2 Samuel 14
Common Language Bible (MYA) vs NVT
1 ဇေရုယာ၏သားယွာဘသည် အဗရှလုံကို ဒါဝိဒ်မင်းလွန်စွာလွမ်းဆွတ်တသလျက်နေ ကြောင်းသိ၏။-
1 Joabe, filho de Zeruia, percebeu que o rei agora desejava ver Absalão.
2 ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
2 Por isso, mandou trazer de Tecoa uma mulher conhecida por sua sabedoria. Disse-lhe: “Finja que está de luto; vista roupas de luto e não se perfume. Aja como uma mulher que está lamentando a morte de alguém há muito tempo.
3 ထိုနောက်ဘုရင်၏ထံတော်သို့သွား၍ငါပြော သည့်အတိုင်းလျှောက်ထားလော့'' ဟုဆိုပြီး နောက်မင်းကြီးအားမည်သို့လျှောက်ထားရ မည်ကိုသင်ကြားပေး၏။
3 Depois, vá até o rei e apresente a história que vou lhe contar”. Então Joabe disse o que ela deveria falar.
4 ထိုအမျိုးသမီးသည်ဘုရင့်ထံသို့သွား၍ ပျပ်ဝပ်ရှိခိုးလျက်``အရှင်မင်းကြီးကျွန်တော် မအားကယ်တော်မူပါ'' ဟုလျှောက်၏။
4 Quando a mulher de Tecoa se aproximou do rei, curvou-se com o rosto no chão e disse: “Ó rei! Ajude-me!”.
5 မင်းကြီးက``သင်သည်အဘယ်အရာကို အလိုရှိသနည်း'' ဟုမေးတော်မူလျှင်၊
5 “Qual é o problema?”, perguntou o rei. “Pobre de mim, sou viúva!”, respondeu ela. “Meu marido morreu.
6 ကျွန်တော်မတွင်သားနှစ်ယောက် ရှိပါ၏။ တစ်နေ့ သောအခါသူတို့သည်ဖျန်ဖြေပေးမည့်သူတစ် ဦးတစ်ယောက်မျှမရှိသည့်လယ်ကွင်းထဲ၌ရန် ဖြစ်ကြသဖြင့် တစ်ယောက်ကအခြားတစ် ယောက်ကိုသတ်ဖြတ်လိုက်ပါ၏။-
6 Meus dois filhos brigaram no campo. Como não havia ninguém por perto para separá-los, um deles acabou matando o outro.
7 သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။
7 Agora, o resto da família está exigindo de sua serva: ‘Entregue-nos seu filho. Vamos executá-lo por ter matado o irmão. Ele não merece herdar a propriedade da família’. Querem apagar a última brasa que me restou; se o fizerem, o nome e a família de meu marido desaparecerão da face da terra.”
8 မင်းကြီးက``ဤအမှုကိုငါဆောင်ရွက်ပေး မည်။ သင်အိမ်သို့ပြန်လော့'' ဟုဆိုလျှင်၊
8 “Eu cuidarei disso”, disse o rei. “Vá para casa.”
9 အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင် အဘယ်သို့ပင်ပြုသည်မဆိုကျွန်တော်မ နှင့်မိသားစုတို့အပေါ်အပြစ်ရောက်ပါ စေသော။ အရှင်နှင့်အရှင့်ဆွေတော်မျိုးတော် တို့သည်အပြစ်ကင်းကြပါစေသော'' ဟု လျှောက်၏။
9 A mulher de Tecoa respondeu: “Ó meu senhor, o rei, que a culpa caia sobre mim e sobre a família de meu pai, e que o rei e seu trono sejam inocentes!”.
10 မင်းကြီးက``အကယ်၍သင့်အားခြိမ်းခြောက် သူရှိလျှင်သူ့အားငါ့ထံသို့ခေါ်ခဲ့လော့။ သူ သည်သင့်ကိုနောက်တစ်ဖန်မနှောင့်ယှက်ရ'' ဟု ဆို၏။
10 “Se alguém criar problemas, traga-o a mim”, disse o rei. “Eu lhe garanto que ele nunca mais a incomodará.”
11 အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။
11 Então ela disse: “Por favor, prometa pelo S enhor , seu Deus, que não deixará o vingador da vítima matar meu filho. Não quero mais derramamento de sangue”. Ele respondeu: “Tão certo como vive o S
12 အမျိုးသမီးက``အရှင်မင်းကြီးကျွန်တော် မအားစကားတစ်ခွန်းထပ်မံလျှောက်ထား ခွင့်ပြုတော်မူပါ'' ဟုတောင်းပန်သောအခါ၊
12 “Permita-me pedir mais uma coisa ao meu senhor, o rei”, disse a mulher. “Fale”, respondeu ele.
