2 Samuel 19

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ဒါ​ဝိဒ်​မင်း​သည်​အ​ဗ​ရှ​လုံ​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း ယွာ​ဘ​ထံ​သို့ သ​တင်း​ရောက်​ရှိ​လာ​၏။-
1 E foram dizer a Joab: Eis que o rei chora e se lamenta por causa de Absalão.
2 မင်း​ကြီး​သည်​သား​တော်​အ​တွက်​ငို​ကြွေး မြည်​တမ်း​လျက်​နေ​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ဒါ​ဝိဒ်​၏​တပ်​သား​အ​ပေါင်း​တို့​အ​ဖို့ ထို​နေ့​၌​အောင်​ပွဲ​သည်​ဝမ်း​နည်း​ပူ​ဆွေး​ပွဲ ဖြစ်​ရ​လေ​၏။-
2 E a vitória se transformou em luto naquele dia para todo o exército, porque o povo ouvira dizer que o rei estava acabrunhado de dor por causa de seu filho.
3 တိုက်​ပွဲ​မှ​ထွက်​ပြေး​ခဲ့​သ​ဖြင့်​ရှက်​ကြောက် နေ​သည့်​စစ်​သား​များ​ကဲ့​သို့ သူ​တို့​သည်​မြို့ ထဲ​သို့​တိတ်​တ​ဆိတ်​ပြန်​လည်​ဝင်​ရောက် လာ​ကြ​၏။-
3 Por isso, o exército entrou na cidade em silêncio, como faria um exército coberto de vergonha por ter fugido ao combate.
4 မင်း​ကြီး​သည်​မျက်​နှာ​ကို​အုပ်​၍``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား'' ဟု​ကျယ်​လောင်​စွာ​ငို​ကြွေး​တော်​မူ​၏။
4 Entretanto o rei, cobrindo a cabeça, dizia em alta voz: Meu filho Absalão! Absalão, meu filho, meu filho!
5 ယွာ​ဘ​သည်​ဘု​ရင့်​အိမ်​တော်​သို့​သွား​၍``ယ​နေ့ အ​ရှင်​သည်​အ​ရှင်​၏​အ​သက်​ကို​လည်း​ကောင်း၊ အ​ရှင့်​သား​သ​မီး၊ မိ​ဖု​ရား​မောင်း​မ​တို့​၏ အ​သက်​ကို​လည်း​ကောင်း​ကယ်​ဆယ်​သော အ​ရှင့်​လူ​တို့​အား​ချီး​မြှင့်​မည့်​အ​စား ရှုတ်​ချ​တော်​မူ​လေ​ပြီ။-
5 Veio então Joab à casa do rei, e disse-lhe: Tu cobres hoje de confusão a face de todos os teus servos que salvaram a tua vida, a vida de teus filhos e filhas, de tuas mulheres e concubinas.
6 အ​ရှင်​သည်​မိ​မိ​အား​ချစ်​မြတ်​နိုး​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရှင့်​အား​မုန်း​သူ​တို့​ကို ထောက်​ခံ​အား​ပေး​တော်​မူ​ပြီ။ မိ​မိ​၏​တပ်​မှူး များ​နှင့်​တပ်​သား​များ​အား​မည်​သို့​မျှ​ပ​မာ​ဏ မ​ပြု​ကြောင်း​ထင်​ရှား​စေ​တော်​မူ​ပြီ။ ယ​ခု အ​ခါ​၌​အ​ကျွန်ုပ်​တို့​အား​လုံး​သေ​၍​အ​ဗ ရှ​လုံ​အ​သက်​ရှင်​လျက်​နေ​မည်​ဆို​ပါ​မူ အ​ရှင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​မည် ဖြစ်​ကြောင်း​အ​ကျွန်ုပ်​သိ​မြင်​နိုင်​ပါ​၏။-
6 Tu amas os que te odeiam e odeias os que te amam, e mostras que os teus chefes e teus servos nada valem para ti. Estou vendo que te darias por satisfeito, se Absalão vivesse e nós fôssemos todos mortos!
