2 Reis 20

Common Language Bible (MYA) vs VC

Sair da comparação
VC Versão Católica
1 ထို​အ​ချိန်​ကာ​လ​၌​ပင်​ဟေ​ဇ​ကိ​မင်း​သည် သေ​လု​မ​တတ်​ဖျား​နာ​၏။ အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် မင်း​ကြီး​ကို​လာ ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည်​ပြန်​လည် ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ​ဖြင့် အ​ရှင် နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့​ကို​မှာ​ကြား ခဲ့​ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ သို့ ဖြစ်​၍​သေ​ရန်​အ​သင့်​ပြင်​ပါ​လော့'' ဟု​ဆင့် ဆို​၏။
1 Naquele tempo, Ezequias foi atingido por uma enfermidade mortal. Veio o profeta Isaías, filho de Amós, ter com ele e disse-lhe: Eis o que diz o Senhor: Põe em ordem a tua casa, porque vais morrer; não sararás.
2 ဟေ​ဇ​ကိ​သည် နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့်​လျက်၊-
2 Então Ezequias voltou-se para o lado da parede e orou ao Senhor, dizendo:
3 ``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​အ​မှု​တော်​ကို​သစ္စာ​နှင့်​ဆောင်​ရွက်​လျက် ကိုယ် တော်​ပြု​စေ​လို​သည်​အ​တိုင်း​ပြု​သည်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​ပြီး​လျှင်​အ​လွန် ငို​ကြွေး​လေ​၏။
3 Senhor, lembrai-vos de que andei fielmente diante de vós, e de que com lealdade de coração fiz o que é bom aos vossos olhos. E, dizendo isso, derramava abundantes lágrimas.
4 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​ထံ​မှ​ထွက်​ခွာ​သွား ရာ နန်း​တော်​အ​လယ်​ဝင်း​ကို​မ​ဖြတ်​မီ​ဟေ ရှာ​ယ​ထံ​သို့၊-
4 Isaías não tinha ainda deixado o átrio interior, quando a palavra do Senhor lhe foi dirigida nestes termos:
5 ``ငါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ကို အ​စိုး ရ​သူ​ဟေ​ဇ​ကိ​မင်း​ထံ​သို့​ပြန်​သွား​၍`သင်​၏ ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ ဘု​ရား​သည် သင်​၏​ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည်​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည် သင်​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း​စေ​မည် ဖြစ်​၍ သင်​သည်​သုံး​ရက်​ကြာ​သော်​ဗိ​မာန် တော်​သို့​သွား​နိုင်​လိမ့်​မည်။-
5 Volta e dize a Ezequias, chefe de meu povo: Eis o que diz o Senhor, Deus de Davi, teu pai: Ouvi a tua oração, e vi as tuas lágrimas. Por isso vou curar-te. Dentro de três dias subirás ao templo do Senhor.
6 ငါ​သည်​သင့်​အား​နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ် အ​သက်​ရှင်​စေ​မည်။ ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​လက် မှ​ကယ်​ဆယ်​မည်။ ငါ​၏​ဂုဏ်​တော်​ကို​လည်း​ကောင်း၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ငါ​ပေး​သည့်​က​တိ တော်​ကို​လည်း​ကောင်း​ထောက်​၍ ငါ​သည်​ဤ​မြို့ ကို​ကာ​ကွယ်​မည်' ဟု​ဆင့်​ဆို​လော့'' ဟု​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
6 Vou acrescentar quinze anos aos dias de tua vida; além disso, salvar-te-ei, a ti e a esta cidade, das mãos do rei da Assíria, e protegerei esta cidade por amor de mim mesmo e de Davi, meu servo.
