2 Reis 5

Common Language Bible (MYA) vs BKJ

Sair da comparação
1 ရှု​ရိ​တပ်​မ​တော်​ဗိုလ်​ချုပ်​နေ​မန်​သည် ရှု​ရိ​ဘု​ရင် ၏​ရို​သေ​လေး​စား​မှု​ကို​များ​စွာ​ခံ​ရ​သူ​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​နေ​မန်​အား​ဖြင့် ထာ​ဝရ ဘု​ရား​သည်​ရှု​ရိ​တပ်​များ​ကို​အောင်​ပွဲ​ခံ​စေ​တော် မူ​သော​ကြောင့်​ဖြစ်​၏။ နေ​မန်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ဦး​ဖြစ်​သော်​လည်း ကြောက်​ရွံ့​ဖွယ်​ဖြစ် သော​အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​နေ​သူ​ဖြစ်​ပေ သည်။-
1 Ora, Naamã, capitão do exército do rei da Síria, era homem notável diante do seu senhor, e honorável, porque por seu intermédio o SENHOR havia concedido libertação à Síria; ele também era um homem poderoso e valente, porém era leproso.
2 ရှု​ရိ​အ​မျိုး​သား​တို့​သည်​အ​ခါ​တစ်​ပါး​က ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​လု​ယက်​တိုက်​ခိုက်​ကြ ရာ​ဝယ် ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​သူ​ငယ်​မ​တစ် ယောက်​ကို​ဖမ်း​ဆီး​ရ​မိ​ခဲ့​၏။ သူ​သည်​နေ​မန် ၏​ဇ​နီး​ထံ​တွင်​အ​စေ​ခံ​ရ​လေ​သည်။-
2 E os sírios haviam saído em companhias, e haviam trazido cativa, da terra de Israel, uma criada pequena; e ela servia a esposa de Naamã.
3 တစ်​နေ့​သော​အ​ခါ​သူ​သည်​မိ​မိ​၏​သ​ခင်​မ အား``ကျွန်​မ​တို့​သ​ခင်​သည်​ရှ​မာ​ရိ​မြို့​တွင်​နေ ထိုင်​သူ​ပ​ရော​ဖက်​ထံ​သို့​သွား​နိုင်​ပါ​က အ​ဘယ် မျှ​ကောင်း​ပါ​မည်​နည်း။ ထို​ပ​ရော​ဖက်​သည်​သ​ခင် ၏​ရော​ဂါ​ကို​ပျောက်​ကင်း​အောင်​ကု​သ​ပေး​ပါ လိမ့်​မည်'' ဟု​ပြော​၏။-
3 E ela disse à sua senhora: Tomara que o meu senhor estivesse com o profeta que está em Samaria! Porque ele o restauraria da sua lepra.
4 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​နေ​မန်​သည်​မင်း ကြီး​ထံ​သို့​သွား​၍ သူ​ငယ်​မ​ပြော​သည့်​စ​ကား ကို​သံ​တော်​ဦး​တင်​၏။-
4 E um entrou, e contou ao seu senhor, dizendo: Assim e assim disse a criada que é da terra de Israel.
5 မင်း​ကြီး​က``ဣသ​ရေ​လ​ဘု​ရင်​ထံ​သို့​သွား​၍​ဤ စာ​ကို​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍​နေ​မန် သည်​ငွေ​သား​သုံး​သောင်း၊ ရွှေ​သား​ခြောက်​ထောင်​နှင့် ဝတ်​စား​တန်​ဆာ​ဆယ်​စုံ​ကို​ယူ​၍​ထွက်​ခွာ​သွား လေ​သည်။-
5 E o rei da Síria disse: Vai lá! Vai e eu enviarei uma carta ao rei de Israel. E ele partiu, e levou consigo dez talentos de prata, e seis mil pedaços de ouro, e dez mudas de vestes.
6 သူ​ယူ​ဆောင်​သွား​သည့်​စာ​တွင်``ယ​ခု​စာ​နှင့်​လာ​သူ ကျွန်ုပ်​၏​အ​မှု​ထမ်း​နေ​မန်​၏​ရော​ဂါ​ကို​ပျောက်​ကင်း အောင်​ကု​သ​ပေး​ရန် ဤ​စာ​နှင့်​တ​ကွ​အ​ဆွေ​တော် ထံ​လွှတ်​လိုက်​သည်'' ဟု​ပါ​ရှိ​၏။
6 E ele trouxe a carta até ao rei de Israel, dizendo: Agora, quando esta carta chegar a ti, eis que, com ela enviei-te Naamã, o meu servo, para que possas recuperá-lo da sua lepra.
