2 Reis 19
Common Language Bible (MYA) vs ACF
1 ထိုသူတို့၏အစီရင်ခံချက်ကိုကြားလျှင် ကြားချင်းဟေဇကိမင်းသည် မိမိ၏အဝတ် တော်ကိုဆုတ်ပြီးလျှင်လျှော်တေကိုဝတ်၍ ထာဝရဘုရား၏ဗိမာန်တော်သို့ကြွတော် မူ၏။-
1 E aconteceu que, tendo Ezequias ouvido isto, rasgou as suas vestes, e se cobriu de saco, e entrou na casa do SENHOR.
2 မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။-
2 Então enviou a Eliaquim, o mordomo, e a Sebna, o escrivão, e os anciãos dos sacerdotes, cobertos de sacos, ao profeta Isaías, filho de Amós.
3 မင်းကြီးက``ယနေ့သည်ဒုက္ခရောက်ရာနေ့ဖြစ် ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ဒဏ်ကိုခံရ၍ အရှက်ကွဲလျက်ရှိကြပါ၏။ အကျွန်ုပ်တို့သည် သားဖွားချိန်စေ့သော်လည်း သားဖွားနိုင်ရန် အားမရှိသည့်အမျိုးသမီးနှင့်တူပါ၏။-
3 E disseram-lhe: Assim diz Ezequias: Este dia é dia de angústia, de vituperação e de blasfêmia; porque os filhos chegaram ao parto, e não há força para dá-los à luz.
4 အာရှုရိဧကရာဇ်ဘုရင်သည်မိမိ၏ဗိုလ်ချုပ် ကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားကိုပြောဆို စေပါ၏။ သင်၏ဘုရားသခင်ထာဝရဘုရား သည်ထိုစကားကိုကြားတော်မူ၍ယင်းသို့ ပြောဆိုသူတို့အားအပြစ်ဒဏ်စီရင်တော် မူပါစေသော။ သို့ဖြစ်၍အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အတွက်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ လော့'' ဟုဟေရှာယထံလျှောက်ထားစေ၏။
4 Bem pode ser que o SENHOR teu Deus ouça todas as palavras de Rabsaqué, a quem enviou o seu senhor, o rei da Assíria, para afrontar o Deus vivo, e para vituperá-lo com as palavras que o SENHOR teu Deus tem ouvido; faze, pois, oração pelo restante que subsiste.
5 — ausente —
5 E os servos do rei Ezequias foram a Isaías.
6 — ausente —
6 E Isaías lhes disse: Assim direis a vosso senhor: Assim diz o SENHOR: Não temas as palavras que ouviste, com as quais os servos do rei da Assíria me blasfemaram.
7 ငါသည်ဧကရာဇ်မင်းအားမိမိ၏တိုင်းပြည် သို့ပြန်စေရန် သတင်းတစ်စုံတရာကိုကြား စေတော်မူမည်။ ထိုနောက်သူ့ကိုထိုပြည်၌ပင် လုပ်ကြံခြင်းကိုခံရစေလတ္တံ့'' ဟုပြန်ကြား လိုက်၏။
7 Eis que porei nele um espírito, e ele ouvirá um rumor, e voltará para a sua terra; à espada o farei cair na sua terra.
8 ဧကရာဇ်မင်းသည်လာခိရှမြို့မှထွက်ခွာပြီး လျှင် အနီးအနားရှိလိဗနမြို့ကိုတိုက်ခိုက် လျက်ရှိကြောင်းကို အာရှုရိအရာရှိကြားသိ သောအခါ မင်းကြီးနှင့်ဆွေးနွေးတိုင်ပင်ရန် ထိုအရပ်သို့သွားလေသည်။-
8 Voltou, pois, Rabsaqué, e achou o rei da Assíria pelejando contra Libna, porque tinha ouvido que o rei havia partido de Laquis.
