2 Samuel 16

Common Language Bible (MYA) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဒါ​ဝိဒ်​သည်​တောင်​ထိပ်​ကို​အ​နည်း​ငယ်​ကျော် မိ​သော​အ​ခါ မေ​ဖိ​ဗော​ရှက်​၏​အ​စေ​ခံ​ဇိ​ဘ နှင့်​တွေ့​ဆုံ​လေ​၏။ ဇိ​ဘ​သည်​မုန့်​အ​လုံး​နှစ် ရာ၊ စ​ပျစ်​သီး​ခြောက်​အ​ခိုင်​တစ်​ရာ၊ စ​ပျစ်​သီး မှည့်​အ​ခိုင်​တစ်​ရာ​နှင့်​စ​ပျစ်​ရည်​ဘူး​တစ်​ဘူး ကို​မြည်း​နှစ်​ကောင်​ဖြင့်​တင်​ဆောင်​လာ​၏။-
1 Mal Davi tinha passado pelo alto do monte, lá estava à sua espera Ziba, criado de Mefibosete. Ele trazia dois jumentos carregando duzentos pães, cem bolos de uvas passas, cem frutas da estação e uma vasilha de couro cheia de vinho.
2 ဒါ​ဝိဒ်​မင်း​က``သင်​သည်​ဤ​ပစ္စည်း​များ​ကို အ​ဘယ်​ကြောင့် ယူ​ဆောင်​လာ​ပါ​သ​နည်း'' ဟု မေး​တော်​မူ​၏။
2 O rei perguntou a Ziba: "Por que você trouxe essas coisas? " Ziba respondeu: "Os jumentos servirão de montaria para a família do rei, os pães e as frutas são para os homens comerem, e o vinho servirá para reanimar os que ficarem exaustos no deserto".
3 မင်း​ကြီး​က``သင်​၏​သ​ခင်​မေ​ဖိ​ဗော​ရှက် ကား​အ​ဘယ်​မှာ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊
3 O rei então perguntou: "Onde está Mefibosete, neto de seu senhor? " Respondeu-lhe Ziba: "Ele ficou em Jerusalém, pois acredita que os israelitas lhe restituirão o reino de seu avô ".
4 မင်း​ကြီး​က​လည်း``မေ​ဖိ​ဗော​ရှက်​ပိုင်​သ​မျှ သော​ပစ္စည်း​ဥစ္စာ​တို့​ကို​သင့်​အား​ငါ​ပေး​၏'' ဟု​မိန့်​တော်​မူ​၏။
4 Então o rei disse a Ziba: "Tudo o que pertencia a Mefibosete agora é seu". "Humildemente me prostro", disse Ziba. "Que o rei, meu senhor, agrade-se de mim".
5 ဒါ​ဝိဒ်​သည်​ဗာ​ဟု​ရိမ်​မြို့​သို့​ရောက်​သော​အ​ခါ ရှော​လု​၏​ဆွေ​တော်​မျိုး​တော်​ဂေ​ရ​၏​သား၊ ရှိ​မိ ဆို​သူ​သည်​ဒါ​ဝိဒ်​အား​ကျိန်​ဆဲ​လျက်​မြို့​မှ ထွက်​လာ​၏။-
5 Chegando o rei Davi a Baurim, um homem do clã da família de Saul chamado Simei, filho de Gera, saiu da cidade proferindo maldições contra ele.
6 ဒါ​ဝိဒ်​အား​ကိုယ်​ရံ​တော်​တပ်​သား​များ​နှင့်​လူ တို့​ခြံ​ရံ​လျက်​ရှိ​နေ​သော်​လည်း ရှိ​မိ​သည် ဒါ​ဝိဒ်​နှင့်​မှူး​မတ်​တို့​အား​ခဲ​နှင့်​ပေါက်​လေ သည်။-
6 Ele atirava pedras em Davi e em todos os conselheiros do rei, embora todo o exército e a guarda de elite estivessem à direita e à esquerda de Davi.
7 ရှိ​မိ​က``အ​သက်​ကို​သတ်​သော​အ​ချင်း ရာ​ဇ​ဝတ်​ကောင်၊ ထွက်​သွား​လော့။ ထွက်​သွား လော့။-
