2 Samuel 15

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို​နောက်​အ​ဗ​ရှ​လုံ​သည်​မြင်း​ရ​ထား​တစ်​စီး၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး​စစ်​သည်​ငါး​ဆယ် ကို​မိ​မိ​အ​တွက်​ထား​ရှိ​လေ​သည်။-
1 Depois disso Absalão adquiriu para si um carro, cavalos e cinqüenta homens para escoltaram-no.
2 သူ​သည်​နံ​နက်​စော​စော​ထ​ပြီး​လျှင်​မြို့​တံ​ခါး ဝ​လမ်း​နံ​ဘေး​တွင်​ရပ်​လျက်​နေ​တတ်​၏။ ဘု​ရင် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ရန်​အ​မှု​သည်​တစ်​စုံ တစ်​ယောက်​ရောက်​ရှိ​လာ​သော​အ​ခါ​သူ့​ကို​ခေါ် ၍``သင်​သည်​အ​ဘယ်​အ​ရပ်​က​လာ​သနည်း'' ဟု မေး​လေ့​ရှိ​၏။ အ​မှု​သည်​က``အ​ရှင်​အ​ကျွန်ုပ် သည်​ဤ​မည်​သော​ဣ​သ​ရေ​လ​အ​နွယ်​မှ​ဖြစ် ပါ​သည်'' ဟု​ဆို​လျှင်၊-
2 Colocava-se desde cedo à beira do caminho, junto à grande porta, e interpelava todos os que vinham procurar o rei para um julgamento, dizendo: De que cidade és tu? O outro respondia: Teu servo é de tal tribo de Israel.
3 အ​ဗ​ရှ​လုံ​က``ကြည့်​လော့၊ သင်​၏​အ​မှု​သည် တ​ရား​ဥ​ပ​ဒေ​အ​ရ​မှန်​ကန်​၏။ သို့​ရာ​တွင် ဘု​ရင်​၏​ကိုယ်​စား​သင့်​အ​မှု​ကို​စီ​ရင်​ပေး မည့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
3 Vê, dizia-lhe Absalão; a tua causa é boa e justa; mas não há ninguém para te ouvir da parte do rei.
4 ငါ​သာ​လျှင်​တ​ရား​သူ​ကြီး​ဖြစ်​ခဲ့​ပါ​မူ​ငြင်း ခုံ​မှု၊ တ​ရား​မှု​ရှိ​သူ​သည်​ငါ့​ထံ​သို့​လာ​၍ ငါ​သည်​တ​ရား​သ​ဖြင့်​စီ​ရင်​မည်'' ဟု​ပြော ဆို​လေ့​ရှိ​၏။-
4 E Absalão ajuntava: Oh, quem me dera ser juiz desta terra! Todo o que tivesse um litígio ou uma questão e viesse ter comigo, eu lhe faria justiça.
5 အ​ကယ်​၍​ထို​သူ​သည်​အ​ဗ​ရှ​လုံ​၏​အ​နီး​သို့ ချဉ်း​ကပ်​၍​ဦး​ညွှတ်​အ​ရို​အ​သေ​ပြု​ခဲ့​သော် အ​ဗ​ရှ​လုံ​သည်​လက်​ကို​ဆန့်​၍​ထို​သူ​အား ကိုင်​ပြီး​လျှင်​နမ်း​ရှုပ်​တတ်​၏။-
5 E se alguém se aproximava para se prostrar diante dele, estendia a mão, detinha-o e beijava-o.
6 အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​၏​အဆုံး​အ​ဖြတ် ကို​ခံ​ရန်​လာ​ရောက်​သူ ဣ​သ​ရေ​လ​အ​မျိုး သား​မှန်​သ​မျှ​ကို ဤ​နည်း​အ​တိုင်း​ပြု​သ​ဖြင့် ထို​သူ​တို့​၏​ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ လေ​သည်။
6 Assim fazia Absalão com todos os israelitas que vinham procurar o rei para qualquer julgamento. E desse modo conquistou os corações dos israelitas.
