2 Reis 4

Common Language Bible (MYA) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ပ​ရော​ဖက်​တစ်​ဦး​၏​မု​ဆိုး​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ထံ​လာ​၍``အ​ရှင်၊ ကျွန်​မ​၏​ခင်​ပွန်း သေ​ဆုံး​ပါ​ပြီ။ အ​ရှင်​သိ​သည့်​အ​တိုင်း​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ် ပါ​၏။ သို့​ရာ​တွင်​သူ​၏​ကြွေး​ရှင်​သည်​ကျွန်​မ ၏​သား​နှစ်​ယောက်​အား ဖခင်​၏​အ​ကြွေး​အ​တွက် ကျွန်​ခံ​စေ​ရန်​လာ​၍​ခေါ်​နေ​ပါ​သည်'' ဟု​ပြော​၏။
1 E uma mulher, das mulheres dos filhos dos profetas, clamou a Eliseu, dizendo: Meu marido, teu servo, morreu; e tu sabes que o teu servo temia ao SENHOR; e veio o credor, para levar os meus dois filhos para serem servos.
2 ဧ​လိ​ရှဲ​က``သင်​၏​အ​တွက် ငါ​အ​ဘယ်​သို့​ပြု​ရ ပါ​မည်​နည်း။ သင်​၏​အိမ်​တွင်​အ​ဘယ်​ပစ္စည်း​ဥစ္စာ ရှိ​ပါ​သ​နည်း။ ငါ့​အား​ပြော​လော့'' ဟု​ဆို​၏။ မု​ဆိုး​မ​က``သံ​လွင်​ဆီ​အိုး​က​လေး​တစ်​လုံး မှ​တစ်​ပါး အခြား​အ​ဘယ်​အ​ရာ​မျှ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြား​၏။
2 E Eliseu lhe disse: Que te hei de fazer? Dize-me que é o que tens em casa. E ela disse: Tua serva não tem nada em casa, senão uma botija de azeite.
3 ဧ​လိ​ရှဲ​က``သင်​၏​အိမ်​နီး​ချင်း​များ​ထံ​သို့ သွား​၍ အိုး​လွတ်​ရ​နိုင်​သ​မျှ​ကို​ငှား​ရမ်း​လော့။-
3 Então disse ele: Vai, pede emprestadas, de todos os teus vizinhos, vasilhas vazias, não poucas.
4 ထို​နောက်​သင်​နှင့်​သင်​၏​သား​တို့​သည် အိမ်​ထဲ​သို့ ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် ငှား​ရမ်း​ထား​သည့် အိုး​များ​ပြည့်​အောင်​ဆီ​ကို​လောင်း​ထည့်​ကြ​လော့။ ဆီ​ပြည့်​သည်​နှင့်​တစ်​ပြိုင်​နက် တစ်​အိုး​ပြီး​တစ် အိုး​ဖယ်​၍​ထား​ကြ​လော့'' ဟု​ဆို​၏။
4 Então entra, e fecha a porta sobre ti, e sobre teus filhos, e deita o azeite em todas aquelas vasilhas, e põe à parte a que estiver cheia.
5 သို့​ဖြစ်​၍​ထို​မု​ဆိုး​မ​သည် မိ​မိ​၏​သား​များ​ကို ခေါ်​၍ အိမ်​ထဲ​သို့​ဝင်​ကာ​တံ​ခါး​ကို​ပိတ်​ပြီး​လျှင် သူ​၏​သား​များ​ယူ​ဆောင်​လာ​သော​အိုး​များ ထဲ​သို့​ဆီ​လောင်း​ထည့်​လေ​သည်။-
5 Partiu, pois, dele, e fechou a porta sobre si e sobre seus filhos; e eles lhe traziam as vasilhas, e ela as enchia.
6 ထို​အိုး​များ​အား​လုံး​ဆီ​ပြည့်​သော​အ​ခါ မု​ဆိုး​မ​က``အိုး​လွတ်​ကျန်​သေး​သ​လော'' ဟု သား​တို့​အား​မေး​၏။ သား​တစ်​ယောက်​က``မ​ကျန် တော့​ပါ'' ဟု​ဆို​လိုက်​သည်​နှင့်​ဆီ​ထွက်​ရပ်​လေ​၏။-
6 E sucedeu que, cheias que foram as vasilhas, disse a seu filho: Traze-me ainda uma vasilha. Porém ele lhe disse: Não há mais vasilha alguma. Então o azeite parou.
