2 Samuel 18

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​၏​လူ​တို့​ကို​စု​ရုံး​စေ ပြီး​လျှင် တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​များ​ကို ဖွဲ့​၍​ယင်း​တို့​ကို​အုပ်​ချုပ်​ရန်​တပ်​မှူး​များ ခန့်​ထား​တော်​မူ​၏။-
1 E Davi enumerou o povo que estava com ele, e colocou capitães de milhares e capitães de centúrias sobre eles.
2 ထို​နောက်​သူ​သည်​ထို​တပ်​တို့​ကို​သုံး​စု​ခွဲ ၍​စေ​လွှတ်​တော်​မူ​၏။ တစ်​စု​ကို​ယွာ​ဘ​အား လည်း​ကောင်း၊ တစ်​စု​ကို​ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ အား​လည်း​ကောင်း၊ အ​ခြား​တစ်​စု​ကို​ဂါ​သ မြို့​သား​အိတ္တဲ​အား​လည်း​ကောင်း​ဦး​စီး​စေ တော်​မူ​၏။ ထို​နောက်​မင်း​ကြီး​သည်​မိ​မိ​၏ လူ​တို့​အား``ငါ​ကိုယ်​တိုင်​သင်​တို့​နှင့်​အ​တူ ချီ​တက်​မည်'' ဟု​မိန့်​တော်​မူ​၏။
2 E Davi enviou uma terça parte do povo sob a mão de Joabe, e uma terça parte sob a mão de Abisai, o filho de Zeruia, o irmão de Joabe, e uma terça parte sob a mão de Itai, o geteu. E o rei disse ao povo: Certamente eu mesmo sairei também contigo.
3 လူ​တို့​က``အ​ရှင်၊ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ​နှင့်။ အ​ကယ်​၍​အ​ကျွန်ုပ် တို့​အား​လုံး​ပင်​တပ်​လန့်​ထွက်​ပြေး​ကြ သော်​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အ​နက် ထက်​ဝက်​မျှ​ပင်​ကျ​ဆုံး​သွား​သော်​လည်း ကောင်း၊ ရန်​သူ​အ​တွက်​အ​ဘယ်​သို့​မျှ ထူး​ခြား​မှု​ရှိ​မည်​မ​ဟုတ်​ပါ။ အ​ရှင် သည်​ကား​အ​ကျွန်ုပ်​တို့​လူ​တစ်​သောင်း လောက်​တန်​ဖိုး​ရှိ​ပါ​၏။ အ​ရှင်​သည်​မြို့ ထဲ​တွင်​နေ​ရစ်​၍​အ​ကျွန်ုပ်​တို့​အား​စစ် ကူ​ပို့​ပေး​ပါ​က​ပို​၍​ကောင်း​ပါ​လိမ့် မည်'' ဟု​လျှောက်​ထား​ကြ​၏။
3 O povo, porém, respondeu: Tu não sairás; porquanto se fugirmos para longe, eles não se importarão conosco; nem se a metade de nós morrer, eles se importarão conosco; mas agora tu vales dez mil de nós; portanto, agora, é melhor que da cidade tu possas nos oferecer socorro.
4 မင်း​ကြီး​က​လည်း``အ​ကောင်း​ဆုံး​ဟု​သင်​တို့ ထင်​သည့်​အ​တိုင်း​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ ၏။ ထို​နောက်​သူ​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ တပ်​တို့​ချီ​တက်​ထွက်​ခွာ​သွား​ကြ​စဉ်​မြို့ တံ​ခါး​အ​နီး​တွင်​ရပ်​၍​နေ​တော်​မူ​၏။-
4 E o rei disse a eles: O que vos parecer melhor, farei. E o rei se pôs de pé junto ao portão da cidade, e todo o povo saiu às centenas e aos milhares.