7 လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​အ​ဗ​ရှ​လုံ သည်​ဒါ​ဝိဒ်​မင်း​အား``အ​ရှင်၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​ခဲ့​သည့်​သစ္စာ​ဝတ် ကို​ဖြေ​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​ခွင့်​ပြု​တော် မူ​ပါ။-
7 Quatro anos se passaram. Absalão disse ao rei: Deixa-me ir a Hebron para cumprir ali uma promessa que fiz ao Senhor.
8 ရှု​ရိ​ပြည်​ဂေ​ရှု​ရ​မြို့​တွင်​နေ​ထိုင်​စဉ်​အ​ခါ​က အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​အား ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လည်​ပို့​ဆောင်​ပေး တော်​မူ​ပါ​လျှင် ကိုယ်​တော်​အား​ဟေ​ဗြုန်​မြို့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်​ဟု​အ​ကျွန်ုပ် က​တိ​ထား​ခဲ့​ပါ​၏'' ဟု​လျှောက်​၏။-
8 Quando o teu servo estava em Gessur, fez este voto: se Senhor me reconduzir a Jerusalém, irei prestar-lhe culto em Hebron.
9 မင်း​ကြီး​က``ငြိမ်း​ချမ်း​စွာ​သွား​လော့'' ဟု ဆို​သ​ဖြင့်​အ​ဗ​ရှ​လုံ​သည်​ဟေ​ဗြုန်​မြို့ သို့​သွား​လေ​၏။-
9 Vai em paz, disse-lhe o rei. E ele foi para Hebron.
10 သို့​ရာ​တွင်​သူ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ သ​မျှ​တို့​ထံ​သို့​စေ​တ​မန်​များ​လွှတ်​ပြီး လျှင်``သင်​တို့​သည်​တံ​ပိုး​ခ​ရာ​များ​မှုတ် သံ​ကို​ကြား​သော​အ​ခါ``အ​ဗ​ရှ​လုံ​သည် ဟေ​ဗြုန်​မြို့​တွင်​နန်း​တက်​တော်​မူ​ပြီ' ဟု ကြွေး​ကြော်​ကြ​လော့'' ဟု​မှာ​ကြား​ထား လေ​သည်။-
10 Absalão enviou emissários secretos a todas as tribos de Israel, com esta mensagem: Quando ouvirdes o som da trombeta, dizei: Absalão é rei em Hebron!
11 အ​ဗ​ရှ​လုံ​၏​ခေါ်​ဖိတ်​ချက်​အ​ရ​သူ​နှင့် အ​တူ ယေ​ရု​ရှ​လင်​မြို့​မှ​လိုက်​လာ​သူ အ​ပေါင်း​မှာ​နှစ်​ရာ​ရှိ​၏။ သူ​တို့​သည်​အ​ဗ ရှ​လုံ​၏​လျှို့​ဝှက်​ကြံ​စည်​ချက်​ကို​လုံး​ဝ မ​သိ​ကြ။ စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့်​လိုက် ပါ​လာ​သူ​များ​ဖြစ်​သ​တည်း။-
11 Ora, tinham partido de Jerusalém com Absalão duzentos homens, convidados por ele, que o seguiam com simplicidade de coração, sem nada suspeitar.
