2 Reis 11

Common Language Bible (MYA) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 အာ​ခ​ဇိ​မင်း​၏​မယ်​တော်​အာ​သ​လိ​သည် မိ​မိ​၏​သား​တော်​အ​သတ်​ခံ​ရ​ကြောင်း သ​တင်း​ရ​သည်​နှင့်​တစ်​ပြိုင်​နက် မင်း​ဆွေ မင်း​မျိုး​ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​ပစ်​ရန် အ​မိန့်​ပေး​လေ​သည်။-
1 Quando Atalia, mãe de Acazias, viu que seu filho era morto, levantou-se e destruiu toda a descendência real.
2 အာ​ခ​ဇိ​၏​သား​ယော​ရှ​တစ်​ဦး​တည်း သာ​လျှင် လွတ်​မြောက်​သွား​၏။ အ​ခြား​သူ များ​နှင့်​အ​တူ​သူ့​အား​သတ်​မည့်​ဆဲ​ဆဲ ၌​ဒွေး​တော်​ယော​ရှေ​ဘ​က​ကယ်​ဆယ်​လိုက် လေ​သည်။ ယော​ရှေ​ဘ​သည်​ယ​ဟော​ရံ​မင်း ၏​သ​မီး​ဖြစ်​၍ အာ​ခ​ဇိ​နှင့်​အ​ဖေ​တူ အ​မေ​ကွဲ​မောင်​နှ​မ​တော်​သ​တည်း။ သူ သည်​ယော​ရှ​အ​သတ်​မ​ခံ​ရ​စေ​ရန်​ယော​ရှ နှင့်​အ​ထိန်း​တော်​အား​ခေါ်​၍ ဗိ​မာန်​တော် အိပ်​ခန်း​တွင်​ဝှက်​ထား​လေ​သည်။-
2 Mas Jeoseba, filha do rei Jorão e irmã de Acazias, raptou Joás, filho de Acazias, do meio dos filhos do rei que seriam mortos e o pôs, juntamente com a sua babá, numa câmara interior; e, assim, o esconderam de Atalia, e ele não foi morto.
3 ဘု​ရင်​မ​အ​ဖြစ်​ဖြင့်​အာ​သ​လိ​နန်း​စံ​နေ​စဉ် သူ​သည်​ခြောက်​နှစ်​တိုင်​တိုင် ထို​သူ​ငယ်​ကို ကျွေး​မွေး​ပြု​စု​ကာ​ဗိ​မာန်​တော်​၌​ပုန်း အောင်း​၍​နေ​စေ​၏။
3 Joás esteve com ela, escondido na Casa do Senhor , durante seis anos; e Atalia reinava no país.
4 သို့​ရာ​တွင်​သတ္တမ​မြောက်​သော​နှစ်​သို့​ရောက် သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဘု​ရင်​မ​၏​ကိုယ်​ရံ​တော်​တပ်​မှူး​များ​နှင့် နန်း​တော်​အ​စောင့်​တပ်​မှူး​များ​ကို​ဗိ​မာန် တော်​သို့​ခေါ်​ပြီး​လျှင် မိ​မိ​၏​အ​ကြံ​အ​စည် အ​တိုင်း​လိုက်​နာ​ကြ​ရန်​သစ္စာ​ဆို​စေ​၏။ ထို နောက်​သူ​သည်​ထို​သူ​တို့​အား အာ​မ​ဇိ မင်း​၏​သား​တော်​ယော​ရှ​ကို​ပြ​ပြီး​လျှင်၊-
4 No sétimo ano, Joiada mandou chamar os capitães dos cários e da guarda e reuniu-se com eles na Casa do Senhor . Fez uma aliança com eles, pedindo que jurassem na Casa do Senhor . Então lhes mostrou o filho do rei
5 ``ဥ​ပုသ်​နေ့​၌​တာဝန်​ထမ်း​ဆောင်​ရန်​လာ​သော အ​ခါ သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သည်​နန်း တော်​ကို​စောင့်​ရ​ကြ​မည်။-
5 e lhes deu ordem, dizendo: — Isto é o que vocês devem fazer: uma terça parte de vocês, que entram de serviço no sábado, fará a guarda do palácio real;
6 နောက်​သုံး​ပုံ​တစ်​ပုံ​မှာ​သု​ရ​တံ​ခါး​ဝ​ကို စောင့်​ရ​ကြ​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​က​မူ ကင်း​နောက်​တံ​ခါး​ဝ​ကို​စောင့်​ရ​ကြ​မည်။-
6 outra terça parte estará ao portão Sur; e a outra terça parte, ao portão detrás da guarda; assim, vocês farão a guarda e a defesa deste palácio.
