2 Reis 18

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 — ausente —
1 No terceiro ano do reinado de Oseias, filho de Elá, rei de Israel, Ezequias, filho de Acaz, rei de Judá, começou a reinar.
2 — ausente —
2 Tinha vinte e cinco anos de idade quando começou a reinar e reinou vinte e nove anos em Jerusalém. A mãe dele se chamava Abi e era filha de Zacarias.
3 ထို​မင်း​သည်​မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​၏​စံ​န မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။-
3 Ezequias fez o que era reto aos olhos do Senhor , segundo tudo o que Davi, seu pai, havia feito.
4 သူ​သည်​ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​ဖျက်​သိမ်း​၍ ကျောက်​တိုင်​များ​ကို​ချိုး​ဖျက် ကာ​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ပူ​ဇော် ထား​သည့်​တံ​ခွန်​တိုင်​တို့​ကို​ခုတ်​လှဲ​၏။ မော​ရှေ ပြု​လုပ်​ခဲ့​သည့်​ကြေး​ဝါ​မြွေ​ကို​လည်း အ​ပိုင်း ပိုင်း​ဖြတ်​လေ​သည်။ ထို​မြွေ​ရုပ်​ကား​န​ဟုတ္တန်​ဟု နာ​မည်​တွင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ထို​အ​ချိန်​ကာ​လ​တိုင်​အောင်​ပင် ထို​မြွေ ရုပ်​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍​ပူ​ဇော်​ခဲ့ ကြ​သ​တည်း။-
4 Removeu os lugares altos, quebrou as colunas e derrubou o poste da deusa Aserá. Também fez em pedaços a serpente de bronze que Moisés havia feito. Os filhos de Israel chamavam essa serpente de Neustã e até aquele dia lhe queimavam incenso.
5 ဟေ​ဇ​ကိ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​ကိုး​စား သူ​ဖြစ်​၏။ ရှေး​ကာ​လ​မှ​စ​၍​နောင်​ကာ​လ တိုင်​အောင် ယု​ဒ​ပြည်​တွင်​သူ​ကဲ့​သို့​သော ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ်​ပေါက်​ချေ။-
5 Ezequias confiou no Senhor , Deus de Israel, de maneira que não houve ninguém como ele entre todos os reis de Judá, nem antes nem depois dele.
6 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​၍ ကိုယ် တော်​၏​စ​ကား​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​လွန်​ဆန်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ စောင့်​ထိန်း​၏။-
6 Porque se apegou ao Senhor , não deixou de segui-lo e guardou os mandamentos que o Senhor ordenou a Moisés.
7 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ တော်​မူ​သ​ဖြင့် သူ​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​အောင်​မြင်​လေ​သည်။ သူ​သည် အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ကို​အ​ညံ့​မ​ခံ​ဘဲ ပုန်​ကန်​လေ​သည်။-
7 Assim, o Senhor estava com ele, e ele teve êxito em todos os seus empreendimentos. Rebelou-se contra o rei da Assíria e não o serviu.
8 ဖိ​လိတ္တိ​ပြည်​သား​တို့​ကို​လည်း​တိုက်​ခိုက်​နှိမ်​နင်း လေ​၏။ ဂါ​ဇ​မြို့​နှင့်​ပတ်​ဝန်း​ကျင်​နယ်​မြေ​အ​ပါ အ​ဝင်​သူ​တို့​နေ​ထိုင်​ရာ အ​ငယ်​ဆုံး​ကျေး​ရွာ မှ​အ​ကြီး​ဆုံး​မြို့​သို့​တိုင်​အောင်​သွား​ရောက် တိုက်​ခိုက်​လု​ယက်​လေ​သည်။
8 Derrotou os filisteus até Gaza e o seu território, desde a torre dos vigias até a cidade fortificada.
9 ဣ​သ​ရေ​လ​ဘု​ရင်​ဟော​ရှေ​၏​နန်း​စံ​ခု​နစ် နှစ်​မြောက်၊ ဟေ​ဇ​ကိ​မင်း​၏​နန်း​စံ​လေး​နှစ်​မြောက် ၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​ရှာ​လ​မ​နေ​ဇာ သည် ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​၍ ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ရံ​ထား​၏။-
9 No quarto ano do reinado de Ezequias, que era o sétimo ano do reinado de Oseias, filho de Elá, rei de Israel, Salmaneser, rei da Assíria, atacou a cidade de Samaria e a cercou.