12 ယဇ်​များ​ကို​ပူ​ဇော်​နေ​ချိန်​၌​အ​ဗ​ရှ​လုံ​သည် ဂိ​လော​မြို့​သို့​လူ​လွှတ်​၍ ဒါ​ဝိဒ်​၏​အ​တိုင်​ပင်​ခံ အ​မတ်​တစ်​ဦး​ဖြစ်​သူ​ဂိ​လော​မြို့​သား​အဟိ​သော ဖေ​လ​ကို​အ​ခေါ်​ခိုင်း​၏။ အ​ဗ​ရှ​လုံ​၏​နောက်​လိုက် များ​သည်​အ​ရေ​အ​တွက်​တိုး​ပွား​များ​ပြား​လာ သည်​နှင့်​အ​မျှ မင်း​ကြီး​အား​ပုန်​ကန်​ရန်​လျှို့​ဝှက် ကြံ​စည်​မှု​သည်​အင်​အား​ကြီး​ထွား​လာ​လေ​သည်။
12 Enquanto oferecia os sacrifícios, Absalão mandou chamar também Aquitofel, gilonita, conselheiro de Davi, à sua cidade de Gilo. E assim a conjuração se fortificava e se tornava cada vez mais numerosa em torno de Absalão.
13 အ​ဗ​ရှ​လုံ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ကျေး​ဇူး​သစ္စာ​ကို​ခံ​ယူ​ရ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ဒါ​ဝိဒ်​အား​လူ​တစ်​ယောက်​သည်​လာ​ရောက် သ​တင်း​ပေး​ပို့​၏။
13 Vieram então anunciar a Davi: Os israelitas aderem a Absalão!
14 ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​သည့်​မှူး​မတ်​အ​ပေါင်း​တို့​အား``အ​ဗ​ရှ​လုံ ၏​လက်​မှ​လွတ်​မြောက်​လို​လျှင်​ငါ​တို့​သည် ချက်​ချင်း​ထွက်​ခွာ​သွား​ရ​ကြ​မည်။ ငါ​တို့ သည်​အ​လျင်​အ​မြန်​မ​ထွက်​ခွာ​လျှင်​သူ​သည် မ​ကြာ​မီ ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​လျက် ငါ​တို့​ကို​နှိမ်​နင်း​ကာ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​ကို​သတ်​ဖြတ်​ပစ်​လိမ့်​မည်'' ဟု​ဆို​၏။
14 Davi disse então a todos os que estavam com ele em Jerusalém: Vamos, fujamos, porque não podemos de outro modo escapar a Absalão! Apressai-vos e parti, não suceda que ele nos surpreenda de repente, e nos inflija a ruína, passando a cidade ao fio da espada.
15 ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-
15 Os servos do rei disseram-lhe: Faça-se como ordenar o rei, meu senhor; somos teus servos.
16 သို့​ကြောင့်​မင်း​ကြီး​သည် မိ​မိ​၏​အိမ်​ထောင်​စု သား​ချင်း​များ​နှင့်​မှူး​မတ်​များ​ကို​ခေါ်​၍ ထွက်​ခွာ​သွား​တော်​မူ​၏။ နန်း​တော်​စောင့်​အ​ဖြစ် ဖြင့်​မောင်း​မ​တော်​ဆယ်​ယောက်​သာ​လျှင်​ကျန် ရစ်​သ​တည်း။
16 O rei partiu a pé com toda a sua família, mas deixou dez concubinas para guardar o palácio.
17 မင်း​ကြီး​တို့​လူ​စု​သည် ယင်း​သို့​ထွက်​ခွာ​သွား ကြ​ပြီး​နောက် မြို့​အ​စွန်​၌​ရှိ​သော​အိမ်​တစ် အိမ်​တွင်​ရပ်​တန့်​ကြ​၏။-
17 O rei saiu, pois, a pé com todos os seus servos, e se detiveram na última casa.
18 မင်း​ကြီး​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်​သူ​၏ အ​နီး​တွင်​ရပ်​၍​နေ​စဉ် အ​စောင့်​တပ်​သား​များ သည်​မင်း​ကြီး​၏​ရှေ့​မှ​ဖြတ်​သွား​ကြ​၏။ ဂါ​သ မြို့​မှ​လိုက်​ပါ​လာ​ကြ​သော​တပ်​သား​ခြောက် ရာ​တို့​သည်​လည်း​ယင်း​သို့​ဖြတ်​သွား​ကြ သော​အ​ခါ၊-
18 Todo o seu exército desfilava ao seu lado; os cereteus, os feleteus e todos os geteus, em número de seiscentos homens que o tinham seguido desde Get, todos marchavam diante do rei.
