Amós 7

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ ရူ​ပါ​ရုံ​တစ်​ခု​ကို​ငါ​မြင်​ရ​၏။ ဘု​ရင်​မင်း မြတ်​အ​တွက်​ကောက်​ပင်​များ​ရိတ်​ပြီး​စ​ကာ​လ နှောင်း၊ မြက်​ပင်​ပေါက်​ခါ​စ​အ​ချိန်​၌​ထာ​ဝ​ရ ဘု​ရား​သည်​ကျိုင်း​ကောင်​တစ်​အုပ်​ကို​ဖန်​ဆင်း တော်​မူ​သည်။-
1 O Senhor Deus me mostrou o seguinte: eis que ele formava uma nuvem de gafanhotos no momento em que começavam a brotar as plantas da entressafra, ou seja, a cultura tardia que vinha depois de concluída a colheita reservada ao rei.
2 ထို​ကျိုင်း​ကောင်​များ​သည်​တစ်​ပြည်​လုံး​ရှိ ရွက် နု​ပင်​မှန်​သ​မျှ​ကို​ကိုက်​စား​လိုက်​ကြောင်း ငါ​မြင်​ရ​၏။ ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ ဘု​ရား၊ အ​ရှင့်​လူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော် မူ​ပါ။ သူ​တို့​သည်​နု​ငယ်​၍​အား​နွဲ့​လှ​ပါ ၏'' ဟု​လျှောက်​ဆို​သော်၊
2 Quando tinham acabado de comer toda a plantação, eu disse: —
3 ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ ပြီး``သင်​မြင်​သော​ရူ​ပါ​ရုံ​ဖြစ်​ပေါ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
3 Então o Senhor mudou de ideia em relação a isso e falou: — Isso não vai acontecer.
4 ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ နောက်​တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​ကို​မီး​ဒဏ် ဖြင့်​အ​ပြစ်​ပေး​ရန်​ပြင်​ဆင်​နေ​တော်​မူ​သည် ကို​တွေ့​ရ​သည်။ ထို​မီး​သည်​မြေ​အောက်​သ​မုဒ္ဒ ရာ​တစ်​ခု​လုံး​ခန်း​ခြောက်​အောင်​ကျွမ်း​လောင် ပြီး​နောက် ကုန်း​ပေါ်​မှာ​စ​တင်​တောက်​လောင် လာ​၏။-
4 Depois, o Senhor Deus me mostrou o seguinte: eis que o Senhor Deus chamou o fogo para exercer a sua justiça. Este fogo consumiu o grande abismo e começava a devorar a terra.
5 ငါ​က​လည်း``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဆိုင်း တော်​မူ​ပါ။ ဤ​ဒဏ်​ဆိုး​ကို​လူ​မျိုး​တော်​သည် မည်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည်​နု ငယ်​၍​အား​နွဲ့​လှ​ပါ​၏'' ဟု​လျှောက်​ဆို သော်၊-
5 Então eu disse: —
6 ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ​၍
6 E o Senhor mudou de ideia em relação a isso e falou: — Também isso não vai acontecer.
7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ​တစ်​ခု ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​ချိန်​ကြိုး​ဖြင့်​တိုင်း ထွာ​ဆောက်​လုပ်​ခဲ့​သည့်​ကျောက်​နံ​ရံ​ဘေး​တွင် ချိန်​ကြိုး​တစ်​ချောင်း​ကိုင်​ကာ​ရပ်​နေ​တော်​မူ သော​ကိုယ်​တော်​ရှင်​ကို​ငါ​တွေ့​မြင်​သည်။-
7 Mostrou-me também isto: eis que o Senhor estava sobre um muro levantado a prumo, e tinha um prumo na mão.
8 ကိုယ်​တော်​က``အာ​မုတ်၊ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​ငါ့​အား​မေး​သ​ဖြင့်၊
8 O Senhor me perguntou: — O que você está vendo, Amós? Respondi: — Um prumo. Então o Senhor disse: — Eis que eu porei o prumo no meio do meu povo de Israel; não posso mais ignorar o que fazem.