5 ``ငါ့​မျက်​နှာ​ကို​ထောက်​၍​သူ​ငယ်​အ​ဗ ရှ​လုံ​အား​ဘေး​အန္တ​ရာယ်​မ​ပြု​ကြ​ပါ နှင့်'' ဟု​ယွာ​ဘ၊ အ​ဘိ​ရှဲ​နှင့်​အိတ္တဲ​တို့​အား မှာ​ကြား​တော်​မူ​လိုက်​၏။ ဤ​သို့​တပ်​မှူး ကြီး​တို့​အား​မှာ​ကြား​သည်​ကို​တပ်​သား အ​ပေါင်း​တို့​ကြား​ကြ​၏။
5 E o rei ordenou a Joabe e a Abisai e a Itai, dizendo: Tratai gentilmente os moços, por minha causa, igualmente com Absalão. E todo o povo ouviu quando o rei deu a todos os capitães ordens acerca de Absalão.
6 ဒါ​ဝိဒ်​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အား စစ်​ဆင်​ရန်​မြို့​ပြင်​သို့​ထွက်​ခွာ ပြီး​လျှင်​ဧ​ဖ​ရိမ်​တော​၌​တိုက်​ပွဲ​ဝင်​ကြ​၏။-
6 Assim, o povo saiu para o campo contra Israel; e a batalha foi no bosque de Efraim;
7 ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဒါ​ဝိဒ်​၏ လူ​တို့​လက်​တွင် အ​ကြီး​အ​ကျယ်​အ​ရေး ရှုံး​နိမ့်​ကြ​လေ​သည်။ ထို​နေ့​တွင်​သူ​တို့​ဘက် မှ​လူ​ပေါင်း​နှစ်​သောင်း​မျှ​ကျ​ဆုံး​သွား သ​တည်း။-
7 onde o povo de Israel foi morto diante dos servos de Davi, e ali houve um grande massacre naquele dia de vinte mil homens.
8 တိုက်​ခိုက်​မှု​သည်​တော​တောင်​များ​သို့​ပျံ့​နှံ့ ၍​သွား​သ​ဖြင့် တော​တွင်​သေ​ဆုံး​သည့်​လူ​ဦး ရေ​မှာ​တိုက်​ပွဲ​တွင်​ကျ​ဆုံး​သည့်​ဦး​ရေ​ထက် ပင်​များ​လေ​သည်။
8 Porque a batalha foi dali espalhada sobre a face de todo o país; e o bosque devorou mais pessoas naquele dia do que devorou a espada.
9 အ​ဗ​ရှ​လုံ​သည်​ရုတ်​တ​ရက်​ဒါ​ဝိဒ်​၏​လူ အ​ချို့​နှင့်​တွေ့​၏။ သူ​သည်​လား​ကို​စီး​၍ ဝက်​သစ်​ချ​ပင်​ကြီး​တစ်​ပင်​အောက်​သို့​ဝင် လိုက်​ရာ​သူ​၏​လည်​သည်​သစ်​ကိုင်း​များ ကြား​တွင်​ညပ်​၍​နေ​လေ​၏။ လား​သည်​ဆက် လက်​၍​ပြေး​သွား​သ​ဖြင့်​အ​ဗ​ရှ​လုံ​မှာ လေ​ထဲ​တွင်​တွဲ​လွဲ​ကျန်​ရစ်​လေ​တော့​သည်။-
9 E Absalão encontrou os servos de Davi. E Absalão montou em uma mula, e a mula seguiu por baixo dos ramos espessos de um grande carvalho, e a sua cabeça ficou presa no carvalho, e ele ficou pendurado entre o céu e a terra; e a mula que estava debaixo dele se foi.
10 ဒါ​ဝိဒ်​၏​လူ​တစ်​ယောက်​သည်​သူ့​ကို​မြင် သ​ဖြင့်​ယွာ​ဘ​အား``အ​ရှင်၊ ဝက်​သစ်​ချ​ပင် မှာ​အ​ဗ​ရှ​လုံ​တွဲ​လွဲ​နေ​သည်​ကို​အ​ကျွန်ုပ် မြင်​ခဲ့​ပါ​သည်'' ဟု​ပြော​၏။
