2 Samuel 7
Common Language Bible (MYA) vs VC
1 ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
1 Ora, tendo o rei Davi acabado de instalar-se em sua residência, e tendo-lhe o Senhor dado paz, livrando-o de todos os inimigos que o cercavam,
2 ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။
2 disse ele ao profeta Natã: Vê: eu moro num palácio de cedro, e a arca de Deus está alojada numa tenda!
3 နာသန်က`ဘုရားသခင်သည်အရှင်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ အရှင်အလိုရှိသည့် အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။-
3 Natã respondeu-lhe: Pois bem: faze o que desejas fazer, porque o Senhor está contigo!
4 သို့ရာတွင်ထိုညဥ့်၌ထာဝရဘုရားသည် နာသန်အား၊-
4 Mas a palavra do Senhor foi dirigida a Natã naquela mesma noite, e dizia:
5 ``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူ့ အား`သင်သည်ငါကျိန်းဝပ်ရန်ဗိမာန်တော်ကို တည်ဆောက်ရမည်မဟုတ်။-
5 Vai e dize ao meu servo Davi: eis o que diz o Senhor: Não és tu quem me edificará uma casa para eu habitar.
6 ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
6 Desde que tirei da terra do Egito os filhos de Israel até o dia de hoje, não habitei casa alguma, mas, qual um viandante, tenho-me alojado sob a tenda e sob um tabernáculo improvisado.
7 ယင်းသို့မိမိ၏လူမျိုးတော်နှင့်လှည့်လည်တော် မူခဲ့စဉ်အဘယ်အခါ၌မျှ ငါသည်မိမိခန့် ထားသောခေါင်းဆောင်တို့အား`သင်တို့အဘယ် ကြောင့်ငါ၏အတွက်သစ်ကတိုးသားဗိမာန် တော်ကိုဆောက်လုပ်၍မပေးကြသနည်း' ဟု မေးတော်မမူခဲ့။-
7 E em todo esse tempo que andei no meio dos israelitas, falei eu porventura a algum dos chefes de Israel que encarreguei de apascentar o meu povo: por que não me edificas uma casa de cedro?
8 သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
8 Dirás, pois, ao meu servo Davi: eis o que diz o Senhor dos exércitos: eu te tirei das pastagens onde guardavas tuas ovelhas para fazer de ti o chefe de meu povo de Israel.
9 သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
9 Estive contigo em toda parte por onde andaste; exterminei diante de ti todos os teus inimigos, e fiz o teu nome comparável ao dos grandes da terra.
10 — ausente —
10 Designei um lugar para o meu povo de Israel: plantei-o nele, e ali ele mora, sem ser inquietado, e os maus não o oprimirão mais como outrora,
11 — ausente —
11 no tempo em que eu estabelecia juízes sobre o meu povo. Concedo-te uma vida tranqüila, livrando-te de todos os teus inimigos. O Senhor anuncia-te que quer fazer-te uma casa.
12 သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
12 Quando chegar o fim de teus dias e repousares com os teus pais, então suscitarei depois de ti a tua posteridade, aquele que sairá de tuas entranhas, e firmarei o seu reino.
13 သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
13 Ele me construirá um templo, e firmarei para sempre o seu trono real.
14 ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
14 Eu serei para ele um pai e ele será para mim um filho. Se ele cometer alguma falta, castigá-lo-ei com vara de homens, e com açoites de homens,
15 သင့်အားထီးနန်းအပ်နှင်းနိုင်ရန်ငါဖယ်ရှား လိုက်သည့်ရှောလု၏ထံမှ ငါ၏ထောက်ခံမှု ကိုရုပ်သိမ်းသကဲ့သို့သင်၏ထံမှရုပ်သိမ်း မည်မဟုတ်။-
15 mas não lhe tirarei a minha graça, como a retirei de Saul, a quem afastei de ti.
16 သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
16 Tua casa e teu reino estão estabelecidos para sempre diante de mim, e o teu trono está firme para sempre.
17 နာသန်သည်မိမိအားဘုရားသခင်မိန့် ကြားတော်မူသမျှတို့ကို ဒါဝိဒ်အားဆင့် ဆိုလေ၏။
17 Natã comunicou a Davi todas as palavras dessa revelação.
18 ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
18 O rei Davi veio apresentar-se ao Senhor e disse-lhe: Quem sou eu, Senhor Javé, e quem é a minha família, para que me tenhais trazido até aqui?
