2 Reis 12

Common Language Bible (MYA) vs BKJ

Sair da comparação
1 ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​ယေ​ဟု​မင်း​၏​နန်း စံ​ခု​နစ်​နှစ်​မြောက်​တွင် ယော​ရှ​သည်​ယု​ဒ​ပြည် ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌ အ​နှစ်​လေး​ဆယ်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​ကား​ဗေ​ရ​ရှေ​ဘ​မြို့​သူ​ဇိ​ဗိ​ဖြစ်​၏။-
1 No sétimo ano de Jeú, Joás começou a reinar; e quarenta anos reinou ele em Jerusalém. E o nome da sua mãe era Zíbia de Berseba.
2 သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သွန် သင်​မှု​ကို​ခံ​ယူ​ရ​ရှိ​သ​ဖြင့် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​များ​ကို​ပြု​၏။-
2 E Joás fez aquilo que era reto à vista do SENHOR todos os dias nos quais Joiada, o sacerdote, instruiu-o.
3 သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​မူ​ကား မ​ဖျက်​မ​သိမ်း​ဘဲ​ထား​သ​ဖြင့် ပြည်​သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ယဇ် ပူ​ဇော်​၍​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​သေး​၏။
3 Porém, os lugares altos não foram removidos; o povo ainda sacrificava e queimava incenso nos lugares altos.
4 ယော​ရှ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​ကို​ခေါ်​ပြီး လျှင် ဗိ​မာန်​တော်​အ​တွင်း​၌​ယဇ်​ပူ​ဇော်​မှု​နှင့် ပတ်​သက်​၍​ရ​ရှိ​သည့်​ငွေ​များ၊ ယဇ်​ကောင် များ​အ​တွက်​ပေး​ချေ​ငွေ​များ​နှင့် စေ​တ​နာ အ​လျောက်​ပေး​လှူ​ငွေ​များ​ကို​စု​ဆောင်း ထား​ရန်​အ​မိန့်​ပေး​၏။-
4 E Joás disse aos sacerdotes: Todo o dinheiro das coisas dedicadas que é trazido para a casa do SENHOR, a saber, o dinheiro de cada um que passa pela contagem, o dinheiro que é estimado para cada homem, e todo o dinheiro que vier ao coração de qualquer homem para trazê-lo à casa do SENHOR,
5 ယဇ်​ပု​ရော​ဟိတ်​အ​သီး​သီး​တို့​သည်​မိ​မိ တို့​ယဇ်​ပူ​ဇော်​ပေး​၍​ရ​ရှိ​သည့်​ငွေ​များ​ဖြင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​တွင်​လို​အပ် သ​လို​အ​သုံး​ပြု​ရန်​တာ​ဝန်​ယူ​ရ​သည်။
5 que os sacerdotes o tomem, cada um dos seus conhecidos; e que eles reparem as fendas da casa, onde quer que cada fenda for achada.
6 သို့​ရာ​တွင်​ယော​ရှ​၏​နန်း​စံ​နှစ်​ဆယ့်​သုံး​နှစ် မြောက်​သို့​ရောက်​ရှိ​သည်​တိုင်​အောင် ဗိ​မာန်​တော် တွင်​မည်​သည့်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို​မျှ​မ​ပြု ရ​သေး​သ​ဖြင့်၊-
6 Porém, assim foi que, no vigésimo terceiro ano do rei Joás, os sacerdotes não haviam reparado as fendas da casa.
7 ယော​ရှ​သည်​ယော​ယ​ဒ​နှင့်​အ​ခြား​ယဇ်​ပု​ရော ဟိတ်​များ​ကို​ခေါ်​၍``သင်​တို့​သည်​အ​ဘယ် ကြောင့်​ဗိ​မာန်​တော်​ကို​မ​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ ယ​ခု​အ​ချိန်​မှ​အ​စ​ပြု​၍ သင်​တို့​သည်​မိ​မိ တို့​ရ​ရှိ​သည့်​ငွေ​ကို​သိမ်း​ဆည်း​၍​မ​ထား​ရ ကြ။ ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပေး​အပ်​ရ​ကြ​မည်'' ဟု​ဆို​၏။-
7 Então, o rei Joás chamou Joiada, o sacerdote, e os demais sacerdotes, e disse-lhes: Por que não reparais as fendas da casa? Agora, portanto, não recebais mais dinheiro dos vossos conhecidos, mas entregai-o para as fendas da casa.