7 ဥ​ပုသ်​နေ့​၌​အား​လပ်​ခွင့်​ရ​သော​လူ​နှစ်​စု သည်​ကား ရှင်​ဘု​ရင်​အား​ကာ​ကွယ်​ရန် ဗိ​မာန် တော်​ကို​စောင့်​ရ​ကြ​မည်။-
7 Os dois grupos que saem de serviço no sábado, estes todos farão a guarda da Casa do Senhor , junto ao rei.
8 သူ​တို့​သည်​ဋ္ဌား​လွတ်​ကို​ကိုင်​ဆောင်​ကာ​ရှင် ဘု​ရင်​အား စောင့်​ရှောက်​ရ​ကြ​မည်။ မင်း​ကြီး သွား​လေ​ရာ​သို့​သူ​နှင့်​အ​တူ​လိုက်​ရ​ကြ မည်။ သင်​တို့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သူ မှန် သ​မျှ​ကို​ကွပ်​မျက်​ရ​မည်'' ဟု​အ​မိန့်​ပေး​၏။
8 Vocês devem rodear o rei, cada um de armas na mão. E, se alguém quiser entrar nas fileiras, que seja morto. Vocês devem acompanhar o rei aonde quer que ele for.
9 တပ်​မှူး​တို့​သည်​ယော​ယ​ဒ​၏​ညွှန်​ကြား​ချက် များ​ကို​နာ​ခံ​လျက် မိ​မိ​တို့​တပ်​များ​မှ​ဥ​ပုသ် နေ့​၌​တာ​ဝန်​ကျ​သော​တပ်​သား​များ​နှင့် အား လပ်​ခွင့်​ရ​သည့်​တပ်​သား​များ​ကို​သူ​၏​ထံ သို့​ခေါ်​ခဲ့​ကြ​၏။-
9 Os capitães de cem fizeram tudo o que o sacerdote Joiada lhes havia ordenado. Cada um reuniu os seus soldados, tanto os que entravam de serviço no sábado como os que saíam de serviço no sábado, e os levou ao sacerdote Joiada.
10 ယော​ယ​ဒ​သည်​ထို​တပ်​သား​တို့​အား​ဗိ​မာန် တော်​တွင် ထား​ရှိ​သည့်​ဒါ​ဝိဒ်​မင်း​၏​လှံ​နှင့် ဒိုင်း​လွှား​များ​ကို​ပေး​အပ်​လေ​သည်။-
10 O sacerdote entregou aos capitães de cem as lanças e os escudos que haviam sido do rei Davi e que estavam na Casa do Senhor .
11 သူ​သည်​မင်း​ကြီး​ကို​ကာ​ကွယ်​စောင့်​ရှောက် ရန်​အ​တွက်​ထို​သူ​တို့​အား ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​ဋ္ဌား​လွတ်​များ ကို​ကိုင်​၍​နေ​ရာ​ယူ​စေ​၏။-
11 Os guardas se puseram, cada um de armas na mão, desde o lado direito da casa real até o seu lado esquerdo, e até o altar, e até o templo, para rodear o rei.
12 ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ​သ​ရ​ဖူ​ကို​ဆောင်း​စေ​ပြီး လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​၏။ ထို့​နောက်​သူ့​အား​ဘိ​သိက်​ပေး​၍ ဘု​ရင် ဖြစ်​ကြောင်း​ကြေ​ညာ​လေ​သည်။ လူ​တို့​သည် လည်း​လက်​ခုပ်​တီး​လျက်``မင်း​ကြီး​သက် တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​ကုန်​၏။
12 Então Joiada trouxe para fora Joás, o filho do rei, pôs a coroa na cabeça dele e lhe entregou o Livro do Testemunho. Eles o constituíram rei, o ungiram, bateram palmas e gritaram: — Viva o rei!