7 မု​ဆိုး​မ​သည်​ပ​ရော​ဖက်​ဧ​လိ​ရှဲ​ထံ​သို့​ပြန် လာ​သော​အ​ခါ ပ​ရော​ဖက်​က``ဆီ​ကို​ရောင်း​ချ​၍ အကြွေး​ရှိ​သ​မျှ​ကို​ဆပ်​ပြီး​နောက် ကျန်​ငွေ​ဖြင့် သင်​နှင့်​သား​များ​အ​သက်​မွေး​ကြ​လော့'' ဟု ပြော​၏။
7 Então veio ela, e o fez saber ao homem de Deus; e disse ele: Vai, vende o azeite, e paga a tua dívida; e tu e teus filhos vivei do resto.
8 တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည်​ရှု​နင်​မြို့​သို့​သွား​၏။ ထို​မြို့​တွင်​ချမ်း​သာ​ကြွယ်​ဝ​သော​အ​မျိုး​သ​မီး တစ်​ဦး​ရှိ​၏။ သူ​သည်​ဧ​လိ​ရှဲ​အား​ဖိတ်​ခေါ်​၍ ကျွေး​မွေး​ဧည့်​ခံ​၏။ ထို​ကြောင့်​ထို​အ​ချိန်​မှ အ​စ​ပြု​၍​ဧ​လိ​ရှဲ​သည် ထို​မြို့​သို့​ရောက်​သည့် အ​ခါ​တိုင်း​ထို​အ​မျိုး​သ​မီး​၏​အိမ်​တွင်​စား သောက်​လေ​သည်။-
8 Sucedeu também um dia que, indo Eliseu a Suném, havia ali uma mulher importante, a qual o reteve para comer pão; e sucedeu que todas as vezes que passava por ali entrava para comer pão.
9 ထို​အ​မျိုး​သ​မီး​က​မိ​မိ​၏​ခင်​ပွန်း​အား``ကျွန်​မ တို့​၏​အိမ်​သို့​မ​ကြာ​ခ​ဏ​လာ​ရောက်​တတ်​သူ​သည် သန့်​ရှင်း​မြင့်​မြတ်​သူ​ဧ​ကန်​အ​မှန်​ဖြစ်​ကြောင်း ကျွန်​မ​သိ​ပါ​၏။-
9 E ela disse a seu marido: Eis que tenho observado que este que sempre passa por nós é um santo homem de Deus.
10 ကျွန်မ​တို့​သည်​အိမ်​မိုး​ပေါ်​တွင် အ​ခန်း​ငယ်​ကို​ပြု လုပ်​၍​ကု​တင်၊ စား​ပွဲ၊ ကု​လား​ထိုင်​နှင့်​မီး​ခွက်​တို့ ကို​ထား​လျှင် ထို​သူ​သည်​ကျွန်​မ​တို့​ထံ​သို့​ရောက် ရှိ​လာ​သည့်​အ​ခါ​တိုင်း ထို​အ​ခန်း​တွင်​တည်း​ခို နိုင်​ပါ​လိမ့်​မည်'' ဟု​ပြော​၏။
10 Façamos-lhe, pois, um pequeno quarto junto ao muro, e ali lhe ponhamos uma cama, uma mesa, uma cadeira e um candeeiro; e há de ser que, vindo ele a nós, para ali se recolherá.
11 တစ်​နေ့​သ​၌​ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​ပြန်​လာ ပြီး​လျှင် နား​နေ​ရန်​မိ​မိ​၏​အ​ခန်း​သို့​သွား​၏။-
11 E sucedeu que um dia ele chegou ali, e recolheu-se àquele quarto, e se deitou.
12 သူ​သည်​မိ​မိ​၏​အ​စေ​ခံ​ဂေ​ဟာ​ဇိ​အား အိမ်​ရှင် အ​မျိုး​သ​မီး​ကို​အ​ခေါ်​ခိုင်း​လေ​သည်။ ထို အ​မျိုး​သ​မီး​ရောက်​ရှိ​လာ​သော​အ​ခါ၊-
