2 Reis 6

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဧ​လိ​ရှဲ​၏​လက်​အောက်​ခံ​ပ​ရော​ဖက်​တစ်​စု က``အ​ကျွန်ုပ်​တို့​နေ​ထိုင်​သည့်​အ​ဆောင်​သည် အ​လွန်​ပင်​ကျဉ်း​ပါ​သည်။-
1 Certo dia, os membros do grupo de profetas disseram a Eliseu: “Como vê, este lugar onde nos reunimos é pequeno demais.
2 အ​ဆောင်​သစ်​တစ်​ဆောင်​ဆောက်​လုပ်​နိုင်​ရန် အ​ကျွန်ုပ်​တို့​သည်​ယော်​ဒန်​မြစ်​နား​သို့​သွား​၍ သစ်​ပင်​ခုတ်​လှဲ​ပါ​ရ​စေ'' ဟု​အ​ခွင့်​တောင်း​ကြ​၏။
2 Vamos descer ao rio Jordão, onde há muitos troncos, e construir ali um lugar para nos reunirmos”. “Está bem”, disse Eliseu. “Podem ir.”
3 ပ​ရော​ဖက်​တစ်​ပါး​က​ဧ​လိ​ရှဲ​အား မိ​မိ​တို့​နှင့် အ​တူ​လိုက်​ရန်​တိုက်​တွန်း​သည့်​အ​တိုင်း ဧ​လိ​ရှဲ သည်​သ​ဘော​တူ​သ​ဖြင့်၊-
3 “Venha conosco”, sugeriu um deles. “Eu irei”, disse ele.
4 သူ​တို့​သည်​အ​တူ​တ​ကွ​သွား​ကြ​လေ​သည်။ သူ​တို့​သည်​ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ အ​လုပ်​ကို​စ​ကြ​၏။-
4 E foi com eles. Quando chegaram ao Jordão, começaram a derrubar árvores.
5 သူ​တို့​အ​ထဲ​မှ​လူ​တစ်​ယောက်​သည်​သစ်​ပင် ကို​ခုတ်​လှဲ​နေ​စဉ် သူ​၏​ပု​ဆိန်​သည်​ရေ​ထဲ​သို့ ကျ​သွား​၏။ ထို​အ​ခါ​သူ​သည်​ဧ​လိ​ရှဲ​အား``အ ရှင်၊ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ ထို​ပု​ဆိန်​သည်​ငှား​ယူ​ခဲ့​သော​ပု​ဆိန်​ဖြစ် ပါ​၏'' ဟု​ဟစ်​အော်​၍​ပြော​၏။
5 Enquanto um deles cortava um tronco, a parte de ferro do machado caiu no rio. “Ai, meu senhor!”, gritou. “O machado era emprestado!”
6 ဧ​လိ​ရှဲ​က``ပု​ဆိန်​အ​ဘယ်​မှာ​ကျ​သ​နည်း'' ဟု မေး​လျှင်
6 “Onde caiu?”, perguntou o homem de Deus. Quando mostraram o lugar para Eliseu, ele cortou um galho e o jogou na água, e fez o ferro do machado flutuar.
7 ``ထို​ပု​ဆိန်​ကို​ဆယ်​ယူ​လော့'' ဟု​ဆို​၏။ ထို​သူ သည်​လည်း​လက်​ကို​ဆန့်​၍​ပု​ဆိန်​ကို​ဆယ်​ယူ လိုက်​လေ​သည်။
7 “Pegue-o”, disse Eliseu. E o homem estendeu a mão e o pegou.
8 ရှု​ရိ​ဘု​ရင်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့်​စစ်​ဖြစ် နေ​ချိန်​၌ မိ​မိ​၏​တပ်​မှူး​များ​နှင့်​တိုင်​ပင်​၍ တပ်​စ​ခန်း​ချ​ရန်​နေ​ရာ​ကို​ရွေး​ချယ်​၏။-
8 Quando o rei da Síria estava em guerra contra Israel, consultava seus oficiais e dizia: “Posicionaremos nossas tropas em tal lugar”.