10 သုံး​နှစ်​ကြာ​သော​အ​ခါ​ရှ​မာ​ရိ​မြို့​ကျ​ဆုံး သွား​လေ​သည်။ ယင်း​သို့​ဖြစ်​ပျက်​သည်​မှာ​ဟေ ဇ​ကိ​၏​နန်း​စံ​လေး​နှစ်​မြောက်​နှင့် ဟော​ရှေ​၏ နန်း​စံ​ကိုး​နှစ်​မြောက်​၌​ဖြစ်​သ​တည်း။-
10 Ao fim de três anos, a cidade foi conquistada. Sim, no ano sexto do reinado de Ezequias, que era o nono ano do reinado de Oseias, rei de Israel, Samaria foi conquistada.
11 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​သွား​ပြီး​လျှင်​အ​ချို့​ကို​ဟာ​လ​မြို့​၌ လည်း​ကောင်း၊ အ​ချို့​ကို​ဂေါ​ဇန်​ခ​ရိုင်​ဟာ​ဗော်​မြစ် အ​နီး​၌​လည်း​ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ မြို့​များ​၌​လည်း​ကောင်း​နေ​ထိုင်​စေ​၏။
11 O rei da Assíria levou os israelitas para a Assíria e os fez habitar em Hala, junto a Habor, rio de Gozã, e nas cidades dos medos.
12 ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​ခြင်း​မှာ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ဘဲ ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ချိုး ဖောက်​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့် ထိန်း​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​စ​ကား တော်​ကို​နား​မ​ထောင်​အ​မိန့်​တော်​ကို​လည်း မ​လိုက်​နာ​ကြ။
12 Isso aconteceu porque não obedeceram à voz do Senhor , seu Deus, mas quebraram a sua aliança, a saber, tudo o que Moisés, servo do Senhor , havia ordenado; não o ouviram, nem o fizeram.
13 ဟေ​ဇ​ကိ​မင်း​နန်း​စံ​တစ်​ဆယ့်​လေး​နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို​သိမ်း​ယူ​လေ​သည်။-
13 No décimo quarto ano do reinado de Ezequias, Senaqueribe, rei da Assíria, atacou todas as cidades fortificadas de Judá e as conquistou.
14 ဟေ​ဇ​ကိ​သည်​စေ​တ​မန်​လွှတ်​၍​လာ​ခိ​ရှ​မြို့​ရှိ သ​နာ​ခ​ရိပ်​အား``အ​ကျွန်ုပ်​မှား​ပါ​ပြီ။ အ​ရှင်​၏ တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​တော်​မူ​ပါ။ အ​ရှင်​တောင်း​ဆို သ​မျှ​အ​ကျွန်ုပ်​ပေး​ပါ​မည်'' ဟု​လျှောက်​စေ​၏။ ဧ​က​ရာဇ်​ဘု​ရင်​က​မိ​မိ​ထံ​သို့​ငွေ​ဆယ်​တန်​နှင့် ရွှေ​တစ်​တန်​ပေး​ဆက်​ရ​မည်​ဖြစ်​ကြောင်း​ပြန် ကြား​လိုက်​လေ​သည်။-
14 Então Ezequias, rei de Judá, enviou mensageiros ao rei da Assíria, que estava em Laquis, dizendo: — Eu errei. Pare de me atacar, e cumprirei tudo o que você me impuser. Então o rei da Assíria impôs a Ezequias, rei de Judá, um tributo de dez toneladas de prata e uma tonelada de ouro.