12 Então disse ao seu servo Geazi: Chama esta sunamita. E chamando-a ele, ela se pôs diante dele.
13 ဂေ​ဟာ​ဇိ​အား``ဤ​အ​မျိုး​သ​မီး​သည် ငါ​တို့ အား​ဤ​မျှ​ဒုက္ခ​ခံ​၍​လုပ်​ကျွေး​ပြု​စု​သည့် အ​တွက် ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​တုံ့​ပြန် ရ​ပါ​မည်​နည်း။ သူ့​အား​မေး​ကြည့်​ပါ​လော့။ သူ​သည်​မိ​မိ​၏​အ​တွက်​ငါ့​အား​ဘု​ရင့်​ထံ တော်​သို့​သော်​လည်း​ကောင်း၊ တပ်​မ​တော်​ဗိုလ်​ချုပ် ထံ​သို့​သော်​လည်း​ကောင်း သွား​ရောက်​ပြော​ကြား ပေး​ရန်​အ​လို​ရှိ​ကောင်း​ရှိ​ပေ​လိမ့်​မည်'' ဟု ဆို​၏။
13 Porque ele tinha falado a Geazi: Dize-lhe: Eis que tu nos tens tratado com todo o desvelo; que se há de fazer por ti? Haverá alguma coisa de que se fale por ti ao rei, ou ao capitão do exército? E disse ela: Eu habito no meio do meu povo.
14 ထို​နောက်​ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား``ထို​အ​မျိုး သ​မီး​ကို ငါ​တို့​အ​ဘယ်​သို့​ကျေး​ဇူး​ပြု​ပါ​မည် နည်း'' ဟု​မေး​ပြန်​၏။
14 Então disse ele: Que se há de fazer por ela? E Geazi disse: Ora ela não tem filho, e seu marido é velho.
15 ဧ​လိ​ရှဲ​က``ထို​အ​မျိုး​သ​မီး​ကို ဤ​နေ​ရာ​သို့ ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ရှိ​သည့်​အ​တိုင်း အ​မျိုး သ​မီး​သည်​လာ​၍​တံ​ခါးဝ​တွင်​ရပ်​လျက်​နေ​၏။-
15 Por isso disse ele: Chama-a. E, chamando-a ele, ela se pôs à porta.
16 ထို​အ​ခါ​ဧ​လိ​ရှဲ​က``သင်​သည်​နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​သား​ကို​ချီ​ပိုက်​ရ​လိမ့်​မည်'' ဟု​ပြော​၏။
16 E ele disse: A este tempo determinado, segundo o tempo da vida, abraçarás um filho. E disse ela: Não, meu senhor, homem de Deus, não mintas à tua serva.
17 သို့​ရာ​တွင်​နောင်​တစ်​နှစ်​ဤ​အ​ချိန်​လောက်​၌ အ​မျိုး သ​မီး​သည်​သား​ယောကျာ်း​ကို​ဖွား​မြင်​လေ​သည်။
17 E concebeu a mulher, e deu à luz um filho, no tempo determinado, no ano seguinte, segundo Eliseu lhe dissera.
18 နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ကောက်​ရိတ်​ချိန် တစ်​ခု​သော​နံ​နက်​ခင်း​၌ သူ​ငယ်​သည်​လယ်​ထဲ တွင်​ကောက်​ရိတ်​သ​မား​များ​နှင့်​အ​တူ​ရှိ​သည့် ဖ​ခင်​ထံ​သို့​သွား​ရောက်​ပြီး​နောက်၊-
18 E, crescendo o filho, sucedeu que um dia saiu para ter com seu pai, que estava com os segadores,
19 ရုတ်​တ​ရက်``ခေါင်း​ကိုက်​သည်၊ ခေါင်း​ကိုက်​သည်၊'' ဟု ဆို​၏။
19 E disse a seu pai: Ai, a minha cabeça! Ai, a minha cabeça! Então disse a um moço: Leva-o à sua mãe.
20 အ​စေ​ခံ​သည်​လည်း​သူ​ငယ်​ကို​ချီ​၍ သူ​၏​မိ​ခင် ထံ​သို့​ပို့​၏။ မိ​ခင်​သည်​သား​ငယ်​ကို​မွန်း​တည့်​ချိန် တိုင်​အောင် မိ​မိ​၏​ပေါင်​ပေါ်​တွင်​တင်​ထား​၏။ ထို အ​ချိန်​၌​သူ​ငယ်​သေ​ဆုံး​သွား​လေ​သည်။-
