2 Samuel 6
Common Language Bible (MYA) vs NTLH
1 ဒါဝိဒ်သည်ဣသရေလပြည်မှလက်ရွေး စင်စစ်သည်ပေါင်းသုံးသောင်းကိုစုရုံးကာ၊-
1 Mais uma vez Davi reuniu os melhores soldados de Israel, num total de trinta mil homens.
2 ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။-
2 Levou-os à cidade de Baalá, em Judá, para pegarem a arca da aliança , que tem o nome do Senhor Todo-Poderoso, que se assenta no seu trono, entre os querubins .
3 သူတို့သည်သေတ္တာတော်ကိုလှည်းသစ်တစ်စီး တွင်တင်၍ တောင်ကုန်းပေါ်တွင်ရှိသောအဘိ နဒပ်၏အိမ်မှပင့်ဆောင်သွားကြ၏။ အဘိ နဒပ်၏သားများဖြစ်ကြသောသြဇနှင့် အဟိသြတို့သည်ပဋိညာဉ်သေတ္တာတော် လှည်းကိုမောင်းနှင်ရကြ၏။-
3 Colocaram a arca num carro de bois, novo, e a tiraram da casa de Abinadabe, que ficava num monte. Uzá e Aiô, filhos de Abinadabe, guiavam o carro
4 အဟိသြသည်သေတ္တာတော်၏ရှေ့မှသွား လေသည်။-
4 que carregava a arca. Aiô caminhava na frente.
5 ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီး ကူးရန်အစွမ်းကုန်ကခုန်ကြ၏။ သူတို့သည် စောင်းကြီးစောင်းငယ်၊ ပတ်သာ၊ နှဲ၊ ခရာ၊ လင်း ကွင်းအစရှိသည့်တူရိယာများကိုတီး မှုတ်ကြ၏။
5 Davi e todos os israelitas dançavam e cantavam com todas as suas forças em louvor a Deus, o Senhor . Eles tocavam harpas , liras , tambores, castanholas e pratos.
6 သူတို့သည်နာခုန်ကောက်နယ်တလင်းသို့ရောက် သောအခါ နွားတို့သည်ခြေချော်သဖြင့်သြဇ သည်ပဋိညာဉ်သေတ္တာတော်ကိုလှမ်း၍ကိုင် ထားလိုက်ရာ၊-
6 Quando chegaram ao campo de descascar cereais que pertencia a Nacom, os bois tropeçaram. Então Uzá estendeu a mão e segurou a arca da aliança.
7 ဘုရားသခင်ထာဝရဘုရားသည်အမျက် ထွက်တော်မူသဖြင့် သြဇအားရိုသေမှု ကင်းမဲ့သည့်အတွက်သေဒဏ်စီရင်တော်မူ၏။ သို့ဖြစ်၍သြဇသည်ပဋိညာဉ်သေတ္တာတော် ၏အနီးတွင်သေလေ၏။-
7 O Senhor Deus ficou irado com Uzá, por sua falta de respeito, e o matou. E Uzá morreu ali, ao lado da arca.
8 ထို့ကြောင့်ထိုအရပ်ကိုပေရဇာသြဇ ဟုယနေ့တိုင်အောင်ခေါ်ဝေါ်သမုတ်ကြလေ သည်။ ထာဝရဘုရားသည်သြဇအားအမျက် တော်ထွက်၍ဒဏ်ခတ်တော်မူသောကြောင့်ဒါဝိဒ် သည်လွန်စွာစိတ်ဆိုးတော်မူ၏။
8 Davi ficou furioso porque o Senhor , na sua ira, havia castigado Uzá; assim até hoje aquele lugar é chamado de Peres-Uzá .
9 ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားကိုကြောက် သဖြင့်``ငါသည်အဘယ်သို့ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ရပါမည်နည်း'' ဟုဆိုပြီး လျှင်၊-
9 Então Davi ficou com medo de Deus, o Senhor , e disse: — E agora como é que poderei levar comigo a arca da aliança?
10 မိမိနေပြည်တော်ယေရုရှလင်မြို့သို့ပင့် ဆောင်ခြင်းမပြုဘဲဂါသမြို့သားသြဗ ဒေဒုံ၏အိမ်သို့ပင့်ဆောင်သွားတော်မူ၏။-
10 Assim Davi resolveu não levar a arca para a sua cidade de Jerusalém; em vez disso, ele mudou de direção e a levou para a casa de Obede-Edom, que era da cidade de Gate.
