2 Reis 13
Common Language Bible (MYA) vs NAA
1 ယုဒဘုရင်အာခဇိ၏သားတော်ယောရှ၏နန်း စံနှစ်ဆယ့်သုံးနှစ်မြောက်၌ ယေဟု၏သားတော် ယောခတ်သည် ဣသရေလပြည်ဘုရင်အဖြစ် နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံလေသည်။-
1 No vigésimo terceiro ano do reinado de Joás, filho de Acazias, rei de Judá, Jeoacaz, filho de Jeú, começou a reinar sobre Israel, em Samaria, e reinou dezessete anos.
2 သူသည်မိမိအလျင်အုပ်စိုးခဲ့သည့်ယေရော ဗောင်မင်းကဲ့သို့ ထာဝရဘုရားကိုပြစ်မှား၍ ဣသရေလအမျိုးသားတို့အားအပြစ်ကူး လွန်ရန်ရှေ့ဆောင်လမ်းပြပေး၏။ သူသည်အဘယ် အခါမျှမိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်။-
2 Jeoacaz fez o que era mau aos olhos do Senhor e andou nos pecados de Jeroboão, filho de Nebate, que este levou Israel a cometer; não se afastou deles.
3 သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား အမျက်ထွက်တော်မူသ ဖြင့် ရှုရိဘုရင်ဟာဇေလနှင့်သားတော်ဗင်္ဟာ ဒဒ်တို့၏လက်တွင် အကြိမ်ကြိမ်အဖန်ဖန် အရေးရှုံးနိမ့်စေတော်မူ၏။-
3 Por isso a ira do Senhor se acendeu contra Israel, e ele os entregou nas mãos de Hazael, rei da Síria, e nas mãos de Ben-Hadade, filho de Hazael, todos aqueles dias.
4 ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
4 Porém Jeoacaz fez súplicas diante do Senhor , e o Senhor o ouviu, pois viu a opressão com que o rei da Síria atormentava Israel.
5 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ရှုရိအမျိုးသားတို့၏လက်မှကယ်တင် မည့်သူကိုပေါ်ထွန်းစေတော်မူသည်။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ယခင်က နည်းတူငြိမ်းချမ်းသာယာစွာနေထိုင်ရကြ၏။-
5 O Senhor deu um salvador a Israel, de modo que os filhos de Israel se livraram do poder dos sírios e puderam morar, de novo, em suas casas, como antes.
6 သို့ရာတွင်သူတို့သည်မိမိတို့အား ယေရော ဗောင်မင်းရှေ့ဆောင်လမ်းပြခဲ့သည့်ဒုစရိုက် လမ်းစဉ်ကိုမစွန့်ဘဲ ဆက်လက်၍လိုက်မြဲ လိုက်ကြ၏။ အာရှရဘုရားမ၏တံခွန် တိုင်သည်ရှမာရိမြို့တွင်ရှိမြဲရှိသေး၏။
6 Contudo, não se afastaram dos pecados da casa de Jeroboão, que este levou Israel a cometer, mas andaram neles; e também o poste da deusa Aserá permaneceu em Samaria.
7 ရှုရိဘုရင်၏မြေမှုန့်ကဲ့သို့ဖျက်ဆီးချေ မှုန်းခြင်းကိုခံရသဖြင့် ယောခတ်တွင်မြင်း စီးသူရဲငါးဆယ်၊ စစ်ရထားဆယ်စီးနှင့် ခြေလျင်တပ်သားတစ်သောင်းမျှသာကျန် ရှိတော့သည်။
7 Do exército de Jeoacaz só restaram cinquenta cavaleiros, dez carros de guerra e dez mil soldados de infantaria, porque o rei da Síria havia destruído os demais, reduzindo-os a pó.
8 ယောခတ်၏လက်ရုံးရည်နှင့်သူလုပ်ဆောင်ခဲ့သည့် အခြားအမှုအရာရှိသမျှကိုဣသရေလ ရာဇဝင်တွင်ရေးထားသတည်း။-
8 Quanto aos demais atos de Jeoacaz, a tudo o que fez e ao seu poder, não está tudo escrito no Livro da História dos Reis de Israel?