20 E ele o tomou, e o levou à sua mãe; e esteve sobre os seus joelhos até ao meio-dia, e morreu.
21 ထို့​ကြောင့်​မိ​ခင်​သည်​သူ့​ကို​ဧ​လိ​ရှဲ​၏​အ​ခန်း သို့​ပွေ့​ချီ​ကာ ကု​တင်​ပေါ်​မှာ​တင်​ပြီး​နောက် တံ​ခါး​ကို​ပိတ်​ထား​၏။-
21 E subiu ela, e o deitou sobre a cama do homem de Deus; e fechou a porta, e saiu.
22 ထို​နောက်​မိ​မိ​၏​ခင်​ပွန်း​ကို​ခေါ်​၍``ပ​ရော​ဖက် ဧ​လိ​ရှဲ​ထံ​သို့​ကျွန်​မ​သွား​ရ​ပါ​မည်။ အ​စေ​ခံ တစ်​ယောက်​နှင့်​မြည်း​တစ်​ကောင်​ကို​ကျွန်​မ​ထံ သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော​၏။
22 E chamou a seu marido, e disse: Manda-me já um dos moços, e uma das jumentas, para que eu corra ao homem de Deus, e volte.
23 ခင်​ပွန်း​ဖြစ်​သူ​က``အ​ဘယ်​ကြောင့်​ယ​နေ့​သွား လို​ပါ​သ​နည်း။ ယ​နေ့​သည်​ဥ​ပုသ်​နေ့​မ​ဟုတ်။ လဆန်း​ပွဲ​နေ့​လည်း​မ​ဟုတ်'' ဟု​ဆို​၏။
23 E disse ele: Por que vais a ele hoje? Não é lua nova nem sábado. E ela disse: Tudo vai bem.
24 ထို​နောက်​သူ​သည်​မြည်း​ကို​ကုန်း​နှီး​တင်​စေ​ပြီး လျှင် အ​စေ​ခံ​အား``မြည်း​ကို​အ​မြန်​ဆုံး​မောင်း နှင်​ပေး​ပါ။ ငါ​အ​မိန့်​မ​ပေး​ဘဲ​အ​သွား​မ​နှေး စေ​နှင့်'' ဟု​မှာ​ကြား​ထား​၏။-
24 Então albardou a jumenta, e disse ao seu servo: Guia e anda, e não te detenhas no caminhar, senão quando eu to disser.
25 သို့​ဖြစ်​၍​အ​မျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​ရှိ​ရာ ကာ​ရ မေ​လ​တောင်​ထိပ်​သို့​ထွက်​ခွာ​သွား​လေ​သည်။
25 Partiu ela, pois, e foi ao homem de Deus, ao monte Carmelo; e sucedeu que, vendo-a o homem de Deus de longe, disse a Geazi, seu servo: Eis aí a sunamita.
26 သူ့​ထံ​သို့​အ​လျင်​အ​မြန်​သွား​၍`ကိုယ်​တိုင်​မာ ၏​လော၊ ခင်​ပွန်း​မာ​၏​လော၊ သား​ငယ်​မာ​၏​လော၊' ဟု​မေး​မြန်း​လော့'' ဟု​ဆို​၏။
26 Agora, pois, corre-lhe ao encontro e dize-lhe: Vai bem contigo? Vai bem com teu marido? Vai bem com teu filho? E ela disse: Vai bem.
27 သို့​ရာ​တွင်​ဧ​လိ​ရှဲ​ထံ​သို့​ရောက်​သော​အ​ခါ​ဦး ညွှတ်​ပျပ်​ဝပ်​ပြီး​လျှင် ဧ​လိ​ရှဲ​၏​ခြေ​ကို​ဖက်​၏။ ဂေ​ဟာ​ဇိ​သည်​အ​မျိုး​သ​မီး​အား​တွန်း​ဖယ်​မည် ပြု​သော​အ​ခါ ဧ​လိ​ရှဲ​က``သူ့​အား​ရှိ​စေ​တော့။ သူ​သည်​အ​လွန်​စိတ်​ဆင်း​ရဲ​လျက်​နေ​သည်​ကို မ​မြင်​သ​လော။ ဤ​အ​မှု​နှင့်​ပတ်​သက်​၍ ထာ​ဝရ ဘု​ရား​သည်​ငါ့​အား​ဖော်​ပြ​တော်​မ​မူ​ခဲ့'' ဟု ဆို​၏။
27 Chegando ela, pois, ao homem de Deus, ao monte, pegou nos seus pés; mas chegou Geazi para retirá-la; disse porém o homem de Deus: Deixa-a, porque a sua alma está triste de amargura, e o Senhor me encobriu, e não me manifestou.
