2 Reis 1
Common Language Bible (MYA) vs NVI
1 ဣသရေလဘုရင်အာဟပ်ကွယ်လွန်သောအခါ မောဘပြည်သည်ဣသရေလပြည်ကိုပုန်ကန် လေသည်။
1 Depois da morte de Acabe, Moabe rebelou-se contra Israel.
2 ဣသရေလဘုရင်အာခဇိသည် ရှမာရိမြို့ နန်းတော်အမိုးထက်ရှိလသာဆောင်မှလိမ့် ကျသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ၏။ သို့ ဖြစ်၍သူသည်ဖိလိတ္တိပြည်ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်ထံသံတမန်များစေလွှတ်ကာ မိမိပြန်လည်ကျန်းမာလာမည်မလာမည် ကိုစုံစမ်းမေးမြန်းစေ၏။-
2 Certo dia, Acazias caiu da sacada do seu quarto no palácio de Samaria, e ficou muito ferido. Então enviou mensageiros para consultar Baal-Zebube, deus de Ecrom, para saber se ele se recuperaria.
3 သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
3 Mas o anjo do Senhor disse ao tesbita Elias: "Vá encontrar-se com os mensageiros do rei de Samaria e lhes pergunte: ‘Acaso não há Deus em Israel? Por que vocês vão consultar Baal-Zebube, deus de Ecrom? ’
4 မင်းကြီးအား`မိမိ၏သလွန်မှတစ်ဖန်ပြန်၍ ထနိုင်မည်မဟုတ်ကြောင်း၊ သေမည်ဖြစ်ကြောင်း ထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့ လျှောက်ထားကြလော့' ဟုဆင့်ဆိုရမည်'' ဟု မိန့်တော်မူသည်။
4 Por isso, assim diz o Senhor: ‘Você não se levantará mais dessa cama e certamente morrerá! ’ " E assim Elias se foi.
5 သံတမန်တို့သည်မင်းကြီးထံသို့ပြန်ကြ၏။ မင်းကြီးက``အဘယ်ကြောင့်သင်တို့ပြန်လာ ကြသနည်း'' ဟုမေးတော်မူ၏။
5 Quando os mensageiros voltaram ao rei, ele lhes perguntou: "Por que vocês voltaram? "
6 ထိုသူတို့က``လူတစ်ယောက်သည် အကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံပြီးလျှင် ထာဝရဘုရားသည် အရှင့်အား`ဣသရေလပြည်တွင်ဘုရားမရှိ သောကြောင့် ဧကြုန်ဘုရားထံသံတမန်များ စေလွှတ်၍စုံစမ်းမေးမြန်းရသလော။ သင်သည် သင်၏သလွန်မှတစ်ဖန်ပြန်၍ထနိုင်မည် မဟုတ်။ သေလိမ့်မည်'' ဟုမိန့်တော်မူကြောင်း အရှင့်ထံပြန်ကြားလျှောက်ထားရန် အကျွန်ုပ် တို့အားပြောကြားသွားပါသည်'' ဟုသံ တော်ဦးတင်ကြ၏။
6 Eles responderam: "Um homem veio ao nosso encontro e nos disse: ‘Voltem ao rei que os enviou e digam-lhe: Assim diz o Senhor: "Acaso não há Deus em Israel? Por que você mandou consultar Baal-Zebube, deus de Ecrom? Por isso você não se levantará mais dessa cama e certamente morrerá! " ’ "
7 မင်းကြီးက``ထိုသူ၏ပုံပန်းသဏ္ဌာန်ကား အဘယ်သို့နည်း'' ဟုမေးတော်မူ၏။
7 O rei lhes perguntou: "Como era o homem que os encontrou e lhes disse isso? "
8 ထိုသူတို့က``သူသည်တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသည့်ဝတ်လုံကိုဝတ်၍ သားရေ ခါးပတ်ကိုစည်းထားပါသည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူသည်ဧလိယဖြစ် ပါသည်တကား'' ဟုမြွက်ဆိုတော်မူ၏။
8 Eles responderam: "Ele vestia roupas de pêlos e usava um cinto de couro". O rei concluiu: "Era o tesbita Elias".
9 ထိုနောက်မင်းကြီးသည်တပ်မှူးတစ်ယောက်ကို လူငါးဆယ်တပ်နှင့်အတူဧလိယထံသို့ စေလွှတ်တော်မူ၏။ တပ်မှူးသည်တောင်ကုန်း တစ်ခုပေါ်တွင်ဧလိယထိုင်နေသည်ကိုတွေ့ မြင်သဖြင့် သူ့အား``ဘုရားသခင်၏အစေခံ၊ ဆင်းခဲ့လော့။ ဘုရင်အမိန့်တော်ရှိသည်'' ဟု ဆို၏။
9 Em seguida mandou um oficial com cinqüenta soldados procurar Elias. O oficial o encontrou sentado no alto de uma colina, e lhe disse: "Homem de Deus, o rei ordena que você desça"
10 ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်မီးကျလာသဖြင့် တပ်မှူး နှင့်သူ၏တပ်သားတို့သည်ကျွမ်းလောင်လေ ၏။
10 Elias respondeu ao oficial: "Se sou homem de Deus, que desça fogo do céu e consuma você e seus cinqüenta soldados! " E desceu fogo do céu e consumiu o oficial e seus soldados.