7 ဣ​သ​ရေ​လ​ဘု​ရင်​သည်​ထို​စာ​ကို​ရ​သော​အ​ခါ အ​ဝတ်​တော်​ကို​ဆုတ်​လျက်``ငါ​သည်​ဤ​သူ​၏ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​အ​ဘယ် သို့​ရှု​ရိ​မင်း​မျှော်​လင့်​နိုင်​ပါ​သ​နည်း။ ငါ​သည် အ​သက်​ကို​ပေး​ပိုင်​နုတ်​ပိုင်​သော​တန်​ခိုး​နှင့်​ပြည့် စုံ​သည့်​ဘုရား​ဖြစ်​ပါ​သ​လော။ သူ​သည်​ငါ့​အား ရန်​ရှာ​သည်​မှာ​ထင်​ရှား​ပါ​သည်​တ​ကား'' ဟု ဆို​၏။
7 E sucedeu, quando o rei de Israel leu a carta, que ele rasgou as suas vestes, e disse: Sou eu Deus, para matar e fazer viver, para que este homem, verdadeiramente, envie-me um homem para ser recuperado da sua lepra? Porquanto considerai, insisto convosco, e vede como ele busca contenda contra mim.
8 ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။
8 E assim sucedeu, quando Eliseu, o homem de Deus, ouviu que o rei de Israel havia rasgado as suas vestes, que ele enviou ao rei, dizendo: Por que rasgaste as tuas vestes? Deixa que venha até mim e ele saberá que existe um profeta em Israel.
9 သို့​ဖြစ်​၍​နေ​မန်​သည်​မြင်း​များ​က​သည့်​ရ​ထား ကို​စီး​၍ ဧ​လိ​ရှဲ​၏​အိမ်​အ​ဝင်​ဝ​သို့​လာ​ရောက် ရပ်​တန့်​၏။-
9 Assim, Naamã veio com os seus cavalos e com a sua carruagem, e parou à porta da casa de Eliseu.
10 ဧ​လိ​ရှဲ​က​သူ့​အား``သင်​သည်​ယော​ဒန်​မြစ်​တွင် ခု​နစ်​ကြိမ်​တိုင်​တိုင်​ရေ​ချိုး​ပါ​လျှင် သင်​၏​ရော​ဂါ လုံး​ဝ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​အ​စေ​ခံ ကို​လွှတ်​၍​ပြော​ကြား​စေ​၏။-
10 E Eliseu enviou um mensageiro a ele, dizendo: Vai e te lava no Jordão sete vezes, e a tua carne virá novamente a ti, e tu serás limpo.
11 သို့​ရာ​တွင်​နေ​မန်​သည်​ပြင်း​စွာ​အ​မျက်​ထွက် လျက်``သူ​သည်​ယုတ်​စွ​အဆုံး​ငါ့​ထံ​သို့​ထွက်​လာ ပြီး​လျှင် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား ထံ​သို့​ဆု​တောင်း​ကာ ရော​ဂါ​ရှိ​သည့်​နေ​ရာ​တွင် တောင်​ဝှေး​ကို​ဝှေ့​ရမ်း​ခြင်း​အား​ဖြင့် ငါ​၏​ရော​ဂါ ကို​ပျောက်​ကင်း​စေ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​၏။-
11 Porém, Naamã ficou irado, e foi-se embora, e disse: Eis que pensei: Ele, certamente, sairá até mim, e se porá de pé, e clamará o nome do SENHOR seu Deus, e baterá com a sua mão sobre o local, e recuperará a lepra.
12 ထို့​ပြင်​ဒ​မာ​သက်​မြို့​ရှိ​အာ​ဗ​န​မြစ်​နှင့်​ဖာ​ဖာ မြစ်​တို့​သည် ဣသ​ရေ​လ​မြစ်​ရှိ​သ​မျှ​ထက်​ပို​၍ ကောင်း​သ​ဖြင့် ထို​မြစ်​တို့​တွင်​ရေ​ချိုး​၍​ရော​ဂါ ကို​ပျောက်​ကင်း​နိုင်​သည်​မ​ဟုတ်​လော'' ဟု​ဆို​၍ ပြန်​လေ​သည်။
12 Não são o Abana e o Farpar, os rios de Damasco, melhores do que todas as águas de Israel? Não posso eu me lavar neles e ficar limpo? Assim, ele se volveu e partiu em fúria.