8 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငွေ​ကို​ပေး အပ်​ရန်​နှင့် ဗိ​မာန်​တော်​မွမ်း​မံ​ပြင်​ဆင်​မှု​ကို တာ​ဝန်​မ​ယူ​ရန်​သ​ဘော​တူ​ကြ​လေ​သည်။
8 E os sacerdotes consentiram em não mais receber dinheiro do povo, nem em reparar as fendas da casa.
9 ထို​နောက်​ယော​ယ​ဒ​သည်​သေတ္တာ​တစ်​လုံး ကို​ယူ​၍​အ​ဖုံး​တွင်​အ​ပေါက်​ဖောက်​ပြီး​လျှင် ဗိ​မာန်​တော်​အဝင်​လမ်း​လက်​ယာ​ဘက်​ရှိ​ယဇ် ပလ္လင်​အနီး​တွင်​ထား​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ တွင်​တာ​ဝန်​ကျ​သော​ယဇ်​ပု​ရော​ဟိတ်​များ သည် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​သူ​တို့ ပေး​လှူ​သော​ငွေ​တို့​ကို​သေတ္တာ​ထဲ​သို့​ထည့် ကြ​၏။-
9 Porém Joiada, o sacerdote, tomou uma arca, e fez um furo na sua tampa, e a colocou ao lado do altar, no lado direito de quem entra na casa do SENHOR; e os sacerdotes que cuidavam da porta colocavam ali dentro todo o dinheiro que era trazido para a casa do SENHOR.
10 အ​လှူ​ခံ​သေတ္တာ​တွင်​ငွေ​များ​လာ​သည့်​အ​ခါ တိုင်း ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ်​ပု​ရော​ဟိတ် မင်း​တို့​လာ​၍ ငွေ​ကို​ထုတ်​ယူ​ကာ​အ​ရည် ကြို​ပြီး​လျှင်​ချိန်​တွယ်​ကြ​၏။-
10 E assim era, quando eles viam que tinha muito dinheiro na arca, que o escriba do rei e o sumo sacerdote subiam, e o recolhiam em sacolas, e contavam o dinheiro que era achado na casa do SENHOR.
11 သူ​တို့​သည်​အ​လေး​ချိန်​အ​တိ​အ​ကျ​ကို မှတ်​သား​ထား​ပြီး​လျှင် ငွေ​ကို​ဗိ​မာန်​တော် ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​၏​လက် သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ​တို့​သည် ထို​ငွေ​ကို​လက်​သ​မား၊-
11 E eles entregavam o dinheiro, depois de contado, nas mãos daqueles que faziam a obra, que tinham a supervisão da casa do SENHOR; e eles o entregavam aos carpinteiros e construtores que trabalhavam na casa do SENHOR,
12 ပန်း​ရံ​သ​မား​နှင့်​ကျောက်​ဆစ်​သ​မား​တို့​၏ လုပ်​ခ​များ​အ​တွက်​လည်း​ကောင်း၊ မွမ်း​မံ​ပြင် ဆင်​ရာ​တွင်​လို​အပ်​သော​သစ်​သား၊ ကျောက် ဝယ်​ယူ​ရန်​နှင့်​အ​ခြား​လို​အပ်​သည့်​စ​ရိတ် များ​အ​တွက်​လည်း​ကောင်း​အ​သုံး​ပြု​ကြ​၏။-
12 e aos pedreiros, e talhadores de pedra, e para a compra de madeira e pedra lavrada para reparar as fendas da casa do SENHOR, e para tudo o que era entregue à casa para repará-la.
