Apocalipse 13

Common Language Bible (MYA) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ထို​နောက်​ပင်​လယ်​ထဲ​မှ​ဦး​ချို​ဆယ်​ချောင်း နှင့်​ဦး​ခေါင်း​ခု​နစ်​လုံး​ရှိ​သော သား​ရဲ​တစ် ကောင်​တက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​၏ ဦး​ချို​တစ်​ချောင်း​စီ​တွင်​သ​ရ​ဖူ​ဆောင်း​ထား ၏။ သူ​၏​ဦး​ခေါင်း​တစ်​လုံး​စီ​ပေါ်​၌​လည်း ဘု​ရား​သ​ခင်​၏​အ​သ​ရေ​တော်​ကို​ရှုတ်​ချ သည့်​အ​မည်​နာ​မ​ကို​ရေး​သား​ထား​၏။-
1 Depois vi um monstro que subia do mar. Ele tinha dez chifres e sete cabeças, uma coroa em cada um dos chifres e nomes, que eram blasfêmias , escritos nas cabeças.
2 ငါ​မြင်​ရ​သည့်​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ ၏။ သူ​၏​ခြေ​တို့​သည်​ဝက်​ဝံ​ခြေ​များ​နှင့်​တူ​၍ သူ​၏​နှုတ်​သည်​ခြင်္သေ့​၏​နှုတ်​နှင့်​တူ​၏။ န​ဂါး သည်​မိ​မိ​၏​တန်​ခိုး​နှင့်​မိ​မိ​၏​ပလ္လင်​ကို​လည်း ကောင်း၊ ကြီး​မား​သော​အာ​ဏာ​စက်​ကို​လည်း ကောင်း​ထို​သား​ရဲ​အား​ပေး​အပ်​၏။-
2 O monstro que vi parecia um leopardo; os seus pés eram como os de um urso, e a sua boca era como a de um leão. E ao monstro o dragão deu o seu poder, o seu trono e grande autoridade.
3 သူ​၏​ဦး​ခေါင်း​တစ်​လုံး​မှာ​သေ​လောက်​သည့် ဒဏ်​ရာ​ရ​ထား​သ​ကဲ့​သို့​ရှိ​သော်​လည်း ထို ဒဏ်​ရာ​မှာ​ပျောက်​ကင်း​လျက်​နေ​လေ​ပြီ။ ကမ္ဘာ သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ထို​သား​ရဲ အား​အံ့​သြ​လျက်​သူ​၏​နောက်​သို့​လိုက်​ကြ ကုန်​၏။-
3 Uma das cabeças do monstro parecia que tinha recebido um golpe mortal, mas a ferida havia sarado. O mundo inteiro ficou admirado e seguiu o monstro.
4 န​ဂါး​သည်​မိ​မိ​၏​အာ​ဏာ​ကို​သား​ရဲ​အား အပ်​နှင်း​ပေး​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​န​ဂါး ကို​ကိုး​ကွယ်​ကြ​၏။ လူ​တို့​က``ဤ​သား​ရဲ​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ သူ့​အား​အ​ဘယ် သူ​ဆိုင်​ပြိုင်​တိုက်​ခိုက်​နိုင်​ပါ​သ​နည်း'' ဟု​ဆို လျက်​သား​ရဲ​ကို​လည်း​ရှိ​ခိုး​ကြ​၏။
4 Todos adoravam o dragão porque ele tinha dado a sua autoridade ao monstro. Eles adoravam também o monstro, dizendo: — Quem é tão forte como o monstro? Quem pode lutar contra ele?
5 ထို​သား​ရဲ​သည်​ကြွား​ဝါ​၍​ဘု​ရား​သ​ခင်​အား ပြစ်​မှား​ပြော​ဆို​ခွင့်​ကို​လည်း​ကောင်း၊ လေး​ဆယ့် နှစ်​လ​ပတ်​လုံး​အုပ်​စိုး​ပိုင်​ခွင့်​ကို​လည်း​ကောင်း ရ​ရှိ​ထား​၏။-
5 Foi permitido ao monstro se gabar da sua autoridade e dizer blasfêmias contra Deus. E ele recebeu autoridade para agir durante quarenta e dois meses .