9 ထိုအခါအာရှုရိအမျိုးသားတို့သည် မိမိ တို့အားတိုက်ခိုက်ရန်ဆူဒန်ဘုရင်တိရက္ကဦး စီးခေါင်းဆောင်သည့် အီဂျစ်တပ်မတော်ချီ တက်လာနေကြောင်းကိုသတင်းရရှိကြ၏။-
9 E, ouvindo ele dizer de Tiraca, rei da Etiópia: Eis que saiu para te fazer guerra; tornou a enviar mensageiros a Ezequias, dizendo:
10 ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။-
10 Assim falareis a Ezequias, rei de Judá: Não te engane o teu Deus, em quem confias, dizendo: Jerusalém não será entregue na mão do rei da Assíria.
11 အာရှုရိဧကရာဇ်မင်းသည်မိမိဖျက်ဆီးရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ်သို့ ပြုတော်မူတတ်ကြောင်းသင်ကြားသိရပြီ ဖြစ်၏။ သင်သည်ငါ၏လက်မှလွတ်မြောက် နိုင်လိမ့်မည်ဟုထင်မှတ်ပါသလော။-
11 Eis que já tens ouvido o que fizeram os reis da Assíria a todas as terras, destruindo-as totalmente; e tu, te livrarás?
12 ငါ၏ဘိုးဘေးတို့သည်ဂေါဇန်မြို့၊ ခါရန် မြို့၊ ရေဇပ်မြို့တို့ကိုဖျက်ဆီးပြီးလျှင် တေလ သာမြို့တွင်နေထိုင်သူဘေသေဒင်အမျိုးသား တို့အားသုတ်သင်သတ်ဖြတ်ခဲ့ကြ၏။ သူတို့၏ ဘုရားများအနက်အဘယ်ဘုရားမျှသူ တို့ကိုမကယ်နိုင်ကြ။-
12 Porventura as livraram os deuses das nações, a quem meus pais destruíram, como a Gozã, a Harã, a Rezefe, e aos filhos de Éden, que estavam em Telassar?
13 ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေန မြို့နှင့်ဣဝါမြို့တို့တွင်စိုးစံခဲ့သောဘုရင် များသည်အဘယ်မှာနည်း'' ဟုဖော်ပြပါ ရှိ၏။
13 Que é feito do rei de Hamate, do rei de Arpade, e do rei da cidade de Sefarvaim, Hena e Iva?
14 ဟေဇကိမင်းသည်ထိုအမှာတော်စာကိုစေ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန်တော် သို့သွား၍ထာဝရဘုရား၏ရှေ့တော်၌ချ ထား၏။-
14 Recebendo, pois, Ezequias as cartas das mãos dos mensageiros e lendo-as, subiu à casa do Senhor; e Ezequias as estendeu perante o Senhor.
15 ထိုနောက်ဤသို့ပတ္ထနာပြု၏။ ``ခမ်းနားတင့် တယ်သည့်ပလ္လင်ပေါ်တွင်စံတော်မူသော အို ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ကမ္ဘာ နိုင်ငံအရပ်ရပ်ကိုအစိုးရသောဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်သည်မိုးမြေကိုဖန် ဆင်းတော်မူပါ၏။-
15 E orou Ezequias perante o Senhor e disse: Ó Senhor Deus de Israel, que habitas entre os querubins, tu mesmo, só tu és Deus de todos os reinos da terra; tu fizeste os céus e a terra.
16 အို ထာဝရဘုရား၊ ယခုအကျွန်ုပ်တို့တွေ့ကြုံ နေရကြသောအမှုကိုကြည့်ရှုတော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သော ကိုယ်တော်အားသနာခရိပ်စော်ကား ပြောဆိုသောစကားကိုကြားတော်မူပါ။-
16 Inclina, Senhor, o teu ouvido, e ouve; abre, Senhor, os teus olhos, e olha; e ouve as palavras de Senaqueribe, que enviou a este, para afrontar o Deus vivo.
17 အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည် လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်၊-
17 Verdade é, ó Senhor, que os reis da Assíria assolaram as nações e as suas terras.
18 သူတို့၏ဘုရားများကိုလည်းမီးရှို့ဖျက်ဆီး ကြသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ထိုဘုရား တို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့် လုပ်သည့်သစ်သားရုပ်၊ ကျောက်ရုပ်များသာ ဖြစ်ပါ၏။-
18 E lançaram os seus deuses no fogo; porquanto não eram deuses, mas obra de mãos de homens, madeira e pedra; por isso os destruíram.
