3 João 1
Common Language Bible (MYA) vs NVI
1 အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။
1 O presbítero ao amado Gaio, a quem amo na verdade.
2 ချစ်ဆွေ၊ သင်သည်အစစအရာရာတွင် ကြီးပွားတိုးတက်၍ကျန်းမာရွှင်လန်းစေ ရန်ငါဆုတောင်း၏။ သင်၏ဝိညာဉ်ပါရမီ တိုးတက်လျက်ရှိကြောင်းငါသိ၏။-
2 Amado, oro para que você tenha boa saúde e tudo lhe corra bem, assim como vai bem a sua alma.
3 သင်သည်သမ္မာတရားကိုအမြဲလိုက်နာခဲ့ သည့်အတိုင်း ယခုလည်းသစ္စာနှင့်လိုက်နာကျင့် သုံးလျက်ရှိကြောင်းကို ညီအစ်ကိုအချို့တို့ လာရောက်ပြောပြ၍ကြားရသဖြင့်ငါ သည်အလွန်ဝမ်းမြောက်၏။-
3 Muito me alegrei ao receber a visita de alguns irmãos que falaram a respeito da sua fidelidade, de como você continua andando na verdade.
4 ငါ့အားဝမ်းအမြောက်ဆုံးဖြစ်စေသည့်အရာ မှာ သမ္မာတရားကိုငါ့သားသမီးများလိုက် နာကျင့်သုံးကြကြောင်းသတင်းကိုကြားရ ခြင်းပင်ဖြစ်သည်။
4 Não tenho alegria maior do que ouvir que meus filhos estão andando na verdade.
5 ချစ်ဆွေ၊ သင်သည်မိမိမသိမကျွမ်းသူညီ အစ်ကိုများကိုပင်လျှင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့်ဆောင်ရွက်ပေသည်။-
5 Amado, você é fiel no que está fazendo pelos irmãos, apesar de lhe serem desconhecidos.
6 ထိုသူတို့သည်သင်၏မေတ္တာအကြောင်းကို ဤ အသင်းတော်ရှေ့၌သက်သေခံကြလေပြီ။ သူ တို့သည်ရှေ့သို့ခရီးဆက်နိုင်ကြစေရန်သူ တို့အားဘုရားသခင်နှစ်သက်တော်မူသည့် အတိုင်းကူညီမစပါလော့။-
6 Eles falaram à igreja a respeito deste seu amor. Você fará bem se os encaminhar em sua viagem de modo agradável a Deus,
7 သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။-
7 pois foi por causa do Nome que eles saíram, sem receber ajuda alguma dos gentios.
8 သို့ဖြစ်၍ငါတို့များသည်သမ္မာတရားပြန့် ပွားရေးလုပ်ငန်းတွင် ထိုသူတို့၏လုပ်ဖော် ဆောင်ဘက်များဖြစ်နိုင်ရန်သူတို့အားကူညီ မစရမည်။
8 É, pois, nosso dever receber com hospitalidade a irmãos como esses, para que nos tornemos cooperadores em favor da verdade.
9 ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။-
9 Escrevi à igreja, mas Diótrefes, que gosta muito de ser o mais importante entre eles, não nos recebe.
10 သို့ဖြစ်၍ငါလာသောအခါမှသူပြုသမျှ သောအမှုတို့ကိုထုတ်ဖော်ပြောဆိုမည်။ သူ သည်ငါတို့အားမလိုမုန်းထားစွပ်စွဲပြော ဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲသူကိုယ် တိုင်ပင်လျှင် ညီအစ်ကိုများကိုလက်မခံ၊ လက်ခံလိုသူများအားလည်းတားမြစ် လျက်အသင်းတော်မှနှင်ထုတ်ရန်ကြိုး စား၏။
10 Portanto, se eu for, chamarei a atenção dele para o que está fazendo com suas palavras maldosas contra nós. Não satisfeito com isso, ele se recusa a receber os irmãos, impede os que desejam recebê-los e os expulsa da igreja.
11 ချစ်ဆွေ၊ စံနမူနာကောင်းကိုအတုယူပါ။ စံနမူနာဆိုးကိုအတုမယူနှင့်။ အကျင့် ကောင်းကိုပြုကျင့်သူသည်ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အကျင့်ဆိုးကိုပြု ကျင့်သူကားဘုရားသခင်ကိုမသိမြင် သေးသူဖြစ်၏။
11 Amado, não imite o que é mau, mas sim o que é bom. Aquele que faz o bem é de Deus; aquele que faz o mal não viu a Deus.
12 ဒေမေတရိကို လူတိုင်းချီးမွမ်းပြောဆို ကြပေသည်။ သမ္မာတရားသည်သူ့ဘက်၌ သက်သေခံ၏။ ငါတို့သည်ထပ်လောင်း၍ ထောက်ခံ၏။ ငါတို့ထောက်ခံချက်သည် ခိုင်လုံကြောင်းသင်သိ၏။
12 Quanto a Demétrio, todos dão bom testemunho dele, inclusive a própria verdade. Nós também damos, e você sabe que o nosso testemunho é verdadeiro.
13 သင်တို့အားပြောစရာအကြောင်းအရာ များစွာရှိသော်လည်းငါသည်စာအားဖြင့် မရေးဘဲ၊-
13 Tenho muito que lhe escrever, mas não desejo fazê-lo com pena e tinta.
14 ငါသည်သင့်ထံသို့မကြာမီရောက်၍သင်နှင့် မျက်နှာစုံညီတွေ့ဆုံပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။
14 Espero vê-lo em breve, e então conversaremos face a face.
15 သင်၌ငြိမ်သက်ခြင်းရှိပါစေသော။
15 A paz seja com você. Os amigos daqui lhe enviam saudações. Saúde os amigos daí, um por um.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 3 João 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.