11 မင်းကြီးသည်အခြားတပ်မှူးတစ်ယောက်နှင့် လူငါးဆယ်တပ်ကိုစေလွှတ်ပြန်၏။ သူတို့ သည်ဧလိယထံသို့သွား၍``ဘုရားသခင် ၏အစေခံ၊ အမြန်ဆင်းခဲ့လော့။ ဘုရင် အမိန့်တော်ရှိသည်'' ဟုဆို၏။
11 Depois disso o rei enviou outro oficial com mais cinqüenta soldados. E ele disse a Elias: "Homem de Deus o rei ordena que você desça imediatamente".
12 ဧလိယက``ငါသည်ဘုရားသခင်၏အစေ ခံမှန်လျှင် ကောင်းကင်မှမီးကျ၍သင်နှင့်သင် ၏တပ်သားတို့ကိုကျွမ်းလောင်ပါစေသော'' ဟု ဆိုသော်ချက်ချင်းပင်ကောင်းကင်မှမီးကျ သဖြင့် တပ်မှူးနှင့်တပ်သားတို့သည်ကျွမ်း လောင်လေ၏။
12 Respondeu Elias: "Se sou homem de Deus, que desça fogo do céu e consuma você e seus cinqüenta soldados! " De novo fogo de Deus desceu do céu e consumiu o oficial e seus soldados.
13 မင်းကြီးသည်တပ်မှူးတစ်ယောက်နှင့်လူငါး ဆယ်တပ်ကိုနောက်တစ်ကြိမ်စေလွှတ်ပြန်၏။ ထိုတပ်မှူးသည်တောင်ကုန်းပေါ်သို့တက်၍ ဧလိယရှေ့တွင်ဒူးထောက်လျက်``ဘုရားသခင်၏အစေခံ၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ တပ်သားတို့ကိုသနားတော်မူပါ။ အကျွန်ုပ် တို့၏အသက်ကိုချမ်းသာပေးတော်မူပါ။-
13 Então o rei enviou um terceiro oficial com outros cinqüenta soldados. O oficial subiu o monte, caiu de joelhos diante de Elias e implorou: "Homem de Deus, tenha consideração por minha vida e pela vida destes cinqüenta soldados, teus servos!
14 အခြားတပ်မှူးနှစ်ယောက်နှင့်သူတို့၏တပ် သားများသည် ကောင်းကင်မှမီးကျ၍သေ ရကြပါ၏။ သို့ရာတွင်အကျွန်ုပ်ကိုသနား တော်မူပါ'' ဟုတောင်းပန်၏။
14 Sei que desceu fogo do céu e consumiu os dois primeiros oficiais com todos os seus soldados. Mas agora tenha consideração por minha vida! "
15 ထာဝရဘုရား၏ကောင်းကင်တမန်ကဧလိယ အား``မကြောက်နှင့်။ ထိုသူနှင့်အတူလိုက်သွား လော့'' ဟုဆိုသဖြင့် ဧလိယသည်မင်းကြီးထံ သို့တပ်မှူးနှင့်အတူလိုက်သွားပြီးလျှင်၊-
15 O anjo do Senhor disse a Elias: "Acompanhe-o; não tenha medo dele". Então Elias se levantou, desceu com ele e foi falar com o rei.
16 ``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။
16 Ao chegar, disse ao rei: "Assim diz o Senhor: Acaso não há Deus em Israel? Por que você mandou consultar Baal-Zebube, deus de Ecrom? Por isso, você não se levantará mais dessa cama e certamente morrerá! "
17 ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာ ဒိတ်တော်အတိုင်း အာခဇိသည်ကွယ်လွန်လေ၏။ အာခဇိတွင်သားတော်မရှိသဖြင့်ညီတော် ယောရံသည် ယောရှဖတ်၏သားယုဒဘုရင် ယဟောရံ၏နန်းစံဒုတိယနှစ်၌နန်းတက် လေသည်။
17 E Acazias morreu, conforme a palavra do Senhor, anunciada por Elias. Como não tinha filhos, Jorão foi o seu sucessor no segundo ano do reinado de Jeorão, rei de Judá, filho de Josafá.
18 အာခဇိမင်း၏အခြားလုပ်ဆောင်ချက်ရှိ သမျှတို့ကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
18 Os demais acontecimentos do reinado de Acazias e suas realizações estão escritos nos registros históricos dos reis de Israel.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.