၏။
16 E os espíritos reuniram todos os governantes e seus exércitos no lugar que, em hebraico, se chama Armagedom .
17 သတ္တ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​ဖ​လား​မှ အ​မျက်​တော်​ကို လေ​ထဲ​သို့​သွန်း​လောင်း​လိုက် ၏။ ထို​အ​ခါ​ဗိ​မာန်​တော်​အ​တွင်း​ရှိ​ပလ္လင်​တော် မှ``အ​မှု​ပြီး​ဆုံး​လေ​ပြီ'' ဟု​ကျယ်​စွာ​သော အ​သံ​ထွက်​ပေါ်​၍​လာ​၏။-
17 O sétimo anjo derramou sua taça no ar, e do trono do templo veio um forte grito: “Está terminado!”.
18 ထို​နောက်​လျှပ်​ပန်း​လျှပ်​နွယ်​များ၊ တော်​လဲ​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လျက်​မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ လူ့​သ​မိုင်း​တွင်​ဤ​မျှ​ပြင်း​ထန်​စွာ မြေ​င​လျင်​လှုပ်​ခြင်း​မ​ရှိ​ဘူး​ချေ။-
18 Então houve relâmpagos, estrondos e trovões, e um forte terremoto, o mais violento desde a criação da humanidade.
19 မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-
19 A grande cidade, Babilônia, se dividiu em três partes, e as cidades de muitas nações tombaram. Deus se lembrou de todos os pecados da Babilônia e a fez beber do cálice cheio do vinho de sua furiosa ira.
20 ကျွန်း​အ​ပေါင်း​တို့​သည်​ပျောက်​လွင့်​သွား​ကုန်​၏။ တောင်​များ​သည်​ကွယ်​ပျောက်​သွား​ကုန်​၏။-
20 Todas as ilhas desapareceram, e todos os montes foram arrasados.
21 ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။
21 Houve uma forte tempestade de granizo, com pedras que pesavam até 35 quilos caindo do céu sobre as pessoas. E elas blasfemaram contra Deus por causa da terrível praga de granizo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.