15 ဟေ​ဇ​ကိ​သည်​ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ တိုက်​၌ ရှိ​သ​မျှ​သော​ငွေ​ကို​လည်း​ကောင်း၊-
15 Ezequias deu toda a prata que havia na Casa do Senhor e nos tesouros do palácio real.
16 ဗိ​မာန်​တော်​တံ​ခါး​ဝ​များ​နှင့် မိ​မိ​ကိုယ်​တိုင် မွမ်း​မံ​ချယ်​လှယ်​ထား​သည့်​တံ​ခါး​တိုင်​များ​မှ ရွှေ​ကို​လည်း​ကောင်း​သ​နာ​ခရိပ်​အား​ပေး​၏။-
16 Foi quando Ezequias arrancou o ouro que havia nas portas do templo do Senhor e nas ombreiras, o ouro com que ele, o rei de Judá, as havia revestido, e o deu ao rei da Assíria.
17 အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​သည် ယေရု​ရှ​လင်​မြို့ ကို​တိုက်​ခိုက်​ရန် မိ​မိ​၏​ထိပ်​သီး​အ​ရာ​ရှိ​သုံး​ဦး အုပ်​ချုပ်​သည့်​တပ်​မ​တော်​ကြီး​ကို​လာ​ခိ​ရှ​မြို့ မှ​စေ​လွှတ်​လိုက်​လေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​သော​အ​ခါ သူ​တို့​သည်​အ​ထက်​ရေ​ကန်​မှ စီး​ဆင်း​လာ​သည့်​ရေ​မြောင်း​အ​နီး အ​ထည်​ယက် လုပ်​သူ​တို့​၏​အ​လုပ်​စ​ခန်း​တည်​ရာ​လမ်း​တွင် တပ်​စ​ခန်း​ချ​ကြ​၏။-
17 Mas o rei da Assíria, que estava em Laquis, enviou Tartã, Rabe-Saris e Rabsaqué, com um grande exército, ao rei Ezequias, em Jerusalém. Eles vieram a Jerusalém e, quando chegaram, pararam na extremidade do aqueduto do tanque superior, junto ao caminho do campo do Lavandeiro.
18 ထို့​နောက်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​အား​လူ​လွှတ် ၍​ဖိတ်​ခေါ်​ကြ​၏။ ထို​အ​ခါ​ဟေ​ဇ​ကိ​၏​နန်း​တွင်း အ​ရာ​ရှိ​သုံး​ဦး​တို့​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​ရန် ထွက်​လာ​ကြ​၏။ သူ​တို့​ကား​ဟိ​လ​ခိ​၏​သား​နန်း တော်​အုပ်​ဧ​လျာ​ကိမ်၊ နန်း​တော်​အ​တွင်း​ဝန်​ရှေ​ဗ​န နှင့် အာ​သပ်​၏​သား​အ​မှု​တွဲ​ထိန်း​ယော​အာ​တို့ ဖြစ်​သ​တည်း။-
18 Mandaram chamar o rei, e quem saiu ao encontro deles foram Eliaquim, filho de Hilquias, o responsável pelo palácio, Sebna, o escrivão, e Joá, filho de Asafe, o cronista.
19 အာ​ရှု​ရိ​အ​မျိုး​သား​တစ်​ဦး​က​သူ​တို့​အား``အာ ရှု​ရိ​ဘု​ရင်​က​ဟေ​ဇ​ကိ​မင်း​အား`သင်​သည်​အ​ဘယ် ကြောင့်​မိ​မိ​ကိုယ်​ကို ဤ​မျှ​ယုံ​ကြည်​ကိုး​စား​လျက် နေ​သ​နည်း။-
19 Rabsaqué disse: — Digam a Ezequias: Assim diz o grande rei, o rei da Assíria: “Que confiança é essa que você tem?
20 စ​ကား​ပြော​ရုံ​ဖြင့်​စစ်​တိုက်​ရန်​စွမ်း​ရည်​ရှိ​သည် ဟု​ထင်​ပါ​သ​လော။ ငါ့​ကို​ပုန်​ကန်​ရန်​သင့်​အား အ​ဘယ်​သူ​ကူ​ညီ​လိမ့်​မည်​နည်း။-
20 Bem posso dizer que o seu conselho e o seu poder para a guerra são meras palavras. Em quem você está confiando agora, para que se rebele contra mim?
