2 Samuel 13
Common Language Bible (MYA) vs NVI
1 ဒါဝိဒ်၏သားတော်အဗရှလုံတွင် တာမာ နာမည်ရှိသောအဆင်းလှသူနှမတော်ရှိ ၏။ ဒါဝိဒ်၏သားတော်တစ်ပါးဖြစ်သူအာ မနုန်သည်ထိုနှမတော်ကိုအလွန်စုံမက်၏။-
1 Depois de algum tempo, Amnom, filho de Davi, apaixonou-se por Tamar; ela era muito bonita e era irmã de Absalão, outro filho de Davi.
2 သူသည်တာမာကိုအလွန်ချစ်လှသဖြင့် စိတ္တဇရောဂါစွဲကပ်လာလေသည်။ နှမတော် သည်အပျိုစင်ဖြစ်သဖြင့် အာမနုန်သည် မိမိအလိုပြည့်စေရန်မကြံတတ်အောင် ဖြစ်လေ၏။-
2 Amnom ficou angustiado a ponto de adoecer por causa de sua meio-irmã Tamar, pois ela era virgem, e parecia-lhe impossível aproximar-se dela.
3 သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
3 Amnom tinha um amigo muito astuto chamado Jonadabe, filho de Siméia, irmão de Davi.
4 ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။
4 Ele perguntou a Amnom: "Filho do rei, por que todo dia você está abatido? Quer me contar o que se passa? " Amnom lhe disse: "Estou apaixonado por Tamar, irmã de meu irmão Absalão".
5 ယောနဒပ်က``သင်သည်ဖျားနာဟန်ပြု၍ အိပ်ရာပေါ်တွင်နေလော့။ သင့်ခမည်းတော် လာ၍ကြည့်သောအခါ`နှမတော်တာမာ အားအကျွန်ုပ်ထံသို့စေလွှတ်၍ အကျွန်ုပ် အားအစားအစာကျွေးစေတော်မူပါ။ အကျွန်ုပ်ရှေ့တွင်သူချက်၍ သူ့လက်ဖြင့် ကျွေးသောအစားအစာကိုစားလိုပါ သည်' ဟုလျှောက်ထားလော့'' ဟုအကြံ ပေး၏။-
5 Então disse Jonadabe: "Vá para a cama e finja estar doente". "Quando seu pai vier visitá-lo, diga-lhe: Permite que minha irmã Tamar venha dar-me de comer. Gostaria que ela preparasse a comida aqui mesmo e me servisse. Assim poderei vê-la. "
6 သို့ဖြစ်၍အာမနုန်သည်ဖျားနာဟန်ပြု ၍အိပ်ရာပေါ်တွင်အိပ်နေလေ၏။
6 Amnom atendeu e deitou-se na cama, fingindo-se doente. Quando o rei foi visitá-lo, Amnom lhe disse: "Eu gostaria que minha irmã Tamar viesse e preparasse dois bolos aqui mesmo e me servisse".
7 သို့ဖြစ်၍ဒါဝိဒ်သည်နန်းတော်တွင်းရှိတာမာ ၏အိမ်သို့လူကိုစေလွှတ်၍ အာမနုန်၏အိမ် သို့သွား၍သူ့အတွက်အစားအစာအနည်း ငယ်ကိုပြင်ဆင်ပေးလော့'' ဟုမှာလိုက်၏။-
7 Davi mandou dizer a Tamar no palácio: "Vá à casa de seu irmão Amnom e prepare algo para ele comer".
8 တာမာရောက်ရှိသောအခါအာမနုန်ကို အိပ်ရာထဲတွင်တွေ့ရှိရ၏။ တာမာသည် မုန့်ညက်အနည်းငယ်ကိုယူ၍နယ်ပြီးလျှင် အာမနုန်၏ရှေ့တွင်မုန့်အနည်းငယ်ကိုလုပ် ၏။ ထိုနောက်မုန့်ကိုဖုတ်၍၊-
8 Assim, Tamar foi à casa de seu irmão, que estava deitado. Ela amassou a farinha, preparou os bolos na presença dele e os assou.