7 Enquanto amaldiçoava, Simei dizia: "Saia daqui, saia daqui! Assassino! Bandido!
8 သင်​သည်​ရှော​လု​၏​နိုင်​ငံ​ကို​သိမ်း​ယူ​ခဲ့​၍ သူ​၏​မိ​သား​စု​တို့​ကို​သတ်​သည့်​အ​တွက် ယ​ခု​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ဒဏ် ခတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​နိုင်​ငံ တော်​ကို​သင်​၏​သား​အ​ဗ​ရှ​လုံ​၏​လက်​သို့ ပေး​အပ်​တော်​မူ​ပြီ။ အ​ချင်း​လူ​သတ်​သ​မား၊ သင်​သည်​အကျိုး​နည်း​ရ​လေ​ပြီ'' ဟု​ကျိန် ဆဲ​လေ​၏။
8 O Senhor retribuiu a você todo o sangue derramado na família de Saul, em cujo lugar você reinou. O Senhor entregou o reino nas mãos de seu filho Absalão. Você está arruinado porque é um assassino! "
9 ဇေ​ရု​ယာ​၏​သား​အ​ဘိ​ရှဲ​က​မင်း​ကြီး အား``အ​ရှင်​မင်း​ကြီး၊ အ​ဘယ်​ကြောင့်​ဤ​ခွေး သေ​ကောင်​ကို​အ​ရှင့်​အား​ကျိန်​ဆဲ​ခွင့်​ပြု တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​သွား​၍ သူ​၏​ဦး​ခေါင်း​ကို​ဖြတ်​ပစ်​ပါ​ရ​စေ'' ဟု လျှောက်​၏။
9 Então Abisai, filho de Zeruia, disse ao rei: "Por que esse cão morto amaldiçoa o rei meu senhor? Permite que eu lhe corte a cabeça".
10 မင်း​ကြီး​က​အ​ဘိ​ရှဲ​နှင့်​သူ​၏​အစ်​ကို​ယွာ​ဘ အား``ဤ​အ​မှု​သည်​သင်​တို့​နှင့်​မ​သက်​ဆိုင်။ ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့် သူ သည်​ကျိန်​ဆဲ​ခဲ့​သော်​သူ့​အား`သင်​သည် အ​ဘယ်​ကြောင့်​ဤ​သို့​ပြု​ဘိ​သ​နည်း' ဟု အ​ဘယ်​သူ​မေး​မြန်း​မည်​နည်း'' ဟု​ဆို​၏။-
10 Mas o rei disse: "Que é que vocês têm com isso, filhos de Zeruia? Ele me amaldiçoa porque o Senhor lhe disse que amaldiçoasse Davi. Portanto, quem poderá questioná-lo? "
11 ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။-
11 Disse então Davi a Abisai e a todos os seus conselheiros: "Até meu filho, sangue do meu sangue, procura matar-me. Quanto mais este benjamita! Deixem-no em paz! Que amaldiçoe, pois foi o que o Senhor lhe mandou fazer.
12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဒုက္ခ​ကို​မြင် တော်​မူ​၍ ထို​သူ​၏​ကျိန်​စာ​အ​စား​ကောင်း ချီး​မင်္ဂ​လာ​ကို​ချ​ပေး​ကောင်း​ချ​ပေး​တော် မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-
12 Talvez o Senhor considere a minha aflição e me retribua com o bem a maldição que hoje recebo".
13 ထို​နောက်​ဒါ​ဝိဒ်​နှင့်​နောက်​တော်​လိုက်​သူ​တို့ သည်​ဆက်​လက်​၍​ခ​ရီး​ပြု​ကြ​၏။ ရှိ​မိ​သည် တောင်​ခါး​ပန်း​တစ်​လျှောက်​လိုက်​၍​ကျိန်​ဆဲ ကာ​ကျောက်​ခဲ​များ​ဖြင့်​ပေါက်​၏။ မြေ​မှုန့် များ​နှင့်​လည်း​ပက်​၏။-
13 Assim, Davi e os seus soldados prosseguiram pela estrada, enquanto Simei ia pela encosta do monte, no lado oposto, amaldiçoando, jogando pedras e terra.
14 မင်း​ကြီး​နှင့်​အ​တူ​သူ​၏​လူ​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ နွမ်း​နယ်​ကြ သ​ဖြင့်​ထို​အ​ရပ်​တွင်​အ​ပန်း​ဖြေ​ကြ​၏။
14 O rei e todo o povo que estava com ele chegaram exaustos a seu destino. E lá descansaram.
15 အ​ဗ​ရှ​လုံ​သည်​လိုက်​ပါ​လာ​သော​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု ရှ​လင်​မြို့​သို့​ဝင်​ကြ​၏။ ထို​သူ​တို့​နှင့်​အ​တူ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​၏။-
