2 Timóteo 2

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။-
1 Meu filho, seja forte por meio da graça que há em Cristo Jesus.
2 အ​သိ​သက်​သေ​များ​ရှေ့​တွင်​ငါ​သွန်​သင်​ခဲ့ သည့်​အ​ရာ​များ​ကို​သင်​သည်​ကြား​သိ​ရ​လေ ပြီ။ သူ​တစ်​ပါး​တို့​အား​တစ်​ဆင့်​သွန်​သင်​နိုင် မည်​ဟု​စိတ်​ချ​ယုံ​ကြည်​ရ​သူ​တို့​အား​ထို သွန်​သင်​ချက်​များ​ကို​လက်​ဆင့်​ကမ်း​လော့။
2 Você me ouviu ensinar verdades confirmadas por muitas testemunhas confiáveis. Agora, ensine-as a pessoas de confiança que possam transmiti-las a outros.
3 သင်​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သည်​တော် ကောင်း​အ​နေ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။-
3 Suporte comigo o sofrimento, como bom soldado de Cristo Jesus.
4 အ​လုပ်​ဝတ္တ​ရား​ထမ်း​ဆောင်​နေ​ဆဲ​ဖြစ်​သော စစ်​သား​သည်​မိ​မိ​နှင့်​မ​ဆိုင်​သည့်​အ​ရေး အ​ခင်း​များ​တွင်​ပါ​ဝင်​မှု​ကို​ရှောင်​ရှား​တတ်​၏။ သူ​၏​တစ်​ခု​တည်း​သော​ရည်​ရွယ်​ချက်​မှာ မိ​မိ​တပ်​မှူး​၏​ကျေ​နပ်​မှု​ကို​ရ​ရှိ​ရန်​ပင် ဖြစ်​ပေ​သည်။-
4 Nenhum soldado se deixa envolver em assuntos da vida civil, pois se o fizesse não poderia agradar o oficial que o alistou.
5 အား​က​စား​မှု​ဆိုင်​ရာ​စည်း​ကမ်း​ဥ​ပ​ဒေ​များ ကို​မ​လိုက်​နာ​လျှင် အ​ဘယ်​အား​က​စား​သ​မား မျှ​အောင်​ပန်း​ကို​ဆွတ်​ခူး​နိုင်​လိမ့်​မည်​မ​ဟုတ်။-
5 O atleta não conquista o prêmio se não seguir as regras.
6 ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ခဲ့​သော​လယ်​သ​မား သည်​သီး​နှံ​ကို​ဦး​စွာ​စား​သုံး​သင့်​သည်။-
6 E o lavrador que trabalha arduamente deve ser o primeiro a colher o fruto de seu esforço.
7 ငါ့​စ​ကား​ကို​ဆင်​ခြင်​လော့။ ယင်း​ကို​နား​လည် စေ​ရန်​သ​ခင်​ဘု​ရား​သည်​သင့်​အား​ကူ​ညီ တော်​မူ​လိမ့်​မည်။
7 Pense no que estou lhe dizendo. O Senhor o ajudará a entender todas essas coisas.
8 ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​ဒါ​ဝိဒ် မင်း​မှ​ဆင်း​သက်​တော်​မူ​၍​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​ကို သ​တိ​ရ​လော့။-
8 Lembre-se de que Jesus Cristo, descendente do rei Davi, ressuscitou dos mortos. Essas são as boas-novas que eu anuncio.
9 ငါ​သည်​ထို​သ​တင်း​ကောင်း​အ​တွက်​ကြောင့် ရာ​ဇ​ဝတ်​ကောင်​ကဲ့​သို့​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သံ​ကြိုး​များ​နှင့်​ပင်​အ​ချည်​အ​နှောင်​ခံ​ရ​၏။ သို့​သော်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် မူ​ကား​ချုပ်​နှောင်​မှု​နှင့်​ကင်း​လွတ်​၏။-
9 E, por causa disso, sofro e estou preso como um criminoso. Mas a palavra de Deus não está presa.
10 ထို့​ကြောင့်​ငါ​သည်​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​စု​တော်​၏​အ​တွက်​မည့်​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​မ​ဆို​ခံ​၏။ ဤ​သို့​ခံ​ခြင်း​မှာ သူ​တို့​သည်​လည်း​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ နှင့်​တ​ကွ​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင် ခြင်း​ကို​ခံ​ရ​စေ​ရန်​ဖြစ်​၏။-
10 Portanto, estou disposto a suportar qualquer coisa se isso trouxer salvação e glória eterna em Cristo Jesus para os que foram escolhidos.
