2 Pedro 2
Common Language Bible (MYA) vs NVI
1 ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။-
1 No passado surgiram falsos profetas no meio do povo, como também surgirão entre vocês falsos mestres. Estes introduzirão secretamente heresias destruidoras, chegando a negar o Soberano que os resgatou, trazendo sobre si mesmos repentina destruição.
2 ဤသို့ဖြစ်လင့်ကစားလူအများပင်ထိုသူ တို့၏ညစ်ညမ်းသောလမ်းစဉ်ကိုလိုက်ကြလိမ့် မည်။ သူတို့၏အပြုအမူကြောင့်အခြားလူ တို့သည်သမ္မာတရားလမ်းစဉ်ကိုရှုတ်ချပြော ဆိုကြလိမ့်မည်။-
2 Muitos seguirão os caminhos vergonhosos desses homens e, por causa deles, será difamado o caminho da verdade.
3 ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။
3 Em sua cobiça, tais mestres os explorarão com histórias que inventaram. Há muito tempo a sua condenação paira sobre eles, e a sua destruição não tarda.
4 ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။-
4 Pois Deus não poupou os anjos que pecaram, mas os lançou no inferno, prendendo-os em abismos tenebrosos a fim de serem reservados para o juízo.
5 ကိုယ်တော်သည်ရှေးခေတ်ကမ္ဘာသူကမ္ဘာသား တို့ကိုလည်းချမ်းသာပေးတော်မမူခဲ့ပေ။ ထိုစဉ်အခါကကိုယ်တော်သည်ဘုရားမဲ့နေ သူတို့၏ကမ္ဘာမြေကြီးကိုရေလွှမ်းမိုးစေတော် မူ၏။ ဖြောင့်မတ်ခြင်းတရားကိုဟောပြောသူ နောဧကိုမူကားအခြားသူခုနစ်ယောက်နှင့် အတူကယ်တင်တော်မူ၏။-
5 Ele não poupou o mundo antigo quando trouxe o dilúvio sobre aquele povo ímpio, mas preservou Noé, pregador da justiça, e mais sete pessoas.
6 ဘုရားသခင်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကိုမီးလောင်ကျွမ်းစေသောအားဖြင့်အပြစ် ဒဏ်စီရင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ်တော် သည်နောင်အခါတွင် ဆိုးသွမ်းယုတ်မာသူတို့ မည်ကဲ့သို့အပြစ်ဒဏ်ခံရမည်ကိုနမူနာ အဖြစ်ပြတော်မူ၏။-
6 Também condenou as cidades de Sodoma e Gomorra, reduzindo-as a cinzas, tornando-as exemplo do que acontecerá aos ímpios;
7 သို့ရာတွင်ဆိုးယုတ်သူတို့၏မသမာသော အကျင့်အကြံများကြောင့်အလွန်စိတ်ပျက် လျက်နေသူ သူတော်ကောင်းလောတကိုမူ ကားကိုယ်တော်သည်မီးဘေးမှကယ်ဆယ် တော်မူ၏။-
7 mas livrou Ló, homem justo, que se afligia com o procedimento libertino dos que não tinham princípios morais
8 ထိုသူတော်ကောင်းသည်ဆိုးယုတ်သူတို့နှင့် အတူနေထိုင်ကာ နေ့စဉ်နှင့်အမျှသူတို့ပြု ကျင့်သည့်ဆိုးညစ်မှုများကိုတွေ့မြင်ကြား သိသဖြင့် လွန်စွာစိတ်ဒုက္ခရောက်ခဲ့ရပေသည်။-
8 ( pois, vivendo entre eles, todos os dias aquele justo se atormentava em sua alma justa por causa das maldades que via e ouvia ).
9 — ausente —
9 Vemos, portanto, que o Senhor sabe livrar os piedosos da provação e manter em castigo os ímpios para o dia do juízo,
10 — ausente —
10 especialmente os que seguem os desejos impuros da carne e desprezam a autoridade. Insolentes e arrogantes, tais homens não têm medo de difamar os seres celestiais;
11 ဤမိစ္ဆာဆရာတို့ထက်များစွာတန်ခိုးစွမ်း ရည်ကြီးသောကောင်းကင်တမန်များပင် လျှင် သူတို့အားထာဝရဘုရား၏ရှေ့ တော်မှောက်တွင်စော်ကားပြောဆိုခြင်းကို မပြုကြ။-
11 contudo, nem os anjos, embora sendo maiores em força e poder, fazem acusações injuriosas contra aqueles seres na presença do Senhor.
12 သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။-
12 Mas eles difamam o que desconhecem e são como criaturas irracionais, guiadas pelo instinto, nascidas para serem capturadas e destruídas; serão corrompidos pela sua própria corrupção!