7 ဟေ​ရှာ​ယ​သည်​မင်း​ကြီး​၏​အ​စေ​ခံ​တို့ အား``အ​ရှင်​၏​အ​နာ​စိမ်း​ကို​သ​င်္ဘော​သ​ဖန်း သီး​ဖြင့်​အုံ​၍​ထား​ပါ။ ထို​အ​နာ​သည်​သက် သာ​ပျောက်​ကင်း​သွား​ပါ​လိမ့်​မည်'' ဟု​ပြော​၏။-
7 Então disse Isaías: Trazei-me massa de figos. Trouxeram-na. Aplicou-a sobre a úlcera, e o rei ficou são.
8 မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​အ​နာ ကို​ပျောက်​ကင်း​စေ​သ​ဖြင့် ငါ​သည်​သုံး​ရက်​ကြာ သော်​ဗိ​မာန်​တော်​သို့​သွား​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ်​သက်​သေ​လက္ခ​ဏာ​အား​ဖြင့်​သိ​ရှိ​နိုင် ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။-
8 Ezequias disse a Isaías: Qual o sinal de que o Senhor me curou e de que poderei subir ao templo dentro de três dias?
9 ဟေ​ရှာ​ယ​က``ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏ ကတိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​သက်​သေ​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​မည်။ အ​ရှင်​သည်​လှေ​ကား ပေါ်​တွင်​ကျ​လျက်​ရှိ​သော​အ​ရိပ်​ကို​ရှေ့​သို့ ဆယ်​ထစ်​တိုး​စေ​လို​ပါ​သ​လော။ သို့​မ​ဟုတ် နောက်​သို့​ဆယ်​ထစ်​ဆုတ်​စေ​လို​ပါ​သ​လော'' ဟု​ပြန်​၍​မေး​၏။
9 Isaías respondeu-lhe: Eis o sinal que te dará o Senhor para que saibas que se há de cumprir a sua promessa. Queres que a sombra se adiante dez graus ou recue dez graus?
10 ဟေ​ဇ​ကိ​က``အ​ရိပ်​ကို​ဆယ်​ထစ်​တိုး​စေ​ရန် မှာ​လွယ်​ကူ​၏။ သို့​ဖြစ်​၍​ဆယ်​ထစ်​ဆုတ်​ပါ လေ​စေ'' ဟု​ဆို​၏။
10 É fácil, replicou Ezequias, que a sombra se adiante dez graus. Não! Quero que ela recue dez graus.
11 ဟေ​ရှာ​ယ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပတ္ထ​နာ ပြု​ခြင်း​အား​ဖြင့် အာ​ခတ်​မင်း​ဆောက်​လုပ်​ထား ခဲ့​သည့်​လှေ​ကား​ပေါ်​တွင်​ကျ​လျက်​ရှိ​သော အ​ရိပ်​သည်​နောက်​သို့​ဆယ်​ထစ်​ဆုတ်​လေ​၏။
11 Orou o profeta Isaías, e o Senhor fez com que a sombra recuasse dez graus no relógio solar de Acaz.
12 ထို​အ​ချိန်​ကာ​လ​၌​ဗာ​လ​ဒန်​မင်း​၏​သား​တော် ဗာ​ဗု​လုန်​ဘု​ရင်​မေ​ရော​ဒ​ဗာ​လ​ဒန်​သည် ဟေ ဇ​ကိ​မင်း​ဖျား​နာ​လျက်​ရှိ​ကြောင်း​ကြား​သိ​ရ သ​ဖြင့် သ​ဝဏ်​လွှာ​တစ်​စောင်​နှင့်​လက်​ဆောင်​ပေး ပို့​ရာ၊-
12 Naquele tempo, ouvindo o rei de Babilônia, Merodac-Baladã, que Ezequias se achava enfermo, mandou-lhe uma carta com presentes.
