2 Timóteo 3
Common Language Bible (MYA) vs ARA
1 အဆုံးစွန်သောနေ့ရက်တို့သည်ကြပ်တည်း ခဲယဉ်းသောကာလဖြစ်မည်ကိုသိမှတ်လော့။-
1 Sabe, porém, isto: nos últimos dias, sobrevirão tempos difíceis,
2 လူတို့သည်တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ လောဘ ကြီးသူ၊ ကြွားဝါသူ၊ မိမိကိုယ်ကိုအထင်ကြီး သူ၊ စော်ကားသူ၊ မိဘတို့ကိုတော်လှန်သူ၊ ကျေးဇူး တရားမသိသူ၊ ဘုရားတရားမကြည်ညိုသူ၊-
2 pois os homens serão egoístas, avarentos, jactanciosos, arrogantes, blasfemadores, desobedientes aos pais, ingratos, irreverentes,
3 အကြင်နာကင်းမဲ့သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ သူတစ်ပါးအသရေကိုဖျက်သူ၊ အကြမ်းဖက် သူ၊ ကြမ်းတမ်းသူ၊ ကောင်းမြတ်သည့်အရာကို မုန်းသူ၊-
3 desafeiçoados, implacáveis, caluniadores, sem domínio de si, cruéis, inimigos do bem,
4 သစ္စာဖောက်သူ၊ အရမ်းမဲ့ပြုမူသူ၊ မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ် ခံစားမှုကိုပို၍နှစ်သက်သူ၊-
4 traidores, atrevidos, enfatuados, mais amigos dos prazeres que amigos de Deus,
5 ဘာသာတရားဆိုင်ရာဋ္ဌလေ့ထုံးစံများကို လိုက်နာကြသော်လည်း ဘာသာတရား၏ပြု ပြင်သောတန်ခိုးကိုမူကားငြင်းပယ်သောသူ များဖြစ်ကြလိမ့်မည်။ သင်သည်ထိုသူတို့ကို ရှောင်ရှားလော့။-
5 tendo forma de piedade, negando-lhe, entretanto, o poder. Foge também destes.
6 သူတို့အနက်အချို့တို့သည်အိမ်များသို့ဝင်၍ အသိအလိမ္မာနည်းသည့်အမျိုးသမီးတို့ကို မိမိတို့လက်တွင်းသို့ရောက်အောင်ပြုလုပ်တတ် ကြ၏။ ထိုအမျိုးသမီးများသည်မိမိတို့ပြု မိခဲ့သည့်အပြစ်များဖြင့်ဝန်လေး၍ အမျိုး မျိုးသောအာသာရမ္မက်များ၏ဆွဲဆောင်မှု ကိုခံလျက်၊-
6 Pois entre estes se encontram os que penetram sorrateiramente nas casas e conseguem cativar mulherinhas sobrecarregadas de pecados, conduzidas de várias paixões,
7 သင်ကြားမှုကိုခံယူရန်အစဉ်ပင်လိုလားကြ သော်လည်း အဘယ်အခါ၌မျှသမ္မာတရားကို နားလည်နိုင်စွမ်းမရှိသူများဖြစ်ကြ၏။-
7 que aprendem sempre e jamais podem chegar ao conhecimento da verdade.
8 ယန္နေနှင့်ယံဗြေတို့သည်မောရှေကိုဆန့်ကျင် ဖက်ပြုသကဲ့သို့ ထိုလူစုတို့သည်လည်းသမ္မာ တရားတော်ကိုဆန့်ကျင်ဘက်ပြုကြ၏။ သူ တို့သည်စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ ယုံကြည်ခြင်းပျက်ပြယ်သူများဖြစ်ပေသည်။-
8 E, do modo por que Janes e Jambres resistiram a Moisés, também estes resistem à verdade. São homens de todo corrompidos na mente, réprobos quanto à fé;
9 သို့ရာတွင်သူတို့၏အောင်မြင်မှုသည်တာရှည်ခံ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ယန္နေနှင့် ယံဗြေတို့၏မိုက်မဲမှုကဲ့သို့သူတို့၏မိုက်မဲမှု ကိုလူအပေါင်းတို့တွေ့ရှိလာမည်ဖြစ်သော ကြောင့်တည်း။
9 eles, todavia, não irão avante; porque a sua insensatez será a todos evidente, como também aconteceu com a daqueles.