13 သူတို့သည်သူတစ်ပါးတို့အားထိခိုက်နာ ကျင်စေသကဲ့သို့မိမိတို့လည်းထိခိုက် နာကျင်ရကြလိမ့်မည်။ သူတို့သည်နေ့ခင်း ကြောင်တောင်သေသောက်ကြူး၍ပျော်ပါး ကြ၏။ သူတို့သည်သင်တို့နှင့်အတူစားပွဲ တွင်ထိုင်၍စားသောက်လျက် သင်တို့၏ဂုဏ် သိက္ခာကိုညစ်စွန်းစေကြ၏။ သူတို့သည် လှည့်စားမှုကိုနှစ်သက်ကြ၏။-
13 Eles receberão retribuição pela injustiça que causaram. Consideram prazer entregar-se à devassidão em plena luz do dia. São nódoas e manchas, regalando-se em seus prazeres, quando participam das festas de vocês.
14 သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-
14 Tendo os olhos cheios de adultério, nunca param de pecar, iludem os instáveis e têm o coração exercitado na ganância. Malditos!
15 သူတို့သည်လမ်းဖြောင့်မှသွေဖီကာမှောက် မှားလမ်းလွဲကြလေပြီ။ ဗောသော်၏သား၊ ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြပြီ။ ဗာလမ် ကားအပြစ်ပြုခြင်းဖြင့်ရရှိမည့်အခကို တပ်မက်သည်ဖြစ်၍၊-
15 Eles abandonaram o caminho reto e se desviaram, seguindo o caminho de Balaão, filho de Beor, que amou o salário da injustiça,
16 မိမိ၏အပြစ်ဒုစရိုက်အတွက်ဆုံးမခြင်းကို ခံရသူတည်း။ မြည်းကလူဘာသာစကား ကိုပြော၍ထိုပရောဖက်၏မိုက်မဲမှုကို ဟန့်တားလိုက်လေသည်။
16 mas em sua transgressão foi repreendido por uma jumenta, um animal mudo, que falou com voz humana e refreou a insensatez do profeta.
17 ထိုသူတို့သည်ရေခန်းခြောက်သွားသည့်စမ်း ချောင်းများကဲ့သို့လည်းကောင်း လေမုန်တိုင်း တွင်လွင့်ပါသွားသည့်မိုးတိမ်ကဲ့သို့လည်း ကောင်းဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့ အတွက်အလွန့်အလွန်မှောင်မိုက်သောနေ ရာကိုသီးသန့်၍ထားတော်မူ၏။-
17 Esses homens são fontes sem água e névoas impelidas pela tempestade. A escuridão das trevas lhes está reservada,
18 သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-
18 pois eles, com palavras de vaidosa arrogância e provocando os desejos libertinos da carne, seduzem os que estão quase conseguindo fugir daqueles que vivem no erro.
19 သူတို့သည်ထိုသူတို့အားလွတ်လပ်မှုကို ကတိပေးခဲ့သော်လည်း မိမိတို့ကိုယ်တိုင် ပင်လျှင်ပျက်စီးစေမည့်အကျင့်များ၏ ကျွန်ဖြစ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိအားစိုးမိုးသည့်အရာဟူ သမျှ၏ကျွန်ဖြစ်သောကြောင့်တည်း။-
19 Prometendo-lhes liberdade, eles mesmos são escravos da corrupção, pois o homem é escravo daquilo que o domina.
20 အကယ်၍လူတို့သည်ငါတို့အရှင်သခင် နှင့်ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ် ကိုသိကျွမ်းရခြင်းအားဖြင့် လောကီညစ်ညမ်း မှုများမှလွတ်မြောက်ကြပြီးနောက်တစ်ဖန် ပြန်၍ ထိုညစ်ညမ်းမှုများ၏ကျွန်ဖြစ်ပါမူ ထိုသူတို့၏နောက်ဆုံးအခြေအနေသည် လက်ဦးအခြေအနေထက်ဆိုးရွားလေ တော့သည်။-
20 Se, tendo escapado das contaminações do mundo por meio do conhecimento de nosso Senhor e Salvador Jesus Cristo, encontram-se novamente nelas enredados e por elas dominados, estão em pior estado do que no princípio.
21 ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုသိရှိလာပြီး နောက် မိမိတို့ခံယူရရှိထားသည့်သန့်ရှင်း မြင့်မြတ်သောအမိန့်ပညတ်ကိုစွန့်လွှတ် လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနေခြင်းကသူတို့အတွက်ပို၍ ကောင်း၏။-
21 Teria sido melhor que não tivessem conhecido o caminho da justiça, do que, depois de o terem conhecido, voltarem as costas para o santo mandamento que lhes foi transmitido.
22 ``ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ် ၏'' ဟူသောဆိုရိုးစကားသည်လည်းကောင်း``ဝက် ကိုရေချိုးပေးပါမူသူသည်ရွှံ့နွံတွင်ပြန်၍ လူးတတ်၏'' ဟူသောဆိုရိုးစကားသည်လည်း ကောင်းထိုသူတို့အတွက်မှန်လျက်နေတော့၏။
22 Confirma-se neles que é verdadeiro o provérbio: "O cão voltou ao seu vômito" e ainda: "A porca lavada voltou a revolver-se na lama".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Pedro 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.