9 သူကွယ်လွန်သောအခါရှမာရိမြို့တွင်သူ့ကို သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယဟောရှ သည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
9 Jeoacaz morreu e foi sepultado em Samaria. E Jeoás, seu filho, reinou em seu lugar.
10 ယုဒရှင်ဘုရင်ယောရှ၏နန်းစံသုံးဆယ့်ခုနစ် နှစ်မြောက်၌ ယောခတ်၏သားတော်ယဟောရှသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်းစံ လေသည်။-
10 No trigésimo sétimo ano do reinado de Joás, rei de Judá, Jeoás, filho de Jeoacaz, começou a reinar sobre Israel, em Samaria; e reinou dezesseis anos.
11 သူသည်လည်းထာဝရဘုရားကိုပြစ်မှားကာ ဣသရေလအမျိုးသားတို့ကိုအပြစ်ကူးလွန် ရန် ရှေ့ဆောင်လမ်းပြခဲ့သောယေရောဗောင်မင်း ၏ဒုစရိုက်လမ်းစဉ်ကိုလိုက်လျှောက်သူဖြစ်၏။-
11 Fez o que era mau aos olhos do Senhor . Não se afastou de nenhum dos pecados de Jeroboão, filho de Nebate, que este levou Israel a cometer; porém andou neles.
12 ယုဒဘုရင်အာမဇိနှင့်ဖြစ်ပွားသည့်စစ်ပွဲတွင် ယဟောရှ၏လက်ရုံးရည်အပါအဝင် သူလုပ် ဆောင်ခဲ့သည့်အခြားအမှုအရာရှိသမျှကို ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
12 Quanto aos demais atos de Jeoás, a tudo o que fez e ao seu poder, com que lutou contra Amazias, rei de Judá, não está tudo escrito no Livro da História dos Reis de Israel?
13 ယဟောရှကွယ်လွန်သွားသောအခါ သူ့ကို ရှမာရိမြို့ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ဒုတိယ မြောက်ယေရောဗောင်သည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
13 Jeoás morreu, e no seu trono se assentou Jeroboão. Jeoás foi sepultado em Samaria, junto aos reis de Israel.
14 ပရောဖက်ဧလိရှဲသည်ဝေဒနာစွဲ၍နေ၏။ သူ သည်အိပ်ရာပေါ်တွင်လဲလျက်သေအံ့ဆဲဆဲ ဖြစ်နေချိန်၌ ဣသရေလဘုရင်ယဟောရှ သည် သူ့အားကြည့်ရှုရန်လာရောက်ပြီးလျှင်``အ ကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏အဖ၊ အရှင်သည် ကြီးမားသောတန်ခိုးစွမ်းအင်ဖြင့် ဣသရေလ ပြည်ကိုကာကွယ်သူဖြစ်ပါသည်တကား'' ဟု ငိုကြွေး၏။
14 Quando Eliseu estava sofrendo da enfermidade da qual viria a morrer, Jeoás, rei de Israel, foi visitá-lo. Chorou diante dele e disse: — Meu pai, meu pai! Carros de Israel e seus cavaleiros!
15 ဧလိရှဲက``လေးနှင့်မြားတို့ကိုယူခဲ့လော့'' ဟု ဆိုသည့်အတိုင်းယဟောရှယူလာသောအခါ၊-
15 Então Eliseu disse ao rei: — Pegue um arco e algumas flechas. Jeoás pegou o arco e as flechas.
16 ဧလိရှဲက``လေးကိုတင်လော့'' ဟုဆို၏။ ထို အခါမင်းကြီးသည်လေးကိုတင်လေ၏။ ထို နောက်ဧလိရှဲသည် မိမိလက်ကိုမင်းကြီး ၏လက်ပေါ်တွင်တင်ပြီးလျှင်၊-
16 Eliseu disse ao rei de Israel: — Empunhe o arco. O rei fez assim. Então Eliseu pôs as mãos sobre as mãos do rei
17 ရှုရိပြည်ဘက်သို့မျက်နှာမူလျက်ရှိသည့်ပြူ တင်းပေါက်ကို မင်းကြီးအားဖွင့်စေ၏။ ထိုနောက် ဧလိရှဲက``မြားကိုပစ်လော့'' ဟုအမိန့်ပေးသည့် အတိုင်းပစ်လေသော်ပရောဖက်က``သင်သည် ထာဝရဘုရား၏မြားဖြစ်၏။ ဘုရားရှင်သည် ထိုမြားအားဖြင့်ရှုရိပြည်ကိုအနိုင်ရတော် မူလိမ့်မည်။ သင်သည်အာဖက်မြို့တွင် ရှုရိအမျိုး သားတို့အားအနိုင်မရမချင်းတိုက်ခိုက်လိမ့် မည်'' ဟုဆို၏။
17 e disse: — Abra a janela que dá para o leste. O rei a abriu. Eliseu continuou: — Atire! E o rei atirou. Então Eliseu disse: — Flecha da vitória do
18 ထိုနောက်ဧလိရှဲသည်မင်းကြီးအား အခြား မြားတို့ကိုယူစေ၍``မြေကြီးကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းသုံးကြိမ်ရိုက်ပြီးလျှင် ရပ်လိုက်၏။-
18 Eliseu disse mais: — Pegue as flechas. Ele as pegou. Então disse ao rei de Israel: — Atire contra o chão. O rei fez isso três vezes e parou.
