2 Samuel 1

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။-
1 Depois da morte de Saul, Davi voltou da derrota dos amalecitas, e esteve dois dias em Siceleg.
2 နောက်​တစ်​နေ့​၌ ရှော​လု​၏​တပ်​စ​ခန်း​မှ​လူ​ငယ် တစ်​ယောက်​သည် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​လက္ခ​ဏာ ဖြင့် မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ကာ ဦး​ခေါင်း ကို​မြေ​မှုန့်​ကြဲ​ဖြန့်​လျက်​ရောက်​လာ​၏။ သူ​သည် ဒါ​ဝိဒ်​ထံ​သို့​ချဉ်း​ကပ်​ပြီး​လျှင်​မြေ​ပေါ်​မှာ ပျပ်​ဝပ်​ရှိ​ခိုး​လေ​၏။-
2 Ao terceiro dia, apareceu um homem que vinha do acampamento de Saul; trazia as vestes rasgadas e a cabeça coberta de pó. Chegando perto de Davi, jogou-se por terra, prostrando-se.
3 ဒါ​ဝိဒ်​က​သူ့​အား``သင်​သည်​အ​ဘယ်​အ​ရပ် က​လာ​သ​နည်း'' ဟု​မေး​၏။
3 Davi disse-lhe: De onde vens? Salvei-me do acampamento de Israel, respondeu ele.
4 ဒါ​ဝိဒ်​က``အ​မှု​ကား​အ​ဘယ်​သို့​နည်း'' ဟု မေး​လျှင်၊
4 Que aconteceu?, perguntou Davi. Conta-mo! Ele respondeu: As tropas fugiram do campo de batalha, e muitos homens do exército tombaram. Saul também, e seu filho Jônatas, pereceram!
5 ဒါ​ဝိဒ်​က``ရှော​လု​နှင့်​ယော​န​သန်​ကွယ်​လွန် ကြောင်း​ကို​သင်​အ​ဘယ်​သို့​သိ​သ​နည်း'' ဟု မေး​လျှင်၊
5 Como sabes, perguntou Davi ao mensageiro, que Saul e seu filho Jônatas morreram?
6 ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-
6 O mensageiro respondeu: Achava-me no monte de Gelboé, quando vi Saul atirar-se sobre a própria lança, enquanto era perseguido pelos carros e cavaleiros.
7 ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊-
7 Ora, voltando-se, viu-me e chamou-me. Eu disse: Eis-me aqui.
8 မင်း​ကြီး​သည်​ကျွန်​တော်​အား​မည်​သူ​ဖြစ် သည်​ကို​မေး​တော်​မူ​သ​ဖြင့် ကျွန်​တော်​က အာ​မ​လက်​ပြည်​သား​ဖြစ်​ကြောင်း​ဖြေ ကြား​လျှောက်​ထား​ပါ​၏။-
8 Quem és tu?, disse ele. Eu sou um amalecita, respondi.
9 ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။-
9 Aproxima-te, continuou ele, e mata-me, porque estou tomado de vertigem, se bem que ainda esteja cheio de vida.
10 မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။
10 Aproximei-me, pois, e matei-o, pois via que ele não poderia sobreviver depois da derrota. Tomei o diadema que tinha na cabeça e o bracelete do braço e os trouxe ao meu senhor; ei-los.
11 ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ဆုတ်​ဖြဲ​ကြ​၏။-
11 Então tomou Davi as suas vestes e rasgou-as, imitando-o nesse gesto todos os que estavam com ele.
12 သူ​တို့​သည်​စစ်​ပွဲ​တွင်​ရှော​လု​နှင့်​ယော​န​သန် မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဖြစ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မြောက်​မြား စွာ​ကျ​ဆုံး​သော​ကြောင့် ညဥ့်​ဦး​တိုင်​အောင် အ​စာ​မ​စား​ဘဲ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။
12 Estiveram em pranto, choraram e jejuaram até a tarde por causa de Saul, de seu filho Jônatas, do exército do Senhor e da casa de Israel, que haviam caído sob a espada.