19 မင်း​ကြီး​က​သူ​တို့​၏ တပ်​မှူး​အိတ္တဲ​အား``သင် သည်​အ​ဘယ်​ကြောင့်​ငါ​တို့​နှင့်​အ​တူ​လိုက် လာ​ပါ​သ​နည်း။ ဘု​ရင်​သစ်​ထံ​သို့​ပြန်​၍​နေ ပါ​လော့။ သင်​သည်​လူ​မျိုး​ခြား​ဖြစ်​ပါ​၏။ မိ​မိ တိုင်း​ပြည်​နှင့်​လည်း​ဝေး​ကွာ​လျက်​တိုင်း တစ်​ပါး​တွင်​ခို​လှုံ​နေ​သူ​ဖြစ်​သည်။-
19 O rei disse a Etai, o geteu: Por que vens também tu conosco? Volta e fica com o {novo} rei, pois és um estrangeiro, e mesmo um exilado de tua terra.
20 ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​သည်​မှာ​လည်း​ကာ​လ အ​နည်း​ငယ်​သာ​ရှိ​သေး​သ​ဖြင့် ငါ​သည်​အ​ဘယ် ကြောင့်​သင့်​အား​ငါ​နှင့်​အ​တူ​အ​ရပ်​ရပ်​သို့​လှည့် လည်​စေ​ရ​ပါ​မည်​နည်း။ ငါ​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​မည်​ကို​ပင်​မ​သိ။ သင်​သည်​မိ​မိ​၏​အ​မျိုး သား​တို့​ကို​ခေါ်​၍​ပြန်​သွား​ပါ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​သစ္စာ​က​ရု​ဏာ​ထား တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
20 Chegaste ontem, e hoje vou fazer que andes errante conosco, não sabendo eu mesmo aonde vou? Volta. Toma os teus contigo, e que o Senhor seja misericordioso e fiel para contigo.
21 သို့​ရာ​တွင်​အိတ္တဲ​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ် သည်​သေ​ရ​မည်​ဆို​သော်​လည်း အ​ရှင်​မင်း​ကြီး သွား​လေ​ရာ​ရာ​သို့​အ​စဉ်​လိုက်​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
21 Mas Etai respondeu ao rei: Pela vida do Senhor, e pela vida do rei, meu senhor! Onde estiver o meu senhor e rei, ali estará também o teu servo, tanto para a morte como para a vida.
22 ဒါ​ဝိဒ်​က``ကောင်း​ပြီ။ ဆက်​လက်​ချီ​သွား​လော့'' ဟု မိန့်​တော်​မူ​သ​ဖြင့် အိတ္တဲ​သည်​မိ​မိ​၏​လူ​စု​နှင့် တ​ကွ​သူ​တို့​အား​မှီ​ခို​သူ​များ​ကို​ခေါ် သွား​၏။-
22 Está bem, disse Davi, passa. E Etai, o geteu, desfilou com todos os seus homens e com toda a sua comitiva.
23 ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။
23 E estando o rei junto do Cedron, enquanto desfilava o povo diante dele, tomando o caminho da oliveira do deserto, toda a terra chorava em alta voz.
24 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ပါ​လာ​ကြ​၏။ သူ​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ချ​ထား​၍ လူ​အ​ပေါင်း​တို့ မြို့​မှ​ထွက်​ခွာ​ပြီး​ချိန်​တိုင်​အောင်​စောင့်​နေ ကြ​၏။ သူ​တို့​အ​ထဲ​တွင်​အ​ဗျာ​သာ​လည်း ပါ​၏။-
24 Veio também Sadoc com todos os seus levitas, trazendo a arca da aliança de Deus. Depuseram-na, enquanto Abiatar subia, e até que tivesse passado todo o povo que tinha saído da cidade.