11 အောက်​ပါ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​ပေ​သည်။
11 Esta é uma afirmação digna de confiança: “Se morrermos com ele, também com ele viveremos.
12 ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။
12 Se perseverarmos, com ele reinaremos. Se o negarmos, ele nos negará.
13 ငါ​တို့​သစ္စာ​ဖောက်​လျှင်​ကိုယ်​တော်​သည် သစ္စာ​ဖောက်​တော်​မ​မူ။
13 Se formos infiéis, ele permanecerá fiel, pois não pode negar a si mesmo”.
14 ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​၏​လူ​စု အား​သ​တိ​ပေး​လော့။ စ​ကား​အ​သုံး​အ​နှုန်း နှင့်​ပတ်​သက်​၍​ငြင်း​ခုံ​မှု​သည်​မည်​သည့် အ​ကျိုး​ကို​မျှ​မ​ပြု​စု​တတ်။ ကြား​ရ​သူ​တို့ ၏​အ​ကျိုး​ကို​သာ​ယုတ်​စေ​တတ်​၏။-
14 Lembre essas coisas a todos e ordene-lhes na presença de Deus que deixem de brigar por causa de palavras. Essas discussões são inúteis e podem causar grave prejuízo a quem as ouve.
15 သင်​သည်​ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ သော​အ​မှု​တော်​ဆောင်​အ​နေ​ဖြင့်​လည်း​ကောင်း၊ သမ္မာ​တ​ရား​တော်​ကို​မှန်​ကန်​စွာ​ဟော​ပြော သွန်​သင်​သူ​အ​နေ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​စေ​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​လော့။-
15 Esforce-se sempre para receber a aprovação do Deus a quem você serve. Seja um bom trabalhador, que não tem de que se envergonhar e que ensina corretamente a palavra da verdade.
16 ဘု​ရား​ကို​မ​ကြည်​ညို​သော​အ​ချည်း​နှီး စ​ကား​ကို​ရှောင်​လော့။ ထို​ကဲ့​သို့​သော​စ​ကား သည် လူ​တို့​အား​ဘု​ရား​နှင့်​ပို​၍​ပင်​ဝေး ကွာ​စေ​၏။-
16 Evite conversas tolas e profanas, que só levam a mais comportamentos mundanos.
17 ယင်း​သွန်​သင်​ချက်​သည်​အ​သား​ကို​ပုပ်​ရိ စေ​တတ်​သည့်​ခူ​နာ​နှင့်​တူ​၏။ ထို​သို့​သွန်​သင် သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက်​တို့​လည်း ပါ​ကြ​၏။-
17 Esse tipo de conversa se espalha como câncer, a exemplo do ocorrido com Himeneu e Fileto.
18 သူ​တို့​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ​သွား လျက်​သေ​လွန်​သော​သူ​တို့​သည် ရှင်​ပြန်​ထ မြောက်​ပြီ​ဟူ​၍​ဆို​ကာ လူ​အ​ချို့​တို့​၏ ယုံ​ကြည်​ခြင်း​ကို​မှောက်​လှန်​နေ​ကြ​၏။-
18 Eles deixaram o caminho da verdade, afirmando que a ressurreição dos mortos já aconteceu, e com isso desviaram alguns da fé.
19 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​ချ​ထား​တော်​မူ သည့်​အုတ်​မြစ်​သည်​ခိုင်​ခံ့​လျက်​ရှိ​ပေ​သည်။ ထို​အုတ်​မြစ်​ပေါ်​တွင်``ထာ​ဝ​ရဘု​ရား​သည် မိ​မိ​၏​လူ​စု​တော်​အား​သိ​တော်​မူ​၏'' ဟူ​၍ လည်း​ကောင်း၊``သ​ခင်​ဘု​ရား​၏​နာမ​တော်​ကို ခံ​ရ​သူ​အ​ပေါင်း​တို့​သည်​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရ​ကြ​မည်'' ဟူ​၍​လည်း​ကောင်း ကမ္ပည်း​ရေး​ထိုး​၍​ထား​သ​တည်း။
19 Mas o alicerce sólido de Deus permanece firme, com esta inscrição: “O Senhor conhece quem pertence a ele” e “Todos que pertencem ao Senhor devem se afastar do mal”.