9 ဣ​ဇာက်​မှ​ဆင်း​သက်​သော​အ​မျိုး​အ​နွယ်​တို့ ကိုး​ကွယ်​ရာ​အ​ရပ်​များ​ပျက်​စီး​ရ​တော့​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​သန့်​ရှင်း​ရာ​ဌာ​န​မှန် သ​မျှ​ကို မြေ​ပုံ​အ​ဖြစ်​နှင့်​သာ​ကျန်​ရစ်​စေ မည်။ ငါ​သည်​ယေ​ရော​ဗောင်​မင်း​ဆက်​၏​နန်း သက်​ကို​ကုန်​စေ​တော့​မည်'' ဟု​မိန့်​တော်​မူ​၏။
9 Os lugares altos de Isaque serão assolados, e os santuários de Israel serão destruídos. E eu me levantarei com a espada contra a casa de Jeroboão.
10 ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။-
10 Então Amazias, o sacerdote de Betel, mandou dizer a Jeroboão, rei de Israel: — Amós está conspirando contra o rei no meio da casa de Israel. A terra não pode suportar todas as suas palavras.
11 `ယေ​ရော​ဗောင်​မင်း​သည်​တိုက်​ပွဲ​၌​ကျ​ဆုံး ပြီး​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် မိ​မိ​တို့ ၏​နိုင်​ငံ​မှ​တစ်​ပါး​တစ်​နိုင်​ငံ​သို့​ဖမ်း​သွား ခံ​ရ​မည်' ဟု​ဟော​နေ​ပါ​သည်'' ဟူ​၍​သံ တော်​ဦး​တင်​လိုက်​၏။
11 Porque assim diz Amós: “Jeroboão morrerá à espada, e Israel certamente será levado para fora de sua terra, em cativeiro.”
12 ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။-
12 Depois Amazias disse a Amós: — Saia daqui, vidente! Fuja para a terra de Judá e vá ganhar a vida por lá. Em Judá você pode profetizar.
13 ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။
13 Mas em Betel, daqui em diante, você não poderá profetizar, porque este é o santuário do rei e o templo do reino.
14 ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။-
14 Amós respondeu e disse a Amazias: — Eu não sou profeta nem discípulo de profeta. Eu cuido de gado e colho sicômoros.
15 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။-
15 Mas o Senhor me tirou do trabalho de andar atrás do gado e me disse: “Vá e profetize ao meu povo de Israel.”
16 သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-
16 Portanto, agora ouça a palavra do Senhor . Você diz: “Não profetize contra Israel nem fale contra a casa de Isaque.”
17 ထို​သို့​ဆို​သော​ကြောင့်​သင့်​ကို​ထာ​ဝ​ရ ဘု​ရား​က ဤ​သို့​မိန့်​တော်​မူ​ပြီ။ `သင်​၏ မ​ယား​သည်​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက် သွား​ရ​မည်။ သင်​၏​သား​သ​မီး​များ​သည် လည်း​စစ်​ပွဲ​၌​ကျ​ဆုံး​ရ​လိမ့်​မည်။ သင်​ပိုင် သော​မြေ​ယာ​များ​ကို​ခွဲ​ဝေ​ကာ​သူ​တစ်​ပါး လက်​သို့​ပေး​အပ်​လိုက်​မည်။ သင်​ကိုယ်​တိုင်​သည် မိစ္ဆာ​နိုင်​ငံ​တစ်​ခု​၌​သေ​ဆုံး​ရ​မည်။ ဣ​သ​ရေ​လ ပြည်​သား​သည်​မိ​မိ​တို့​နေ​ရင်း​နိုင်​ငံ​မှ တိုင်း တစ်​ပါး​သို့​ချုပ်​နှောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​မည်' ''ဟု​အာ​မ​ဇိ​အား​ပြန်​၍​ဆို လိုက်​၏။
17 Pois bem, assim diz o Senhor : “A sua mulher se prostituirá na cidade, e os seus filhos e as suas filhas cairão à espada. A sua terra será repartida a cordel, e você morrerá numa terra impura. E Israel certamente será levado cativo para fora da sua terra.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Amós 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.