Amós 2

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ဧ​ဒုံ​မင်း​၏ အ​ရိုး​စု​ကို​ပြာ​ချ​လိုက်​ခြင်း​ဖြင့် ဧ​ဒုံ မင်း​ကို​မ​လေး​မ​စား​ပြု​ခဲ့​ကြ​ပြီ။-
1 Assim diz o S enhor : “Os habitantes de Moabe pecaram repetidamente; não deixarei que fiquem impunes! Queimaram os ossos do rei de Edom até reduzi-los a cinzas.
2 ငါ​သည်​မော​ဘ​ပြည်​အ​ပေါ်​သို့​မီး​မိုး​ရွာ စေ​ပြီး​ကေ​ရုတ်​မြို့​၏​ရဲ​တိုက်​များ​ကို​ပြာ ချ​လိုက်​မည်။ စစ်​သည်​တို့​၏​အော်​သံ​ဟစ် သံ၊ ခ​ရာ​သံ​နှင့်​တိုက်​ပွဲ​သံ​များ​ဆူ​ဆူ ညံ​ညံ​ပြင်း​ထန်​နေ​သော​အ​ချိန်​မှာ​ပင် မော​ဘ​ပြည်​သား​များ​သေ​ဆုံး​လိမ့်​မည်။-
2 Por isso enviarei fogo sobre a terra de Moabe, e as fortalezas de Queriote serão destruídas. Os que habitam nela cairão em meio ao ruído da batalha, aos gritos dos guerreiros e ao som da trombeta.
3 ငါ​သည်​မော​ဘ​မင်း​ကို​သတ်​မည်။ မော​ဘ နိုင်​ငံ​ရှိ​ခေါင်း​ဆောင်​အား​လုံး​ကို​ကွပ်​မျက် မည်'' ဟု​မိန့်​တော်​မူ​၏။
3 Destruirei seu rei e matarei seus príncipes”, diz o S
4 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ငါ​၏​သြ​ဝါ​ဒ ကို​ရွံ​မုန်း​၍​ငါ​ပေး​သော​ပ​ညတ်​တို့​ကို မ​စောင့်​ရှောက်​ဘဲ​နေ​ကြ​လေ​ပြီ။ သူ​တို့ ဘိုး​ဘေး​များ​ဆည်း​ကပ်​ကိုး​ကွယ်​ခဲ့​သော မိစ္ဆာ​ဘု​ရား​များ​နောက်​သို့​ကိုယ်​တိုင်​လိုက် ပါ​ကာ​လမ်း​လွဲ​ကြ​လေ​ပြီ။-
4 Assim diz o S enhor : “Os habitantes de Judá pecaram repetidamente; não deixarei que fiquem impunes! Rejeitaram a lei do S e não obedeceram a seus decretos. Foram desviados pelas mesmas mentiras que enganaram seus antepassados.
5 ထို့​ကြောင့်​ငါ​သည်​ယု​ဒ​ပြည်​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး​ယေ​ရု​ရှ​လင်​မြို့​၏​ရဲ​တိုက်​များ ကို​ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။
5 Por isso enviarei fogo sobre Judá, e as fortalezas de Jerusalém serão destruídas”.
6 ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ကြွေး​မ​ဆပ် နိုင်​သော​ရိုး​ဖြောင့်​သူ​များ​နှင့် ခြေ​နင်း​တစ် ရံ​အ​တွက်​ကို​မျှ​ကြွေး​မ​ဆပ်​နိုင်​သော ဆင်း​ရဲ​သား​တို့​ကို​ကျွန်​အ​ဖြစ်​ရောင်း​ချ ကြ​သည်။-
6 Assim diz o S enhor : “Os habitantes de Israel pecaram repetidamente; não deixarei que fiquem impunes! Vendem por prata o justo e, por um par de sandálias, o pobre.
7 သူ​တို့​သည်​အား​နွဲ့​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​များ​ကို​နင်း​ချေ​ပြီး​ဆင်း​ရဲ​သား​တို့ ကို​တွန်း​ထုတ်​ဖယ်​ရှား​ကြ​ပြီ။ အ​ဘ​နှင့် သား​သည်​ကျွန်​မိန်း​က​လေး​တစ်​ယောက် တည်း​နှင့်​ဆက်​ဆံ​လျက်​ငါ​၏​သန့်​ရှင်း ရာ​နာ​မ​တော်​ကို​အ​သ​ရေ​ပျက်​စေ​ပြီ။-
7 Pisoteiam a cabeça dos indefesos no pó e empurram os oprimidos para fora do caminho. Pai e filho dormem com a mesma mulher e assim profanam meu santo nome.