13 သူ​၏​အ​စေ​ခံ​တို့​သည် သူ့​ထံ​သို့​ချဉ်း​ကပ်​၍``အ​ရှင်၊ အ​ကယ်​၍​ပ​ရော​ဖက်​က​အ​ရှင့်​အား​ခက်​ခဲ​သည့် အ​မှု​တစ်​စုံ​တစ်​ခု​ကို​ပြု​လုပ်​ခိုင်း​ပါ​က အ​ရှင် နာ​ခံ​မည်​မ​ဟုတ်​ပါ​လော။ `ရေ​ချိုး​၍​ရော​ဂါ​ပျောက် ကင်း​လော့' ဟု​ခိုင်း​သည်​ကို​ပို​၍​နာ​ခံ​သင့်​သည် မ​ဟုတ်​ပါ​လော'' ဟု​လျှောက်​ထား​ကြ​၏။-
13 E os seus servos se aproximaram, e falaram a ele, e disseram: Meu pai, se o profeta tivesse te pedido para fazer uma coisa grande, não a terias feito tu? Quanto mais, agora que ele te disse: Lava-te e ficas limpo?
14 သို့​ဖြစ်​၍​နေ​မန်​သည်​ယော်​ဒန်​မြစ်​သို့​ဆင်း​ပြီး လျှင် ဧ​လိ​ရှဲ​ညွှန်​ကြား​ခဲ့​သည့်​အ​တိုင်း ခု​နစ်​ကြိမ် တိုင်​တိုင်​မိ​မိ​ကိုယ်​ကို​ရေ​တွင်​နှစ်​လိုက်​သော​အ​ခါ ရော​ဂါ​လုံး​ဝ​ပျောက်​ကင်း​သွား​လေ​သည်။ သူ​၏ အ​သား​အ​ရေ​သည်​က​လေး​သူ​ငယ်​၏​အ​သား အ​ရေ​ကဲ့​သို့​တောင့်​တင်း​စို​ပြေ​လာ​၏။-
14 Então, ele desceu e mergulhou sete vezes no Jordão, segundo o dizer do homem de Deus; e a sua carne retornou como a carne de uma pequena criança, e ele foi limpo.
15 သူ​သည်​မိ​မိ​၏​နောက်​လိုက်​နောက်​ပါ​အ​ပေါင်း​နှင့် အ​တူ ဧ​လိ​ရှဲ​ထံ​သို့​ပြန်​သွား​ပြီး​လျှင်'' ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား မ​ရှိ​ကြောင်း​ကို​ယ​ခု​အ​ကျွန်ုပ်​သိ​ပါ​ပြီ။ သို့​ဖြစ်​၍ အ​ရှင်၊ အ​ကျွန်ုပ်​ပေး​လှူ​သော​လက်​ဆောင်​ကို​လက်​ခံ တော်​မူ​ပါ'' ဟု​ပြော​၏။
15 E ele retornou ao homem de Deus, ele e toda a sua companhia, e veio, e pôs-se diante dele; e disse: Eis que agora sei que não há Deus em toda a terra, senão em Israel; agora, portanto, suplico-te, recebe uma bênção do teu servo.
16 ဧ​လိ​ရှဲ​က``ငါ​သည်​လက်​ဆောင်​ကို​လက်​ခံ​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​ပြော​၏'' ဟု ဆို​၏။
16 Porém, ele disse: Como vive o SENHOR, diante de quem me ponho de pé: Não quero receber nada. E ele insistiu para que ele a recebesse; mas ele se recusou.
17 သို့​ဖြစ်​၍​နေ​မန်​က``အ​ကျွန်ုပ်​ပေး​လှူ​သော​လက် ဆောင်​ကို​အ​ရှင်​လက်​မ​ခံ​ပါ​မူ လား​နှစ်​စီး​တင် မြေ​ကို​အ​ကျွန်ုပ်​၏​နေ​ရင်း​ပြည်​သို့​ယူ​ဆောင် သွား​ခွင့်​ပြု​တော်​မူ​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ယ​ခု​မှ​စ​၍​အ​ကျွန်ုပ် သည် ဘု​ရား​သ​ခင်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် ဘု​ရား​ကို​မျှ မီး​ရှို့​ရာ​ယဇ်​သို့​မ​ဟုတ်​အ​ခြား အ​ဘယ်​ယဇ်​ကို​မျှ​ပူ​ဇော်​တော့​မည်​မ​ဟုတ် သော​ကြောင့်​ဖြစ်​ပါ​၏။-
17 E Naamã disse: Não se dará nada então. Eu suplico-te, seja dada ao teu servo a carga de terra de duas mulas? Porque o teu servo, doravante, não oferecerá nem oferta queimada, nem sacrifício a outros deuses, senão ao SENHOR.