6 သူ​သည်​ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​နာ​မ တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်း​ဝပ်​တော် မူ​ရာ​ကို​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​တွင်​စံ​စား သူ​တို့​ကို​လည်း​ကောင်း​ပြစ်​မှား​ပြော​ဆို​ရန် မိ​မိ​၏​နှုတ်​ကို​ဖွင့်​လေ​၏။-
6 Ele começou a blasfemar contra Deus, contra o seu nome, contra o lugar onde ele mora e contra todos os que vivem no céu.
7 သူ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား​တိုက် ခိုက်​၍ အ​နိုင်​ရ​ခွင့်​နှင့်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ အ​မျိုး​အ​နွယ်​ခပ်​သိမ်း​အား အုပ်​စိုး​ပိုင်​ခွင့်​ကို လည်း​ရ​ရှိ​ပေ​သည်။-
7 Foi permitido que ele lutasse contra o povo de Deus e o vencesse. E também recebeu autoridade sobre todas as tribos, nações, línguas e raças.
8 အ​သေ​သတ်​ခြင်း​ခံ​ရ​သည့်​သိုး​သူ​ငယ်​တော် ၏​အ​သက်​စာ​စောင်​တွင် ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မ​မူ​မီ​က​ပင် စာ​ရင်း​ဝင်​သူ​တို့​မှ တစ်​ပါး​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ထို​သား​ရဲ​အား​ရှိ​ခိုး​ကြ​လိမ့်​မည်။
8 Todos os que vivem na terra o adorarão, menos aqueles que, desde antes da criação do mundo, têm o nome escrito no Livro da Vida , o qual pertence ao Cordeiro, que foi morto.
9 ``ကြား​တတ်​သော​နား​ရှိ​သူ​တို့​ကြား​ကြ​ပါ​စေ။-
9 Portanto, se vocês quiserem ouvir, escutem bem isto:
10 အ​ဖမ်း​ခံ​ရ​မည့်​သူ​သည်​အ​ဖမ်း​ခံ​ရ​မည် သာ​ဖြစ်​သည်။ ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည့်​သူ​သည် လည်း​ဋ္ဌား​ဘေး​နှင့်​သေ​ရ​မည်​သာ​ဖြစ်​၏။ ဤ အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​သည်​တည်​ကြည်​သူ​များ၊ သစ္စာ​ရှိ​သူ များ​ဖြစ်​ရန်​လို​ပေ​သည်။
10 Quem tem de ser preso será preso; quem tem de ser morto pela espada será morto pela espada. Isso exige que o povo de Deus aguente o sofrimento com paciência e seja fiel.
11 ထို​နောက်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​ငါ​မြင် ရ​၏။ သူ​သည်​မြေ​ကြီး​ထဲ​မှ​ထွက်​လာ​၏။ သူ့ မှာ​သိုး​ချို​နှင့်​တူ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​၏။ သူ​သည်​န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။-
11 Então vi outro monstro, que subia da terra. Ele tinha dois chifres parecidos com os de um carneiro, mas falava como um dragão.
12 သူ​သည်​ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ ကို​ထို​သား​ရဲ​၏​ရှေ့​တွင်​သုံး​စွဲ​၏။ သူ​သည် သေ​လောက်​သည့်​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​ကိုး​ကွယ်​စေ​၏။-
12 Usava toda a autoridade do primeiro monstro, na sua presença. Forçava a terra e todos os que moram nela a adorarem o primeiro monstro, aquele cuja ferida mortal havia sido curada.
13 ဒု​တိ​ယ​သား​ရဲ​သည်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​၏။ လူ​အ​ပေါင်း​တို့​မျက်​မှောက် ၌​ကောင်း​ကင်​မှ​ကမ္ဘာ​မြေ​ပေါ်​သို့​မီး​များ ကျ​လာ​စေ​၏။-
13 Esse segundo monstro fez coisas espantosas. Fez com que caísse fogo do céu sobre a terra, na presença de todas as pessoas.
