2 Samuel 17
Common Language Bible (MYA) vs VC
1 အဟိသောဖေလက``အကျွန်ုပ်သည်လူ တစ်သောင်းနှစ်ထောင်ရွေးချယ်၍ ဒါဝိဒ် နောက်သို့ယနေ့ညဥ့်ပင်လိုက်ပါရစေ။-
1 Aquitofel disse a Absalão: Deixa-me escolher doze mil homens, e irei ainda esta noite perseguir Davi.
2 မောပန်းစိတ်ပျက်နေချိန်၌သူ့အားအကျွန်ုပ် ဝင်ရောက်တိုက်ခိုက်ပါမည်။ ထိုအခါသူသည် ကြောက်လန့်သွားမည်ဖြစ်၍ သူ၏လူတို့သည် လည်းထွက်ပြေးကြပါလိမ့်မည်။ အကျွန်ုပ်သည် ဘုရင်တစ်ပါးတည်းကိုသာသတ်ပြီးလျှင်၊-
2 Assaltá-lo-ei no momento em que estiver extenuado de fadiga: provocarei pânico, e todos os que estão com ele fugirão. O rei ficará sozinho, e então o ferirei;
3 မင်္ဂလာဆောင်သတို့သမီးသည်မိမိ၏ ခင်ပွန်းထံသို့ပြန်လာသကဲ့သို့ သူ၏လူ အပေါင်းကိုအရှင့်ထံသို့ပြန်လာစေပါ မည်။ အရှင်သေစေလိုသူမှာတစ်ယောက် တည်းဖြစ်ပါ၏။ အခြားလူအပေါင်းတို့ သည်ဘေးဥပဒ်ရောက်ရကြလိမ့်မည် မဟုတ်ပါ'' ဟုအဗရှလုံအားလျှောက် ထား၏။-
3 e te reconduzirei todo o povo, assim como a esposa volta para o seu esposo. É só a um homem que procuras, e todo o povo estará em paz.
4 ဤအကြံကိုအဗရှလုံနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်များကနှစ်သက် ကြ၏။
4 Esse conselho agradou a Absalão e a todos os anciãos de Israel.
5 အဗရှလုံက``ယခုဟုရှဲကိုခေါ်ခဲ့ကြ။ သူ ၏အကြံကိုလည်းနားထောင်ကြစို့'' ဟု ဆို၏။-
5 No entanto, Absalão disse: Chamai Cusai, o araquita, e ouçamos também o que ele diz.
6 ဟုရှဲရောက်လာသောအခါအဗရှလုံ က``အဟိသောဖေလပေးသောအကြံမှာ ဤသို့ဖြစ်၏။ ထိုအကြံအတိုင်းငါတို့ လိုက်သင့်ပါသလော။ မလိုက်သင့်ပါမူငါ တို့အဘယ်သို့ပြုရမည်ကိုပြောပါ လော့'' ဟုဆို၏။
6 Chegando Cusai, Absalão disse-lhe: Eis o que propôs Aquitofel. Faremos o que ele disse? Se não, fala por tua vez!
7 ဟုရှဲက``ယခုတစ်ကြိမ်အရှင့်အား အဟိ သောဖေလပေးသည့်အကြံမှာမသင့် လျော်ပါ။-
7 Desta vez, respondeu Cusai, o conselho de Aquitofel não é bom.
8 အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
8 Tu sabes, ajuntou ele, que teu pai e seus homens são valentes, e estão furiosos como a ursa a quem roubaram a cria na estepe. Teu pai é um guerreiro: ele não passará a noite com o exército.
9 ယခုပင်လျှင်သူသည်ဂူတစ်ခုခု၌ဖြစ် စေ၊ အခြားတစ်နေရာရာ၌ဖြစ်စေပုန်း အောင်းလျက်နေပါလိမ့်မည်။ ဒါဝိဒ်က စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အရှင်၏လူအချို့တို့ကျဆုံးကြပါ လိမ့်မည်။ ထိုသတင်းကိုကြားသောသူ တို့က အရှင်၏လူတို့အရေးရှုံးနိမ့်ကြ ပြီဟုပြောဆိုကြပါလိမ့်မည်။-
9 Ele deve estar agora escondido em alguma gruta ou em qualquer outro lugar. E se vierem a cair desde o começo alguns do nosso exército, isso será publicado e dir-se-á: Houve uma derrota no partido de Absalão.
10 ထိုအခါခြင်္သေ့ကဲ့သို့ကြောက်စိတ်ကင်း၍ ရဲစွမ်းသတ္တိအရှိဆုံးသောသူများပင်လျှင် ထိတ်လန့်သွားကြပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော်အရှင့်ခမည်းတော်သည်သူရဲကောင်း ကြီးတစ်ယောက်ဖြစ်၍ သူ၏စစ်သည်တော် တို့သည်လည်းစစ်ရည်ဝသူများဖြစ်သည် ကို ဣသရေလအမျိုးသားတစ်ရပ်လုံးသိ ကြသောကြောင့်ဖြစ်ပါ၏။-
10 Então mesmo o mais valente desanimaria, ainda que tivesse um coração de leão, pois todo o Israel sabe que o teu pai é um herói, e que está acompanhado de homens valentes.
