2 Reis 25

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ပုန်​ကန်​သ​ဖြင့် နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ​၏ တပ်​မ​တော်​နှင့်​လာ​ရောက်​၍ ဇေ​ဒ​ကိ​၏​နန်း​စံ ကိုး​နှစ်၊ ဆယ်​လ​နှင့်​ဆယ်​ရက်​နေ့​၌ ယေ​ရု​ရှ​လင် မြို့​ကို​တိုက်​ခိုက်​လေ​သည်။ သူ​သည်​မြို့​ပြင်​၌ တပ်​စ​ခန်း​ချ​ပြီး​လျှင် မြို့​ပတ်​လည်​တွင်​မြေ က​တုတ်​များ​ကို​ဖို့​လုပ်​၏။-
1 Assim, em 15 de janeiro, durante o nono ano do reinado de Zedequias, Nabucodonosor, rei da Babilônia, e todo o seu exército cercaram Jerusalém e construíram rampas de ataque contra os muros.
2 ထို​နောက်​ဇေ​ဒ​ကိ​၏​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ် မြောက်​တိုင်​အောင် မြို့​ကို​ဝိုင်း​ထား​၏။-
2 Jerusalém permaneceu cercada até o décimo primeiro ano do reinado de Zedequias.
3 ထို​နှစ်​စ​တုတ္ထ​လ​ကိုး​ရက်​နေ့​၌​အ​စာ​ရေ​စာ လွန်​စွာ​ခေါင်း​ပါး​မှု​ကြောင့် မြို့​သူ​မြို့​သား​တို့ တွင်​စား​စ​ရာ​အ​လျှင်း​မ​ရှိ​ကြ​တော့​ပေ။-
3 Em 18 de julho, no décimo primeiro ano do reinado de Zedequias, a fome na cidade tinha se tornado tão severa que não havia mais nenhum alimento.
4 ထို​အ​ခါ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​မြို့​ကို ဗာ​ဗု​လုန်​တပ်​သား​များ​ဝိုင်း​ရံ​လျက်​ရှိ​သော် လည်း မြို့​ရိုး​ကို​ဖောက်​၍​ညဥ့်​အ​ခါ​ထွက်​ပြေး ကြ​၏။ သူ​တို့​သည်​ဘု​ရင့်​ဥ​ယျာဉ်​တော်​လမ်း အ​တိုင်း​သွား​ပြီး​လျှင် မြို့​ရိုး​နှစ်​ထပ်​အ​ကြား ရှိ​တံ​ခါး​ပေါက်​မှ​ထွက်​၍​ယော်​ဒန်​ချိုင့်​ဝှမ်း ဘက်​သို့​ပြေး​ကြ​၏။-
4 Assim, abriram uma brecha no muro da cidade. Como a cidade estava cercada pelos babilônios, os soldados esperaram até o anoitecer e fugiram pelo portão entre os dois muros atrás do jardim do rei. Então seguiram em direção ao vale do Jordão.
5 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သား​တို့​သည် ဇေ​ဒ​ကိ​မင်း​ကို​လိုက်​၍​ဖမ်း​ကြ​ရာ ယေ​ရိ​ခေါ မြို့​အ​နီး​ရှိ​လွင်​ပြင်​တွင်​မိ​လေ​သည်။ ဇေ​ဒ​ကိ ၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည်​ကား​မိ​မိ​တို့ အ​ရှင်​ကို​စွန့်​၍​ထွက်​ပြေး​ကြ​၏။-
5 Contudo, o exército babilônio perseguiu o rei e o alcançou nas planícies de Jericó, pois todos os seus soldados o haviam abandonado e se dispersado.
6 ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​အား​နေ​ဗု​ခဒ်​နေ​ဇာ မင်း​ရှိ​ရာ​ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ ရာ နေ​ဗု​ခဒ်​နေ​ဇာ​သည်​ထို​အ​ရပ်​၌​ပင်​စီ​ရင် ချက်​ချ​မှတ်​လေ​သည်။-
6 Capturaram Zedequias e o levaram ao rei da Babilônia, em Ribla, onde ele recebeu sua sentença.
7 ဇေ​ဒ​ကိ​၏​သား​များ​ကို​ဖ​ခင်​၏​မျက်​မှောက်​၌ ကွပ်​မျက်​ပြီး​လျှင် ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို ဖောက်​၍​သူ့​အား​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင် ကာ​ဗာ​ဗု​လုန်​ပြည်​သို့​ဖမ်း​ဆီး​သွား​လေ သည်။
7 Mataram seus filhos diante dele, depois lhe arrancaram os olhos, o prenderam com correntes de bronze e o levaram para a Babilônia.
