Apocalipse 11
Common Language Bible (MYA) vs NVT
1 ထိုနောက်ကောင်းကင်တမန်သည်ငါ့အား တိုင်းတာရန် ကူရိုးတစ်ချောင်းကိုပေးပြီး လျှင်``ထ၍ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ထိုအရပ်တွင်ဝတ် ပြုကိုးကွယ်နေသူတို့ကိုလည်းရေတွက် လော့။-
1 Depois disso, recebi uma vara de medir e me foi dito: “Vá e tire as medidas do templo de Deus e do altar, e conte o número de adoradores.
2 ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-
2 Mas não meça o pátio exterior, porque ele foi entregue às nações. Elas pisotearão a cidade santa durante 42 meses.
3 ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။
3 Darei autoridade a minhas duas testemunhas, e elas se vestirão de pano de saco e profetizarão durante 1.260 dias”.
4 ထိုသက်သေခံနှစ်ပါးကားကမ္ဘာမြေကြီး ကိုစိုးပိုင်တော်မူသောအရှင်၏ရှေ့တော်၌ ရှိသောသံလွင်ပင်နှစ်ပင်နှင့်မီးခွက်နှစ် လုံးတို့ဖြစ်၏။-
4 Essas duas testemunhas são as duas oliveiras e os dois candelabros que estão diante do Senhor de toda a terra.
5 တစ်စုံတစ်ယောက်သောသူသည်ထိုသက်သေ ခံနှစ်ပါးအားအန္တရာယ်ပြုလျှင် သူတို့၏ခံ တွင်းမှမီးလျှံများထွက်၍ထိုသူ့ကိုကျွမ်း လောင်စေလေသည်။ သူတို့အားအန္တရာယ်ပြု ကြရန်ကြိုးစားသူမှန်သမျှပင် ဤနည်း အတိုင်းသေကြရမည်သာဖြစ်၏။-
5 Se alguém tentar lhes fazer mal, da boca lhes sairá fogo e consumirá seus inimigos. Assim deve morrer quem tentar lhes fazer mal.
6 ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-
6 Elas têm poder para fechar o céu, a fim de que não chova durante o tempo que profetizarem, e têm poder para transformar as águas em sangue e para ferir a terra com pragas de toda espécie, quantas vezes desejarem.
7 သို့ရာတွင်သူတို့ဟောပြောကြေညာသည့် အလုပ်ပြီးစီးသောအခါ၌ တွင်းနက်ကြီး ထဲမှသားရဲသည်တက်လာ၍သူတို့အား တိုက်ခိုက်အောင်မြင်သတ်ဖြတ်ပစ်လိမ့်မည်။-
7 Quando tiverem concluído seu testemunho, a besta que vem do abismo lutará contra elas, e ela as vencerá e as matará.
8 သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-
8 Os corpos ficarão estendidos na rua principal da grande cidade, chamada figuradamente “Sodoma” e “Egito”, onde seu Senhor foi crucificado.
9 တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကို ပြောကြသောလူမျိုးအနွယ် အပေါင်းတို့သည် သူတို့၏အလောင်းများကို သင်္ဂြိုဟ်ရန်ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နေကြလိမ့်မည်။-
9 Durante três dias e meio, todos os povos, tribos, línguas e nações olharão para esses corpos, e ninguém terá permissão de sepultá-los.
10 ကမ္ဘာသူကမ္ဘာသားတို့သည်ပရောဖက်နှစ်ပါး သေသည့်အတွက် အားရဝမ်းမြောက်လျက် အချင်းချင်းလက်ဆောင်ပဏ္ဏာများပေးကာ အောင်ပွဲခံကြလိမ့်မည်။ အဘယ်ကြောင့်ဆို သော်ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားတို့အားများစွာဒုက္ခရောက်စေ ခဲ့ကြသောကြောင့်ဖြစ်၏။-
10 Os habitantes da terra festejarão e trocarão presentes entre si para comemorar a morte dos dois profetas que os haviam atormentado.
11 ထိုနောက်သုံးရက်ခွဲကြာသောအခါဘုရား သခင်၏ထံတော်မှအသက်ဝိညာဉ်သည် ထိုသူ တို့အထဲသို့ဝင်သဖြင့်သူတို့သည်ထ၍ မတ်တတ်ရပ်ကြ၏။ ဤအချင်းအရာကို တွေ့မြင်သူကမ္ဘာသူကမ္ဘာသားတို့သည် လည်းထိတ်လန့်ကြကုန်၏။-
11 Depois de três dias e meio, porém, Deus soprou vida nos dois profetas, e eles se levantaram, enchendo de terror os que os viram.
12 ထိုနောက်ပရောဖက်နှစ်ပါးတို့သည်``ဤအရပ် သို့တက်ခဲ့လော့'' ဟုကောင်းကင်မှမိမိတို့ အားကျယ်စွာပြောသောအသံကိုကြားကြ ရ၏။ သူတို့သည်ရန်သူများစောင့်ကြည့်နေ စဉ် မိုးတိမ်တိုက်ကိုစီး၍ကောင်းကင်သို့တက် သွားကြ၏။-
12 Então uma forte voz do céu disse aos dois: “Subam aqui!”. E eles subiram ao céu numa nuvem, sob o olhar de seus inimigos.
13 ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
13 Nesse momento, houve um grande terremoto que destruiu um décimo da cidade. Sete mil pessoas morreram, e as que restaram ficaram aterrorizadas e deram glória ao Deus do céu.
14 ဒုတိယအမင်္ဂလာကားကုန်လွန်သွားလေပြီ။ တတိယအမင်္ဂလာသည်မကြာမီလာ လိမ့်မည်။
14 O segundo terror passou, mas logo vem o terceiro.
15 ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။-
15 O sétimo anjo tocou sua trombeta, e fortes vozes gritaram no céu: “O reino do mundo se tornou de nosso Senhor e de seu Cristo, e ele reinará para todo o sempre”.
16 ထိုအခါဘုရားသခင်၏ရှေ့တော်ရှိပလ္လင်ပေါ် ၌ ထိုင်လျက်နေသောအကြီးအကဲနှစ်ဆယ့် လေးပါးတို့သည်ဘုရားသခင်အားပျပ် ဝပ်ရှိခိုးလျက်၊
16 Os 24 anciãos que estavam sentados em seus tronos diante de Deus se prostraram com o rosto em terra e o adoraram,
17 ``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊
17 dizendo: “Nós te agradecemos, Senhor Deus, o Todo-poderoso, que és e que eras, pois agora assumiste teu grande poder e começaste a reinar.
18 ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊
18 As nações se enfureceram, mas agora chegou o tempo de tua ira. É tempo de julgar os mortos e de recompensar teus servos, os profetas, assim como teu povo santo e todos que temem o teu nome, desde os pequenos até os grandes. É tempo de destruir todos que causaram destruição na terra”.
19 ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
19 Então se abriu no céu o templo de Deus, e dentro do templo foi vista a arca de sua aliança. Houve relâmpagos, estrondos e trovões, um terremoto e uma grande tempestade de granizo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.