11 အရှင့်အားအကျွန်ုပ်အကြံပေးလိုသည်မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ဣသရေလအမျိုးသားအပေါင်းကိုနိုင်ငံ တစ်စွန်းမှတစ်စွန်းတိုင်ခေါ်ယူစေရန်ဖြစ် ပါ၏။ ထိုနောက်သူတို့အားအရှင်ကိုယ်တိုင် ခေါင်းဆောင်၍စစ်ပွဲသို့ဝင်တော်မူပါ။-
11 Eis o meu conselho: Que se mobilize todo o Israel, desde Dã até Bersabéia, e se reúnam junto de ti tão numerosos como os grãos de areia na praia do mar, indo tu mesmo no meio deles.
12 ဒါဝိဒ်ရှိရာအရပ်ကိုမတွေ့တွေ့အောင် ရှာ၍ အကျွန်ုပ်တို့သည်သူ့အားရုတ်တရက် အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ကြပါ မည်။ သူမှစ၍သူ၏လူတစ်စုံတစ်ယောက် မျှမသေဘဲကျန်ရစ်လိမ့်မည်မဟုတ်ပါ။-
12 Atingi-lo-emos em qualquer lugar onde esteja, caindo contra ele como o orvalho cai sobre a terra, e não deixaremos vivos nem ele nem homem algum dos que estão com ele.
13 အကယ်၍သူသည်မြို့တစ်မြို့အတွင်း သို့ဆုတ်ခွာသွားလျှင် အကျွန်ုပ်တို့၏လူ များသည်ကြိုးများကိုယူဆောင်ကာတောင် ကုန်းပေါ်တွင်ကျောက်တစ်လုံးမျှမကျန်ဘဲ ထိုမြို့ကိုချိုင့်ဝှမ်းအောက်သို့ဆွဲချကြ ပါမည်'' ဟုလျှောက်၏။
13 Se se refugiar nalguma cidade, todo o Israel trará cordas a essa cidade, e a arrastaremos até a torrente, de maneira que não fique dela uma só pedra!
14 အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။
14 Absalão e todos os israelitas acharam o conselho de Cusai melhor que o de Aquitofel. O Senhor decidira frustrar o bom conselho de Aquitofel, a fim de trazer a desgraça sobre Absalão.
15 ထိုနောက်ဟုရှဲသည်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့အား မိမိသည်အဗရှလုံ နှင့်ဣသရေလခေါင်းဆောင်များကိုအဘယ် သို့အကြံပေး၍အဟိသောဖေလက မည်သို့အကြံပေးသည်ကိုပြောပြ၏။-
15 Cusai disse aos sacerdotes Sadoc e Abiatar: Aquitofel aconselhou a Absalão e aos anciãos de Israel desse e desse modo; eu, porém, aconselhei-lhe assim e assim.
16 ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။
16 Mandai, pois, imediatamente a Davi esta mensagem: Não fiques esta noite nas planícies do deserto, mas atravessa-o sem demora, não suceda que sejam exterminados o rei e todo o povo que está com ele.
17 ဇာဒုတ်၏သားယောနသန်နှင့်အဗျာသာ ၏သားအဟိမတ်တို့သည်လူမြင်မည်စိုး ၍ မြို့ထဲမဝင်ဝံ့ဘဲအင်္ရောဂေလရွာတွင် စောင့်နေကြ၏။ ဒါဝိဒ်ထံသို့သူတို့ယူ ဆောင်ရန်သတင်းကိုအစေခံမကလေး တစ်ယောက်ကလာရောက်ပေးပို့သည့်အတိုင်း သူတို့သည်ဒါဝိဒ်ထံသို့သွား၍လျှောက် ကြ၏။-
17 Jônatas e Aquimaas estavam em En-Rogel; uma criada foi dar-lhes as notícias, que eles mesmos levariam ao rei Davi, porque não deviam ser vistos entrando na cidade.