7 ယ​ခု​အ​ရှင်​ကြွ​တော်​မူ​၍​အ​ရှင်​၏​လူ​တို့ အား​မေတ္တာ​စ​ကား​ကို​မိန့်​တော်​မူ​ပါ။ ထို​သို့ အရှင်​ပြု​တော်​မ​မူ​ပါ​လျှင်​နက်​ဖြန်​နံ​နက် ၌​ထို​သူ​တို့​အ​နက်​တစ်​ဦး​တစ်​ယောက်​မျှ အ​ရှင်​နှင့်​အ​တူ​ရှိ​နေ​တော့​မည်​မ​ဟုတ် သ​ဖြင့် အ​ရှင့်​တစ်​သက်​တွင်​အ​ဆိုး​ရွား ဆုံး​သော​ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ကြုံ​ရ​မည် ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​တိုင်​တည်​၍​ကျိန် ဆို​ပါ​၏'' ဟု​လျှောက်​လေ​၏။-
7 Vamos: sai e dirige aos teus servos palavras de reconforto, pois juro-te por Deus que, se não o fizeres, não ficará contigo esta noite homem algum. E isso seria para ti uma desgraça maior do que todas que vieram sobre ti desde a tua juventude!
8 ထို​အ​ခါ​မင်း​ကြီး​သည်​ထ​ပြီး​လျှင်​မြို့ တံ​ခါး​အ​နီး​သို့​သွား​၍​ထိုင်​တော်​မူ​၏။ လူ တို့​သည်​ထို​အရပ်​တွင်​မင်း​ကြီး​ရှိ​တော်​မူ ကြောင်း​ကြား​သော​အ​ခါ​အ​ထံ​တော်​သို့ ချဉ်း​ကပ်​လာ​ကြ​၏။
8 Então levantou-se o rei e foi sentar-se à porta. Foi avisado a todo o exército: Eis que o rei está sentado à porta. E todo o exército veio apresentar-se a ele. Os israelitas tinham fugido cada qual para a sua casa.
9 တစ်​ပြည်​လုံး​တွင်​လူ​တို့​က``ဒါ​ဝိဒ်​မင်း​သည် ငါ​တို့​ကို​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ သူ​သည်​ငါ​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​အ​ဗ​ရှ​လုံ​အ​တွက်​ကြောင့်​တိုင်း ပြည်​ကို​စွန့်​ခွာ​သွား​လေ​ပြီ။-
9 Em todas as tribos se discutia, dizendo: O rei que nos salvara das mãos de nossos inimigos e da mão dos filisteus, agora teve de fugir da terra diante de Absalão.
10 ငါ​တို့​သည်​အ​ဗ​ရှ​လုံ​အား​ငါ​တို့​၏​ဘု​ရင် အ​ဖြစ်​ဘိ​သိက်​ပေး​ခဲ့​ကြ​သော်​လည်း သူ​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သွား​လေ​ပြီ။ ထို့​ကြောင့် ဒါ​ဝိဒ်​မင်း​အား​ပြန်​လည်​ခေါ်​ဆောင်​ရန် အ​ဘယ်​ကြောင့် ငါ​တို့​မ​ကြံ​စည်​ဘဲ​နေ​ကြ ပါ​သ​နည်း'' ဟူ​၍​အ​ချင်း​ချင်း​ငြင်း​ခုံ ပြော​ဆို​ကြ​၏။