28 အ​မျိုး​သ​မီး​က``အ​ရှင်၊ ကျွန်​မ​သည်​အ​ရှင့်​ထံ တွင်​သား​ဆု​ကို​တောင်း​ပါ​သ​လော။`အ​ချည်း​နှီး ကျွန်​မ​မျှော်​လင့်​၍​မ​နေ​ပါ​ရ​စေ​နှင့်' ဟု​အ​ရှင့် အား​ပြော​ကြား​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု ဆို​၏။
28 E disse ela: Pedi eu a meu senhor algum filho? Não disse eu: Não me enganes?
29 ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​၏​ဘက်​သို့​လှည့်​၍``ငါ ၏​တောင်​ဝှေး​ကို​ယူ​၍​အ​လျင်​အ​မြန်​သွား​လော့။ လမ်း​တွင်​မည်​သူ့​ကို​မျှ​နှုတ်​မ​ဆက်​နှင့်။ သင့်​အား နှုတ်​ဆက်​သူ​ရှိ​လျှင်​လည်း​ပြန်​၍​ဖြေ​မ​နေ​နှင့်။ အိမ်​သို့​အ​ရောက်​သွား​၍​သူ​ငယ်​၏​အ​ပေါ်​တွင် ငါ​၏​တောင်​ဝှေး​ကို​တင်​ထား​လော့'' ဟု​စေ​ခိုင်း လေ​သည်။
29 E ele disse a Geazi: Cinge os teus lombos, toma o meu bordão na tua mão, e vai; se encontrares alguém não o saúdes, e se alguém te saudar, não lhe respondas; e põe o meu bordão sobre o rosto do menino.
30 အ​မျိုး​သ​မီး​က​ဧ​လိ​ရှဲ​အား``အ​သက်​ရှင် တော်​မူ​သော​ထာ​ဝရ​ဘု​ရား​နှင့်​အ​ရှင်​၏​အ​ပေါ် တွင်​ကျွန်​မ​ထား​ရှိ​သော​ကျေး​ဇူး​သစ္စာ​ကို​တိုင် တည်​၍ အ​ရှင်​မ​ပါ​က​ကျွန်​မ​သွား​မည်​မ​ဟုတ် ပါ'' ဟု​ပြော​၏။ သို့​ဖြစ်​၍​ဧ​လိ​ရှဲ​သည်​ထ​၍ သူ​နှင့်​အ​တူ​လိုက်​သွား​လေ​သည်။-
30 Porém disse a mãe do menino: Vive o Senhor, e vive a tua alma, que não te hei de deixar. Então ele se levantou, e a seguiu.
31 ဂေ​ဟာ​ဇိ​သည်​ရှေ့​မှ​သွား​နှင့်​ပြီး​လျှင်​ဧ​လိ​ရှဲ ၏​တောင်​ဝှေး​ကို​က​လေး​၏​အ​ပေါ်​တွင်​တင်​ထား​၏။ သို့​ရာ​တွင်​သူ​ငယ်​ထံ​မှ​အ​သံ​ကို​မ​ကြား​ရ။ အ​သက်​ရှင်​သည့်​လက္ခ​ဏာ​ကို​လည်း​မ​တွေ့​ရ သ​ဖြင့်​ဂေ​ဟာ​ဇိ​သည်​ဧ​လိ​ရှဲ​ကို​ပြန်​၍ ကြို​ဆို​ကာ``သူ​ငယ်​မ​နိုး​ပါ'' ဟု​ပြော​၏။
31 E Geazi passou adiante deles, e pôs o bordão sobre o rosto do menino; porém não havia nele voz nem sentido; e voltou a encontrar-se com ele, e lhe trouxe aviso, dizendo: O menino não despertou.