9 အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။-
9 Depois pegou a assadeira e lhe serviu os bolos, mas ele não quis comer. Então Amnom deu ordem para que todos saíssem; depois que todos saíram,
10 ထိုအခါသူသည်တာမာအား``မုန့်ကိုငါ၏ အိပ်ရာသို့ယူခဲ့၍သင်ကိုယ်တိုင်ငါ့အားကျွေး ပါလော့'' ဟုဆို၏။ တာမာသည်မိမိလုပ်ထား သည့်မုန့်ကိုယူ၍အာမနုန်ရှိရာသို့သွား၏။-
10 Amnom disse a Tamar: "Traga os bolos e sirva-me aqui no meu quarto". Tamar levou os bolos que havia preparado ao quarto de seu irmão.
11 မုန့်ကိုကမ်း၍ပေးလိုက်သောအခါအာမနုန် သည်တာမာ၏လက်ကိုဆွဲကိုင်ကာ``ငါနှင့် အတူအိပ်စက်ပါလော့'' ဟုဆို၏။
11 Mas quando ela se aproximou para servi-lo, ele a agarrou e disse: "Deite-se comigo, minha irmã".
12 တာမာက``ဤယုတ်မာမှုကိုမပြုပါနှင့်။ ဤ အမှုသည်ရွံရှာစက်ဆုတ်ဖွယ်ကောင်းပါ၏။-
12 Mas ela lhe disse: "Não, meu irmão! Não me faça essa violência. Não se faz uma coisa dessas em Israel! Não cometa essa loucura.
13 ကျွန်မသည်လူပုံလယ်တွင်နောင်အဘယ်အခါ ၌မျှခေါင်းထောင်ရဲတော့မည်မဟုတ်ပါ။ သင်သည် လည်းဣသရေလအမျိုးသားတို့ရှေ့တွင်လုံးဝ အသရေပျက်သွားပါလိမ့်မည်။ ကျေးဇူးပြု၍ မင်းကြီးအားလျှောက်ထားပါလော့။ ထိုသို့ လျှောက်ထားပါလျှင်မင်းကြီးသည်ကျွန်မ အား သင်နှင့်မပေးစားဘဲနေတော်မူမည်မ ဟုတ်ကြောင်းကိုကျွန်မသိပါ၏'' ဟုဆို၏။-
13 O que seria de mim? Como eu poderia livrar-me da minha desonra? E o que seria de você? Você cairia em desgraça em Israel. Fale com o rei; ele deixará que eu me case com você".
14 သို့ရာတွင်အာမနုန်သည်တာမာ၏စကား ကိုနားမထောင်။ သူသည်တာမာထက်ပို၍ ခွန်အားကြီးသဖြင့် တာမာအားမတော် မတရားပြုကျင့်လေ၏။
14 Mas Amnom não quis ouvir e, sendo mais forte que ela, violentou-a.
15 ထိုနောက်အာမနုန်သည်တာမာကိုလွန်စွာမုန်း လေ၏။ သူသည်ယခင်အခါကချစ်အားကြီး သည်ထက် ယခုအခါ၌မုန်းအားပို၍ကြီး သဖြင့်တာမာအား``ထွက်သွားလော့'' ဟုနှင် ထုတ်လေသည်။
15 Logo depois Amnom sentiu uma forte aversão por ela, mais forte que a paixão que sentira. E disse a ela: "Levante-se e saia! "
16 တာမာက``နှမတော်ကိုဤသို့နှင်ထုတ်ခြင်းမှာ ခုတင်ကသင်ကူးလွန်သည့်ပြစ်မှုထက်ပင် ပိုမိုဆိုးရွားပါသည်'' ဟုဆို၏။
16 Mas ela lhe disse: "Não, meu irmão, mandar-me embora seria pior do que o mal que você já me fez". Ele, porém, não quis ouvi-la,
17 သူသည်မိမိ၏အစေခံကိုခေါ်၍``ဤမိန်းမ ကိုငါ့မျက်မှောက်မှထုတ်၍တံခါးကျင်ကို ထိုးထားလော့'' ဟုဆို၏။-
17 e chamando seu servo, disse-lhe: "Ponha esta mulher para fora daqui e tranque a porta".
18 အစေခံသည်လည်းတာမာကိုအပြင်သို့ ထုတ်၍တံခါးကျင်ကိုထိုးလိုက်၏။
18 Então o servo a pôs para fora e trancou a porta. Ela estava vestindo uma túnica longa, pois esse era o tipo de roupa que as filhas virgens do rei usavam desde a puberdade.
19 သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။-
19 Tamar pôs cinza na cabeça, rasgou a túnica longa que estava usando e se pôs a caminho, com as mãos sobre a cabeça e chorando em alta voz.