13 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​တို့​ကို​ကြို​ဆို​ပြီး လျှင် မိ​မိ​၏​ဘဏ္ဍာ​တော်​များ​ဖြစ်​သည့် ရွှေ၊ ငွေ၊ နံ့​သာ​မျိုး၊ နံ့​သာ​ဆီ​နှင့်​လက်​နက်​ရှိ​သ​မျှ ကို​ပြ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​နှင့်​နိုင်​ငံ တော်​အ​ရပ်​ရပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​များ ကို ထို​သူ​တို့​အား​မင်း​ကြီး​ပြ​လေ​၏။-
13 Ezequias, contentíssimo com a vinda desses mensageiros, mostrou-lhes o palácio onde se encontravam os seus tesouros, a prata, o ouro, os aromas, o óleo precioso, o seu arsenal e tudo o que se encontrava em suas reservas. Nada houve em seu palácio e em suas propriedades que Ezequias não lhes mostrasse.
14 ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ​သွား ၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​ပါ သ​နည်း။ သူ​တို့​က​အ​ရှင်​အား​အ​ဘယ်​သို့​တင် လျှောက်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ က``သူ​တို့​သည်​အ​လွန်​ဝေး​သော​ဗာ​ဗု​လုန် ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​၏။
14 O profeta Isaías foi ter com o rei e perguntou-lhe: Que te disse aquela gente? De onde vieram esses homens para te visitar? Vieram de uma terra longínqua, de Babilônia, respondeu Ezequias.
15 ဟေ​ရှာ​ယ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌ အ​ဘယ်​အ​ရာ​များ​ကို​တွေ့​မြင်​သွား​ကြ ပါ​သ​နည်း'' ဟု​မေး​ပြန်​၏။
15 Isaías continuou: Que viram eles em teu palácio? Viram tudo o que há em meu palácio, respondeu Ezequias; nada há em meu palácio que eu não lhes tenha mostrado.
16 — ausente —
16 Então Isaías disse ao rei: Ouve a palavra do Senhor:
17 — ausente —
17 Virão dias em que tudo o que se encontra em teu palácio, tudo o que ajuntaram os teus pais até o dia de hoje será levado para Babilônia. Nada ficará, diz o Senhor.
18 အ​ရှင့်​သား​မြေး​အ​ရင်း​အ​ချာ​အ​ချို့​တို့​သည် လည်း​အ​ဖမ်း​ခံ​ရ​လျက် ဗာ​ဗု​လုန်​ဘု​ရင်​၏​နန်း တော်​တွင် မိန်း​မ​စိုး​များ​အ​ဖြစ်​ဖြင့်​အ​မှု​ထမ်း ရ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့် ဆို​လေ​သည်။
18 Tomar-se-ão mesmo os teus filhos que saírem de ti, que tiveres gerado, para se tornarem eunucos no palácio do rei de Babilônia.
19 ဟေ​ဇ​ကိ​မင်း​သည်​မိ​မိ​၏​လက်​ထက်​၌ ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့် မည်​ဟု အ​နက်​အ​ဋ္ဌိပ္ပါယ်​ကောက်​ယူ​ကာ``ငါ့​အား ဆင့်​ဆို​သည့်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ် တော်​သည်​ကောင်း​ပေ​၏'' ဟု​ဆို​၏။
19 Ezequias respondeu a Isaías: O Senhor tem razão; é justo tudo o que me acabas de anunciar. E dizia consigo: Ao menos enquanto eu viver, haverá paz e segurança.
20 ဟေ​ဇ​ကိ​မင်း​၏​လက်​ရုံး​ရည်၊ ရေ​လှောင်​ကန် ဆောက်​လုပ်​ခြင်း၊ မြို့​တွင်း​သို့​ရေ​သွင်း​ပြွန်​သွယ် ခြင်း​အ​ပါ​အ​ဝင် သူ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား အမှု​အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး ထား​သ​တည်း။-
20 O resto da história de Ezequias, seus atos e grandes feitos, a construção do reservatório e do aqueduto pelo qual proveu de água a cidade, tudo isso se acha consignado no livro das Crônicas dos reis de Judá.
21 ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​သား​တော် မ​နာ​ရှေ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
21 Ezequias adormeceu com seus pais, e seu filho Manassés sucedeu-lhe no trono.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.