32 ဧ​လိ​ရှဲ​သည်​အိမ်​သို့​ရောက်​သော​အ​ခါ​တစ်​ကိုယ် တည်း​အ​ခန်း​ထဲ​သို့​ဝင်​၍ ကု​တင်​ပေါ်​တွင်​သေ​နေ သော​သူ​ငယ်​ကို​တွေ့​လေ​၏။-
32 E, chegando Eliseu àquela casa, eis que o menino jazia morto sobre a sua cama.
33 သူ​သည်​တံ​ခါး​ကို​ပိတ်​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား အား​ဆု​တောင်း​လေ​၏။-
33 Então entrou ele, e fechou a porta sobre eles ambos, e orou ao Senhor.
34 ထို​နောက်​သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​လျက်​နှုတ်​ချင်း၊ မျက်​စိ​ချင်း၊ လက်​ချင်း​ထပ်​၍​ထား​၏။ ယင်း​သို့ သူ​ငယ်​၏​အ​ပေါ်​တွင်​မှောက်​၍​နေ​သော​အ​ခါ သူ​ငယ်​၏​ကိုယ်​ခန္ဓာ​သည်​နွေး​စ​ပြု​လာ​၏။-
34 E subiu à cama e deitou-se sobre o menino, e, pondo a sua boca sobre a boca dele, e os seus olhos sobre os olhos dele, e as suas mãos sobre as mãos dele, se estendeu sobre ele; e a carne do menino aqueceu.
35 ဧ​လိ​ရှဲ​သည်​ထ​၍​အ​ခန်း​ထဲ​တွင်​စင်္ကြံ​လျှောက် ပြီး​နောက် သူ​ငယ်​၏​အ​ပေါ်​တွင်​တစ်​ဖန်​မှောက်​၍ နေ​ပြန်​၏။ သူ​ငယ်​သည်​ခု​နစ်​ကြိမ်​ချေ​ဆတ်​ပြီး နောက်​မျက်​စိ​ဖွင့်​၏။-
35 Depois desceu, e andou naquela casa de uma parte para a outra, e tornou a subir, e se estendeu sobre ele, então o menino espirrou sete vezes, e abriu os olhos.
36 ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-
36 Então chamou a Geazi, e disse: Chama esta sunamita. E chamou-a, e veio a ele. E disse ele: Toma o teu filho.
37 အမျိုး​သ​မီး​သည်​ဧ​လိ​ရှဲ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် ပြီး​လျှင် မိ​မိ​၏​သား​ကို​ချီ​၍​ထွက်​ခွာ​သွား​လေ သည်။
37 E entrou ela, e se prostrou a seus pés, e se inclinou à terra; e tomou o seu filho e saiu.
38 အ​ခါ​တစ်​ပါး​၌​နိုင်​ငံ​တစ်​ဝှမ်း​လုံး​တွင် အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​နေ​ချိန် ၌ ဧ​လိ​ရှဲ​သည်​ဂိ​လ​ဂါ​လ​မြို့​သို့​ပြန်​လေ​သည်။ သူ​သည်​ပ​ရော​ဖက်​တစ်​စု​ကို​သွန်​သင်​လျက်​နေ စဉ် ထို​သူ​တို့​အ​တွက်​အိုး​ကြီး​တစ်​လုံး​ဖြင့် ဟင်း​ချက်​ရန် မိ​မိ​၏​အ​စေ​ခံ​အား​ပြော ကြား​၏။-
38 E, voltando Eliseu a Gilgal, havia fome naquela terra, e os filhos dos profetas estavam assentados na sua presença; e disse ao seu servo: Põe a panela grande ao lume, e faze um caldo de ervas para os filhos dos profetas.
39 ပ​ရော​ဖက်​တစ်​ပါး​သည်​ဟင်း​သီး​ဟင်း​ရွက်​များ ခူး​ရန် လယ်​တော​သို့​သွား​ရာ​ဘူး​ပင်​ရိုင်း​တစ်​ပင် ကို​တွေ့​သ​ဖြင့် သယ်​နိုင်​သ​မျှ​သော​ဘူး​သီး​တို့ ကို​ခူး​ဆွတ်​ပြီး​သော် ဘူး​ရိုင်း​မှန်း​မ​သိ​ဘဲ​ခွဲ စိတ်​၍​ဟင်း​အိုး​တွင်​ခတ်​လေ​သည်။-
39 Então um deles saiu ao campo a apanhar ervas, e achou uma parra brava, e colheu dela enchendo a sua capa de colocíntidas; e veio, e as cortou na panela do caldo; porque não as conheciam.