25 ထို​နောက်​မင်း​ကြီး​သည်​ဇာ​ဒုတ်​အား``ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​မြို့​တွင်း​သို့​ပြန်​၍​ပင့် ဆောင်​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​နှစ်​သက်​တော်​မူ​လျှင် တစ်​နေ့​နေ့​၌​ထို သေတ္တာ​တော်​ကို​လည်း​ကောင်း၊ သေတ္တာ​တော် ကျိန်း​ဝပ်​ရာ​အ​ရပ်​ကို​လည်း​ကောင်း ကြည့်​ရှု​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
25 Disse então o rei a Sadoc: Reconduz a arca de Deus à cidade. Se eu achar graça aos olhos do Senhor, ele me reconduzirá e me fará revê-la, bem como o lugar de sua habitação.
26 သို့​ရာ​တွင်​ငါ့​အား​နှစ်​သက်​တော်​မ​မူ​ပါ လျှင် ကိုယ်​တော်​အ​လို​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။-
26 Mas se disser que não quer mais saber de mim, eis-me aqui; faça de mim o que lhe aprouver.
27 ထို့​အ​ပြင်​မင်း​ကြီး​က​ဇာဒုတ်​အား``ကြည့်​လော့၊ သင်​၏​သား​အ​ဟိ​မတ်​နှင့်​အ​ဗျာ​သာ​၏​သား ယော​န​သန်​တို့​ကို​ခေါ်​၍​ငြိမ်း​ချမ်း​စွာ​မြို့ တော်​သို့​ပြန်​လော့။-
27 O rei disse ainda a Sadoc: Vede: tu e Abiatar, voltai em paz para a cidade com Aquimaas, teu filho, e Jônatas, filho de Abiatar.
28 ဤ​အ​တော​အ​တွင်း​၌​ငါ​သည်​သင်​၏​ထံ မှ​သ​တင်း​စ​ကား​မ​ရ​မ​ချင်း​တော​ကန္တာ​ရ ရှိ​ကူး​တို့​ဆိပ်​တွင်​စောင့်​ဆိုင်း​နေ​မည်'' ဟု မိန့်​တော်​မူ​၏။-
28 Eu vou arrastar-me pelas campinas do deserto, esperando que me mandeis notícias.
29 ထို့​ကြောင့်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​မြို့​တော်​သို့​ပြန် လည်​ပင့်​ဆောင်​၍​မြို့​တော်​တွင်​နေ​ကြ​၏။
29 Sadoc e Abiatar reconduziram, pois, a arca de Deus para Jerusalém e lá ficaram.
30 ဒါ​ဝိဒ်​သည်​ခြေ​နင်း​ကို​ချွတ်​ပြီး​လျှင်​ဝမ်း နည်း​သည့်​လက္ခ​ဏာ​ဖြင့် ခေါင်း​မြီး​ခြုံ​၍​ငို ယို​ကာ​သံ​လွင်​တောင်​သို့​တက်​တော်​မူ​၏။ သူ ၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ခေါင်း​မြီး​ခြုံ​၍​ငို​ယို​ကြ​၏။-
30 Davi subiu chorando o monte das Oliveiras, cabeça coberta e descalço. Todo o povo que o acompanhava subia também chorando, com a cabeça coberta.
31 အ​ဟိ​သော​ဖေ​လ​သည်​အ​ဗ​ရှ​လုံ​၏ သူ​ပုန်​အ​ဖွဲ့​သို့​ဝင်​ရောက်​သွား​ကြောင်း ဒါ​ဝိဒ် ကြား​သိ​သော​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​အ​စည် များ​ကို​အ​ချည်း​နှီး​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
31 Foi anunciado a Davi que Aquitofel estava também entre os conjurados de Absalão. Davi disse: Fazei que se frustrem, ó Senhor, meu Deus, os desígnios de Aquitofel!