19 အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သိရှိကြစေရန် ယခုပင်အကျွန်ုပ်တို့အား အာရှုရိအမျိုးသားတို့၏လက်မှကယ်တော် မူပါ။''
19 Agora, pois, ó Senhor nosso Deus, te suplico, livra-nos da sua mão; e assim saberão todos os reinos da terra que só tu és o Senhor Deus.
20 ထိုနောက်မင်းကြီး၏ပတ္ထနာကိုထာဝရ ဘုရားနားညောင်းတော်မူသဖြင့် ဟေဇကိ မင်းအတွက် ဟေရှာယမှတစ်ဆင့်ရောက် လာသောဗျာဒိတ်တော်မှာ၊-
20 Então Isaías, filho de Amós, mandou dizer a Ezequias: Assim diz o Senhor Deus de Israel: O que me pediste acerca de Senaqueribe, rei da Assíria, ouvi.
21 ``အချင်းသနာခရိပ်၊ ယေရုရှလင်မြို့သည် သင့်ကိုကြည့်၍ပြုံးကာပြက်ရယ်ပြုလေပြီ။-
21 Esta é a palavra que o Senhor falou dele: A virgem, a filha de Sião, te despreza, de ti zomba; a filha de Jerusalém meneia a cabeça por detrás de ti.
22 သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ကို သင်သိပါသလော။ သင်သည်ဣသ ရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသော ငါဘုရားအားမလေးမခန့် ပြု၍ နေပါသည်တကား။-
22 A quem afrontaste e blasfemaste? E contra quem alçaste a voz e ergueste os teus olhos ao alto? Contra o Santo de Israel?
23 သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
23 Por meio de teus mensageiros afrontaste o Senhor, e disseste: Com a multidão de meus carros subi ao alto dos montes, aos lados do Líbano, e cortarei os seus altos cedros e as suas mais formosas faias, e entrarei nas suas pousadas extremas, até no bosque do seu campo fértil.
24 သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင် ၏တပ်မတော်သားတို့သည် ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားခဲ့၏။
24 Eu cavei, e bebi águas estranhas; e com as plantas de meus pés sequei todos os rios do Egito.
25 ``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခဲ့ကြောင်းသင်အဘယ်အခါ၌မျှ မကြားဘူးသလော။ ယခုထိုအမှုအရာ များကိုငါဖြစ်ပွားစေပြီ။ ခံတပ်မြို့များကို အမှိုက်ပုံဖြစ်စေနိုင်သောတန်ခိုးကိုသင့် အားငါပေးအပ်ခဲ့၏။-
25 Porventura não ouviste que já dantes fiz isto, e já desde os dias antigos o planejei? Agora, porém, o fiz vir, para que fosses tu que reduzisses as cidades fortificadas a montões desertos.
26 ထိုမြို့များတွင်နေထိုင်သူတို့သည်စွမ်းရည် မရှိ၊ ထိတ်လန့်ကြောက်ရွံ့လျက်အရှေ့အရပ်မှ လေပူတိုက်၍ ညှိုးနွမ်းသွားသည့်စားကျက် မြက်၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့် တူကြ၏။
26 Por isso os moradores delas, com pouca força, ficaram pasmados e confundidos; eram como a erva do campo, e a hortaliça verde, e o feno dos telhados, e o trigo queimado, antes de amadurecer.
27 ``သို့ရာတွင်သင်၏အကြောင်းကိုအကုန်အစင် ငါသိ၏။ သင်အဘယ်အမှုကိုပြု၍အဘယ် အရပ်သို့သွားသည်ကိုလည်းကောင်း၊ ငါ့အား အဘယ်မျှအမျက်ထွက်လျက်နေသည်ကို လည်းကောင်းငါသိ၏။-
27 Porém o teu assentar, e o teu sair e o teu entrar, e o teu furor contra mim, eu o sei.
28 သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
28 Por causa do teu furor contra mim, e porque a tua revolta subiu aos meus ouvidos, portanto porei o meu anzol no teu nariz e o meu freio nos teus lábios, e te farei voltar pelo caminho por onde vieste.