40 ထို​ဟင်း​ကို​လူ​တို့​စား​သောက်​ရန်​လောင်း​ထည့် လိုက်​သော​အ​ခါ သူ​တို့​သည်​မြည်း​စမ်း​မိ​သည် နှင့်​တစ်​ပြိုင်​နက်​ဧ​လိ​ရှဲ​အား``ဤ​ဟင်း​တွင် အ​ဆိပ်​ခတ်​ထား​ပါ​သည်​တ​ကား'' ဟု​ဟစ် အော်​ကာ​မ​စား​ဘဲ​နေ​ကြ​၏။-
40 Assim deram de comer para os homens. E sucedeu que, comendo eles daquele caldo, clamaram e disseram: Homem de Deus, há morte na panela. Não puderam comer.
41 ဧ​လိ​ရှဲ​သည်​မုန့်​ညက်​အ​နည်း​ငယ်​ကို​တောင်း​ယူ ကာ​အိုး​ထဲ​သို့​ပစ်​ထည့်​လိုက်​၏။ ထို​နောက်``ဤ​သူ တို့​စား​သောက်​ရန်​လောင်း​ထည့်​လော့'' ဟု​ဆို​သည့် အ​တိုင်း​လောင်း​ထည့်​သော​အ​ခါ​အ​ဆိပ်​မ​ရှိ တော့​ချေ။
41 Porém ele disse: Trazei farinha. E deitou-a na panela, e disse: Dai de comer ao povo. E já não havia mal nenhum na panela.
42 အ​ခြား​အ​ခါ​တစ်​ပါး​၌​လည်း​လူ​တစ်​ယောက်​သည် ထို​နှစ်​ပေါ်​မု​ယော​ကောက်​ဦး​နှင့်​လုပ်​သော​မုန့်​အ​လုံး နှစ်​ဆယ်​ကို​ဧ​လိ​ရှဲ​အ​တွက် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ ယူ​ဆောင်​လာ​၏။ ဧ​လိ​ရှဲ​သည်​ပ​ရော​ဖက်​တို့​ကို ထို​အ​စား​အ​စာ​ဖြင့်​ဧည့်​ခံ​ရန်​မိ​မိ​၏​အ​စေ​ခံ အား​ပြော​၏။-
42 E um homem veio de Baal-Salisa, e trouxe ao homem de Deus pães das primícias, vinte pães de cevada, e espigas verdes na sua palha, e disse: Dá ao povo, para que coma.
43 သို့​ရာ​တွင်​အ​စေ​ခံ​က``လူ​တစ်​ရာ​ကို​ဤ​မျှ​လောက် နှင့်​ကျွေး​နိုင်​ပါ​မည်​လော'' ဟု​ဆို​၏။ ဧ​လိ​ရှဲ​က``ထို အ​စား​အ​စာ​ကို ဤ​သူ​တို့​ကို​ကျွေး​လော့။ ထာ​ဝရ ဘု​ရား​က`သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​သည့်​အ​ပြင် စား​စ​ရာ​အ​ချို့​ပင်​ကျန်​ကြွင်း​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏'' ဟု​ပြန်​ပြော​လေ​သည်။-
43 Porém seu servo disse: Como hei de pôr isto diante de cem homens? E disse ele: Dá ao povo, para que coma; porque assim diz o Senhor: Comerão, e sobejará.
44 သို့​ဖြစ်​၍​အ​စေ​ခံ​သည်​ပ​ရော​ဖက်​တို့​အား ထို အ​စား​အ​စာ​ကို​တည်​ခင်း​ကျွေး​မွေး​ရာ​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ထို​သူ​တို့​အား လုံး​ဝ​စွာ​စား​ရ​ကြ​ပြီး​နောက်​စား​စ​ရာ အ​ချို့​ပင်​ကျန်​ကြွင်း​သေး​သည်။
44 Então lhos pôs diante, e comeram e ainda sobrou, conforme a palavra do Senhor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.