32 ဒါ​ဝိဒ်​သည်​ကိုး​ကွယ်​ရာ​ဌာ​န​တော်​ရှိ​သည့် တောင်​ထိပ်​သို့​ရောက်​သော​အ​ခါ မိ​မိ​၏​လူ​ယုံ တော်​အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် မိ​မိ​အ​ဝတ် များ​ကို​ဆုတ်​ဖြဲ​လျက်​ဦး​ခေါင်း​ကို​လည်း မြေ​မှုန့်​ဖြင့်​လူး​လျက်​မင်း​ကြီး​အား​ခ​ရီး ဦး​ကြို​ပြု​၏။
32 Ora, chegando Davi ao cume do monte, no lugar onde se adorava Deus, veio-lhe ao encontro Cusai, o araquita, com a túnica em farrapos e a cabeça coberta de pó.
33 ဒါ​ဝိဒ်​က​ဟု​ရှဲ​အား``သင်​သည်​ငါ​နှင့်​အ​တူ လိုက်​လာ​လျှင် ငါ့​အား​မည်​သို့​မျှ​အ​ကူ အ​ညီ​ပေး​နိုင်​မည်​မ​ဟုတ်။-
33 Davi disse-lhe: Se vieres comigo, ser-me-ás pesado;
34 သို့​ရာ​တွင်​သင်​သည်​မြို့​သို့​ပြန်​၍​အ​ဗ​ရှ​လုံ အား``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​အ​ရှင့် ခ​မည်း​တော်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ခဲ့​သည့်​နည်း​တူ ယ​ခု​အ​ရှင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ပါ​မည်' ဟု​လျှောက်​ထား​ပြီး နောက်​အ​ဟိ​သော​ဖေလ​ပေး​သည့်​အ​ကြံ ကို​ဆန့်​ကျင်​ဘက်​ပြု​ခြင်း​အား​ဖြင့်​ငါ့ အား​အ​ကူ​အ​ညီ​ပေး​နိုင်​၏။-
34 mas se voltares à cidade e disseres a Absalão: eu quero ser, ó rei, teu servo, como fui outrora servo de teu pai; doravante servir-te-ei a ti - então desconcertarás a meu favor o desígnio de Aquitofel.
35 ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ​တို့ သည်​မြို့​တော်​တွင်​ရှိ​နေ​ကြ​ပါ​မည်။ နန်း တော်​တွင်​သင်​ကြား​သိ​ရ​သ​မျှ​သ​တင်း ကို​သူ​တို့​အား​ပြော​ကြား​လော့။-
35 Terás lá contigo os sacerdotes Sadoc e Abiatar, a quem comunicarás tudo o que souberes no palácio real.
36 သူ​တို့​နှင့်​အ​တူ​သူ​တို့​၏​သား​များ​ဖြစ်​ကြ သော အ​ဟိ​မတ်​နှင့်​ယောန​သန်​တို့​လည်း​ရှိ​ကြ သည်​ဖြစ်​၍ သင်​ရ​ရှိ​သည့်​သ​တင်း​မှန်​သ​မျှ ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ဖြင့်​ငါ့​ထံ​သို့ ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။
36 Com eles estão os seus dois filhos, Aquimaas, filho de Sadoc, e Jônatas, filho de Abiatar; por eles me transmitireis tudo o que ouvirdes.
37 သို့​ဖြစ်​၍​ဒါ​ဝိဒ်​၏​အ​ဆွေ​တော်​ဟု​ရှဲ​သည် မြို့​တော်​သို့​ပြန်​လေ​၏။ ထို​အ​ချိန်​၌​ပင် လျှင်​အ​ဗ​ရှ​လုံ​သည်​မြို့​တော်​သို့​ရောက် ရှိ​လာ​လေ​သည်။
37 E Cusai, amigo de Davi, voltou para a cidade, no momento em que Absalão fazia a sua entrada em Jerusalém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Samuel 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.