10 Ora, Absalão, a quem tínhamos sagrado rei sobre nós, morreu no combate. Por que tardais em fazer voltar o rei?
11 ဤ​သို့​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ပြော​ဆို နေ​ကြ​သည့်​သ​တင်း​သည် ဒါ​ဝိဒ်​ထံ​သို့ ရောက်​ရှိ​လာ​၏။ ``အ​ဘယ်​ကြောင့်​သင်​တို့ သည်​မိ​မိ​တို့​ဘု​ရင်​အား​နန်း​တော်​သို့​ပြန် လည်​ခေါ်​ဆောင်​ရန် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​နောက်​ကျ​လျက်​နေ​ကြ​ပါ သ​နည်း။-
11 O rei Davi mandou aos sacerdotes Sadoc e Abiatar a seguinte mensagem: Eis o que direis aos anciãos de Judá: Por que seríeis vós os últimos a reconduzir o rei para a sua casa? E chegou aos ouvidos do rei o que se dizia em todo o Israel.
12 သင်​တို့​သည်​ငါ​၏​ဆွေ​မျိုး၊ ငါ​၏​သွေး​သား များ​ဖြစ်​ကြ​၏။ ငါ့​အား​ပြန်​လည်​ခေါ်​ဆောင် ရန်​အ​ဘယ်​ကြောင့်​နောက်​ကျ​နေ​ရ​ပါ​သ​နည်း'' ဟု​မေး​မြန်း​စေ​ရန်​ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ် နှင့်​အ​ဗျာ​သာ​တို့​ကို​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-
12 Vós sois meus irmãos, meus ossos e minha carne. Por que seríeis vós os últimos a reconduzir o rei?
13 ထို့​ပြင်​အာ​မ​သ​အား``သင်​သည်​ငါ​၏​ဆွေ​မျိုး ဖြစ်​၏။ ယ​ခု​အ​ချိန်​မှ​စ​၍​သင့်​အား​ယွာ​ဘ ၏​နေ​ရာ​တွင်​တပ်​မ​တော်​ဗိုလ်​ချုပ်​အ​ဖြစ်​ငါ ခန့်​ထား​ပြီ။ ယင်း​သို့​ငါ​မ​ပြု​ပါ​မူ​ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး​စီ​ရင်​တော်​မူ​ပါ စေ​သော'' ဟု​ပြော​ကြား​ရန်​လည်း​မှာ​တော်​မူ လိုက်​၏။-
13 Direis em seguida a Amasa: Tu és meu osso e minha carne. Que Deus me trate com todo o rigor, se eu não te tornar para sempre o meu general em lugar de Joab.
14 ဒါ​ဝိဒ်​၏​စ​ကား​ကြောင့်​ယု​ဒ​ပြည်​သူ​ပြည် သား​အ​ပေါင်း​တို့​၏​စိတ်​ကို​ညွှတ်​စေ​သ​ဖြင့် သူ​တို့​က``မင်း​ကြီး​နှင့်​မှူး​မတ်​အ​ပေါင်း​တို့ ပြန်​ကြွ​တော်​မူ​ပါ'' ဟု​လျှောက်​စေ​ကြ​၏။
14 Todos os homens de Judá sentiram unanimemente o seu coração voltar-se para o rei, e mandaram-lhe dizer: Volta com todos os teus!
15 အ​ပြန်​ခ​ရီး​တွင်​မင်း​ကြီး​အား​မြစ်​တစ်​ဘက် ကမ်း​သို့​ပို့​ဆောင်​ပေး​ရန် ဂိ​လ​ဂါ​လ​မြို့​သို့ လာ​ရောက်​ကြ​သည့်​ယု​ဒ​ပြည်​သား​တို့ သည်​ယော်​ဒန်​မြစ်​မှ​နေ​၍​ခရီး​ဦး​ကြို ပြု​ကြ​လေ​သည်။-
15 O rei voltou. Chegando ao Jordão, eis que todo o Judá tinha acorrido a Gálgala para ir-lhe ao encontro e fazê-lo passar o Jordão.