10 သို့ရာတွင်သင်သည်ငါ၏သြဝါဒ၊ ငါ၏ အကျင့်အကြံနှင့်ငါ၏ဘဝရည်မှန်းချက်ကို သိမြင်ခဲ့ပြီ။ ငါ၏ယုံကြည်ခြင်း၊ ငါ၏သည်း ညည်းခံခြင်း၊ ငါ၏မေတ္တာ၊ ငါ၏ခံနိုင်ရည်၊-
10 Tu, porém, tens seguido, de perto, o meu ensino, procedimento, propósito, fé, longanimidade, amor, perseverança,
11 ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-
11 as minhas perseguições e os meus sofrimentos, quais me aconteceram em Antioquia, Icônio e Listra, — que variadas perseguições tenho suportado! De todas, entretanto, me livrou o Senhor.
12 ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားဝတ်၌မွေ့လျော်လိုသူတိုင်းနှိပ်စက် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။-
12 Ora, todos quantos querem viver piedosamente em Cristo Jesus serão perseguidos.
13 ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-
13 Mas os homens perversos e impostores irão de mal a pior, enganando e sendo enganados.
14 သို့သော်သင်သည်မိမိသင်ယူ၍စွဲမြဲစွာ ယုံကြည်သည့်သစ္စာတရားများကိုစောင့်ထိန်း လော့။ သင်အဘယ်သူတို့ထံမှနည်းနာခံခဲ့ သည်ကိုသင်သိ၏။-
14 Tu, porém, permanece naquilo que aprendeste e de que foste inteirado, sabendo de quem o aprendeste
15 သင်ငယ်ရွယ်စဉ်အခါမှစ၍အသိပညာ ကိုပေး၍ခရစ်တော်ယေရှုကိုယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိစေရန်လမ်းညွှန်သော ကျမ်းစာတော်မြတ်ကိုကောင်းစွာသိရှိခဲ့သူ ဖြစ်ကြောင်းကိုသင်သိ၏။-
15 e que, desde a infância, sabes as sagradas letras, que podem tornar-te sábio para a salvação pela fé em Cristo Jesus.
16 ကျမ်းစာတော်မှန်သမျှကိုဘုရားသခင်၏ လမ်းညွှန်မှုဖြင့်ရေးသားပြုစုထားသဖြင့် ထို ကျမ်းစာတော်သည်သမ္မာတရားတော်ကိုသွန် သင်ခြင်း၊ ဆုံးမသြဝါဒပေးခြင်း၊ အမှား များကိုပြုပြင်ခြင်း၊ လျောက်ပတ်စွာသက်ရှင် နေထိုင်တတ်ရန်လမ်းညွှန်ခြင်းတို့ကိုပြု သောအားဖြင့်၊-
16 Toda a Escritura é inspirada por Deus e útil para o ensino, para a repreensão, para a correção, para a educação na justiça,
17 ဘုရားသခင်၏အမှုတော်ဆောင်သည်ကောင်း မြတ်သည့်အမှုအမျိုးမျိုးတို့ကိုဆောင်ရွက် ရန်လိုအပ်သည့်ပြင်ဆင်မှုရှိပြီးလျှင် အရည် အချင်းများနှင့်ပြည့်ဝစုံလင်၍လာပေအံ့။
17 a fim de que o homem de Deus seja perfeito e perfeitamente habilitado para toda boa obra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Timóteo 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.