21 သင်​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို​စောင့် စား​လျက်​နေ​၏။ သို့​သော်​ထို​ပြည်​ကို​အား​ကိုး ခြင်း​သည် ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး ပြု​ခြင်း​နှင့်​တူ​ပေ​သည်။ ထို​ကူ​ရိုး​သည်​ကျိုး​၍ သင်​၏​လက်​ကို​စူး​လိမ့်​မည်။ အီ​ဂျစ်​ဘု​ရင်​ကား သူ့​ကို​အား​ကိုး​သူ​အ​ဖို့ ထို​အ​ရိုး​နှင့်​တူ​သည်' ဟု​မိန့်​တော်​မူ​သည်'' ဟု​ပြော​၏။
21 Você confia nesse bordão de caniço esmagado que é o Egito. Se alguém se apoiar no caniço, ele vai espetar e furar a mão. Assim é Faraó, rei do Egito, para todos os que nele confiam.
22 သူ​သည်​ဆက်​လက်​၍``သင်​က`ငါ​တို့​သည် ငါ​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး ပါ​သည်' ဟု​ပြော​ဆို​ကြ​မည်​လော။ မြင့်​သော အ​ရပ်​ဌာ​န​များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဟေ​ဇ​ကိ ဖျက်​ဆီး​၍ ယု​ဒ​ပြည်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​ရှိ​ယဇ်​ပလ္လင်​၌​သာ ဝတ်​ပြု​ကိုး​ကွယ်​ကြ​ရန် အ​မိန့်​ထုတ်​သည်​မ​ဟုတ်​ပါ​လော။-
22 Mas, se vocês me dizem: ‘Confiamos no Senhor , nosso Deus’, eu pergunto: não é esse aquele cujos lugares altos e altares Ezequias removeu, dizendo a Judá e a Jerusalém que deveriam adorar somente diante do altar em Jerusalém?
23 ငါ​၏​သ​ခင်​ဧ​က​ရာဇ်​ဘု​ရင်​သည် သင်​တို့​နှင့် အ​လောင်း​အ​စား​ပြု​မည်။ သင်​တို့​သည်​မြင်း​စီး သူ​ရဲ​နှစ်​ထောင်​ရ​အောင်​ရှာ​နိုင်​မည်​ဆို​လျှင် သင် တို့​အား​မြင်း​ကောင်​ရေ​နှစ်​ထောင်​ကို​ငါ​ပေး​မည်။-
23 Agora, pois, comprometa-se com meu senhor, o rei da Assíria, e eu lhe darei dois mil cavalos, se você puder achar cavaleiros para montá-los.
24 သင်​တို့​သည်​အာ​ရှု​ရိ​တပ်​မ​တော်​တွင်​အ​ငယ်​ဆုံး သော​ဗိုလ်​ကို​ပင်​ယှဉ်​ပြိုင်​နိုင်​မှု​မရှိ​ဘဲ အီ​ဂျစ်​အမျိုး သား​တို့​ထံ​မှ​စစ်​ရ​ထား​နှင့်​မြင်း​စီး​သူ​ရဲ​အ​ကူ အ​ညီ​များ​ကို​စောင့်​မျှော်​ကြ​ပါ​သည်​တ​ကား။-
24 Como você poderia repelir um oficial do meu senhor, o rei, mesmo que seja um dos menores, e confiar no Egito para obter carros de guerra e cavaleiros?