10 E um certo homem viu isto, e contou a Joabe, e disse: Eis que vi Absalão pendurado em um carvalho.
11 ယွာ​ဘ​က``သင်​မြင်​ခဲ့​သည်​မှန်​က အ​ဘယ် ကြောင့်​ထို​နေ​ရာ​၌​ပင်​မ​ထိုး​သတ်​ခဲ့​ပါ သ​နည်း။ အ​ကယ်​၍​သာ​သတ်​ခဲ့​လျှင်​သင့် အား​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ခါး​စည်း​ကို ငါ​ဆု​ပေး​လေ​ပြီ'' ဟု​ဆို​၏။
11 E Joabe disse ao homem que lhe contou: E, eis que tu o viste, por que não o feriste ali, trazendo-lhe abaixo? E eu te teria dado dez shekels de prata, e um cinto.
12 သို့​ရာ​တွင် ထို​သူ​က``အ​ကယ်​၍​အ​ရှင်​သည် အ​ကျွန်ုပ်​အား​ငွေ​ဒင်္ဂါး​တစ်​ရာ​ပင်​ပေး​သော် လည်း အ​ကျွန်ုပ်​သည်​ဘု​ရင့်​သား​တော်​ကို လက်​ဖျား​နှင့်​မျှ​တို့​မည်​မ​ဟုတ်​ပါ။ မင်း ကြီး​က​အ​ရှင့်​အား​လည်း​ကောင်း၊ အ​ဘိ​ရှဲ နှင့်​အိတ္တဲ​အား​လည်း​ကောင်း`ငါ့​မျက်​နှာ​ကို ထောက်​၍​လူ​ငယ်​အ​ဗ​ရှ​လုံ​ကို​ဘေး အန္တ​ရာယ်​မ​ပြု​ပါ​နှင့်'' ဟု​မှာ​ကြား​တော် မူ​သည်​ကို​အ​ကျွန်ုပ်​တို့​အား​လုံး​ကြား ကြ​ပါ​၏။-
12 E o homem disse a Joabe: Mesmo que eu recebesse mil shekels de prata em minha mão, nem assim estenderia a minha mão contra o filho do rei; porque ouvimos quando o rei ordenou a ti, e Abisai e Itai, dizendo: Acautelai-vos para que ninguém toque no jovem Absalão.
13 သို့​ပါ​လျက်​အကျွန်ုပ်​သည်​မင်း​ကြီး​၏ အ​မိန့်​တော်​ကို​နား​မ​ထောင်​ဘဲ အ​ဗ​ရှ​လုံ အား​သတ်​မည်​ဆို​ပါ​က​မင်း​ကြီး​မ​ကြား မ​သိ​သည့်​အ​မှု​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သ​ဖြင့် ထို​အ​ကြောင်း​ကို​ကြား​သိ တော်​မူ​မည်​သာ​ဖြစ်​ပါ​၏။ ထို​အ​ခါ​အ​ရှင် သည်​အ​ကျွန်ုပ်​ဘက်​၌​နေ​၍​ကာ​ကွယ်​ပြော ဆို​မည်​မ​ဟုတ်​ပါ'' ဟု​ပြန်​ပြော​လေ​၏။
13 Do contrário eu teria operado falsidade contra a minha própria vida; porque não há questão oculta do rei, e tu mesmo terias te lançado contra mim.
14 ယွာ​ဘ​က``ငါ​သည်​သင်​နှင့်​ထပ်​မံ​၍​အ​ချိန် မ​ဖြုန်း​လို​တော့​ပြီ'' ဟု​ဆို​ပြီး​လျှင်​လှံ​သုံး စင်း​ကို​ယူ​၍​ဝက်​သစ်​ချ​ပင်​မှ​တွဲ​လွဲ​ကျ လျက် အ​သက်​ရှင်​နေ​သော​အ​ဗ​ရှ​လုံ​၏ ရင်​ကို​ထုတ်​ချင်း​ပေါက်​ထိုး​လေ​သည်။-
14 Então, disse Joabe: Não posso esperar mais aqui contigo. E ele tomou três dardos em sua mão, e atravessou com eles o coração de Absalão, enquanto ele estava ainda vivo no meio do carvalho.