13 သ​တင်း​ယူ​ဆောင်​လာ​သူ​လူ​ငယ်​အား​ဒါ​ဝိဒ် က``သင်​သည်​အ​ဘယ်​ပြည်​သား​နည်း'' ဟု​မေး လျှင်၊
13 Davi perguntou ao mensageiro: De onde és? Eu sou filho de um estrangeiro, respondeu ele, de um amalecita.
14 ဒါ​ဝိဒ်​က``သင်​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို သတ်​ဝံ့​ပါ​သ​နည်း'' ဟု​ဆို​ပြီး​လျှင်​ငယ်​သား တစ်​ယောက်​ကို​ခေါ်​၍``ဤ​သူ​ကို​ကွပ်​မျက်​ပစ် လော့'' ဟု​အ​မိန့်​ပေး​ရာ၊-
14 Davi disse-lhe: Como não receaste levantar a mão contra o ungido do Senhor para matá-lo?
15 ငယ်​သား​သည်​အာ​မ​လက်​အ​မျိုး​သား​ကို ခုတ်​သတ်​လေ​၏။-
15 E, chamando um dos seus homens, Davi disse-lhe: Vem, mata-o! O homem o feriu, e ele morreu.
16 ဒါ​ဝိဒ်​က``ဤ​အ​မှု​သည်​သင်​ပြု​သော​အ​မှု ပင်​ဖြစ်​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​ကို​သတ်​ခဲ့​ပါ​သည် ဟု​ဖြောင့်​ချက်​ပေး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ် ကို​သေ​ဒဏ်​သင့်​စေ​ပြီ​တ​ကား'' ဟု​ဆို​၏။
16 Davi disse-lhe então: Tu és culpado. Tua própria boca deu testemunho contra ti, quando disseste: matei o ungido do Senhor.
17 ဒါ​ဝိဒ်​သည်​ရှော​လု​နှင့်​ယော​န​သန်​တို့​အ​တွက် အောက်​ပါ​သီ​ချင်း​ကို​ဖွဲ့​ဆို​၏။
17 Compôs então Davi o seguinte cântico fúnebre sobre Saul e seu filho Jônatas,
18 ယင်း​ကို​ယု​ဒ​ပြည်​သူ​တို့​အား​လည်း​သင်​ကြား ပေး​ရန်​အ​မိန့်​ပေး​၏။ (ဤ​အ​ကြောင်း​အ​ရာ ကို​ယာရှာ​စာ​စောင်​တွင်​မှတ်​တမ်း​တင်​ထား သ​တည်း။)
18 ordenando que fosse ensinado aos filhos de Judá. É o canto do Arco, que está escrito no Livro do Justo:
19 ``ငါ​တို့​ခေါင်း​ဆောင်​များ​ကား​ဣ​သ​ရေ​လ တောင်​ကုန်း​များ​တွင်​သေ​ဆုံး​ကြ​လေ​ပြီ။
19 Tua flor, Israel, pereceu nas alturas! Como tombaram os heróis?
20 ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း
20 Não anuncieis em Get nem o publiqueis nas ruas de Ascalon, para que não exultem as filhas dos filisteus, para que não se regozijem as filhas dos incircuncisos.
21 ``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။
21 Montanhas de Gelboé, não haja sobre vós nem orvalho nem chuva! Campos assassinos, onde foi maculado o escudo dos heróis! O escudo de Saul estava ungido não com óleo,
22 ခွန်​အား​ကြီး​သူ​တို့​ကို​ပစ်​ခတ်​ရာ​တွင်​လည်း ကောင်း၊ ရန်​သူ​ကို​သတ်​ဖြတ်​ရာ​တွင်​လည်း​ကောင်း၊
22 mas, com o sangue de feridos, com a gordura de guerreiros, o arco de Jônatas jamais recuou, a espada de Saul jamais brandiu em vão!
23 ``အံ့​သြ​နှစ်​သက်​ဖွယ်​ကောင်း​သော​ရှော​လု​နှင့် ယော​န​သန်​တို့​သည်​ရှင်​အ​တူ​သေ​မ​ကွဲ
23 Saul e Jônatas, amáveis e encantadores, nunca se separaram, nem na vida nem na morte, mais velozes do que as águias, mais fortes do que os leões!
24 ``ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ရှော​လု​အ​တွက် ငို​ကြွေး​မြည်​တမ်း​ကြ​လော့။
24 Filhas de Israel, chorai por Saul, que vos vestia de púrpura suntuosa, e ornava de ouro vossos vestidos.
25 သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​ကျ​ဆုံး ကြ​လေ​ပြီ။ သူ​တို့​သည်​တိုက်​ပွဲ​တွင်​အ​သတ်​ခံ​ရ​ကြ​၏။
25 Como caíram os heróis? Em pleno combate Jônatas tombou sobre as tuas colinas.
26 ``ငါ့​ညီ​ယော​န​သန်၊ငါ​သည်​သင့်​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​ပါ​၏။
26 Jônatas, meu irmão, por tua causa meu coração me comprime! Tu me eras tão querido! Tua amizade me era mais preciosa que o amor das mulheres.
27 ``သူ​ရဲ​ကောင်း​စစ်​သည်​တော်​တို့​သည် ကျ​ဆုံး​ကြ​လေ​ပြီ။
27 Como caíram os heróis? Como pereceram os artilheiros de guerra?

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.