8 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-
8 Em 14 de agosto daquele ano, o décimo nono do reinado de Nabucodonosor, Nebuzaradã, capitão da guarda e oficial do rei da Babilônia, chegou a Jerusalém.
9 ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-
9 Queimou o templo do S enhor , o palácio real e todas as casas de Jerusalém. Pôs fogo em todos os edifícios importantes da cidade.
10 သူ​၏​တပ်​သား​တို့​သည်​မြို့​ရိုး​ကို​ဖြို​ချကြ​၏။-
10 Depois supervisionou o exército babilônio na demolição de todos os muros de Jerusalém.
11 ထို​နောက်​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန် ရှိ​နေ​သေး​သူ​များ၊ ကြွင်း​ကျန်​သော​အ​တတ် ပ​ညာ​သည်​များ​နှင့် ဗာ​ဗု​လုန်​ဘု​ရင်​ဘက်​သို့ ကူး​ဝင်​လာ​သူ​များ​အား​ဗာ​ဗု​လုန်​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၏။-
11 Em seguida, Nebuzaradã, capitão da guarda, deportou o povo que havia ficado na cidade, os desertores que se entregaram ao rei da Babilônia e o restante da população.
12 သို့​ရာ​တွင်​ဆင်း​ရဲ​သား​အ​ချို့​တို့​ကို​မူ​ယု​ဒ ပြည်​တွင် စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ တွင်​အ​လုပ်​လုပ်​စေ​ရန်​ထား​ခဲ့​လေ​သည်။
12 Permitiu, no entanto, que alguns dos mais pobres ficassem para cuidar das videiras e dos campos.
13 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ဗိ​မာန်​တော်​ရှိ ကြေး​ဝါ​တိုင်​ကြီး​များ၊ ကြေး​ဝါ​လှည်း​များ၊ ကြေး​ဝါ​ရေ​ကန်​ကြီး​ကို​အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ချိုး​ဖဲ့​ပြီး​လျှင် ကြေး​ဝါ​မှန်​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​ယူ​ဆောင်​သွား​ကြ​၏။-
13 Os babilônios despedaçaram as colunas de bronze na frente do templo do S enhor , as bases móveis de bronze e o grande tanque de bronze chamado Mar, e levaram todo o bronze para a Babilônia.
14 သူ​တို့​သည်​ယဇ်​ပလ္လင်​သန့်​ရှင်း​ရေး​အ​တွက်​အ​သုံး ပြု​သည့် တူ​ရွင်း​ပြား​များ၊ ပြာ​ခွက်​များ​မီး​ခွက် များ​ကို​တိုက်​ချွတ်​ပြင်​ဆင်​ရာ​၌​အ​သုံး​ပြု​သည့် တန်​ဆာ​ပ​လာ​များ၊ ယဇ်​ကောင်​သွေး​ခံ​ခွက်​ဖ​လား များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ခွက်​ဖ​လား​များ​နှင့် ဗိ​မာန်​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရာ​၌​အ​သုံး ပြု​သည့် အ​ခြား​ကြေး​ဝါ​ပစ္စည်း​အ​သုံး​အ​ဆောင် များ​ကို​လည်း​ယူ​ဆောင်​သွား​ကြ​၏။-
14 Também levaram os baldes para cinzas, as pás, os cortadores de pavios, as colheres e todos os outros utensílios de bronze usados para o serviço no templo.
15 သူ​တို့​သည်​မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​၌ အ​သုံး​ပြု​သည့် ခွက်​ငယ်​က​လေး​များ​နှင့်​အိုး ကင်း​များ​အ​ပါ​အ​ဝင်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ယူ​ဆောင် သွား​ကြ​သည်။-
15 O capitão da guarda levou ainda os incensários e as bacias e todos os outros utensílios de ouro puro ou prata.
16 ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-
16 Era impossível calcular o peso do bronze das duas colunas, do Mar e das bases móveis para levar água. Esses objetos tinham sido feitos para o templo do S enhor nos dias de Salomão.