15 ထို​နောက်​ယွာ​ဘ​၏​တပ်​သား​ဆယ်​ယောက် တို့​သည် အ​ဗ​ရှ​လုံ​ကို​ဝိုင်း​၍​အ​ဆုံး စီ​ရင်​လိုက်​ကြ​၏။
15 E dez moços que carregavam a armadura de Joabe se posicionaram em volta e feriram Absalão, e o mataram.
16 ယွာ​ဘ​သည်​အ​တိုက်​အ​ခိုက်​ရပ်​စဲ​စေ​ရန် တံ​ပိုး​ခ​ရာ​ကို​မှုတ်​စေ​၏။ ထို​အ​ခါ​သူ ၏​တပ်​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​လိုက်​လံ​တိုက်​ခိုက်​ရာ​မှ​ပြန် လာ​ကြ​၏။-
16 E Joabe soprou a trombeta, e o povo retornou da perseguição a Israel; porque Joabe conteve o povo.
17 သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။
17 E tomaram Absalão, e o lançaram em uma grande vala no bosque, e puseram uma pilha mui grande de pedras sobre ele; e todo o Israel fugiu, cada qual para a sua tenda.
18 အ​ဗ​ရှ​လုံ​သည်​မိ​မိ​တွင်​သား​မ​ရှိ​သ​ဖြင့် မိ​မိ​နာ​မည်​မ​တိမ်​ကော​စေ​ရန်​အ​သက်​ရှင် စဉ်​အ​ခါ​က ဘု​ရင့်​ချိုင့်​ဝှမ်း​တွင်​ကျောက်​တိုင် ကို​တည်​ဆောက်​၍ မိ​မိ​၏​နာ​မည်​ဖြင့်​ခေါ်​တွင် စေ​ရာ​အ​ဗ​ရှ​လုံ​ကျောက်​တိုင်​ဟု​ယ​နေ့ တိုင်​အောင်​တွင်​သ​တည်း။
18 Ora, em vida, Absalão havia tomado e erguido para si uma coluna, a qual está no vale do rei; porquanto ele dizia: Não tenho filho para guardar a lembrança do meu nome; e ele chamou a coluna segundo o seu próprio nome; e ela se chama até este dia Lugar de Absalão.
19 ထို​နောက်​ဇာ​ဒုတ်​၏​သား​အ​ဟိ​မတ်​သည်​ယွာ​ဘ အား``ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​ရန်​သူ များ​လက်​မှ​ကယ်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​သ​တင်း ကောင်း​ကို​မင်း​ကြီး​ထံ​သွား​ရောက်​ကြား​လျှောက် ပါ​ရ​စေ'' ဟု​တောင်း​ပန်​၏။
19 Então, disse Aimaás, o filho de Zadoque: Deixa-me, agora, correr, e levar as novas ao rei, como o SENHOR o vingou dos seus inimigos.
20 ယွာ​ဘ​က``ယ​နေ့​သင်​သည်​အ​ဘယ်​သ​တင်း ကောင်း​ကို​မျှ​ယူ​ဆောင်​၍​မ​သွား​ရ။ အ​ခြား တစ်​နေ့​နေ့​၌​သွား​ခွင့်​ပြု​မည်။ ဘု​ရင်​၏​သား တော်​သေ​ဆုံး​ပြီ​ဖြစ်​၍​ယ​နေ့​သင်​သွား​၍ မ​ဖြစ်'' ဟု​ဆို​၏။-
20 E Joabe disse a ele: Tu não levarás novas neste dia, mas levarás as novas noutro dia; mas neste dia não levarás nova alguma, porque o filho do rei está morto.