16 ထို​အ​ချိန်​၌​ပင်​လျှင်​ဂေ​ရ​၏​သား၊ ဗာ​ဟု ရိမ်​မြို့​သား​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရှိ​မိ​သည် လည်း ဒါ​ဝိဒ်​မင်း​ကို​ကြို​ဆို​ရန်​ယော်​ဒန်​မြစ် သို့​အ​လျင်​အ​မြန်​လာ​ရောက်​၏။-
16 Semei, filho de Gera, o benjaminita de Baurim, com seus quinze filhos e os vinte servos, apressou-se a vir ao encontro do rei Davi.
17 သူ​နှင့်​အ​တူ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​လူ​ပေါင်း တစ်​ထောင်​ပါ​၏။ ထို့​ပြင်​ရှော​လု​မိ​သား​စု ၏​အ​စေ​ခံ​ဇိ​ဘ​သည်​လည်း​မိ​မိ​၏​သား တစ်​ဆယ့်​ငါး​ယောက်၊ အ​စေ​ခံ​နှစ်​ဆယ်​နှင့် အ​တူ​လာ​ရောက်​လေ​သည်။ သူ​တို့​သည်​မင်း ကြီး​၏​အ​လျင်​ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ ကြ​၏။-
17 Levava consigo mil homens de Benjamim, assim como Siba, servo da família de Saul, com seus quinze filhos e vinte servos. E correram rumo ao Jordão antes do rei,
18 သူ​တို့​သည်​ဘု​ရင့်​အိမ်​တော်​သား​တို့​ကို မြစ်​တစ်​ဘက်​သို့​ပို့​ဆောင်​ပေး​ရန်​နှင့် မင်း ကြီး​အ​လို​ရှိ​ရာ​ကို​ဆောင်​ရွက်​ပေး​ရန် မြစ်​ကို​ကူး​ကြ​၏။
18 e dispuseram tudo para fazer passar a família do rei e prestar-lhe todos os serviços que desejassem. Semei, filho de Gera, atirou-se aos pés do rei no momento em que ele ia passar o Jordão
19 အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ယေ​ရု​ရှ​လင်​မြို့ မှ​ထွက်​ကြွ​တော်​မူ​စဉ်​အ​ခါ​က အ​ရှင့် အား​အ​ကျွန်ုပ်​ပြစ်​မှား​ခဲ့​သည်​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ ထို​အ​မှု​အ​တွက်​အ​ကျွန်ုပ် အား​ရန်​ငြိုး​ထား​တော်​မ​မူ​ပါ​နှင့်။ ထို အ​မှု​ကို​မေ့​ပျောက်​တော်​မူ​ပါ။-
19 e disse-lhe: Que o meu senhor não me impute culpa, nem guarde em seu coração a lembrança do crime que cometeu o teu servo no dia em que o rei, meu senhor, deixou Jerusalém.
20 အ​ရှင်၊ အ​ကျွန်ုပ်​သည်​ပြစ်​မှား​မိ​ပါ​ပြီ။ သို့ ဖြစ်​၍​မြောက်​ဘက်​အ​နွယ်​ဝင်​များ​ထဲ​မှ အ​ကျွန်ုပ်​သည်​ဦး​စွာ​ပ​ထ​မ​အ​ရှင်​မင်း ကြီး​အား ယ​နေ့​လာ​ရောက်​ကြို​ဆို​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
20 Teu servo reconhece o seu pecado, e por isso vim hoje, o primeiro de toda a casa de José, ao encontro do rei, meu senhor!
21 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က``ရှိ​မိ​အား​သေ ဒဏ်​ပေး​သင့်​ပါ​သည်။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​ကို​ကျိန်​ဆဲ သူ​ဖြစ်​ပါ​၏'' ဟု​လျှောက်​၏။