17 ထို​တိုင်​ကြီး​နှစ်​လုံး​မှာ​ဆင်​တူ​ဖြစ်​၍​တစ်​တိုင် လျှင် နှစ်​ဆယ့်​ခု​နစ်​ပေ​မြင့်​လေ​သည်။ ယင်း​တို့ ကို​အ​မြင့်​လေး​ပေ​ခွဲ​ရှိ​ကြေး​ဝါ​တိုင်​ထိပ်​အုပ် များ​တပ်​ဆင်​ထား​၏။ ထို​တိုင်​ထိပ်​အုပ်​တို့​၏​ပတ် လည်​တွင် ကြေး​ဝါ​ကွန်​ရွက်​နှင့်​ကြေးဝါ​သ​လဲ သီး​များ​ဖြင့်​ချယ်​လှယ်​၍​ထား​သ​တည်း။
17 Cada coluna media 8,1 metros de altura. O capitel de bronze no alto de cada coluna media cerca de 2,25 metros de altura e era enfeitado ao redor com correntes entrelaçadas de romãs feitas de bronze.
18 ထို့​အ​ပြင်​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် ယဇ် ပု​ရော​ဟိတ်​မင်း​စ​ရာ​ယ၊ သူ​၏​လက်​ထောက် ဇေ​ဖ​နိ​နှင့်​အ​ခြား​အ​ရေး​ကြီး​သည့် ဗိ​မာန် တော်​အ​ရာ​ရှိ​သုံး​ဦး​တို့​ကို​လည်း​ကောင်း၊-
18 O capitão da guarda levou como prisioneiros o sumo sacerdote Seraías, o sacerdote auxiliar Sofonias e três dos principais guardas das portas.
19 ယု​ဒ​တပ်​မှူး​ဟောင်း၊ မင်း​ကြီး​၏​အ​တိုင်​ပင်​ခံ အ​မတ်​ငါး​ဦး၊ တပ်​မ​တော်​မှတ်​တမ်း​ထိန်း​လက် ထောက်​တပ်​မှူး​နှင့်​အ​ခြား​အ​ရေး​ပါ​အရာ ရောက်​သူ​လူ​ခြောက်​ဆယ်​တို့​ကို​လည်း​ကောင်း ယေ​ရု​ရှ​လင်​မြို့​မှ​ဖမ်း​ဆီး​၍၊-
19 Dentre o povo que ainda estava escondido na cidade, levou um oficial responsável pelo exército de Judá, cinco dos conselheiros pessoais do rei; o secretário do comandante do exército, que era encarregado do alistamento de soldados, e outros sessenta homens do povo.
20 — ausente —
20 Nebuzaradã, capitão da guarda, levou-os ao rei da Babilônia, em Ribla.
21 — ausente —
21 E ali em Ribla, na terra de Hamate, o rei da Babilônia mandou executá-los. Assim, o povo de Judá foi enviado para o exílio, para longe de sua terra.
22 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​ကံ​၏​သား၊ ဂေ​ဒ​လိ​အား​ယု​ဒ ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် ပြည်​သို့​ဖမ်း​သွား​ခြင်း​မ​ခံ​ရ​ကြ​သူ​တို့ အား​အုပ်​ချုပ်​စေ​၏။-
22 Nabucodonosor, rei da Babilônia, nomeou Gedalias, filho de Aicam, filho de Safã, como governador do povo que ele havia deixado em Judá.
23 ဤ​အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ အ​ညံ့​မ​ခံ​အ​ရှုံး​မ​ပေး​ခဲ့​ကြ​သူ​ယု​ဒ​တပ်​မှူး များ​နှင့်​စစ်​သူ​ရဲ​တို့​သည် မိ​ဇ​ပါ​မြို့​ရှိ​ဂေ​ဒ​လိ ထံ​ဝင်​ရောက်​လာ​ကြ​၏။ ထို​တပ်​မှူး​များ​မှာ နာ​သနိ​၏​သား​ဣ​ရှ​မေ​လ၊ ကာ​ရာ​၏​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​မြို့​သား​တာ​နု​မက် ၏​သား​စ​ရာ​ယ​နှင့်​မာ​ခ​သိ​မြို့​သား​ယေ ဇ​နိ​တို့​ဖြစ်​ကြ​၏။-
23 Quando os comandantes do exército e seus homens souberam que o rei da Babilônia havia nomeado Gedalias governador, foram vê-lo em Mispá. Entre eles estavam Ismael, filho de Netanias, Joanã, filho de Careá, Seraías, filho do netofatita Tanumete, Jezanias, filho do maacatita, e todos os seus homens.
