Apocalipse 10

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထို​နောက်​ကောင်း​ကင်​မှ​ခွန်​အား​ကြီး​မား​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​ဆင်း​သက်​လာ​သည် ကို​ငါ​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ကို​ဝတ်​ဆင် ၍​သူ​၏​ဦး​ခေါင်း​ပတ်​လည်​တွင်​သက်​တန့်​ရှိ​၏။ သူ​၏​မျက်​နှာ​သည်​နေ​နှင့်​တူ​၏။ သူ​၏​ခြေ ထောက်​တို့​သည်​မီး​ဖြင့်​ပြီး​သော​တိုင်​များ နှင့်​တူ​၏။-
1 Vi outro anjo forte descendo do céu, envolto em nuvem, com o arco-íris por cima de sua cabeça. O rosto dele era como o sol, e as pernas eram como colunas de fogo.
2 သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊-
2 O anjo tinha na mão um livrinho aberto. Pôs o pé direito sobre o mar e o pé esquerdo sobre a terra
3 ခြင်္သေ့​ဟောက်​သ​ကဲ့​သို့​ကျယ်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​၏။ ယင်း​သို့​ကြွေး​ကြော်​လိုက်​သော အ​ခါ​မိုး​ကြိုး​သံ​ခု​နစ်​ချက်​မြည်​လေ​၏။-
3 e gritou com voz forte, como ruge um leão. E, quando ele gritou, os sete trovões fizeram soar as suas próprias vozes.
4 ထို​အ​ချိန်​၌​မိုး​ကြိုး​သံ​တို့​က​မိန့်​မြွက်​သည့် စ​ကား​ကို ငါ​သည်​ရေး​မှတ်​မည်​ပြု​သော်``မ​ရေး မ​မှတ်​နှင့်။ မိုး​ကြိုး​သံ​ခု​နစ်​ချက်​မိန့်​မြွက်​သည့် စ​ကား​ကို​လျှို့​ဝှက်​ထား​လော့'' ဟု​ကောင်း​ကင် မှ​ထွက်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။
4 Logo que os sete trovões falaram, eu ia escrever, mas ouvi uma voz do céu, dizendo: — Guarde em segredo as coisas que os sete trovões falaram. Não escreva nada.
5 ထို​နောက်​ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ်​တွင်​ရပ်​နေ သော​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​လက်ယာ ကို​ကောင်း​ကင်​သို့​မြှောက်​ချီ​ကာ၊-
5 Então o anjo que vi em pé sobre o mar e sobre a terra levantou a mão direita para o céu
6 ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​၍​မိုး၊ မြေ၊ ပင်​လယ်​မှ​စ​၍​အ​ရာ​ခပ်​သိမ်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​တိုင်​တည်​လျက်``နောက်​ထပ်​နှောင့်​နှေး ကြန့်​ကြာ​မှု​ရှိ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သည်​နှင့်​အ​ညီ၊-
6 e jurou por aquele que vive para todo o sempre, o mesmo que criou o céu, a terra, o mar e tudo o que neles há, dizendo: — Já não haverá demora,
7 သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​၌ ကိုယ်​တော်​သည်​မိ​မိ​၏​နက်​နဲ​သော အ​ကြံ​အ​စည်​တော်​တို့​ကို​ပြီး​မြောက်​စေ တော်​မူ​မည်'' ဟု​ဆို​လေ​သည်။
7 mas, nos dias da voz do sétimo anjo, quando ele estiver para tocar a trombeta, então se cumprirá o mistério de Deus, como ele anunciou aos seus servos, os profetas.
8 ကောင်း​ကင်​မှ​ငါ​ကြား​ရ​သည့်​မိန့်​မြွက်​သံ​က ငါ့​အား``သွား​လော့။ ပင်​လယ်​နှင့်​ကုန်း​မြေ​ပေါ် တွင်​ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​လက် ၌​ဖွင့်​ထား​သော​စာ​စောင်​ကို​ယူ​လော့'' ဟု​ဆို ပြန်​၏။
8 A voz que ouvi, vinda do céu, estava de novo falando comigo e dizendo: — Vá e pegue o livro que se acha aberto na mão do anjo que está em pé sobre o mar e sobre a terra.
9 သို့​ဖြစ်​၍​ငါ​သည်​ထို​ကောင်း​ကင်​တ​မန်​ထံ သို့​သွား​ပြီး​လျှင် စာ​စောင်​ငယ်​ကို​ပေး​ရန် တောင်း​၏။ ကောင်း​ကင်​တ​မန်​က``ဤ​စာ​စောင် ကို​ယူ​၍​စား​လော့။ သင်​၏​ဝမ်း​ကို​ခါး​စေ လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​ခံ​တွင်း​၌​ပျား ရည်​ကဲ့​သို့​ချို​လိမ့်​မည်'' ဟု​ဆို​၏။
9 Então fui ao anjo, pedindo-lhe que me desse o livrinho. Ele, então, me falou: — Pegue o livrinho e devore-o. No seu estômago ele será amargo, mas na sua boca será doce como mel.
10 ငါ​သည်​ကောင်း​ကင်​တ​မန်​၏​လက်​မှ​စာ​စောင် ငယ်​ကို​ယူ​၍​စား​၏။ ထို​စာ​စောင်​သည်​ငါ​၏ ခံ​တွင်း​၌​ပျား​ရည်​ကဲ့​သို့​ချို​၏။ ဝမ်း​တွင်း သို့​ရောက်​သော​အ​ခါ​၌​မူ​ခါး​လေ​သည်။-
10 Peguei o livrinho da mão do anjo e o devorei. Na minha boca, era doce como mel; quando, porém, o comi, o meu estômago ficou amargo.
11 ထို​နောက်​ကောင်း​ကင်​တ​မန်​က``သင်​သည် များ​စွာ​သော​တိုင်း​နိုင်​ငံ​များ၊ ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​များ၊ ရှင် ဘု​ရင်​များ​၏​အ​ကြောင်း​နှင့်​စပ်​လျဉ်း​သည့် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​နောက် တစ်​ဖန်​ဟော​ကြား​ရ​ဦး​မည်'' ဟု​ငါ့​အား ဆို​၏။
11 Então me disseram: — É necessário que você ainda profetize a respeito de muitos povos, nações, línguas e reis.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.