25 ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​အ​ကူ​အ​ညီ​မ​ပါ​ဘဲ သင်​တို့​၏​ပြည်​ကို​တိုက်​ခိုက်​ဖျက်​ဆီး​သည်​ဟု သင် တို့​ထင်​မှတ်​ကြ​ပါ​သ​လော။ သင်​တို့​ပြည်​ကို​တိုက် ခိုက်​ဖျက်​ဆီး​ရန် ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​ငါ့​အား​စေ​ခိုင်း​တော်​မူ​၏'' ဟု​ဆို​၏။
25 Será que você pensa que é sem o consentimento do Senhor Deus que eu vim contra este lugar, para o destruir? Foi o próprio Senhor quem ordenou que eu atacasse esta terra e a destruísse.”
26 ထို​အ​ခါ​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည် ထို​အ​ရာ​ရှိ​အား``အ​ရှင်၊ အာ​ရ​မိ​ဘာ​သာ စ​ကား​ဖြင့်​အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​ပါ။ ထို စ​ကား​ကို​အ​ကျွန်ုပ်​တို့​နား​လည်​ပါ​သည်။ ဟေ​ဗြဲ ဘာ​သာ​စ​ကား​ကို​မ​သုံး​ပါ​နှင့်။ မြို့​ရိုး​ပေါ်​ရှိ လူ​အ​ပေါင်း​တို့​နား​ထောင်​လျက်​နေ​ကြ​ပါ သည်'' ဟု​ပြော​၏။
26 Então Eliaquim, filho de Hilquias, Sebna e Joá disseram a Rabsaqué: — Por favor, fale com estes seus servos em aramaico, porque nós o entendemos. Não fale em hebraico, aos ouvidos do povo que está sobre a muralha.
27 ထို​သူ​က``ဧ​က​ရာဇ်​ဘု​ရင်​သည်​သင်​တို့​နှင့်​သင်​တို့ ဘု​ရင်​အား ဤ​စ​ကား​များ​ကို​ပြော​ကြား​ရန်​ငါ့ အား​စေ​လွှတ်​တော်​မူ​လိုက်​သည်​ဟု​မ​ထင်​ကြ​နှင့်။ ငါ​သည်​မြို့​ရိုး​ပေါ်​တွင်​ထိုင်​နေ​ကြ​သူ​တို့​အား​လည်း ပြော​ကြား​ပါ​၏။ သင်​တို့​နည်း​တူ​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ကျင်​ကြီး​ကျင်​ငယ်​ကို​ပြန်​၍​စား​သောက် ကြ​ရ​လိမ့်​မည်'' ဟု​ပြန်​ပြော​၏။
27 Mas Rabsaqué lhes respondeu: — Você pensa que o meu senhor me enviou para dizer estas palavras apenas a você e ao seu rei? Ele me enviou para falar também aos homens que estão sentados sobre a muralha e que, junto com vocês, terão de comer o seu próprio excremento e beber a sua própria urina!
28 ထို​နောက်​သူ​သည်​ထ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား ဖြင့်``သင်​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
28 Então Rabsaqué se pôs em pé e gritou em hebraico: — Escutem as palavras do grande rei, o rei da Assíria.
29 သင်​တို့​အား​ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ ယောင်​ကြ​နှင့်။ ဟေ​ဇ​ကိ​သည်​သင်​တို့​အား​မ​ကယ် နိုင်။-
29 Assim diz o rei: “Não deixem que Ezequias os engane, pois ele não poderá livrá-los da minha mão.
30 ထာ​ဝရ​ဘု​ရား​ကို​အား​ကိုး​ရန်​သူ​၏​သွေး ဆောင်​စကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ကယ်​တော်​မူ​မည်​ဟူ ၍​လည်း​ကောင်း၊ အာ​ရှု​ရိ​တပ်​မ​တော်​အား ဤ မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ် ဟူ​၍​လည်း​ကောင်း​မ​ထင်​မှတ်​ကြ​နှင့်။-
30 Não deixem que Ezequias os leve a confiar no Senhor , dizendo: ‘O Senhor certamente nos livrará, e esta cidade não será entregue nas mãos do rei da Assíria.’