19 ယင်းသို့ရပ်လိုက်သည့်အတွက်ဧလိရှဲသည် အမျက်ထွက်၍ မင်းကြီးအား``အကယ်၍ငါး ကြိမ်ခြောက်ကြိမ်ရိုက်ခဲ့ပါမူ ရှုရိအမျိုးသား တို့အားအပြီးအပိုင်အနိုင်ရမည်။ ယခု မှာမူသုံးကြိမ်သာလျှင်သူတို့အားအနိုင် ရလိမ့်မည်'' ဟုဆို၏။
19 Então o homem de Deus ficou indignado com ele e disse: — Você deveria ter atirado cinco ou seis vezes e assim venceria os sírios até acabar com eles; mas agora vai vencê-los só três vezes.
20 ဧလိရှဲကွယ်လွန်သွားသောအခါ သူ့ကိုသင်္ဂြိုဟ် ကြ၏။
20 Eliseu morreu, e o sepultaram. Ora, bandos dos moabitas costumavam invadir a terra, no começo do ano.
21 အခါတစ်ပါး၌လူသေတစ်လောင်းကိုသင်္ဂြိုဟ် မည်ပြုနေစဉ် လူတို့သည်မောဘတပ်တစ်တပ် ကိုမြင်သဖြင့် အလောင်းကိုဧလိရှဲ၏သင်္ချိုင်း တွင်းသို့ပစ်ချပြီးလျှင်ထွက်ပြေးကြ၏။ ထို အလောင်းသည်ဧလိရှဲ၏အရိုးများနှင့်ထိ မိသည်နှင့်တစ်ပြိုင်နက် အသက်ပြန်ဝင်လာ ပြီးလျှင်မတ်တပ်ရပ်လေ၏။
21 Aconteceu que, enquanto alguns sepultavam um homem, eis que viram um desses bandos. Então jogaram o homem na sepultura de Eliseu e fugiram. Quando o cadáver tocou nos ossos de Eliseu, o homem reviveu e se levantou sobre os pés.
22 ယောခတ်၏လက်ထက်ကာလပတ်လုံးဣသရေလ အမျိုးသားတို့သည် ရှုရိဘုရင်ဟာဇေလ၏ နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရကြ၏။-
22 Hazael, rei da Síria, oprimiu Israel durante todo o reinado de Jeoacaz.
23 သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
23 Porém o Senhor teve misericórdia de Israel, se compadeceu deles e voltou-se para eles, por amor da aliança com Abraão, Isaque e Jacó; e não quis destruí-los e, até agora, ainda não os expulsou da sua presença.
24 ရှုရိဘုရင်ဟာဇေလကွယ်လွန်သောအခါ သူ၏သားတော်ဗင်္ဟာဒဒ်နန်းတက်၏။-
24 Hazael, rei da Síria, morreu, e Ben-Hadade, seu filho, reinou em seu lugar.
25 ထိုကာလ၌ဣသရေလဘုရင်ယောခတ် မင်း၏သားတော်ယဟောရှသည် ဗင်္ဟာဒဒ်ကို သုံးကြိမ်တိုင်တိုင်နှိမ်နင်းပြီးလျှင် ခမည်း တော်ယောခတ်လက်ထက်၌ဗင်္ဟာဒဒ်သိမ်းယူ သွားသောမြို့ကိုပြန်လည်သိမ်းယူလေသည်။
25 Jeoás, filho de Jeoacaz, retomou das mãos de Ben-Hadade as cidades que, na guerra, este havia tomado de Jeoacaz, seu pai. Três vezes Jeoás o derrotou e recuperou as cidades de Israel.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Reis 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.