20 သူ၏အစ်ကိုအဗရှလုံက``သင့်အားအာမနုန် စော်ကားလိုက်ပြီလော။ ငါ့နှမ၊ အခြားမည်သူ့ ကိုမျှမပြောနှင့်။ သူသည်သင်နှင့်အဖေတူ အမေကွဲမောင်နှမတော်၏။ ဤအမှုကြောင့် များစွာစိတ်ဒုက္ခမဖြစ်ပါစေနှင့်'' ဟုဆို၏။
20 Absalão, seu irmão, lhe perguntou: "Seu irmão, Amnom, lhe fez algum mal? Agora, acalme-se, minha irmã; ele é seu irmão! Não se deixe dominar pela angústia". E Tamar, muito triste, ficou na casa de seu irmão Absalão.
21 ထိုသို့ဖြစ်ပျက်သည်ကိုကြားသိသော အခါဒါဝိဒ်သည်လွန်စွာအမျက်ထွက်၏။-
21 Ao saber de tudo isso, o rei Davi ficou furioso.
22 အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
22 E Absalão não falou nada com Amnom, nem bem, nem mal, embora o odiasse por ter violentado sua irmã Tamar.
23 နှစ်နှစ်မျှကြာသော်အဗရှလုံသည်ဧဖရိမ် မြို့အနီးဗာလဟာဇော်ရွာတွင် မိမိသိုးများ အမွေးညှပ်ပွဲကိုကျင်းပ၏။ ထိုအခါသူ သည်ဘုရင့်သားတော်အပေါင်းတို့ကိုဖိတ် ခေါ်လေသည်။-
23 Dois anos depois, quando os tosquiadores de ovelhas de Absalão estavam em Baal-Hazor, perto da fronteira de Efraim, Absalão convidou todos os filhos do rei para se reunirem com ele.
24 သူသည်ဒါဝိဒ်မင်းကြီးထံသို့သွားပြီး လျှင်``အရှင်မင်းကြီး၊ အကျွန်ုပ်သည်သိုးမွေး ညှပ်ပွဲကျင်းပမည်ဖြစ်၍အရှင်နှင့်မှူးမတ် များကြွရောက်တော်မူပါ'' ဟုလျှောက်၏။
24 Absalão foi ao rei e lhe disse: "Eu, teu servo, estou tosquiando as ovelhas e gostaria que o rei e os seus conselheiros estivessem comigo".
25 မင်းကြီးက``ငါ့သားငါတို့မလာလို။ လာခဲ့ သော်သင့်အတွက်တာဝန်ကြီးပါလိမ့်မည်'' ဟု ဆို၏။ အဗရှလုံသည်မင်းကြီးအားမရမ ကဖိတ်ခေါ်ပါသော်လည်း မင်းကြီးသည်မ လိုက်ဘဲအဗရှလုံအားကောင်းချီးပေး၍ ထွက်ခွာသွားစေတော်မူ၏။
25 Respondeu o rei: "Não, meu filho. Não iremos todos, pois isso seria um peso para você". Embora Absalão insistisse, ele se recusou a ir, mas o abençoou.
26 သို့ရာတွင်အဗရှလုံက``ထိုသို့ဖြစ်ပါမူ ယုတ်စွအဆုံးအကျွန်ုပ်၏အစ်ကိုအာမနုန် ကိုသွားခွင့်ပြုတော်မူပါ'' ဟုလျှောက်၏။
26 Então Absalão lhe disse: "Se não queres ir, permite, por favor, que o meu irmão Amnom vá conosco". O rei perguntou: "Mas, por que ele iria com você? "
27 သို့သော်လည်းအဗရှလုံသည်မရမကဆက် လက်ပူဆာနေသဖြင့် နောက်ဆုံး၌ဒါဝိဒ်သည် အာမနုန်နှင့်အခြားသားတော်အားလုံးကို သွားခွင့်ပြုတော်မူ၏။
27 Mas Absalão insistiu tanto que o rei acabou deixando que Amnom e os seus outros filhos fossem com ele.
28 အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။-
28 Absalão ordenou aos seus homens: "Ouçam! Quando Amnom estiver embriagado de vinho e eu disser: ‘Matem Amnom! ’, vocês o matarão. Não tenham medo; eu assumo a responsabilidade. Sejam fortes e corajosos! "
29 အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။
29 Assim os homens de Absalão mataram Amnom, obedecendo às suas ordens. Então todos os filhos do rei montaram em suas mulas e fugiram.
