Amós 3
Common Language Bible (MYA) vs ACF
1 အို ဣသရေလပြည်သားတို့၊ သင်တို့တစ်မျိုး လုံးကိုအီဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထာဝရဘုရားက သင်တို့နှင့်ပတ်သက်၍ မိန့်ဆိုသောဤစကားကိုနားထောင်လော့။-
1 Ouvi esta palavra que o SENHOR fala contra vós, filhos de Israel, contra toda a família que fiz subir da terra do Egito, dizendo:
2 ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
2 De todas as famílias da terra só a vós vos tenho conhecido; portanto eu vos punirei por todas as vossas iniqüidades.
3 လူနှစ်ဦးသည်တွေ့ဆုံရန်မချိန်းဆိုဘဲ အတူခရီးပြုနိုင်မည်လော။
3 Porventura andarão dois juntos, se não estiverem de acordo?
4 ခြင်္သေ့သည်သားကောင်ကိုမတွေ့ဘဲတော ထဲ၌ အကြောင်းမဲ့ဟောက်နေမည်လော။
4 Rugirá o leão no bosque, sem que tenha presa? Levantará o leãozinho no seu covil a sua voz, se nada tiver apanhado?
5 အစာမပါသောကျော့ကွင်းဖြင့်ကောင်းကင်မှ ငှက်တစ်ကောင်ကိုထောင်ဖမ်းနိုင်သလော။
5 Cairá a ave no laço em terra, se não houver armadilha para ela? Levantar-se-á da terra o laço, sem que tenha apanhado alguma coisa?
6 မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။
6 Tocar-se-á a trombeta na cidade, e o povo não estremecerá? Sucederá algum mal na cidade, sem que o Senhor o tenha feito?
7 အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
7 Certamente o Senhor DEUS não fará coisa alguma, sem ter revelado o seu segredo aos seus servos, os profetas.
8 ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။
8 Rugiu o leão, quem não temerá? Falou o Senhor DEUS, quem não profetizará?
9 အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။''
9 Fazei ouvir isso nos palácios de Asdode, e nos palácios da terra do Egito, e dizei: Ajuntai-vos sobre os montes de Samaria, e vede que grandes alvoroços há no meio dela, e como são oprimidos dentro dela.
10 ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
10 Porque não sabem fazer o que é reto, diz o Senhor, aqueles que entesouram nos seus palácios a violência e a destruição.
11 သို့ကြောင့်ရန်သူတစ်နိုင်ငံသည်သူတို့၏ မြို့များကိုဝိုင်းရံ၍ သူတို့၏ခံတပ်များ ကိုဖြိုခွင်းလိုက်မည်။ သူတို့၏ဘုံနန်းများ ကိုလည်းလုယက်ဖျက်ဆီးလိမ့်မည်'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
11 Portanto, o Senhor DEUS diz assim: O inimigo virá, e cercará a terra, derrubará a tua fortaleza, e os teus palácios serão saqueados.
12 ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-
12 Assim diz o Senhor: Como o pastor livra da boca do leão as duas pernas, ou um pedaço da orelha, assim serão livrados os filhos de Israel que habitam em Samaria, no canto da cama, e no damasco do leito.
13 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကငါပြောသောစကားကို ယခုပင်နာယူ ပြီးယာကုပ်မျိုးနွယ်တို့အားသတိပေး ဆင့်ဆိုလော့။-
13 Ouvi, e protestai contra a casa de Jacó, diz o Senhor DEUS, o Deus dos Exércitos;
14 ငါသည်ဣသရေလအမျိုးသားတို့ကို အပြစ်ပေးသောနေ့၌ ဗေသလယဇ်ပလ္လင်တို့ ကိုဖျက်ဆီးလိုက်မည်။ ယဇ်ပလ္လင်တိုင်း၏ထောင့် များ၌ရှိသောဦးချိုတို့ကိုခုတ်လှဲ၍မြေ ပေါ်သို့ကျသွားစေမည်။-
14 Pois no dia em que eu punir as transgressões de Israel, também castigarei os altares de Betel; e as pontas do altar serão cortadas, e cairão por terra.
15 ငါသည်သူတို့ဇိမ်ခံရာနွေရာသီဂေဟာနှင့် ဆောင်းရာသီအိမ်တော်များကိုဖျက်ပစ်မည်။ ဆင်စွယ်ဖြင့်မွန်းမံသောအိမ်ရာများပြိုလဲ ကြ၍ မဟာဂေဟာမှန်သမျှပျက်စီးရ မည်'' ဟုမိန့်တော်မူ၏။
15 E ferirei a casa de inverno juntamente com a casa de verão; e as casas de marfim perecerão, e as grandes casas terão fim, diz o Senhor.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Amós 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.