29 ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
29 E isto te será por sinal; este ano se comerá o que nascer por si mesmo, e no ano seguinte o que daí proceder; porém, no terceiro ano semeai e segai, plantai vinhas, e comei os seus frutos.
30 ယုဒပြည်တွင်အသက်မသေဘဲကျန်ရှိ နေသူတို့သည် မြေတွင်နက်စွာအမြစ်စွဲ ၍သီးနှံများကိုဆောင်သည့်အပင်များ ကဲ့သို့တိုးတက်ဖွံ့ဖြိုးကြလိမ့်မည်။-
30 Porque o que escapou da casa de Judá, e restou, tornará a lançar raízes para baixo, e dará fruto para cima.
31 ယေရုရှလင်မြို့နှင့်ဇိအုန်တောင်ပေါ်တွင်လူ တို့သည် အသက်မသေဘဲကျန်ရှိကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ဖြစ်ပျက်စေ ရန်ထာဝရဘုရားသန္နိဋ္ဌာန်ချမှတ်ထား တော်မူသောကြောင့်ဖြစ်၏။
31 Porque de Jerusalém sairá o restante, e do monte Sião o que escapou; o zelo do Senhor dos Exércitos fará isto.
32 ``အာရှုရိဧကရာဇ်မင်း၏အကြောင်းနှင့်ပတ် သက်၍ ထာဝရဘုရားက`သူသည်ဤမြို့သို့ ဝင်ရမည်မဟုတ်။ မြို့ထဲသို့လည်းမြားတစ် လက်မျှပစ်လွှတ်ရမည်မဟုတ်။ မြို့ကိုဝိုင်းရံ တိုက်ခိုက်ရန်မြေကတုတ်များကိုလည်းဖို့ လုပ်ရမည်မဟုတ်။-
32 Portanto, assim diz o Senhor acerca do rei da Assíria: Não entrará nesta cidade, nem lançará nela flecha alguma; tampouco virá perante ela com escudo, nem levantará contra ela trincheira alguma.
33 သူသည်မြို့ထဲသို့မဝင်ရဘဲလာလမ်းဖြင့်ပြန် ရမည်။ ဤကားငါထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။-
33 Pelo caminho por onde vier, por ele voltará; porém nesta cidade não entrará, diz o Senhor.
34 ငါသည်ငါ၏ဂုဏ်တော်ကိုလည်းကောင်း၊ ငါ ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ ဤမြို့ကိုကာ ကွယ်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ဗျာဒိတ် တော်ကိုပြန်ကြားလေသည်။
34 Porque eu ampararei a esta cidade, para a livrar, por amor de mim e por amor do meu servo Davi.
35 ထိုည၌ထာဝရဘုရား၏ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သားတစ်သိန်း ရှစ်သောင်းငါးထောင်ကိုဒဏ်ခတ်သဖြင့် နောက် တစ်နေ့အရုဏ်တက်ချိန်၌ထိုသူအပေါင်း တို့သည်သေလျက်နေကြ၏။-
35 Sucedeu, pois, que naquela mesma noite saiu o anjo do Senhor, e feriu no arraial dos assírios a cento e oitenta e cinco mil deles; e, levantando-se pela manhã cedo, eis que todos eram cadáveres.
36 ထိုအခါအာရှုရိဧကရာဇ်မင်းသည် တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
36 Então Senaqueribe, rei da Assíria, partiu, e se foi, e voltou e ficou em Nínive.
37 တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင် ဝတ်ပြုနေစဉ်သားတော်များ ဖြစ်သောအာဒြမ္မေလက်နှင့်ရှရေဇာတို့သည် မင်း ကြီးအားဋ္ဌားဖြင့်လုပ်ကြံပြီးလျှင်အာရရတ် ပြည်သို့ထွက်ပြေးကြ၏။ အခြားသားတော် တစ်ပါးဖြစ်သူဧသရဟဒ္ဒုန်သည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
37 E sucedeu que, estando ele prostrado na casa de Nisroque, seu deus, Adrameleque e Sarezer, seus filhos, o feriram à espada; porém eles escaparam para a terra de Ararate; e Esar-Hadom, seu filho, reinou em seu lugar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.