8 ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။
8 Aos pés dos altares reclinam-se com roupas que seus devedores lhes deram como garantia. Na casa de seus deuses, bebem vinho comprado com multas injustas.
9 ``ထို​သို့​နှင့်​ပင်​ငါ​၏​လူ​မျိုး​အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​အ​တွက်​အာ​ရဇ်​ပင်​တ​မျှ မြင့်​မား​၍​သ​ပိတ်​ပင်​အ​လား သန်​မာ​လှ သည့်​အာ​မော​ရိ​လူ​မျိုး​ကို​အ​ပြီး​အ​ပိုင် တိုက်​ဖျက်​ခဲ့​ပြီ။-
9 “Diante dos olhos de meu povo, destruí os amorreus, embora fossem altos como cedros e fortes como carvalhos. Destruí os frutos de seus galhos e arranquei suas raízes.
10 ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-
10 Trouxe vocês do Egito e os guiei quarenta anos pelo deserto, para que possuíssem a terra dos amorreus.
11 ငါ​သည်​သင်​တို့​၏​သား​အ​ချို့​ကို​ပ​ရော ဖက်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ သင်​တို့​၏ လူ​ငယ်​အ​ချို့​ကို​နာ​ဇ​ရိ​လူ​အ​ဖြစ်​နှင့် လည်း​ကောင်း​ရွေး​ကောက်​ခဲ့​ပြီ။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​အ​ချက်​သည်​အ​မှန် ပင်​ဖြစ်​သည်​မ​ဟုတ်​လော။ ဤ​သည်​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
11 Escolhi alguns de seus filhos para serem profetas e outros, para serem nazireus. Acaso podem negar isso, israelitas?”, diz o S
12 သို့​ရာ​တွင်​သင်​သည်​နာ​ဇ​ရိ​လူ​တို့​အား စ​ပျစ်​ရည်​ကို​သောက်​စေ​၍​ပ​ရော​ဖက်​တို့ အား​ငါ​၏​သ​တင်း​စ​ကား​ကို​ကြား​ပြော ခြင်း​မ​ပြု​ရန်​တား​မြစ်​ခဲ့​ကြ​လေ​ပြီ။-
12 “Mas vocês deram vinho para os nazireus beberem e ordenaram a seus profetas: ‘Chega de profecias!’.
13 ထို့​ကြောင့်​ငါ​သည်​သင့်​အား​မြေ​ကြီး​ပေါ် နင်း​ချေ​၍​သင်​သည်​ဂျုံ​စ​ပါး​အ​ပြည့်​တင် ထား​သည့်​လှည်း​ကဲ့​သို့ ငြီး​တွား​ရ​လိမ့်​မည်။-
13 “Por isso eu os esmagarei, como uma carroça sobrecarregada de trigo amassa a terra.
14 လျင်​မြန်​စွာ​ပြေး​နိုင်​သူ​များ​ပင်​လျှင်​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်။ သန်​စွမ်း​သော​သူ​များ သည်​လည်း​အား​အင်​ကုန်​ခန်း​၍​စစ်​သူ​ရဲ​တို့ သည်​လည်း​မိ​မိ​တို့​၏​အ​သက်​ကို​ကယ်​နိုင် လိမ့်​မည်​မ​ဟုတ်။-
14 O que corre mais rápido não escapará, o mais forte em seu meio se enfraquecerá, nem o guerreiro valente se salvará.
15 လေး​ကို​ကိုင်​စွဲ​ထား​သော​သူ​များ​သည်​လည်း ရပ်​တည်​ခြင်း​ငှာ​မ​တတ်​နိုင်​ကြ။ လျင်​မြန်​စွာ ပြေး​နိုင်​သူ​များ​သည်​လည်း​လွတ်​လိမ့်​မည် မ​ဟုတ်၊ မြင်း​ပေါ်​မှ​လူ​များ​သည်​လည်း​မိ​မိ တို့​အ​သက်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်။-
15 O arqueiro não manterá sua posição, o corredor mais veloz não conseguirá escapar, nem o que estiver a cavalo se salvará.
16 ထို​နေ့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​စစ်​သူ​ရဲ များ​ပင်​လျှင် မိ​မိ​၏​လက်​နက်​များ​ကို​စွန့် လျက်​ထွက်​ပြေး​ကြ​လိမ့်​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
16 Naquele dia, seus guerreiros mais corajosos largarão as armas e fugirão”, diz o S

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Amós 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.