9 သို့​ရာ​တွင်​ဧ​လိ​ရှဲ​က​ဣသ​ရေ​လ​ဘု​ရင်​အား``ဤ မည်​သော​နေ​ရာ​တွင်​ရှု​ရိ​အ​မျိုး​သား​တို့​သည် ခြုံ ခို​တိုက်​ခိုက်​ရန်​စောင့်​လျက်​နေ​ကြ​ပါ​သည်။ သို့ ဖြစ်​၍​ထို​နေ​ရာ​သို့​မ​သွား​ပါ​နှင့်'' ဟု​လူ​လွှတ် ၍​သ​တိ​ပေး​လေ​သည်။-
9 De imediato, o homem de Deus advertia o rei de Israel: “Não se aproxime de tal lugar, pois os sírios planejam posicionar suas tropas ali”.
10 ထို့​ကြောင့်​ဣသ​ရေ​လ​ဘု​ရင်​သည်​ထို​အ​ရပ်​တွင် နေ​ထိုင်​သူ​တို့​အား ကြို​တင်​သ​တိ​ပေး​၍​သ​တိ ဝိ​ရိ​ယ​နှင့်​စောင့်​နေ​စေ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ပင်​ဖြစ်​သ​တည်း။
10 E o rei de Israel mandava um aviso para o lugar indicado pelo homem de Deus. Várias vezes ele advertiu o rei de que ficasse alerta naqueles lugares.
11 ရှု​ရိ​ဘု​ရင်​သည်​လွန်​စွာ​စိတ်​ပူ​ပန်​သ​ဖြင့် မိ​မိ​၏ တပ်​မှူး​များ​ကို​ခေါ်​၍``သင်​တို့​အ​နက်​အ​ဘယ် သူ​သည် ဣ​သ​ရေ​လ​ဘု​ရင်​ဘက်​သို့​ပါ​နေ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
11 Furioso com essa situação, o rei sírio reuniu seus oficiais e perguntou: “Qual de vocês anda informando o rei de Israel sobre meus planos?”.
12 တပ်​မှူး​တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ အ​ဘယ် သူ​မျှ​မ​ပါ​ပါ။ ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​အ​ရှင် ၏​အိမ်​ခန်း​တွင်​တီး​တိုး​ပြော​သည့်​စ​ကား​ကို ပင် ဣသ​ရေ​လ​ဘု​ရင်​အား​သံ​တော်​ဦး​တင် ပါ​၏'' ဟု​လျှောက်​၏။
12 “Ó meu senhor, o rei, não somos nós”, respondeu um dos oficiais. “Eliseu, o profeta de Israel, revela ao rei de Israel até as palavras que o senhor diz em seus aposentos!”
13 မင်း​ကြီး​က``ထို​သူ​အ​ဘယ်​မှာ​ရှိ​သည်​ကို စုံ​စမ်း​ကြ​လော့။ သူ့​အား​ငါ​ဖမ်း​ဆီး​မည်'' ဟု​မိန့်​တော်​မူ​၏။
13 O rei ordenou: “Vão e descubram onde ele está, para que eu mande capturá-lo!”. Então lhe informaram: “Eliseu está em Dotã”.
14 မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​နှင့်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​ထို​အ​ရပ်​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​ညဥ့်​အ​ချိန်​၌​ရောက်​ရှိ​လာ​ကာ​ထို မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​၏။-
14 Assim, certa noite, o rei da Síria mandou um grande exército com muitos carros de guerra e cavalos para cercar a cidade.