11 သေတ္တာတော်သည်ထိုအိမ်တွင်သုံးလမျှကျိန်း ဝပ်တော်မူ၏။ ထာဝရဘုရားသည်လည်း သြဗဒေဒုံနှင့်မိသားစုတို့အားကောင်း ချီးပေးတော်မူ၏။
11 A arca da aliança ficou ali três meses, e o Senhor abençoou Obede-Edom e a sua família.
12 ပဋိညာဉ်သေတ္တာတော်အတွက်ကြောင့်သြဗ ဒေဒုံမိသားစုနှင့် သူပိုင်သမျှတို့ကိုထာဝရ ဘုရားကောင်းချီးပေးတော်မူကြောင်း ဒါဝိဒ် ကြားသိတော်မူသောအခါထိုသေတ္တာတော် ကိုအခမ်းအနားနှင့်တကွသြဗဒေဒုံအိမ် မှယေရုရှလင်မြို့သို့ပင့်ဆောင်တော်မူ၏။-
12 O rei Davi soube que, por causa da arca, o Senhor havia abençoado a família de Obede-Edom e tudo o que ele tinha. Então tirou a arca da casa de Obede-Edom e, com uma grande festa, a levou para a Cidade de Davi .
13 ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာသူတို့ သည်ခြေခြောက်လှမ်းမျှလှမ်းမိသောအခါ ဒါဝိဒ်သည်သူတို့အားရပ်စေပြီးလျှင် ထာဝရ ဘုရားအားနွားထီးတစ်ကောင်နှင့်ဆူဖြိုးသော သိုးတစ်ကောင်ကိုယဇ်ပူဇော်လေသည်။-
13 Depois que os homens que carregavam a arca deram seis passos, Davi ofereceu a Deus em sacrifício um touro e um bezerro gordo.
14 သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
14 Davi, vestindo um manto sacerdotal de linho, dançou com todo o entusiasmo em louvor a Deus, o Senhor .
15 သို့ဖြစ်၍မင်းကြီးနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် လျက် တံပိုးခရာများကိုမှုတ်လျက်ပဋိညာဉ် သေတ္တာတော်ကိုယေရုရှလင်မြို့သို့ပင့်ဆောင် လာကြ၏။
15 E assim ele e todos os israelitas levaram a arca da aliança para Jerusalém, com gritos de alegria e sons de trombetas.
16 သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာသော အခါရှောလု၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်ရာထာဝရဘုရား ၏ရှေ့တော်၌ ဒါဝိဒ်မင်းကခုန်လျက်နေသည် ကိုမြင်လေသော်မင်းကြီးအားရွံရှာမိ၏။-
16 Quando a arca estava entrando na cidade, Mical, filha de Saul, olhou pela janela, viu o rei Davi pulando e dançando em louvor ao Senhor . Então sentiu por ele um profundo desprezo.
17 လူတို့သည်သေတ္တာတော်ကိုပင့်ဆောင်ကာ ဒါဝိဒ်တည်ဆောက်ထားသည့်တဲတော်အတွင်း လျာထားသည့်နေရာ၌ထားကြ၏။ ထိုနောက် ဒါဝိဒ်သည်ထာဝရဘုရားအားမီးရှို့ရာ ယဇ်နှင့်မိတ်သဟာယယဇ်တို့ကိုပူဇော် လေသည်။-
17 Levaram a arca e a colocaram no seu lugar, na barraca que Davi tinha preparado para ela. Então ele ofereceu a Deus, o Senhor , sacrifícios que foram completamente queimados e ofertas de paz.
18 ယင်းသို့ပူဇော်ပြီးသောအခါသူသည် အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နာမတော်ကို အမှီပြု၍လူတို့အားကောင်းချီးပေးတော် မူ၏။-
18 Quando acabou de oferecer os sacrifícios e as ofertas, Davi abençoou o povo em nome do Senhor Todo-Poderoso.
19 ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
19 Depois deu a cada homem e a cada mulher de Israel um pão, um pedaço de carne assada e passas. Em seguida todos foram para casa.
20 ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။
20 Davi voltou para casa a fim de estar com a sua família, e Mical, filha de Saul, saiu para encontrá-lo. Ela disse: — Que bela figura fez hoje o rei de Israel! Parecia um sem-vergonha, mostrando o corpo para as empregadas dos seus funcionários!
21 ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊-
21 Davi respondeu: — Eu estava dançando em louvor ao
22 ငါ၏ကိုယ်ကိုပို၍ပင်အသရေပျက်စေပါ ဦးမည်။ သင်သည်ငါ့အားအထင်သေးသော် လည်းထိုကျွန်မိန်းမတို့ကမူအထင်ကြီး ကြမည်'' ဟုပြန်၍မိန့်တော်မူ၏။
22 e me humilharei ainda mais diante dele. Você pode pensar que eu não sou nada, mas aquelas moças de quem você falou vão me dar muito valor!
23 ရှောလု၏သမီးတော်မိခါလသည်လည်း တစ်သက်လုံးသားသမီးမရတော့ချေ။
23 E Mical, filha de Saul, nunca teve filhos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.