21 ထို​နောက်​ယွာ​ဘ​သည်​မိ​မိ​၏​ကျွန်​ကု​ရှိ အ​မျိုး​သား​အား``သင်​တွေ့​မြင်​ရ​သည့်​အ​မှု ကို​မင်း​ကြီး​ထံ​သွား​၍​သံ​တော်​ဦး​တင် လော့'' ဟု​ဆို​သ​ဖြင့်​သူ​သည်​ယွာ​ဘ​အား ဦး​ညွှတ်​ပြီး​လျှင်​ပြေး​၍​သွား​လေ​သည်။
21 Então, disse Joabe a Cusi: Vai e conta ao rei o que viste. E Cusi se curvou diante de Joabe, e correu.
22 အ​ဟိ​မတ်​က``အ​ကျွန်ုပ်​အား​လည်း​ထို​သတင်း ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ပါ။ ဘေး​တွေ့​မည် ဖြစ်​သော်​လည်း​အ​ကျွန်ုပ်​အ​မှု​မ​ထား​ပါ'' ဟု​ထပ်​မံ​၍​တောင်း​ပန်​၏။
22 Então, disse Aimaás, filho de Zadoque, uma vez mais a Joabe: Porém, rogo-te, seja como for, deixa-me também correr após o cuxita. E Joabe disse: Por que correrás tu, filho meu, sabendo que não tens pronta nova alguma?
23 အ​ဟိ​မတ်​က​လည်း``ဘေး​တွေ့​မည်​ဖြစ်​သော် လည်း​အ​ကျွန်ုပ်​သွား​လို​ပါ​သည်'' ဟု​တစ်​ဖန် တောင်း​ပန်​၏။
23 Porém, seja como for, disse ele: Deixa-me correr. E ele lhe disse: Corre. Então, Aimaás correu pelo caminho da planície e ultrapassou Cusi.
24 ဒါ​ဝိဒ်​သည်​မြို့​အ​ပြင်​တံ​ခါး​နှင့်​အ​တွင်း တံ​ခါး​စပ်​ကြား​တွင်​ရှိ​သော​မြေ​ကွက်​လပ် တွင်​ထိုင်​လျက်​နေ​၏။ ကင်း​စောင့်​သည်​မြို့​ရိုး ပေါ်​သို့​တက်​ပြီး​လျှင် မြို့​တံ​ခါး​အ​မိုး​ပေါ် မှ​ရပ်​၍​ကြည့်​လိုက်​ရာ​လူ​တစ်​ယောက် အ​ဖော်​မ​ပါ​ဘဲ​ပြေး​လာ​သည်​ကို​မြင် သ​ဖြင့်၊-
24 E Davi estava sentado entre os dois portões; e o guarda subiu até a parte superior acima do portão, que ia até a parede, e ergueu os seus olhos, e olhou, e eis que um homem corria solitário.
25 မင်း​ကြီး​အား​ဟစ်​အော်​လျှောက်​ထား​၏။ မင်း ကြီး​က``ထို​သူ​သည်​တစ်​ကိုယ်​တည်း​ဖြစ်​လျှင် သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​သူ​ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပြေး​လာ​သူ​သည်​လည်း အ​နီး​သို့​ရောက်​ရှိ​လာ​၏။
25 E o guarda gritou, e disse ao rei. E o rei disse: Se ele estiver sozinho, há novas na sua boca. E ele chegou depressa, e se aproximou.
26 ထို​အ​ခါ​ကင်း​စောင့်​သည် အ​ခြား​လူ​တစ် ယောက်​တစ်​ကိုယ်​တည်း​ပြေး​လာ​သည်​ကို မြင်​ပြန်​သ​ဖြင့် တံ​ခါး​မှူး​အား``ကြည့်​လော့၊ အ​ခြား​သူ​တစ်​ယောက်​တစ်​ကိုယ်​တည်း ပြေး​လာ​နေ​ပါ​သည်'' ဟု​အော်​၍​ပြော​၏။
26 E o guarda viu outro homem correndo; e o guarda chamou o porteiro, e disse: Eis outro homem correndo sozinho. E o rei disse: Ele também traz novas.
27 ကင်း​စောင့်​က``ပ​ထ​မ​လူ​ပြေး​ပုံ​မှာ​အ​ဟိ မတ်​ပြေး​ပုံ​နှင့်​တူ​ပါ​သည်'' ဟု​လျှောက်​လျှင်၊
27 E o guarda disse: Parece-me que o correr do primeiro é como o correr de Aimaás, o filho de Zadoque. E o rei disse: Ele é um homem bom, e vem com boas novas.