19 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
19 E como se isso parecesse pouco aos vossos olhos, Senhor Javé, fizestes promessas à casa de vosso servo, para tempos futuros! Acaso isso é normal para o homem, Senhor Javé?
20 အကျွန်ုပ်သည်အဘယ်သို့ကိုယ်တော်ရှင်အား ထပ်မံလျှောက်ထားနိုင်ပါမည်နည်း။ ကိုယ်တော် ရှင်၏အစေခံအကျွန်ုပ်အကြောင်းကိုကိုယ် တော်ရှင်သိတော်မူပါ၏။-
20 Que poderia acrescentar ainda Davi? Vós conheceis o vosso servo, Senhor Javé.
21 ကိုယ်တော်ရှင်သည်မိမိ၏အလိုတော်နှင့် အကြံအစည်တော်အရ ဤသို့ပြုတော်မူ ခြင်းဖြစ်ပါ၏။ အကျွန်ုပ်အားသွန်သင်စေရန် ဤကြီးမြတ်သည့်အမှုအရာများကိုပြု တော်မူပါပြီ။-
21 Conforme a vossa palavra e segundo o impulso do vosso coração, fizestes todas essas grandes coisas para manifestá-las ao vosso servo.
22 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-
22 Por isso sois grande, ó Senhor Javé. Ninguém há semelhante a vós, e não há outro Deus fora de vós, segundo tudo o que ouvimos dizer.
23 အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
23 E que povo há na terra semelhante ao vosso povo de Israel, a quem seu Deus veio resgatar para que se tornasse o seu povo, dando-lhe um nome, operando em seu favor grandes e terríveis prodígios, e expulsando diante do seu povo resgatado do Egito as nações com os seus deuses?
24 ကိုယ်တော်ရှင်သည်ဣသရေလလူမျိုးအား မိမိထာဝစဉ်ပိုင်ရာလူမျိုးတော်ဖြစ်စေ တော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်လည်းသူတို့၏ဘုရားဖြစ်တော် မူပြီ။''
24 Estabelecestes solidamente o vosso povo de Israel, para ser eternamente o vosso povo, e vós vos tornastes o seu Deus, ó Senhor.
25 ``အို ဘုရားသခင်၊ ထာဝရဘုရား၊ ကိုယ်တော့် ကျွန်နှင့်အိမ်ထောင်အတွက်ပေးတော်မူသော ကတိတော်ကိုထာဝစဉ်တည်မြဲစေတော် မူ၍ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။-
25 E agora, Senhor Deus, cumpri para sempre a promessa que fizestes a respeito do vosso servo e da sua casa, e fazei como dissestes.
26 ကိုယ်တော်ရှင်၏နာမတော်သည်အစဉ် အမြဲထင်ပေါ်ကျော်ကြားပါလိမ့်မည်။ လူ တို့က`အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူ၏' ဟုအစဉ်အမြဲပြောဆို ကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏အစေခံ ဒါဝိဒ်၏မင်းဆက်ကိုလည်းတည်မြဲစေ တော်မူပါ။-
26 Então será para sempre exaltado o vosso nome, e dirão: o Senhor dos exércitos é o Deus de Israel. E permaneça estável diante do vós a casa de vosso servo Davi.
27 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
27 Porque vós mesmo, ó Senhor dos exércitos, fizestes ao vosso servo esta revelação: eu te construirei uma casa. Por isso o vosso servo atreveu-se a dirigir-vos esta prece.
28 ``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဘုရားဖြစ်တော်မူပါ၏။ ကတိတော် တို့ကိုလည်းအစဉ်တည်မြဲစေတော်မူပါ၏။ ကိုယ်တော့်ကျွန်အားဤအံ့သြဖွယ်သော ကတိတော်ကိုပေးတော်မူပါပြီ။-
28 Agora, ó Senhor Javé, vós sois Deus, e vossas palavras são a mesma verdade. Pois que prometestes ao vosso servo esta graça,
29 ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။
29 abençoai desde agora a sua casa, para que ela subsista para sempre diante de vós; porque sois vós, Senhor Javé, que falastes, e graças à vossa bênção a casa de vosso servo será abençoada para sempre.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.