21 Abisai, filho de Sarvia, tomou a palavra: Não se deverá antes matar Semei, por ter amaldiçoado o ungido do Senhor?
22 သို့​ရာ​တွင်​ဒါ​ဝိဒ်​သည် အ​ဘိ​ရှဲ​နှင့်​သူ​၏ အစ်​ကို​ယွာ​ဘ​အား``သင်​တို့​ထင်​မြင်​ချက် ကို​အ​ဘယ်​သူ​တောင်း​ခံ​ပါ​သ​နည်း။ သင် တို့​သည်​ငါ့​ကို​ဒုက္ခ​ပေး​လို​ကြ​ပါ​သ​လော။ ငါ​သည်​ကား​ယ​ခု​အ​ခါ​ဣသ​ရေ​လ​ဘု​ရင် ဖြစ်​လေ​ပြီ။ ထို့​ကြောင့်​အ​ဘယ်​ဣသ​ရေ​လ အ​မျိုး​သား​ကို​မျှ​မ​သတ်​ရ​ကြ'' ဟု ဆို​ပြီး​လျှင်၊-
22 Que eu tenho convosco, ó filhos de Sarvia, respondeu Davi; para que vos comporteis no dia de hoje como meus inimigos? Porventura um só israelita há de ser morto num dia como o de hoje? Ignoro acaso que sou agora rei de Israel?
23 ရှိ​မိ​အား``သင်​သည်​သေ​ဒဏ်​ခံ​ရ​မည်​မ​ဟုတ် ကြောင်း​ငါ​က​တိ​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
23 E disse a Semei: Não morrerás! E prometeu-lho com juramento.
24 ထို​နောက်​ရှော​လု​၏​မြေး​မေ​ဖိ​ဗော​ရှက်​သည် မင်း​ကြီး​အား​ခ​ရီး​ဦး​ကြို​ပြု​ရန်​လာ​ရောက် ၏။ သူ​သည်​မင်း​ကြီး​ယေ​ရု​ရှ​လင်​မြို့​က​ထွက် ခွာ​သွား​ချိန်​မှ​အ​စ​ပြု​၍ အောင်​မြင်​စွာ​ပြန် လည်​ရောက်​ရှိ​လာ​ချိန်​အ​ထိ မိ​မိ​၏​ခြေ​တို့ ကို​မ​ဆေး၊ မုတ်​ဆိတ်​ကို​မ​ညှပ်၊ အ​ဝတ်​အ​စား ကို​လည်း​မ​လျှော်​မ​ဖွတ်​ဘဲ​နေ​၏။-
24 Mifiboset, filho de Saul, desceu também ao encontro do rei. Não tinha lavado os pés nem as mãos, nem feito a barba, nem lavado as suas vestes, desde o dia em que o rei partira até o dia em que ele voltou em paz.
25 မင်း​ကြီး​သည်​မေ​ဖိ​ဗော​ရှက်​ယေ​ရု​ရှ​လင် မြို့​မှ​ရောက်​ရှိ​လာ​သော​အ​ခါ``မေ​ဖိ​ဗော​ရှက်၊ သင်​သည်​အ​ဘယ်​ကြောင့်​ငါ​နှင့်​အ​တူ​မ လိုက်​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
25 Quando, pois, chegou de Jerusalém vindo ao encontro do rei, Davi disse-lhe: Por que não partiste comigo, Mifiboset?
26 မေ​ဖိ​ဗော​ရှက်​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သိ တော်​မူ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​သည်​ခြေ​ဆွံ့ သူ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ မြည်း​စီး​၍​လိုက်​နိုင်​ရန်​မြည်း​ကို​ကုန်း​နှီး အ​တင်​ခိုင်း​သော်​လည်း​အ​ကျွန်ုပ်​၏​အ​စေ​ခံ သည်​အ​ကျွန်ုပ်​အား​လှည့်​စား​ပါ​၏။-
26 Meu senhor e rei, respondeu ele, o meu criado enganou-me. Pois eu, teu servo, dissera-lhe que me selasse a jumenta para que eu a montasse e partisse com o rei, porque o teu servo é paralítico.