30 သူတို့သည်အိမ်အပြန်လမ်း၌ရှိနေသေး စဉ်``အဗရှလုံသည်အရှင်၏သားတော် အပေါင်းတို့ကိုသတ်လေပြီ။ တစ်ဦးတစ် ယောက်မျှမကျန်မရှိတော့ပါ'' ဟူသော သတင်းသည်ဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
30 Estando eles ainda a caminho, chegou a seguinte notícia ao rei: "Absalão matou todos os teus filhos; nenhum deles escapou".
31 မင်းကြီးသည်ဝမ်းနည်းကြေကွဲလျက်မိမိ ၏အဝတ်ကိုဆုတ်ဖြဲပြီးလျှင် ကိုယ်ကိုမြေ ပေါ်သို့လှဲချလိုက်၏။ ထိုအရပ်တွင်မင်း ကြီးနှင့်အတူရှိသောအစေခံတို့သည် လည်း မိမိတို့၏အင်္ကျီများကိုဆုတ်ဖြဲ ကြ၏။-
31 O rei levantou-se, rasgou as suas vestes, prostrou-se, e todos os conselheiros que estavam com ele também rasgaram as vestes.
32 သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။-
32 Mas, Jonadabe, filho de Siméia, irmão de Davi, disse: "Não pense o meu senhor que mataram todos os teus filhos. Somente Amnom foi morto. Essa era a intenção de Absalão desde o dia em que Amnom violentou Tamar, irmã dele.
33 သို့ဖြစ်၍အရှင်၏သားတော်အားလုံးသေ လေပြီဟူသောသတင်းကိုယုံကြည်တော် မမူပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါ၏'' ဟုလျှောက်၏။
33 O rei, meu senhor, não deve acreditar que todos os seus filhos estão mortos. Apenas Amnom morreu".
34 ဤအတောအတွင်း၌အဗရှလုံသည်ထွက် ပြေးလေ၏။ ထိုနောက်မကြာမီကင်းစောင့်တာ ဝန်ကျသောတပ်သားသည်ဟောရောနိမ်မြို့ လမ်းတောင်ကုန်းပေါ်မှလူအချို့ဆင်းလာ သည်ကိုတွေ့သဖြင့်ဘုရင့်ထံသို့သွား ၍``ဟောရောနိမ်လမ်းတောင်ကုန်းပေါ်မှလူ အချို့တို့ဆင်းလာနေကြပါသည်'' ဟု လျှောက်၏။-
34 Enquanto isso, Absalão fugiu. Nesse meio tempo o sentinela viu muita gente que vinha pela estrada de Horonaim, descendo pela encosta da colina, e disse ao rei: "Vejo homens vindo pela estrada de Horonaim, na encosta da colina".
35 ယောနဒပ်ကဒါဝိဒ်အား`အကျွန်ုပ်လျှောက် ထားခဲ့သည့်အတိုင်း ထိုသူတို့သည်အရှင် ၏သားတော်များဖြစ်ပါ၏' ဟုလျှောက်၏။-
35 E Jonadabe disse ao rei: "São os filhos do rei! Aconteceu como o teu servo disse".
36 သူ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက်ဒါဝိဒ် ၏သားတော်တို့သည်ရောက်ရှိလာကြ၏။ သူ တို့သည်စတင်ငိုကြွေးကြသဖြင့်ဒါဝိဒ် နှင့်မှူးမတ်တို့သည်လည်းပြင်းစွာငိုကြွေး ကြ၏။
36 Acabando de falar, os filhos do rei chegaram, chorando em alta voz. Também o rei e todos os seus conselheiros choraram muito.
37 — ausente —
37 Absalão fugiu para o território de Talmai, filho de Amiúde, rei de Gesur. E o rei Davi pranteava por seu filho todos os dias.
38 — ausente —
38 Depois que Absalão fugiu para Gesur, e lá permaneceu três anos,
39 မင်းကြီးသည်သေဆုံးသောအာမနုန်ကို အလွမ်းပြေသောအခါ အဗရှလုံအား လွမ်းဆွတ်တသလေ၏။
39 a ira do rei contra Absalão cessou, pois ele se sentia consolado da morte de Amnom.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Samuel 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.