20 မည်​သည့်​အိမ်​ကြီး​၌​မ​ဆို​ရွှေ၊ ငွေ​အ​သုံး အ​ဆောင်​များ​သာ​လျှင်​ရှိ​သည်​မ​ဟုတ်။ သစ် သား​နှင့်​ရွှံ့​မြေ​ဖြင့်​လုပ်​သော​အ​သုံး​အ​ဆောင် များ​လည်း​ရှိ​ပေ​သည်။ အ​ချို့​ကို​အ​ခါ​ကြီး ရက်​ကြီး​များ​၌​အ​သုံး​ပြု​၍​အ​ချို့​ကို နေ့​တိုင်း​အ​သုံး​ပြု​သည်။-
20 Numa casa grande, alguns utensílios são de ouro e de prata, e outros, de madeira e de barro. Os utensílios de mais valor são reservados para ocasiões especiais, e os de menos valor, para uso diário.
21 ဖော်​ပြ​ခဲ့​သည့်​မ​ကောင်း​မှု​များ​ကို​ရှောင်​ကြဉ် သူ​သည် မိ​မိ​သ​ခင်​အ​တွက်​ဆက်​ကပ်​ထား​၍ အ​သုံး​ဝင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​အ​ရာ မှန်​သ​မျှ​ကို​လုပ်​ဆောင်​ရန်​အ​သင့်​ရှိ​သူ​ဖြစ် သ​ဖြင့်​အ​ထူး​အ​သုံး​ပြု​ခြင်း​ကို​ခံ​ရ​လိမ့် မည်။-
21 Se você se mantiver puro, será um utensílio para fins honrosos. Sua vida será limpa, e você estará pronto para que o Senhor da casa o empregue para toda boa obra.
22 သက်​ရွယ်​ပျို​သူ​တို့​၏​ရမ္မက်​ဆန္ဒ​များ​ကို​ရှောင် ကြဉ်​လော့။ သ​ခင်​ဘု​ရား​အား​သန့်​ရှင်း​စင်​ကြယ် သော​စိတ်​နှင့်​ပတ္ထ​နာ​ပြု​သူ​အ​ပေါင်း​တို့​နှင့် အ​တူ​ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း​တ​ရား၊ မေတ္တာ​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရှာ လော့။-
22 Fuja de tudo que estimule as paixões da juventude. Em vez disso, busque justiça, fidelidade, amor e paz, na companhia daqueles que invocam o Senhor com coração puro.
23 သို့​ရာ​တွင်​မိုက်​မဲ​၍​အ​သိ​ပ​ညာ​ကင်း​မဲ့​သော ငြင်း​ခုံ​မှု​များ​ကို​ရှောင်​လော့။ ယင်း​တို့​သည်​ခိုက် ရန်​ဖြစ်​ပွား​မှု​ကို​ပြု​စု​ပေး​တတ်​ကြောင်း​သင် သိ​၏။-
23 Digo mais uma vez: não se envolva em discussões tolas e ignorantes que só servem para gerar brigas.
24 သ​ခင်​ဘု​ရား​၏​အ​စေ​ခံ​သည်​ခိုက်​ရန်​မ​ပြု​ဘဲ လူ​တိုင်း​ကို​သ​နား​တတ်​၍​သည်း​ခံ​တတ်​သော​ဋ္ဌမ္မ ဆ​ရာ​ကောင်း​ဖြစ်​ရ​မည်။-
24 O servo do Senhor não deve viver brigando, mas ser amável com todos, apto a ensinar e paciente.
25 မိ​မိ​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​များ​ကို​နူး​ညံ့ သိမ်​မွေ့​စွာ​ဆုံး​မ​တတ်​သူ​ဖြစ်​ရ​မည်။ သူ​တို့​သည် နောင်​တ​ရ​၍​သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​နိုင်​ခွင့် ကို​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်။-
25 Instrua com mansidão aqueles que se opõem, na esperança de que Deus os leve ao arrependimento e, assim, conheçam a verdade.
26 ထို​အ​ခါ​သူ​တို့​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​ပြီး​လျှင် မာရ်​နတ်​၏​ကျော့​ကွင်း​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။ မာရ်​နတ်​သည်​မိ​မိ​အ​လို​အ​တိုင်း​လိုက်​နာ​စေ​ရန် သူ​တို့​အား​ဖမ်း​ဆီး​ထား​ခဲ့​ပေ​သည်။
26 Então voltarão ao perfeito juízo e escaparão da armadilha do diabo, que os prendeu para fazerem o que ele quer.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Timóteo 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.