27 သူ​သည်​အ​ကျွန်ုပ်​အ​ကြောင်း​ကို​လည်း​မင်း ကြီး​အား​လိမ်​လည်​လျှောက်​ထား​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​ကဲ့​သို့​ဖြစ်​သ​ဖြင့် မိ​မိ​မှန်​ကန် သည်​ဟု​အရှင်​ထင်​မြင်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​၏။-
27 Ele, porém, caluniou-me junto do rei, meu senhor. Mas o rei, meu senhor, é como um anjo de Deus; faze o que te parecer bom.
28 အ​ကျွန်ုပ်​ခ​မည်း​တော်​၏​အိမ်​ထောင်​စု​သား အ​ပေါင်း​တို့​သည် အ​ရှင်​၏​လက်​တွင်​ကွပ်​မျက် ခြင်း​ကို​ခံ​ထိုက်​သူ​များ​ဖြစ်​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ကျွန်ုပ်​အား​အ​ရှင့်​စား တော်​ပွဲ​တွင်​စား​သောက်​ခွင့်​ကို​ပေး​တော်​မူ ပါ​၏။ အ​ရှင်​မင်း​ကြီး​ထံ​မှ​အ​ဘယ်​အ​ရာ ကို​မျှ​ထပ်​မံ​အ​သ​နား​ခံ​ရန်​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။
28 Toda a família de meu pai merecia a morte, diante do meu senhor e rei e, no entanto, admitiste o teu servo entre os que comem à tua mesa. Com que direito posso eu ainda suplicar ao rei?
29 မင်း​ကြီး​က``သင်​နောက်​ထပ်​ပြော​ဆို​ရန်​မ​လို တော့​ပြီ။ ရှော​လု​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သင်​နှင့် ဇိ​ဘ​တစ်​ဝက်​စီ​ယူ​ကြ​ရန်​ငါ​ဆုံး​ဖြတ်​ပြီး ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
29 Para que tantas palavras?, respondeu o rei. Eu declaro que tu e Siba repartireis os bens.
30 မေ​ဖိ​ဗော​ရှက်​က​လည်း``အား​လုံး​သူ့​ကို​ပင် ပေး​တော်​မူ​ပါ။ အ​ရှင်​မင်း​ကြီး​ကောင်း​မွန် ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ​ခြင်း​နှင့်​ပင် လျှင်​အ​ကျွန်ုပ်​ကျေ​နပ်​လျက်​နေ​ပါ​၏'' ဟု လျှောက်​၏။
30 Ele pode até mesmo ficar com tudo, replicou Mifiboset, uma vez que o rei, meu senhor, voltou em paz para a sua casa.
31 ဂိ​လဒ်​ပြည်​သား​ဗာ​ဇိ​လဲ​သည်​လည်း​မင်း ကြီး​အား ယော်​ဒန်​မြစ်​တစ်​ဘက်​သို့​ပို့​ဆောင် ရန်​ရော​ဂေ​လိမ်​မြို့​မှ​လာ​၏။-
31 Berzelai, o galaadita, desceu de Rogelim e acompanhou o rei, escoltando-o até o Jordão.
32 ဗာ​ဇိ​လဲ​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​၍​အ​လွန် အို​မင်း​နေ​လေ​ပြီ။ သူ​သည်​အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​သ​ဖြင့် မ​ဟာ​နိမ်​မြို့​တွင် မင်း​ကြီး​စ​ခန်း​ချ​နေ​စဉ်​အ​ခါ​က​စား​နပ် ရိက္ခာ​ထောက်​ပံ့​ခဲ့​သူ​ဖြစ်​၏။-
32 Era já muito velho, com oitenta anos. Sendo muito rico, abastecera o rei durante todo o tempo que esteve em Maanaim.
33 မင်း​ကြီး​က​သူ့​အား``ငါ​နှင့်​အ​တူ​ယေ​ရု ရှ​လင်​မြို့​သို့​လိုက်​ခဲ့​လော့။ သင့်​အား​ငါ ကြည့်​ရှု​စောင့်​ရှောက်​မည်'' ဟု​ဆို​၏။