15 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​ဧ​လိ​ရှဲ​၏ အ​စေ​ခံ​သည်​ထ​၍​အိမ်​ပြင်​သို့​ထွက်​လိုက်​ရာ မြို့​ကို​ဝိုင်း​ရံ​ထား​သော​ရှု​ရိ​တပ်​သား​များ​နှင့် တ​ကွ​မြင်း​စီး​သူ​ရဲ​များ၊ စစ်​ရ​ထား​များ​ကို မြင်​လေ​၏။ သူ​သည်​ဧ​လိ​ရှဲ​ထံ​သို့​ပြန်​လာ​ပြီး လျှင်``ကျွန်​တော်​တို့​ခက်​ချေ​ပြီ။ အ​ဘယ်​သို့​ပြု ရ​ကြ​ပါ​မည်​နည်း'' ဟု​ဟစ်​အော်​၍​ပြော​၏။
15 Na manhã seguinte, o servo do homem de Deus se levantou bem cedo. Ao sair, viu que havia soldados, cavalos e carros de guerra por toda parte. “Ai, meu senhor, o que faremos agora?”, exclamou o servo.
16 ဧ​လိ​ရှဲ​က``မ​စိုး​ရိမ်​နှင့်။ ငါ​တို့​ဘက်​၌​ရှိ​နေ သူ​တို့​သည် သူ​တို့​ဘက်​၌​ရှိ​နေ​သူ​တို့​ထက် ပို​မို​များ​ပြား​၏'' ဟု​ဆို​၏။-
16 “Não tenha medo!”, disse Eliseu. “Pois do nosso lado há muitos mais que do lado deles!”
17 ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။
17 Então Eliseu orou: “Ó S enhor , abre os olhos dele, para que veja”. O S enhor abriu os olhos do servo, e ele viu as colinas ao redor de Eliseu cheias de cavalos e carruagens de fogo.
18 ရှု​ရိ​တပ်​ချဉ်း​ကပ်​လာ​သော​အခါ​ဧ​လိ​ရှဲ​က``အို ထာ​ဝ​ရ​ဘု​ရား၊ ထို​သူ​တို့​အား​မျက်​စိ​ကွယ် စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အား​မျက်​စိ ကွယ်​စေ​တော်​မူ​၏။-
18 Quando os sírios avançaram na direção de Eliseu, ele orou: “Ó S enhor , faze que fiquem cegos”. E o S enhor fez que ficassem cegos, conforme Eliseu havia pedido.
19 ထို​အ​ခါ​ဧ​လိ​ရှဲ​သည်​သူ​တို့​ထံ​သို့​သွား​ပြီး လျှင်``သင်​တို့​လမ်း​မှား​နေ​ကြ​သည်။ ဤ​မြို့​သည် သင်​တို့​ရှာ​သော​မြို့​မ​ဟုတ်။ ငါ့​နောက်​သို့​လိုက် ခဲ့​ကြ​လော့။ သင်​တို့​အ​လို​ရှိ​သူ​ထံ​သို့​ငါ​ပို့ ဆောင်​ပေး​မည်'' ဟု​ဆို​၏။ ထို​နောက်​ထို​သူ​တို့ အား​ရှ​မာ​ရိ​မြို့​သို့​ခေါ်​ဆောင်​သွား​လေ​သည်။
19 Então Eliseu saiu e lhes disse: “Vocês tomaram o caminho errado! Esta não é a cidade certa! Sigam-me, e eu os levarei até o homem que procuram”. Então ele os guiou à cidade de Samaria.
20 သူ​တို့​မြို့​တွင်း​သို့​ဝင်​ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် ဧ​လိ​ရှဲ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​တို့​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​၍​တစ်​ဖန်​မြင်​စေ​တော် မူ​ပါ'' ဟု​ဆု​တောင်း​သည့်​အ​တိုင်း​ထာ​ဝရ ဘု​ရား​သည် သူ​တို့​အား​မျက်​စိ​အ​လင်း​ကို ပြန်​၍​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည် ရှ​မာ​ရိ​မြို့​တွင်း​သို့​ရောက်​ရှိ​နေ​သည်​ကို မြင်​ရ​ကြ​၏။
20 Assim que entraram em Samaria, Eliseu orou: “Ó S enhor , agora abre os olhos deles, para que vejam”. O S enhor abriu os olhos deles, e descobriram que estavam no meio de Samaria.