13 အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
13 Então ela disse: “Por que o senhor não faz pelo povo de Deus o mesmo que prometeu fazer por mim? Ao tomar essa decisão, o senhor condenou a si mesmo, pois se recusou a trazer para casa seu filho banido.
14 ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-
14 Um dia, todos nós morreremos. Nossa vida é como água que, depois de derramada na terra, não pode mais ser recolhida. Mas Deus não apaga a vida; ao contrário, ele cria meios de trazer de volta aqueles que foram banidos de sua presença.
15 အရှင်မင်းကြီး၊ အရှင့်ထံသို့ကျွန်တော် မလာရောက်လျှောက်ထားရသည့်အကြောင်း မှာ လူတို့သည်ကျွန်တော်မအားခြိမ်းခြောက် ကြသောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန် တော်မ၏ပြန်ကြားချက်အတိုင်းပြုတော် မူလိမ့်မည်ဟုမျှော်လင့်လျက်ကျွန်တော်မ သည်အရှင့်အားလျှောက်ထားရသော်ကောင်း အံ့ဟုတစ်ကိုယ်တည်းပြောဆိုနေမိပါ၏။-
15 “Vim suplicar ao meu senhor, o rei, porque outros me ameaçaram. Pensei: ‘Talvez o rei me escute
16 မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။-
16 e nos livre daqueles que desejam nos eliminar da herança que Deus nos deu.
17 အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
17 Sim, o meu senhor, o rei, restaurará nossa paz de espírito’. Sei que o senhor é como um anjo de Deus, capaz de discernir entre o bem e o mal. Que o S enhor , seu Deus, esteja com o rei”.
18 မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊
18 “Preciso saber uma coisa”, disse o rei. “Diga-me a verdade.” “Sim, ó meu senhor, o rei”, disse a mulher.
19 မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။
19 “Foi Joabe quem a mandou aqui?”, perguntou o rei. A mulher respondeu: “Ó meu senhor, o rei, como posso negar? Ninguém é capaz de esconder coisa alguma do senhor. Sim, foi Joabe, servo do rei, que me enviou e me disse o que falar.
20 သူသည်ယင်းသို့ပြုရခြင်းမှာဤအမှု၏ အခြေအနေကိုပြောင်းလဲစေရန်ပင်ဖြစ် ပါ၏။ အရှင်မင်းကြီးသည်ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာရှိ၍ဖြစ် ပျက်သည့်အမှုအရာမှန်သမျှကိုသိတော် မူပါ၏'' ဟုလျှောက်ထား၏။
20 Agiu desse modo para que o senhor pudesse ver a questão com outros olhos. Mas o senhor é sábio como um anjo de Deus e entende tudo que acontece em nosso meio!”.
21 ထိုနောက်မင်းကြီးသည်ယွာဘအား``သင်အလို ရှိသည့်အတိုင်းပြုရန်ငါဆုံးဖြတ်ပြီးပြီ။ ထို သူငယ်အဗရှလုံကိုသွား၍ခေါ်လော့'' ဟု မိန့်တော်မူ၏။
21 Então o rei mandou chamar Joabe e lhe disse: “Muito bem, vá e traga de volta o jovem Absalão”.
22 ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။-
22 Joabe se curvou com o rosto no chão e disse: “Finalmente sei que obtive o favor do meu senhor, o rei, pois atendeu a meu pedido!”.
23 ထိုနောက်သူသည်ထ၍ဂေရှုရမြို့သို့သွား၍ အဗရှလုံအားယေရုရှလင်မြို့သို့ပြန်လည် ခေါ်ခဲ့၏။-
23 Joabe foi a Gesur e trouxe Absalão de volta a Jerusalém.
24 သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။
24 O rei, porém, deu a seguinte ordem: “Absalão pode ir para casa, mas não deve vir à minha presença”. Portanto, Absalão não viu o rei.
25 ဣသရေလပြည်တွင်ရုပ်ရည်ချောမောမှု ကြောင့်အဗရှလုံကဲ့သို့ ထင်ပေါ်ကျော်ကြား သူတစ်ဦးတစ်ယောက်မျှမရှိ။ သူသည်ဦး ခေါင်းမှခြေဖျားတိုင်ခြောက်ပြစ်ကင်းသူ ဖြစ်၏။-