33 O rei disse-lhe: Vem comigo, e te sustentarei junto de mim em Jerusalém!
34 သို့​ရာ​တွင်​ဗာ​ဇိ​လဲ​က``အ​ကျွန်ုပ်​သည်​ကြာ ကြာ​အ​သက်​ရှင်​ရ​တော့​မည်​မ​ဟုတ်​ပါ။ အ ဘယ်​ကြောင့်​အ​ရှင်​မင်း​ကြီး​နှင့်​ယေ​ရု​ရှ​လင် မြို့​သို့​လိုက်​ရ​ပါ​မည်​နည်း။-
34 Mas Berzelai disse ao rei: Quantos anos viverei ainda, para que suba com o rei a Jerusalém?
35 အ​ကျွန်ုပ်​သည်​အ​သက်​ရှစ်​ဆယ်​ရှိ​ပါ​ပြီ။ အ​ဘယ်​အ​မှု​တွင်​မျှ​ပျော်​မွေ့​နှစ်​သက် ခြင်း​မ​ရှိ​တော့​ပါ။ စား​သောက်​သည့်​အ​စား အ​စာ​၏​အ​ရ​သာ​ကို​လည်း​မ​သိ​နိုင်​တော့ ပါ။ သီ​ချင်း​သံ​ကို​လည်း​မ​ကြား​နိုင်​ပါ။ အ ကျွန်ုပ်​သည်​အ​ရှင်​မင်းကြီး​အ​တွက်​ဝန်​လေး မည်​သာ​ဖြစ်​ပါ​၏။-
35 Tenho agora oitenta anos, e já não distingo entre o bom e o que não o é. Já não posso saborear o que como e o que bebo, e não ouço mais a voz dos cantores e cantoras. Por que iria o teu servo servir de peso ao rei, meu senhor?
36 ဤ​သို့​ကြီး​မြတ်​သည့်​ဆု​လာဘ်​တော်​နှင့်​လည်း မ​ထိုက်​မ​တန်​ပါ။ သို့​သော်​အ​ကျွန်ုပ်​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် အ​ရှင် နှင့်​အ​တူ​အ​နည်း​ငယ်​လိုက်​ပါ​မည်။-
36 Teu servo só andou um pedaço de caminho com o rei, e por que lhe haveria o rei de dar semelhante recompensa?
37 မိ​ဘ​တို့​၏​သင်္ချိုင်း​အ​နီး​တွင်​သေ​နိုင်​ရန် အကျွန်ုပ်​အား​အိမ်​သို့​ပြန်​ခွင့်​ပြု​တော်​မူ​ပါ။ ဤ​သူ​သည်​အ​ကျွန်ုပ်​၏​သား​ခိ​မ​ဟံ​ဖြစ် ပါ​၏။ အ​ရှင်​မင်း​ကြီး၊ သူ့​အား​ခေါ်​ဆောင် သွား​ပြီး​နောက်​သူ့​အ​တွက်​အရှင်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။
37 Deixa que teu servo volte, para morrer em minha cidade, junto ao túmulo de meu pai e de minha mãe. Eis, porém, o teu servo Camaão; ele irá com o rei, meu senhor: faze dele o que te parecer melhor.
38 မင်း​ကြီး​က​လည်း``ငါ​သည်​သူ့​ကို​ခေါ်​သွား ပြီး​လျှင်​သင်​အ​လို​ရှိ​သည့်​အ​တိုင်း​သူ့​အ​တွက် ဆောင်​ရွက်​ပေး​မည်။ သင်​၏​အ​တွက်​သင်​တောင်း လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​ပြန်​လည် မိန့်​ကြား​တော်​မူ​၏။-
38 Que ele venha comigo, respondeu o rei; far-lhe-ei tudo o que te agradar; e a ti também, conceder-te-ei tudo o que desejares de mim.