31 — ausente —
31 Não deem ouvidos a Ezequias. Porque assim diz o rei da Assíria: ‘Façam as pazes comigo e se entreguem. Então cada um comerá da sua própria videira e da sua própria figueira, e beberá a água da sua própria cisterna,
32 — ausente —
32 até que eu venha e os leve para uma terra como a de vocês, terra de cereal e de vinho, terra de pão e de vinhas, terra de oliveiras e de mel, para que vocês vivam e não morram.’ Não deem ouvidos a Ezequias, porque ele está enganando vocês, ao dizer: ‘O Senhor nos livrará.’
33 အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည်​ထို​သူ တို့​၏​ပြည်​များ​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင် ၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-
33 Será que os deuses das nações puderam livrar, cada um a sua terra, das mãos do rei da Assíria?
34 ဟာ​မတ်​ပြည်​နှင့်​အာ​ပဒ်​ပြည်​တို့​၏​ဘု​ရား များ​သည် ယ​ခု​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေန​ပြည်​နှင့်​ဣ​ဝါ​ပြည် တို့​၏​ဘု​ရား​များ​သည် အ​ဘယ်​မှာ​ရှိ​ပါ သ​နည်း။ သူ​တို့​သည်​ရှ​မာ​ရိ​ပြည်​ကို​ကယ် ခဲ့​ကြ​ပါ​သ​လော။-
34 Onde estão os deuses de Hamate e de Arpade? Onde estão os deuses de Sefarvaim, Hena e Iva? Será que eles livraram Samaria das minhas mãos?
35 ထို​တိုင်း​ပြည်​အ​ပေါင်း​တို့​၏​ဘု​ရား​များ​အ​နက် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို​ငါ တို့​ဧ​က​ရာဇ်​ဘု​ရင်​၏​လက်​မှ​အ​ဘယ်​အ​ခါ က​ကယ်​ခဲ့​ဖူး​ပါ​သ​နည်း။ ယင်း​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယေ​ရု​ရှ​လင်​မြို့​ကို ကယ်​တော်​မူ​နိုင်​သည်​ဟု သင်​တို့​အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​ပါ​သ​နည်း'' ဟု​ဆို​၏။-
35 De todos os deuses destes países, quais foram os que livraram a sua terra das minhas mãos? Então como o Senhor poderá livrar Jerusalém das minhas mãos?”
36 ပြည်​သူ​တို့​သည်​ဟေ​ဇ​ကိ​မင်း​မှာ​ကြား​လိုက် သည်​အ​တိုင်း​ဆိတ်​ဆိတ်​နေ​ကြ​၏။ စ​ကား​တစ် ခွန်း​ကို​မျှ​ပြန်​၍​မ​ပြော​ကြ။-
36 O povo ficou calado e não lhe respondeu palavra, porque assim lhe havia ordenado o rei: “Não lhe respondam.”
37 ထို​နောက်​ဧ​လျာ​ကိမ်၊ ရှေ​ဗ​န​နှင့်​ယော​အာ​တို့ သည်​ဝမ်း​နည်း​လျက် မိ​မိ​တို့​အ​ဝတ်​များ​ကို ဆုတ်​ကာ​အာ​ရှု​ရိ​အ​ရာ​ရှိ​၏​စကား​ကို​မင်း ကြီး​ထံ​ပြန်​ကြား​လျှောက်​ထား​ကြ​၏။
37 Então Eliaquim, filho de Hilquias, o responsável pelo palácio, e Sebna, o escrivão, e Joá, filho de Asafe, o cronista, voltaram para junto do rei Ezequias, com as suas roupas rasgadas, e lhe contaram o que Rabsaqué tinha dito.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.