Apocalipse 14

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​ကြည့်​လိုက်​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​တွင် သိုး​သူ​ငယ်​တော်​ရပ်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​၏​နာ​မ​နှင့်​ခ​မည်း​တော်​၏​နာ​မ တော်​ကို​န​ဖူး​တွင် ရေး​မှတ်​ထား​သူ​လူ​ပေါင်း တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် သိုး သူ​ငယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။-
1 Depois olhei e vi o Cordeiro em pé no monte Sião . Com ele estavam cento e quarenta e quatro mil pessoas que tinham o nome dele e o nome do Pai dele escritos na testa delas.
2 ကောင်း​ကင်​မှ​သမု​ဒ္ဒ​ရာ​ဟုန်း​သံ​နှင့်​မိုး​ချုန်း သံ​ကြီး​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​စောင်း​သ​မား​များ​တီး​သည့် စောင်း​သံ​နှင့်​တူ​၏။-
2 Então ouvi uma voz do céu, que parecia o barulho de uma grande cachoeira ou o som de um forte trovão. A voz que ouvi era como a música de harpistas tocando as suas harpas .
3 ထို​သူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့ သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သက်​ရှိ သတ္တ​ဝါ​လေး​ပါး​နှင့်​အ​ကြီး​အ​ကဲ​များ​၏ ရှေ့​၌​လည်း​ကောင်း​ရပ်​လျက်​သီ​ချင်း​သစ်​ကို သီ​ဆို​ကြ​၏။ လူ​သား​အ​ပေါင်း​တို့​အ​ထဲ မှ​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​သူ၊ လူ​တစ် သိန်း​လေး​သောင်း​လေး​ထောင်​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​သူ​မျှ​ထို​သီ​ချင်း ကို​မ​သီ​ဆို​တတ်။-
3 Os cento e quarenta e quatro mil estavam diante do trono, e dos quatro seres vivos, e dos líderes e cantavam uma nova canção, que somente eles podiam aprender. De toda a humanidade eles eram os únicos que tinham sido comprados por Deus.
4 ထို​သူ​တို့​သည်​ကာ​မ​ဂုဏ်​ခံ​စား​မှု​နှင့်​ကင်း လွတ်​သူ​လူ​ပျို​စင်​များ​ဖြစ်​၍ သိုး​သူ​ငယ် တော်​သွား​လေ​ရာ​အ​ရပ်​သို့​လိုက်​ကြ​၏။ သူ တို့​သည်​လူ​သား​တို့​အ​နက်​က​ရွေး​နုတ် ကယ်​တင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘု​ရား​သခင်​နှင့် သိုး​သူ​ငယ်​တော်​အား အ​ဦး​ဆုံး​ဆက်​သ ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​သ​တည်း။-
4 Eram os que se conservaram puros porque não haviam tido relações com mulheres . Seguem o Cordeiro aonde ele vai. Entre todos os seres humanos eles foram comprados e foram os primeiros a serem oferecidos a Deus e ao Cordeiro.
5 သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ လိမ်​လည်​၍ မ​ပြော​တတ်။ အ​ပြစ်​ကင်း​စင်​သူ​များ​ဖြစ် ပေ​သည်။
5 Eles nunca mentiram, nem cometeram nenhuma falta.
6 ထို​နောက်​ကောင်း​ကင်​အ​လယ်​တွင် ကောင်း​ကင် တ​မန်​တစ်​ပါး​ပျံ​ဝဲ​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​သည်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို​ပြော​ဆို​သူ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​အား ကြေ​ညာ ရန်​ထာ​ဝ​ရ​သ​တင်း​ကောင်း​ကို​ယူ​ဆောင် လာ​၏။-
6 Então vi outro anjo voando muito alto, com uma mensagem eterna do evangelho para anunciar aos povos da terra, a todas as raças, tribos, línguas e nações.
7 ထို​ကောင်း​ကင်​တ​မန်​က``ဘု​ရား​သ​ခင်​တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​သည်​ကျ​ရောက်​၍​လာ လေ​ပြီ။ ထို​ကြောင့်​ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊ ပင်​လယ် နှင့်​စမ်း​ပေါက်​များ​ကို​လည်း​ကောင်း​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကြ​လော့'' ဟု အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​လေ​၏။
7 Ele disse com voz forte: —
8 ထို​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​ပေါ်​လာ ပြီး​လျှင်၊ ``ဗာ​ဗု​လုန်​မြို့​ကြီး​ပြို​ပျက်​လေ​ပြီ၊ ပြို​ပျက်​လေ​ပြီ။ ထို​မြို့​သည်​ကာ​မ​ဂုဏ်​လိုက် စား​မှု​တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို​လူ​မျိုး တ​ကာ​တို့​အား​တိုက်​လေ​ပြီ'' ဟု​ကြွေး​ကြော်​၏။
8 Um segundo anjo seguiu o primeiro, dizendo: — Caiu! Caiu a grande Babilônia ! Ela embriagou todos os povos, dando-lhes o seu vinho, o vinho forte da sua terrível imoralidade!