21 ဣသ​ရေ​လ​ဘု​ရင်​သည်​ရှ​ရိ​အ​မျိုး​သား​တို့ ကို​တွေ့​သော​အ​ခါ ဧ​လိ​ရှဲ​အား``အ​ရှင်၊ သူ​တို့ အား​သတ်​ရ​ပါ​မည်​လော။ သူ​တို့​အား​သတ်​ရ ပါ​မည်​လော'' ဟု​မေး​တော်​မူ​၏။
21 Quando o rei de Israel os viu, perguntou a Eliseu: “Devo matá-los, meu senhor? Devo matá-los?”.
22 ဧ​လိ​ရှဲ​က``မ​သတ်​ပါ​နှင့်။ တိုက်​ပွဲ​တွင်​ဖမ်း​ဆီး​ရ မိ​သည့်​စစ်​သည်​များ​ကို​ပင်​လျှင်​သတ်​ရ​သည်​မ ဟုတ်​ပါ။ သူ​တို့​အား​စား​သောက်​ဖွယ်​ရာ​များ​ကို ကျွေး​မွေး​၍ သူ​တို့​၏​ဘု​ရင်​ထံ​သို့​ပြန်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​ဆို​၏။-
22 “Claro que não!”, respondeu Eliseu. “Eles não são prisioneiros que você capturou na batalha. Dê-lhes comida e bebida e mande-os de volta para casa, para o senhor deles.”
23 သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်​သည်​စား​ပွဲ​ကြီး ခင်း​ကျင်း​၍ သူ​တို့​အား​စား​သောက်​စေ​ပြီး သော​အ​ခါ ရှု​ရိ​ဘု​ရင်​ထံ​သို့​ပြန်​စေ​တော် မူ​၏။ ထို​နေ့​မှ​အ​စ​ပြု​၍​ရှု​ရိ​အ​မျိုး​သား တို့​သည် ဣသ​ရေ​လ​ပြည်​ကို​တိုက်​ခိုက်​လု​ယက် မှု​မ​ပြု​ဝံ့​ကြ​တော့​ချေ။
23 Então o rei lhes ofereceu um grande banquete e os mandou de volta para casa, para o senhor deles. Depois disso, os invasores sírios não invadiram mais a terra de Israel.
24 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ရှု​ရိ​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဣသ​ရေ​လ​ပြည်​သို့​မိ​မိ​၏​တပ်​မ တော်​တစ်​ခု​လုံး​နှင့်​ချီ​တက်​၍​ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ရံ​ထား​သ​ဖြင့်၊-
24 Algum tempo depois, porém, Ben-Hadade, rei da Síria, reuniu todo o seu exército e cercou Samaria.
25 မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။
25 Como resultado, houve grande fome na cidade. O cerco durou tanto tempo que uma cabeça de jumento era vendida por 960 gramas de prata, e um terço de litro de esterco de pombo, por 60 gramas de prata.
26 ဣသ​ရေ​လ​ဘု​ရင်​သည်​မြို့​ရိုး​ပေါ်​တွင်​လမ်း​လျှောက် သွား​စဉ် အ​မျိုး​သ​မီး​တစ်​ယောက်​က``အ​ရှင်​မင်း ကြီး၊ ကျွန်​တော်​မ​အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ် အော်​လေ​သည်။
26 Um dia, quando o rei de Israel caminhava pelos muros da cidade, uma mulher gritou para ele: “Ó meu senhor, o rei! Por favor, ajude-me!”.