13 ငွေ​ခွက်၊ ငွေ​ဖ​လား၊ ငွေ​တံ​ပိုး​ခ​ရာ​နှင့်​ငွေ မီး​ညှပ်​များ​ပြု​လုပ်​ရန်​အ​တွက်​သော်​လည်း ကောင်း ထို​ငွေ​ကို​လုံး​ဝ​အ​သုံး​မ​ပြု​ကြ။-
13 Todavia ali não eram feitos, para a casa do SENHOR, tigelas de prata, espevitadeiras, bacias, trombetas, quaisquer vasos de ouro, ou vasos de prata, do dinheiro que era trazido para a casa do SENHOR;
14 အ​လုပ်​သ​မား​ခ​များ​ပေး​ရန်​နှင့်​မွမ်း​မံ ပြင်​ဆင်​မှု​ဆိုင်​ရာ​ပစ္စည်း​များ​ဝယ်​ယူ​ရန် အ​တွက်​သာ ထို​ငွေ​ကို​အ​သုံး​ပြု​ကြ​၏။-
14 mas aquele era entregue por eles aos trabalhadores, e com ele reparavam a casa do SENHOR.
15 လုပ်​ငန်း​ကြီး​ကြပ်​သူ​တို့​သည်​လုံး​ဝ​ယုံ ကြည်​စိတ်​ချ​ရ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့ အား​ငွေ​စာ​ရင်း​အင်း​များ​ကို​တင်​ပြ​ခိုင်း ရန်​မ​လို​ချေ။-
15 Além disso, eles não ajustavam contas com os homens em cujas mãos eles entregavam o dinheiro a ser doado aos trabalhadores; porque eles agiam com fidelidade.
16 ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သကာ​နှင့်​အ​ပြစ်​ဖြေ ရာ​ပူ​ဇော်​သ​ကာ​တို့​မှ​ရ​ရှိ​သည့်​ငွေ​ကို​မူ အ​လှူ​ခံ​သေတ္တာ​ထဲ​သို့​မ​ထည့်​ဘဲ​ယဇ်​ပု​ရော ဟိတ်​တို့​ယူ​ရ​ကြ​၏။
16 O dinheiro pela transgressão e o dinheiro pelo pecado não era trazido para dentro da casa do SENHOR; ele era dos sacerdotes.
17 ထို​ကာ​လ​၌​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ ထို​နောက် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက် လာ​သည့်​ကာ​လ၊-
17 Então, Hazael, rei da Síria, subiu e lutou contra Gate, e a tomou; e Hazael dispôs a sua face para subir até Jerusalém.
18 ယု​ဒ​ဘု​ရင်​ယော​ရှ​သည်​မိ​မိ​၏​အ​လျင် အုပ်​စိုး​ခဲ့​ကြ​သော​ယော​ရှ​ဖတ်​မင်း၊ ယ​ဟော​ရံ မင်း​နှင့်​အာ​ခ​ဇိ​မင်း​တို့​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သည့်​ပူ​ဇော်​သ​ကာ​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ပေး​လှူ​ထား​သည့်​ပူ​ဇော်​သကာ များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​နန်း​တော် ဘဏ္ဍာ​တိုက်​များ​တွင်​ရှိ​သ​မျှ​သော​ရွှေ​ကို​လည်း ကောင်း​ယူ​၍ လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဟာ​ဇေ​လ မင်း​ထံ​ပေး​ပို့​လိုက်​၏။ ထို​အ​ခါ​ဟာ​ဇေ​လ သည်​မိ​မိ​၏​တပ်​မ​တော်​ကို ယေ​ရု​ရှ​လင်​မြို့ မှ​ရုပ်​သိမ်း​သွား​လေ​၏။
18 E Joás, rei de Judá, tomou todas as coisas consagradas que Josafá, e Jeorão, e Acazias, os seus pais, reis de Judá, haviam dedicado, e as suas próprias coisas consagradas, e todo o ouro que fora encontrado nos tesouros da casa do SENHOR, e na casa do rei, e os enviou para Hazael, rei da Síria; e ele se foi embora de Jerusalém.
19 ယော​ရှ​မင်း​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။
19 E o restante dos atos de Joás, e tudo o que ele fez, não estão escritos no livro das Crônicas dos reis de Judá?
20 — ausente —
20 E os seus servos levantaram-se, e fizeram uma conspiração, e mataram Joás na casa de Milo, a qual desce para Sila.
21 — ausente —
21 Pois Jozacar, o filho de Simeate, e Jozabade, o filho de Somer, os seus servos, mataram-no, e ele morreu; e eles o sepultaram com os seus pais na cidade de Davi; e Amazias, o seu filho, reinou no seu lugar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.