13 အာ​သ​လိ​ဘု​ရင်​မ​သည်​အ​စောင့်​တပ်​သား များ​နှင့် လူ​တို့​၏​ကြွေး​ကြော်​သံ​ကို​ကြား သ​ဖြင့် ပ​ရိ​သတ်​စု​ဝေး​ရာ​ဗိ​မာန်​တော်​သို့ အ​ဆော​တ​လျင်​လာ​သော​အ​ခါ၊-
13 Quando Atalia ouviu o barulho dos guardas e do povo, veio para onde o povo estava, na Casa do Senhor .
14 ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​တိုင်​အ​နီး​၌ ယု​ဒ မင်း​တို့​ဋ္ဌ​လေ့​ထုံး​စံ​ရှိ​သည့်​အ​တိုင်း​ရပ် လျက်​နေ​သော​ဘု​ရင်​သစ်​ကို​လည်း​ကောင်း၊ တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ သည် မင်း​ကြီး​ကို​ခြံ​ရံ​လျက်​လူ​အ​ပေါင်း တို့​က​လည်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး ကြော်​လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​လျှင် မိ​မိ​၏​အ​ဝတ်​ကို​ဆုတ်​လျက်``ပုန်​ကန်​မှု ပါ​တ​ကား၊ ပုန်​ကန်​မှု​ပါ​တ​ကား'' ဟု အော်​ဟစ်​၏။
14 Olhou, e eis que o rei estava junto à coluna, segundo o costume. Os capitães e os tocadores de trombetas estavam ao lado do rei, e todo o povo da terra se alegrava e tocava trombetas. Então Atalia rasgou as suas roupas e gritou: — Traição! Traição!
15 ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​ကွပ်​မျက်​သည်​ကို​မ​လို​လား သဖြင့်``သူ့​အား​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​နေ​၍​ခေါ်​သွား​ကြ​လော့၊ သူ့​အား​ကယ်​ရန် ကြိုး​စား​သူ​မှန်​သမျှ​ကို​ကွပ်​မျက်​ကြ​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး​လေ​သည်။-
15 Porém o sacerdote Joiada deu ordem aos capitães que comandavam as tropas, dizendo: — Façam-na sair por entre as fileiras e, se alguém a seguir, matem-no à espada. Porque o sacerdote tinha dito: “Não a matem na Casa do
16 တပ်​မှူး​တို့​သည်​လည်း​အာ​သ​လိ​ကို​ဖမ်း ဆီး​ပြီး​လျှင် နန်း​တော်​သို့​ခေါ်​ဆောင်​ကာ မြင်း​တံ​ခါး​ဝ​၌​ကွပ်​မျက်​ကြ​၏။
16 Então eles a prenderam; e ela, pelo caminho da entrada dos cavalos, foi para o palácio real, onde a mataram.
17 ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန်​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ် ဖွဲ့​စေ​လေ​သည်။ မင်း​ကြီး​နှင့်​ပြည်​သူ​တို့​ကို လည်း​အ​ပြန်​အ​လှန်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-
17 Joiada fez uma aliança entre o Senhor , o rei e o povo, para serem eles o povo do Senhor . Fez também uma aliança entre o rei e o povo.
18 ထို​နောက်​ပြည်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန် ကို​ဖြို​ဖျက်​၍ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​ကို ချိုး​ဖဲ့​ပြီး​လျှင် ယဇ်​ပလ္လင်​များ​၏​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​ကွပ်​မျက်​ကြ​၏။ ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​အ​စောင့်​များ ချ​ထား​ပြီး​နောက်၊-
18 Então todo o povo da terra entrou no templo de Baal e o derrubaram, despedaçando os altares e as imagens de Baal. Matã, o sacerdote de Baal, foi morto diante dos altares. O sacerdote Joiada pôs guardas sobre a Casa do
19 တပ်​မှူး​များ၊ ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​သား များ၊ နန်း​တော်​အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ မင်း​ကြီး​အား​နန်း​တော်​သို့​ပို့​ဆောင်​ရာ​ပြည်​သူ တို့​သည် သူ​တို့​၏​နောက်​မှ​လိုက်​ပါ​လာ​ကြ​လေ သည်။ မင်း​ကြီး​သည်​ကင်း​တံ​ခါး​ဝ​မှ​ဝင်​တော် မူ​၍​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​တော်​မူ​၏။-
19 Reuniu os capitães dos cários, os da guarda e todo o povo da terra, e todos estes conduziram o rei desde a Casa do Senhor até o palácio real, passando pelo portão da guarda. E Joás sentou-se no trono dos reis.
20 အာ​သ​လိ​အား​နန်း​တော်​တွင်​လုပ်​ကြံ​နှင့် ပြီး​ဖြစ်​ရာ ပြည်​သူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​၍​မြို့​တော်​သည်​လည်း​အေး​ချမ်း လျက်​နေ​၏။
20 Todo o povo da terra se alegrou, e a cidade ficou tranquila, depois que mataram Atalia à espada, junto ao palácio real.
21 ယော​ရှ​သည်​အ​သက်​ခု​နစ်​နှစ်​တွင် ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​သ​တည်း။
21 Joás tinha sete anos de idade quando o fizeram rei.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Reis 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.