18 ထို​ကြောင့်​အ​ကျွန်ုပ်​သည်​မိ​မိ​၏​ဘု​ရင်​နှင့်​အ​တူ ရှု​ရိ​ဘု​ရား​ရိမ္မုန်​ဗိ​မာန်​သို့​လိုက်​ပါ​သွား​ရောက်​၍ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ထာ​ဝရ ဘု​ရား​သည် အ​ကျွန်ုပ်​အား​အ​ပြစ်​လွှတ်​တော်​မူ​လိမ့် မည်​ဟု​မျှော်​လင့်​ပါ​၏။ ထာ​ဝရ​ဘု​ရား​သည်​အ​ကျွန်ုပ် အား​အ​မှန်​ပင်​အ​ပြစ်​လွှတ်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
18 Nisto perdoe o SENHOR a teu servo, quando vier meu senhor à casa de Rimom, para ali adorar, e ele se apoiar em minha mão e eu me curvar na casa Rimom; quando eu me curvar na casa de Rimom, nesta coisa, perdoe SENHOR o teu servo.
19 ထို​အ​ခါ​ဧ​လိ​ရှဲ​က``အေး​ချမ်း​စွာ​သွား​ပါ​လော့'' ဟု​ဆို​သ​ဖြင့် နေ​မန်​သည်​ထွက်​ခွာ​သွား​လေ​၏။
19 E ele lhe disse: Vai em paz. Assim, ele partiu da sua presença a uma curta distância.
20 ဧ​လိ​ရှဲ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​က``ငါ့​သ​ခင်​သည် နေ​မန်​ထံ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ သူ့ အား​ထွက်​ခွာ​သွား​ခွင့်​ပြု​လေ​ပြီ​တ​ကား။ သ​ခင် သည်​ရှု​ရိ​အ​မျိုး​သား​ပေး​လှူ​သည့်​ပစ္စည်း​များ ကို​လက်​ခံ​သင့်​သည်။ ငါ​သည်​နေ​မန်​၏​နောက်​သို့ ပြေး​၍​လိုက်​ပြီး​လျှင် သူ့​ထံ​မှ​ပစ္စည်း​တစ်​စုံ​တစ် ရာ​ကို​ရ​အောင်​ယူ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​ကို​တိုင်​တည်​၍ ကျိန်​ဆို​ပါ​၏'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ၊-
20 Porém, Geazi, o servo de Eliseu, o homem de Deus, disse: Eis que o meu senhor dispensou Naamã, esse Sírio, ao não receber em suas mãos aquilo que ele trouxe; porém, como vive o SENHOR, correrei atrás dele, e pegarei algo dele.
21 နေ​မန်​၏​နောက်​သို့​လိုက်​လေ​၏။ နေ​မန်​သည်​မိ​မိ ၏​နောက်​သို့​လူ​တစ်​ယောက်​လိုက်​လာ​သည်​ကို​မြင် သော​အ​ခါ ထို​သူ​နှင့်​တွေ့​ဆုံ​ရန်​ရ​ထား​ပေါ်​မှ ဆင်း​၍``အ​ရေး​ကိစ္စ​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​သ​လော'' ဟု​မေး​၏။
21 Assim, Geazi seguiu atrás de Naamã. E, quando Naamã o viu correndo atrás de si, ele desceu da carruagem para encontrá-lo, e disse: Está tudo bem?
22 ဂေ​ဟာ​ဇိ​က``မ​ရှိ​ပါ။ သို့​ရာ​တွင်​ကျွန်​တော်​၏​သ​ခင် က ယ​ခု​ပင်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​မှ​ပ​ရော​ဖက် နှစ်​ပါး​ရောက်​ရှိ​လာ​သ​ဖြင့် သူ​တို့​အ​တွက်​ငွေ​သား သုံး​ထောင်​နှင့်​ဝတ်​စုံ​နှစ်​စုံ​ကို​အ​ရှင့်​ထံ​မှ​တောင်း​ခံ ရန် ကျွန်​တော်​အား​စေ​လွှတ်​လိုက်​ပါ​သည်'' ဟု​ဖြေ​၏။
22 E ele disse: Tudo está bem. O meu senhor me enviou, dizendo: Eis que, agora mesmo, vieram a mim, do monte Efraim, dois moços dos filhos dos profetas: Dá-lhes, rogo-te, um talento de prata, e duas mudas de vestes.