28 အ​ဟိ​မတ်​သည်​မင်း​ကြီး​အား​နှုတ်​ခွန်း​ဆက် သ​ပြီး​လျှင် ရှေ့​တော်​၌​မြေ​ပေါ်​သို့​လှဲ​ချ ပျပ်​ဝပ်​ကာ``သူ​ပုန်​တို့​အ​ပေါ်​တွင်​အ​ရှင်​မင်း ကြီး​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​သော​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ လာ​ရှိ​တော်​မူ​စေ​သ​တည်း'' ဟု​လျှောက်​၏။
28 E Aimaás chamou, e disse ao rei: Tudo está bem. E ele caiu em terra sobre a sua face diante do rei, e disse: Bendito seja o SENHOR teu Deus, o qual entregou os homens que levantaram a sua mão contra o meu senhor, o rei.
29 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​လျှင်၊
29 E o rei disse: Está seguro o jovem Absalão? E Aimaás respondeu: Quando Joabe enviou o servo do rei, e a mim, o teu servo, vi um grande tumulto, mas não sabia o que era.
30 မင်း​ကြီး​က``ထို​နေ​ရာ​သို့​ရွှေ့​၍​ရပ်​လော့'' ဟု ဆို​လျှင်​အ​ဟိ​မတ်​သည်​ရွှေ့​၍​ရပ်​နေ​၏။
30 E o rei disse a ele: Vira-te para o lado, e põe-te de pé ali. E ele virou-se para o lado, e ficou parado.
31 ထို​နောက်​ကု​ရှိ​အ​မျိုး​သား​ရောက်​ရှိ​လာ​၍ မင်းကြီး​အား``အ​ကျွန်ုပ်​သည်​အ​ရှင်​မင်း​ကြီး အ​တွက်​သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ​ပါ သည်။ ယ​နေ့​အ​ရှင်​အား​ထာ​ဝ​ရ​ဘု​ရား သည်​ပုန်​ကန်​သူ​အ​ပေါင်း​တို့​အ​ပေါ်​တွင် အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၏။
31 E, eis que Cusi veio; e disse Cusi: Novas, meu senhor, o rei; pois o SENHOR te vingou neste dia de todos os homens que se levantaram contra ti.
32 မင်း​ကြီး​က``လူ​ငယ်​အ​ဗ​ရှ​လုံ​ဘေး​ကင်း ပါ​၏​လော'' ဟု​မေး​တော်​မူ​သော်​ကု​ရှိ​အ​မျိုး သား​က``အ​ရှင်၊ အ​ရှင်​၏​ရန်​သူ​များ​နှင့်​အ​ရှင့် အား​ပုန်​ကန်​ကြ​သူ​များ​သည်​ထို​သူ​ငယ် ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော'' ဟု​လျှောက်​၏။
32 E o rei disse a Cusi: Está seguro o jovem Absalão? E Cusi respondeu: Os inimigos do meu senhor, o rei, e todos os que se levantam contra ti para te machucar, e sejam como aquele jovem está.
33 မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​နည်း​ကြေ​ကွဲ​လျက် မြို့​တံ​ခါး​အ​မိုး​ထက်​၌​ရှိ​သော​အ​ခန်း​သို့ တက်​သွား​၍​ငို​ကြွေး​တော်​မူ​၏။ ယင်း​သို့ တက်​သွား​စဉ်``အို ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ အ​ဗ​ရှ​လုံ​ငါ့​သား၊ သင့်​ကိုယ်​စား​ငါ​သေ ချင်​ပါ​ဘိ။ ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား'' ဟု ငို​ကြွေး​မြည်​တမ်း​လေ​၏။
33 E o rei ficou mui comovido, e subiu à câmara acima do portão, e chorou; e enquanto subia, assim ele disse: Ó meu filho Absalão! Meu filho, meu filho Absalão! Quisesse Deus, eu teria morrido por ti, ó Absalão, meu filho, meu filho!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.