39 ထို​နောက်​ဒါ​ဝိဒ်​နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​၏။ မင်း​ကြီး​သည် ဗာ​ဇိ​လဲ​အား​နမ်း​ရှုပ်​ပြီး​လျှင်​ကောင်း​ချီး​ပေး တော်​မူ​၏။ ထို​နောက်​ဗာ​ဇိ​လဲ​သည်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။
39 Todos passaram o Jordão diante do rei que permaneceu de pé. Davi beijou Berzelai, abençoou-o, e Berzelai voltou para a sua casa.
40 မင်း​ကြီး​သည်​ယော်​ဒန်​မြစ်​ကို​ကူး​သော​အ​ခါ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​မှ​လူ​တို့​နှင့် ဣ​သ​ရေ​လ ပြည်​တစ်​ဝက်​မှ​လူ​တို့​သည်​မင်း​ကြီး​အား​လိုက် ပါ​ပို့​ဆောင်​ကြ​၏။ ထို​နောက်​မင်း​ကြီး​သည် ဂိ​လ​ဂါ​လ​မြို့​သို့​ဆက်​လက်​၍​ကြွ​တော်​မူ ၏။ ခိ​မ​ဟံ​သည်​လည်း​လိုက်​ပါ​သွား​လေ​သည်။-
40 O rei chegou a Gálgala, e Camaão passou com ele. Todo o povo de Judá e a metade do povo de Israel acompanharam o rei.
41 ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။
41 E eis que todos os homens de Israel vieram ter com o rei, dizendo-lhe: Por que te tomaram os nossos irmãos, os filhos de Judá, fazendo-te passar o Jordão com toda a tua família, quando são todos os homens de Davi que formam o teu povo?
42 ယု​ဒ​ပြည်​သား​တို့​က``မင်း​ကြီး​သည်​ငါ​တို့ အ​နွယ်​ဝင်​ဖြစ်​သ​ဖြင့် ငါ​တို့​ထို​သို့​ပြု​ကြ ခြင်း​ဖြစ်​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ် ကြောင့်​အ​မျက်​ထွက်​ရ​ကြ​ပါ​သ​နည်း။ ငါ တို့​သည်​မင်း​ကြီး​၏​ရိက္ခာ​တော်​ကို​စား​၍ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ပါ​သ​လော'' ဟု ပြန်​ပြော​ကြ​၏။
42 Então responderam os filhos de Judá aos israelitas: É que o rei nos é mais próximo. Por que vos irritais com isso? Acaso temos comido algo do rei, ou tirado para. nós algum proveito?
43 ဣသ​ရေ​လ​ပြည်​သား​အ​ပေါင်း​တို့​က``ဒါ​ဝိဒ် မင်း​သည်​သင်​တို့​ပြော​သည့်​အ​တိုင်း​သင်​တို့ အ​နွယ်​ဝင်​ပင်​ဖြစ်​စေ​ကာ​မူ ငါ​တို့​သည်​သင် တို့​ထက်​ဆယ်​ဆ​ပို​၍​သူ့​အား​ပိုင်​ဆိုင်​ခွင့်​ရှိ ပါ​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ အား​အ​ထင်​သေး​ကြ​ပါ​သ​နည်း။ အ​မှန် စင်​စစ်​မင်း​ကြီး​အား​ပြန်​လည်​ဖိတ်​ခေါ်​ရန် ဦး​စွာ​ပ​ထ​မ​ပြော​ဆို​ကြ​သူ​များ​ကား ငါ​တို့​ပင်​ဖြစ်​ပါ​၏'' ဟု​ဆို​၏။
43 Mas os homens de Israel responderam aos de Judá: Temos dez partes no rei, além disso somos vossos irmãos mais velhos. Por que nos desprezastes? Não fomos nós os primeiros a tomar a palavra e a mandar chamar o nosso rei? Os homens de Judá falaram mais duramente ainda que os de Israel.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.