24 ဂေ​ဒ​လိ​က​သူ​တို့​အား``သင်​တို့​သည်​ဗာ​ဗု​လုန် အ​ရာ​ရှိ​တို့​အား ကြောက်​ရွံ့​စ​ရာ​မ​လို​ကြောင်း ငါ​က​တိ​ပြု​၏။ ဤ​ပြည်​တွင်​နေ​ထိုင်​၍​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​ပါ​လျှင် သင်​တို့​ချမ်း​သာ​ရ​လိမ့်​မည်'' ဟု​ပြော​၏။
24 Gedalias jurou a eles que os oficiais babilônios não tinham intenção de lhes fazer nenhum mal. “Não tenham medo deles”, disse. “Vivam na terra e sirvam ao rei da Babilônia, e tudo lhes irá bem.”
25 သို့​ရာ​တွင်​သတ္တမ​လ​သို့​ရောက်​သော​အ​ခါ​မင်း မျိုး​မင်း​နွယ်​ဖြစ်​သူ ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ ဣ​ရှ​မေ​လ​သည်​လူ​တစ်​ကျိပ်​နှင့်​မိ​ဇ​ပါ မြို့​သို့​သွား​ပြီး​လျှင် ဂေ​ဒ​လိ​ကို​လုပ်​ကြံ​လေ သည်။ သူ​သည်​ဂေ​ဒ​လိ​နှင့်​အ​တူ​ရှိ​နေ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့် ဗာ​ဗု​လုန် အ​မျိုး​သား​တို့​ကို​လည်း​သတ်​ဖြတ်​လိုက်​၏။-
25 Mas, no sétimo mês desse mesmo ano, Ismael, filho de Netanias, filho de Elisama, que era da família real, foi com dez homens a Mispá e matou Gedalias. Também matou todos os judeus e babilônios que estavam com ele em Mispá.
26 ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ကြောက် သော​ကြောင့် ဆင်း​ရဲ​ချမ်း​သာ​သူ​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည် တပ်​မ​တော်​အ​ရာ​ရှိ​များ နှင့်​အ​တူ​အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။
26 Então todo o povo de Judá, dos mais simples até os mais importantes, bem como os comandantes do exército, fugiu para o Egito, com medo do que os babilônios lhe fariam.
27 ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မေ​ရော​ဒက်​သည်​မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌ ယု​ဒ​ဘု​ရင်​ယေ​ခေါ နိ​အား​အ​ကျဉ်း​ထောင်​မှ​လွှတ်​သော​အား​ဖြင့် က​ရု​ဏာ​ပြ​တော်​မူ​၏။ ယေ​ခေါ​နိ​အ​ကျဉ်း ကျ​ပြီး​နောက် သုံး​ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ ဒ​သ​မ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​ဤ​သို့ ဖြစ်​ပျက်​သ​တည်း။-
27 No trigésimo sétimo ano do exílio de Joaquim, rei de Judá, Evil-Merodaque começou a reinar na Babilônia. Foi bondoso com Joaquim e o libertou da prisão em 2 de abril daquele ano.
28 ဧ​ဝိ​လ​မေ​ရော​ဒက်​သည်​ယေ​ခေါ​နိ​အား​ကြင်​နာ စွာ​ဆက်​ဆံ​၍ ဗာ​ဗု​လုန်​ပြည်​တွင်​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော အ​ခြား​ဘု​ရင်​များ​ထက်​ပို​၍​ချီး မြှင့်​မြှောက်​စား​တော်​မူ​၏။-
28 Falou com ele gentilmente e o colocou num lugar mais elevado que o de outros reis exilados na Babilônia.
29 သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အဝတ်​များ​ကို​လဲ ခွင့်​ရ​လျက် မိ​မိ​အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ် လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည်​ခွင့်​ကို​ရ​ရှိ လေ​သည်။-
29 Providenciou roupas novas para Joaquim, no lugar das roupas de prisioneiro, e permitiu que ele comesse na presença do rei enquanto vivesse.
30 မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​နေ့​စဉ်​မှန်​မှန် အ​သုံး​စ​ရိတ်​ကို​လည်း တစ်​သက်​လုံး​ရ​ရှိ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်​ပြီး​၏။
30 Assim o rei lhe deu uma provisão diária de alimento pelo resto de sua vida.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.