14 သူ​သည်​ပ​ထ​မ​သား​ရဲ​၏​ရှေ့​၌​ပြ​ပိုင်​ခွင့် ရှိ​သည့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​၍ ကမ္ဘာ သူ​ကမ္ဘာ​သား​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ လေ​သည်။ ဋ္ဌား​ဒဏ်​ရာ​ကို​ရ​ရှိ​သော်​လည်း မ​သေ​ဘဲ​ရှင်​နေ​သူ​ထို​သား​ရဲ​အား ရို​သေ ဂုဏ်​ပြု​သည့်​အ​နေ​ဖြင့်​သူ​၏​ရုပ်​တု​ကို​ပြု လုပ်​ရန်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​စေ​ခိုင်း ၏။-
14 E enganou todos os povos da terra, por meio das coisas que lhe foi permitido fazer na presença do primeiro monstro. O segundo monstro disse a todos os povos do mundo que fizessem uma imagem em honra ao outro monstro, que havia sido ferido pela espada e não havia morrido.
15 ထို​ရုပ်​တု​သည်​စ​ကား​ပြော​နိုင်​ရန်​လည်း ကောင်း၊ မိ​မိ​အား​မ​ရှိ​ခိုး​သူ​အ​ပေါင်း​တို့ အား​သေ​စေ​နိုင်​ရန်​လည်း​ကောင်း ဒု​တိ​ယ သား​ရဲ​သည်​ထို​ရုပ်​တု​ကို​အ​သက်​သွင်း ပေး​ခွင့်​ကို​လည်း​ရ​၏။-
15 O segundo monstro recebeu poder de soprar vida na imagem do primeiro, para que ela pudesse falar e matar todos os que não a adorassem.
16 ထို​သား​ရဲ​သည်​ကြီး​မြတ်​သူ​နှင့်​သိမ်​ငယ်​သူ၊ ချမ်း​သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ကျွန်​နှင့်​ကျွန်​မ ဟုတ်​သူ​ရှိ​ရှိ​သ​မျှ​သော​လူ​တို့​အား​လက် ယာ​လက်​တွင်​ဖြစ်​စေ၊ န​ဖူး​တွင်​ဖြစ်​စေ​မိ​မိ ၏​အ​မှတ်​တံ​ဆိပ်​ရိုက်​နှိပ်​ထား​စေ​၏။-
16 Ele obrigou todas as pessoas, importantes e humildes, ricas e pobres, escravas e livres, a terem um sinal na mão direita ou na testa.
17 ထို​အ​မှတ်​တံ​ဆိပ်​တည်း​ဟူ​သော​သား​ရဲ​၏ နာ​မည် သို့​မ​ဟုတ်​ကိုယ်​စား​ပြု​သည့်​ကိန်း ဂ​ဏန်း​ကို ရိုက်​နှိပ်​ထား​သူ​မှ​တစ်​ပါး​အ​ဘယ် သူ​မျှ​ကုန်​ရောင်း​ကုန်​ဝယ်​ခွင့်​မ​ရ။
17 Ninguém podia comprar ou vender, a não ser que tivesse esse sinal, isto é, o nome do monstro ou o número do nome dele.
18 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​ဉာဏ်​ပညာ​ရှိ​ရန်​လို ပေ​သည်။ ဉာဏ်​ပ​ညာ​ရှိ​သူ​သည်​သား​ရဲ​၏ ကိန်း​ဂ​ဏန်း​အ​နက်​ကို​တွက်​ချက်​ကြည့်​နိုင် ၏။ ထို​ကိန်း​ဂ​ဏန်း​သည်​လူ​တစ်​ယောက်​၏ နာ​မည်​ကို​ကိုယ်​စား​ပြု​၏။ ထို​ကိန်း​ဂ​ဏန်း မှာ​ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ် သ​တည်း။
18 Isso exige sabedoria. Quem é inteligente pode descobrir o que o número do monstro quer dizer, pois o número representa o nome de um ser humano. O seu número é seiscentos e sessenta e seis.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.