23 နေ​မန်​က``ကျေး​ဇူး​ပြု​၍​ငွေ​သား​ခြောက်​ထောင်​ယူ ပါ​လော့'' ဟု​တိုက်​တွန်း​ပြီး​လျှင်​ထို​ငွေ​ကို​အိတ်​နှစ် လုံး​တွင်​ထည့်​၍ ဝတ်​စုံ​နှစ်​စုံ​နှင့်​အ​တူ​မိ​မိ​၏ အစေ​ခံ​နှစ်​ယောက်​အား​ပေး​အပ်​ကာ​ဂေ​ဟာ​ဇိ ရှေ့​မှ​ထမ်း​ယူ​သွား​စေ​၏။-
23 E Naamã disse: Sê contente, toma dois talentos. E insistiu com ele, e amarrou dois talentos de prata em dois sacos, com duas mudas de vestes, e as deitou sobre os seus dois servos; e eles as carregaram adiante dele.
24 သူ​တို့​သည်​ဧ​လိ​ရှဲ​နေ​ထိုင်​ရာ​တောင်​ကုန်း​သို့​ရောက် သော​အ​ခါ ဂေ​ဟာ​ဇိ​သည်​အိတ်​နှစ်​လုံး​ကို​ယူ​၍​အိမ် ထဲ​သို့​သယ်​ဆောင်​သွား​လေ​သည်။ ထို​နောက်​နေ​မန်​၏ အ​စေ​ခံ​များ​အား​ပြန်​၍​လွှတ်​လိုက်​၏။-
24 E quando ele chegou à torre, tomou-os das mãos deles, e os depositou à casa; e ele deixou os homens irem, e eles partiram.
25 သူ​သည်​အိမ်​ထဲ​သို့​ပြန်​၍​ဝင်​လာ​သော​အ​ခါ​ဧ​လိ ရှဲ​က``အ​ဘယ်​သို့​သွား​နေ​ပါ​သ​နည်း'' ဟု​မေး​၏။
25 Porém, quando ele entrou, e pôs-se diante do seu mestre; e disse-lhe Eliseu: De onde vens tu, Geazi? E ele disse: O teu servo não foi a lugar nenhum.
26 သို့​ရာ​တွင်​ဧ​လိ​ရှဲ​က``သင်​နှင့်​တွေ့​ဆုံ​ရန်​ထို​သူ ရ​ထား​ပေါ်​မှ​ဆင်း​ရာ​အ​ရပ်​သို့ ငါ​၏​စိတ်​ဝိ​ညာဉ် သည်​ရောက်​ရှိ​ခဲ့​သည်​မ​ဟုတ်​လော။ ဤ​အ​ချိန်​သည် ငွေ၊ အ​ထည်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး၊ နွား၊ အ​စေ​ခံ​များ​ကို​ခံ​ယူ​ရန်​အ​ချိန်​မ​ဟုတ်။-
26 E ele lhe disse: Não foi contigo o meu coração quando o homem retornou da sua carruagem para te encontrar? É hora de se receber dinheiro, e receber vestes, e olivais, e vinhas, e ovelhas, e bois, e servos e criadas?
27 ယ​ခု​နေ​မန်​၏​ရော​ဂါ​သည်​သင့်​အ​ပေါ်​သို့​သက် ရောက်​၍ သင်​နှင့်​သင့်​သား​မြေး​တို့​၌​ထာ​ဝ​စဉ်​စွဲ ကပ်​နေ​လိမ့်​မည်'' ဟု​ဆို​၏။ ဂေ​ဟာ​ဇိ​ထွက်​သွား ချိန်​၌​ထို​ရော​ဂါ​စွဲ​ကပ်​သ​ဖြင့် သူ​၏​ကိုယ်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်​နေ​၏။
27 Portanto, a lepra de Naamã se pegará a ti, e à tua semente para sempre. E ele saiu da sua presença um leproso, tão branco como a neve.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.