15 Enquanto isso, Absalão e todos os homens de Israel entraram em Jerusalém, e Aitofel estava com eles.
16 ဒါ​ဝိဒ်​၏​လူ​ယုံ​တော်​ဟု​ရှဲ​သည်​အ​ဗ​ရှ​လုံ ကို​တွေ့​သော​အ​ခါ``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော။ မင်း​ကြီး​သက်​တော်​ရှည်​ပါ​စေ သော'' ဟု​ကြို​ဆို​လေ​၏။
16 Então Husai, o arquita, amigo de Davi, aproximou-se de Absalão e exclamou: "Viva o rei! Viva o rei! "
17 အ​ဗ​ရှ​လုံ​က``သင်​၏​အ​ဆွေ​တော်​အ​ပေါ်​၌ ထား​ရှိ​သည့်​ကျေး​ဇူး​သစ္စာ​စ​ကား​အ​ဘယ်​သို့ ဖြစ်​လေ​ပြီ​နည်း။ သင်​သည်​အ​ဘယ်​ကြောင့်​သူ နှင့်​အ​တူ​လိုက်​မ​သွား​ပါ​သ​နည်း'' ဟု​မေး​၏။
17 Mas Absalão disse a Husai: "É essa a lealdade que você tem para com o seu amigo? Por que você não foi com ele? "
18 ဟု​ရှဲ​က``အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​လိုက်​သွား နိုင်​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့် ထား​သူ​ဤ​လူ​စု​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရွေး​ချယ်​ခန့်​ထား​သူ​၏​အ​စေ ကို​အ​ကျွန်ုပ်​ခံ​ပါ​မည်။ အ​ကျွန်ုပ်​သည်​အ​ရှင် နှင့်​အ​တူ​နေ​ပါ​မည်။-
18 Respondeu Husai: "Não! Sou do escolhido do Senhor, deste povo e de todos os israelitas; e com ele permanecerei.
19 အ​မှန်​မှာ​အ​ကျွန်ုပ်​သည်​မိ​မိ​သ​ခင်​၏ သား​တော်​ထံ​တွင်​အ​မှု​တော်​မ​ထမ်း​ဆောင် ပါ​လျှင် အ​ဘယ်​သူ​၏​ထံ​တွင်​ထမ်း​ဆောင် ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အ​ရှင့်​ခ​မည်း တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ခဲ့​သည့် နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက်​၏။
19 Além disso, a quem devo servir? Não deveria eu servir o filho? Assim como servi a teu pai, também te servirei".
20 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​အ​ဟိ​သော​ဖေ​လ ၏​ဘက်​သို့​လှည့်​၍``ငါ​တို့​သည်​အ​ဘယ်​အ​မှု ကို​ပြု​ရ​ကြ​ပါ​မည်​နည်း။ ငါ​တို့​အား​အ​ကြံ ပေး​လော့'' ဟု​ဆို​၏။
20 Então Absalão disse a Aitofel: "Dê-nos o seu conselho. Que devemos fazer? "
21 အ​ဟိ​သော​ဖေ​လ​က``နန်း​တော်​ကို​စောင့်​စေ ရန်​အ​ရှင့်​ခ​မည်း​တော်​ထား​ခဲ့​သော​မောင်း​မ များ​ရှိ​ရာ​သို့​ဝင်​၍ ကိုယ်​လက်​နှီး​နှော​မှု​ကို ပြု​တော်​မူ​ပါ။ သို့​ပြု​လျှင်​ခ​မည်း​တော်​သည် အ​ရှင့်​အား​ရန်​သူ​အ​ဖြစ်​သတ်​မှတ်​ကြောင်း လူ​အ​ပေါင်း​တို့​သိ​သော​အ​ခါ​အ​ရှင်​၏ နောက်​လိုက်​နောက်​ပါ​တို့​သည်​အ​လွန်​အား ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။-
21 Aitofel respondeu: "Tenha relações com as concubinas de teu pai, que ele deixou para tomar conta do palácio. Então todo o Israel ficará sabendo que te tornaste repugnante para teu pai, e todos os que estão contigo se encherão de coragem".
22 သို့​ဖြစ်​၍​အ​ဗ​ရှ​လုံ​သည်​နန်း​တော်​အ​မိုး ထက်​တွင်​အ​မိုး​မိုး​စေ​ပြီး​နောက် လူ​အ​ပေါင်း တို့​၏​မျက်​မှောက်​၌​ခ​မည်း​တော်​၏​မောင်း​မ များ​နှင့်​ကိုယ်​လက်​နှီး​နှော​မှု​ကို​ပြု​၏။
22 E assim armaram uma tenda no terraço do palácio para Absalão, e ele teve relações com as concubinas de seu pai à vista de todo o Israel.
23 ထို​စဉ်​အ​ခါ​က​လူ​တို့​သည်​အ​ဟိ​သော ဖေ​လ​ပေး​သည့်​အ​ကြံ​ကို ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​သ​ဖွယ်​မှတ်​ယူ​တတ်​ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​ဗ​ရှ​လုံ​တို့​လည်း​မှတ်​ယူ ကြ​သ​တည်း။
23 Naquela época, tanto Davi como Absalão consideravam os conselhos de Aitofel como se fossem a palavra do próprio Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.