9 ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊-
9 Um terceiro anjo seguiu o segundo, dizendo com voz forte: — Aqueles que adorarem o monstro e a sua imagem e receberem o sinal na testa ou na mão
10 ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
10 beberão o vinho de Deus, o vinho da sua ira , que ele derramou puro na taça do seu furor. Eles serão atormentados no fogo e no enxofre diante dos santos anjos e do Cordeiro.
11 ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။
11 A fumaça do fogo que os atormenta sobe para todo o sempre. Ali não há alívio, nem de dia nem de noite, para os que adoram o monstro e a sua imagem, nem para qualquer um que tenha o sinal do nome dele.
12 ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။
12 Isso exige que o povo de Deus aguente o sofrimento com paciência. Esse povo são aqueles que obedecem aos mandamentos de Deus e são fiéis a Jesus.
13 ထို​နောက်​ကောင်း​ကင်​မှ``ရေး​မှတ်​လော့။ ယ​ခု​အ​ချိန် မှ​စ​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် လျက် သေ​ဆုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏'' ဟု​ဆို သော​အ​သံ​ကို​ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း ``ဤ​အ​တိုင်း​မှန်​ပေ​၏။ သူ​တို့​သည်​ဆင်း​ရဲ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခြင်း​မှ ရပ်​နား​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​လုပ်​ဆောင် ချက်​အ​ကျိုး​သည် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
13 Então ouvi uma voz do céu, que disse: — Escreva isto: felizes as pessoas que desde agora morrem no serviço do Senhor! — Sim, isso é verdade! — responde o Espírito de Deus. — Elas descansarão do seu duro trabalho porque levarão consigo o resultado dos seus serviços.
14 တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-
14 Então olhei e vi uma nuvem branca, na qual estava sentado alguém que parecia um ser humano, com uma coroa de ouro na cabeça e uma foice afiada na mão.
15 အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။-
15 Outro anjo saiu do templo e gritou bem forte para aquele que estava sentado na nuvem: — Use a sua foice e faça a colheita porque já chegou a hora de colher. A terra está pronta para a colheita!
16 သို့​ဖြစ်​၍​မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သူ​သည် မိ​မိ ၏​တံ​စဉ်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​ဝှေ့​ယမ်း​ကာ​ကမ္ဘာ မြေ​ကြီး​က​စ​ပါး​များ​ကို​ရိတ်​တော်​မူ​၏။
16 Depois o que estava sentado na nuvem passou a foice sobre a terra e fez a colheita.
17 ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန်​တော်​မှ​ထွက်​လာ​၏။ ထို သူ​သည်​လည်း​ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​၏။
17 Aí outro anjo saiu do templo que está no céu e ele também tinha uma foice afiada.
18 ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-
18 Depois outro anjo, que era o encarregado do fogo, saiu de perto do altar. Com voz forte ele gritou para o anjo que tinha a foice afiada: — Use a foice e corte os cachos de uvas da
19 သို့​ဖြစ်​၍​ထို​ကောင်း​ကင်​တ​မန်​သည် မိ​မိ​တံ​စဉ် ကို​ယူ​၍​ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​များ​ကို ရိတ်​သိမ်း​လေ​၏။ ထို​နောက်​စ​ပျစ်​သီး​များ​ကို ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​သို့​သွန်​ချ​လိုက် ၏။-
19 Então o anjo passou a foice sobre a terra, cortou os cachos de uvas da videira e os jogou no tanque da violenta ira de Deus, onde as uvas são pisadas.
20 စ​ပျစ်​သီး​များ​ကို​မြို့​ပြင်​တွင်​နယ်​၍​စ​ပျစ် သီး​နယ်​ရာ​ကျင်း​မှ​သွေး​ချောင်း​စီး​ထွက်​၍ လာ​၏။ ထို​သွေး​ချောင်း​သည်​အ​လျား​မိုင်​နှစ်​ရာ၊ အ​နက်​ငါး​ပေ​ခန့်​ရှိ​သ​တည်း။
20 As uvas foram pisadas no tanque que ficava fora da cidade, e o rio de sangue que saiu desse tanque tinha trezentos quilômetros de comprimento por um metro e meio de fundura.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.