Amós 4
Common Language Bible (MYA) vs BKJ
1 အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
1 Ouvi esta palavra, vós, vacas de Basã, que estais no monte de Samaria, que oprimis aos pobres, que esmagais os necessitados, que dizeis a vossos senhores: trazei, e bebamos.
2 အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။-
2 O Senhor DEUS jurou, pela sua santidade, que dias estão para vir sobre vós, em que vos levarão com ganchos e a vossos descendentes com anzóis.
3 သင်တို့ကိုအနီးဆုံးမြို့နံရံပျက်အပေါက် သို့ဆွဲသွားပြီးအပြင်သို့လွှင့်ပစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
3 E saireis pelas brechas, cada qual em frente de si, e sereis lançadas no palácio, diz o SENHOR.
4 အထွတ်ဘုရင်အရှင်ထာဝရဘုရားသခင် က``အို ဣသရေလပြည်သားတို့၊ ဗေသလ ရှိသန့်ရှင်းရာအရပ်သို့သွား၍ပြစ်မှားကြ လော့။ ဂိလဂါလမြို့သို့သွားပြီးအစွမ်း ကုန်ပြစ်မှားကြလော့။ ပူဇော်ရာယဇ်ကောင် များကိုနံနက်တိုင်းယူဆောင်ခဲ့လော့။ သုံး ရက်နေ့တိုင်းတွင်ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်ခဲ့ကြလော့၊-
4 Vinde a Betel, e transgredi; a Gilgal, e multiplicai as transgressões; e trazei os vossos sacrifícios a cada manhã, e os vossos dízimos a cada três anos;
5 ကျေးဇူးတော်ချီးမွမ်းရာမုန့်ကိုဆက်ခါ ဆက်ခါပေးလှူကြလော့။ အလိုအလျောက် ပေးလှူနေကြောင်းကိုလည်း သင်ဣသရေလ အမျိုးသားတို့ထုတ်ဖော်ကြေငြာ၍ဝါကြွား ကြလော့။ ဤသို့ပြုခြင်းကိုသင်တို့မြတ်နိုး လှ၏ဟုအရှင်ထာဝရဘုရားမိန့်တော် မူ၏။
5 e oferecei um sacrifício de ação de graças do que é levedado; proclamai e publicai as ofertas voluntárias, porque disso gostais, ó filhos de Israel, diz o Senhor DEUS.
6 ``ငါသည်သင်တို့မြို့ရွာတိုင်း၌ငတ်မွတ် ခြင်းဘေးကျရောက်စေလျက်နှင့်သင်တို့ သည်ငါ့ထံသို့ပြန်မလာကြ။-
6 Por isso também vos dei limpeza de dentes em todas as vossas cidades, e falta de pão em todos os vossos lugares; contudo não vos retornastes a mim, diz o SENHOR.
7 သင်တို့ပျိုးပင်အတွက်မိုးရေအလိုဆုံး သောအချိန်တွင်ငါသည်မိုးခေါင်စေခဲ့၏။ တစ်မြို့ပေါ်၌သာရွာသွန်းစေပြီးကျန်တစ် မြို့ပေါ်သို့မရွာစေရန် တားခဲ့သူမှာငါပင် ဖြစ်၏။ လယ်တစ်ခင်းသည်မိုးကိုရ၍ကျန် တစ်ခင်းမှာမူသွေ့ခြောက်ခဲ့လေပြီ။-
7 E também retive de vós a chuva, quando ainda faltavam três meses para a ceifa; e fiz que chovesse sobre uma cidade, e que não chovesse sobre outra cidade; sobre um campo choveu, mas o outro, sobre a qual não choveu, secou-se.
8 ရေငတ်လွန်းသဖြင့်အချို့မြို့မှမြို့သားတို့ သည် အနီးအနားမြို့သို့ပင်ပန်းကြီးစွာနှင့် ရေရှာထွက်ကြသော်လည်း သောက်စရာဘို့ အလုံအလောက်မရခဲ့ကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေ ကြလေပြီ။
8 Então duas ou três cidades andaram errantes, indo a outra cidade para beberem água, mas não se saciaram; contudo não vos retornastes a mim, diz o SENHOR.
9 ``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။
9 Feri-vos com queimadura e ferrugem; quando vossas hortas e vinhas, e vossas figueiras cresceram, foram devoradas pela lagarta; contudo não vos retornastes a mim, diz o SENHOR.
10 ``အီဂျစ်ပြည်၌ဖြစ်စေသောကပ်ဆိုးကိုသင် တို့၌လည်းဖြစ်စေခဲ့ပြီ။ သင်တို့လူငယ်များ ကိုစစ်တလင်း၌ငါသတ်ခဲ့ပြီ။ သင်တို့မြင်း များကိုလည်းသိမ်းသွားခဲ့ပြီ။ သင်တို့တပ် စခန်းများကိုသင်တို့ဘက်သား အလောင်း ကောင်များ၏အပုပ်နံ့ဖြင့်နံစော်စေခဲ့ပြီ။ သို့သော်လည်းသင်တို့သည်ငါ့ထံသို့ပြန် မလာသေးဘဲနေကြလေပြီ။
10 Eu enviei a peste entre vós, à maneira do Egito; os vossos jovens matei à espada, e levei os vossos cavalos; e fiz subir às vossas narinas o mau cheiro dos vossos campos; contudo não vos retornastes a mim, diz o SENHOR.
11 ``ငါသည်သောဒုံနှင့်ဂေါမောရမြို့များ ကိုဖြိုဖျက်သကဲ့သို့ သင်တို့လူအချို့ကို လည်းဖျက်ပယ်ခဲ့ပြီ။ ကျန်ကြွင်းသူတို့မှာ လည်းမီးထဲမှပြန်၍ဆယ်ယူလိုက်သည့် ထင်းစသဖွယ်ဖြစ်ခဲ့ရ၏။ သို့သော်လည်း သင်တို့သည်ငါ့ထံသို့ပြန်မလာသေးဘဲ နေကြလေပြီ'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
11 Derrubei alguns dentre vós, como Deus derrubou a Sodoma e Gomorra, e vós fostes como um tição arrebatado do incêndio; contudo não vos retornastes a mim, diz o SENHOR.
12 ``သို့ဖြစ်သောကြောင့် အို ဣသရေလပြည်သား တို့၊ ငါသည်သင်တို့ကိုအပြစ်ပေးရတော့ မည်။ ဤသို့အပြစ်ပေးမည့်အတွက်ကြောင့် ဘုရားသခင်စီရင်တော်မူချက်ကိုခံယူ ရန်အသင့်ပြင်ကြလော့။''
12 Portanto, assim te farei, ó Israel; e porque isso te farei, prepara-te para encontrares com o teu Deus, ó Israel.
13 တောင်များကိုတည်၍လေအဟုန်တို့ကို
13 Pois eis aqui o que forma os montes, e cria o vento, e declara ao homem qual seja o seu pensamento, o que faz da manhã trevas, e pisa sobre os lugares altos da terra; o SENHOR, o Deus dos Exércitos, é o seu nome.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Amós 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.