18 သို့ရာတွင်ယခုတစ်ကြိမ်၌လူကလေး တစ်ယောက်သည် သူတို့ကိုမြင်သဖြင့်အဗ ရှလုံအားလျှောက်ထားလေ၏။ ထို့ကြောင့် ယောနသန်နှင့်အဟိမတ်တို့သည်ဗာဟု ရိမ်မြို့ရှိအိမ်တစ်အိမ်သို့အဆောတလျင် သွားပြီးလျှင် ထိုအိမ်အနီးရှိရေတွင်းထဲ သို့ဆင်း၍ပုန်းကြ၏။-
18 Mas um jovem os viu e avisou Absalão. Eles, porém, partiram com toda a pressa e entraram na casa de um homem em Baurim. Havia uma cisterna no pátio, onde se esconderam,
19 အိမ်ရှင်မသည်ရေတွင်းကိုဖုံးအုပ်ပြီးလျှင် မည်သူမျှမရိပ်မိစေရန်အဖုံးပေါ်တွင် ဆန်လှန်း၍ထားလေသည်။-
19 e a mulher colocou uma tampa sobre a cisterna, espalhando por cima grãos socados, de sorte que não se notava coisa alguma.
20 အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။
20 Os enviados de Absalão entraram na casa dessa mulher e disseram: Onde estão Aquimaas e Jônatas? Ela respondeu: Atravessaram o regato. Puseram-se a procurar, mas não encontrando ninguém, voltaram para Jerusalém.
21 သူတို့ပြန်သွားကြသောအခါအဟိမတ် နှင့်ယောနသန်တို့သည်ရေတွင်းထဲမှတက် လာပြီးလျှင် ဒါဝိဒ်မင်းထံသွားရောက်သတင်း ပို့ကြ၏။ သူတို့သည်မင်းကြီးအားအဟိသော ဖေလအဘယ်သို့မကောင်းကြံသည်ကိုသံ တော်ဦးတင်ပြီးနောက်``မြစ်တစ်ဘက်ကမ်းသို့ ဆောလျင်စွာကူးတော်မူပါ'' ဟုလျှောက်ထား ကြ၏။-
21 Depois que partiram, saíram os jovens da cisterna e foram levar a notícia ao rei Davi, dizendo: Ide! Passai depressa as águas, porque Aquitofel deu o seguinte conselho contra vós.
22 သို့ဖြစ်၍ဒါဝိဒ်နှင့်နောက်ပါအပေါင်းတို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူးကြရာ မိုး သောက်ချိန်၌တစ်ယောက်မကျန်တစ်ဘက် ကမ်းသို့ရောက်ရှိကြ၏။
22 Davi partiu com todos os seus homens, e passaram o Jordão. Ao amanhecer, não havia um só homem que não tivesse atravessado o rio.
23 အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
23 Aquitofel, vendo que seu conselho não fora seguido, selou o seu jumento e tomou o caminho de sua casa, na sua cidade. Pôs em ordem os seus negócios e enforcou-se. Morto, foi enterrado no túmulo de seu pai.
24 အဗရှလုံနှင့် ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်တစ်ဘက်ကမ်းသို့ကူးမိ ကြသောအခါ ဒါဝိဒ်သည်မဟာနိမ်မြို့ သို့ရောက်ရှိနေလေပြီ။-
24 Davi chegou a Maanaim quando Absalão passou o Jordão com os israelitas.
25 (အဗရှလုံသည်အာမသအားယွာဘ၏ နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့် ထား၏။ အာမသကားဣရှမေလအမျိုး သားယေသာ၏သားဖြစ်၏။ သူ၏မိခင်မှာ နာဟတ်၏သမီး၊ ယွာဘ၏မိခင်ဇေရုယာ ၏ညီမအဘိဂဲလဖြစ်သတည်း။-)
25 Absalão pusera Amasa à frente do exército em lugar de Joab. Esse Amasa era filho de um tal Jetra, ismaelita, que se unira a Abigail, filha de Naas, irmã de Sarvia, mãe de Joab.
26 အဗရှလုံနှင့်နောက်ပါအပေါင်းတို့သည် ဂိလဒ်ပြည်တွင်တပ်စခန်းချကြ၏။
26 Os israelitas e Absalão acamparam na terra de Galaad.
27 မဟာနိမ်မြို့သို့ဒါဝိဒ်ရောက်ရှိလာသော အခါအမ္မုန်ပြည်၊ ရဗ္ဗာမြို့သားနာဟတ်၏ သားရှောဘိ၊ လောဒေဗာမြို့သားအမျေလ ၏သားမာခိရနှင့်ဂိလဒ်ပြည်ရောဂေလိမ် မြို့သားဗာဇိလဲတို့သည်သူ၏ထံလာ ရောက်တွေ့ဆုံကြ၏။-
27 Quando Davi chegou a Maanaim, Sobi, filho de Naas, de Raba dos amonitas, Maquir, filho de Amiel de Lodabar, e Berzelai, o galaadita, de Rogelim,
28 — ausente —
28 vieram trazer-lhe camas, tapetes, copos e vasilhas, bem como trigo, cevada, farinha, grão torrado, favas, lentilhas,
29 — ausente —
29 mel, manteiga, ovelhas e queijos de leite de vaca. Trouxeram tudo isso a Davi e às suas tropas, para que se alimentassem, dizendo: Estes homens sofreram certamente fome, fadiga e sede no deserto.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.