27 မင်း​ကြီး​က``သင့်​အား​ထာ​ဝရ​ဘု​ရား​ကယ်​တော် မ​မူ​လျှင် ငါ​အ​ဘယ်​သို့​ကယ်​နိုင်​ပါ​မည်​နည်း။ ငါ့​မှာ​ဂျုံ​ဆန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ရည် သော်​လည်း​ကောင်း​ရှိ​ပါ​သ​လော။-
27 Ele respondeu: “Se o S enhor não a ajudar, o que poderei fazer? Não tenho alimento na eira, nem vinho na prensa de uvas”.
28 သင်​၏​အ​ခက်​အ​ခဲ​ကား​အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။
28 Mas depois o rei perguntou: “Qual é o problema?”. Ela respondeu: “Esta mulher me disse: ‘Vamos comer o seu filho hoje, e amanhã comeremos o meu’.
29 သို့​ဖြစ်​၍​ကျွန်​တော်​မ​၏​သား​ကို​ချက်​ပြုတ်​စား ကြ​ပြီး​လျှင် နောက်​တစ်​နေ့​၌​ကျွန်​တော်​မ​က သူ​၏​သား​ကို​စား​ရန်​ပြော​သော​အ​ခါ သူ​သည် က​လေး​ကို​ဝှက်​ထား​ပါ​သည်'' ဟု​လျှောက်​၏။
29 Então cozinhamos meu filho e o comemos. No dia seguinte, eu disse a ela: ‘Mate seu filho para que o comamos’, mas ela o havia escondido”.
30 ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​မင်း​ကြီး​သည် ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ​၏​အ​ဝတ်​တော်​ကို ဆုတ်​သ​ဖြင့် ထို​အ​ဝတ်​တော်​အောက်​တွင်​ဝတ်​ဆင် ထား​သော​လျှော်​တေ​ကို​မြို့​ရိုး​အ​နီး​ရှိ​လူ​တို့ တွေ့​မြင်​ရ​ကြ​လေ​သည်။-
30 Quando o rei ouviu isso, rasgou as roupas. E, enquanto ele caminhava pelos muros, o povo viu que, por baixo do manto, ele usava pano de saco junto à pele.
31 မင်း​ကြီး​က``ယ​နေ့​နေ​မ​ဝင်​မီ​ဧ​လိ​ရှဲ​ဦး​ခေါင်း မ​ပြတ်​လျှင် ထာ​ဝရ​ဘု​ရား​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ကျိန်​ဆို​တော်​မူ ပြီး​နောက်၊-
31 Então o rei jurou: “Que Deus me castigue severamente se eu não separar a cabeça de Eliseu de seus ombros ainda hoje!”.
32 ဧ​လိ​ရှဲ​အား​ဖမ်း​ဆီး​ရန်​လူ​တစ်​ယောက်​ကို စေ​လွှတ်​တော်​မူ​၏။
32 Eliseu estava sentado em sua casa com as autoridades de Israel quando o rei mandou um mensageiro até ele. Antes, porém, que o mensageiro chegasse, Eliseu disse às autoridades: “O filho do assassino enviou um homem para cortar minha cabeça. Quando o mensageiro chegar, fechem a porta e não o deixem entrar. Logo ouviremos os passos de seu senhor atrás dele”.
33 သူ​ပြော​သော​စ​ကား​မ​ဆုံး​မီ​ပင်​မင်း​ကြီး သည်​ရောက်​ရှိ​လာ​လျက်``ဤ​ဘေး​ဒုက္ခ​နှင့်​ငါ တို့​အား​တွေ့​ကြုံ​စေ​သူ​မှာ ထာ​ဝရ​ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​သည်​ကိုယ်​တော်​ကူ​မ တော်​မူ​မည်​ကို အ​ဘယ်​ကြောင့်​ဆက်​လက်​စောင့် မျှော်​နေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။
33 Enquanto Eliseu ainda falava, o mensageiro chegou e comunicou a mensagem do rei: “Toda essa desgraça vem do S enhor ! Por que devo continuar a esperar no S enhor ?”.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.