25 Não havia nenhum homem em todo o Israel tão elogiado por sua beleza como Absalão; era perfeito da cabeça aos pés.
26 သူ၏ဆံပင်သည်အလွန်ကောင်း၍ရှည်လွန်း လေးလွန်းသဖြင့် ယင်းကိုတစ်နှစ်လျှင်တစ် ကြိမ်ဖြတ်ပစ်ရလေသည်။ ဖြတ်လိုက်သည့် ဆံပင်သည်တော်ဝင်စံမီအလေးချိန်အား ဖြင့်ငါးပေါင်ခန့်ရှိ၏။-
26 Cortava o cabelo uma vez por ano por causa de seu peso: 2,4 quilos, segundo o peso real.
27 အဗရှလုံတွင်သားသုံးယောက်နှင့်တာမာမည် သောသမီးတစ်ယောက်ရှိ၏။ ထိုအမျိုးသမီး သည်အလွန်အဆင်းလှ၏။
27 Tinha três filhos e uma filha. Sua filha se chamava Tamar e era muito bonita.
28 အဗရှလုံသည်မင်းကြီး၏ရှေ့တော်သို့မဝင် ရဘဲ ယေရုရှလင်မြို့တွင်နှစ်နှစ်ပတ်လုံးနေ ထိုင်လေသည်။-
28 Absalão morou dois anos em Jerusalém sem ver o rei.
29 သူသည်ယွာဘအားမိမိ၏အတွက်မင်းကြီး ထံစေလွှတ်လိုသဖြင့်ခေါ်စေရာ ယွာဘသည် မလာဘဲနေ၏။ နောက်တစ်ကြိမ်ခေါ်စေသော် လည်းယွာဘမလာဘဲနေပြန်၏။-
29 Então mandou chamar Joabe para pedir que intercedesse por ele, mas Joabe não quis vir. Mandou chamá-lo de novo e, mais uma vez, ele se recusou a vir.
30 ထို့ကြောင့်အဗရှလုံသည်မိမိ၏အစေခံ တို့အား``ကြည့်လော့၊ ယွာဘ၏လယ်သည်ငါ့ လယ်နှင့်ကပ်လျက်နေ၏။ ထိုလယ်တွင်မုယော စပါးခင်းများရှိ၏။ ယင်းတို့ကိုမီးရှို့ပစ် လော့'' ဟုဆိုလျှင်အစေခံတို့သည်ထို လယ်ကိုသွား၍မီးရှို့ကြ၏။
30 Então Absalão disse a seus servos: “Vão e ponham fogo no campo de cevada de Joabe que fica junto de minha propriedade”. Os servos foram e puseram fogo no campo, como Absalão havia ordenado.
31 ယွာဘသည်အဗရှလုံ၏အိမ်သို့သွား၍``အရှင် ၏အစေခံတို့သည်အဘယ်ကြောင့်အကျွန်ုပ်၏ လယ်ကိုမီးရှို့ကြပါသနည်း'' ဟုမေး၏။
31 Então Joabe foi à casa de Absalão e lhe perguntou: “Por que seus servos puseram fogo em meu campo?”.
32 အဗရှလုံက``ငါ့အတွက်လျှောက်ထားပေးရန် သင့်အားဘုရင့်ထံသို့စေလွှတ်လိုသဖြင့် အခေါ် ခိုင်းခဲ့ပါ၏။ ငါသည်အဘယ်ကြောင့်ဂေရှုရမြို့ မှထွက်ခွာ၍ဤအရပ်သို့လာရောက်မိပါသ နည်း။ ထိုမြို့တွင်နေရသည်ကငါ့အတွက်ပို ၍ပင်ကောင်းမည်။ ဘုရင်နှင့်တွေ့ဆုံခွင့်ရရန် ငါ့အတွက်စီစဉ်ပေးစေလိုပါသည်။ အကယ် ၍ငါ့မှာအပြစ်ရှိခဲ့လျှင်မင်းကြီးသည်ငါ့ ကိုအဆုံးစီရင်တော်မူပါစေ'' ဟုယွာဘ အားပြော၏။
32 Absalão respondeu: “Eu quero que você pergunte ao rei por que ele me trouxe de Gesur se não pretendia me receber. Teria sido melhor eu ficar onde estava. Quero ver o rei; se ele me considera culpado de algo, então que mande me matar”.
33 သို့ဖြစ်၍ယွာဘသည်မင်းကြီးထံသို့သွား၍ ထိုအကြောင်းကိုလျှောက်ထား၏။ မင်းကြီးသည် အဗရှလုံအားအခေါ်ခိုင်းသဖြင့် အဗရှလုံ သည်လာရောက်၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ် လေ၏။ မင်းကြီးသည်သူ့အားနမ်းရှုပ်လေ၏။
33 Joabe contou ao rei o que Absalão tinha dito. Por fim, Davi mandou chamar Absalão. Ele veio, curvou-se com o rosto no chão diante do rei, e o rei o beijou.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.