2 Crônicas 9

Common Language Bible (MYA) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။-
1 Quando a rainha de Sabá ouviu falar da fama de Salomão, foi até Jerusalém para pô-lo à prova com perguntas difíceis. Chegou à cidade com uma comitiva numerosa e uma imensa caravana de camelos carregados de especiarias, grande quantidade de ouro e pedras preciosas. Quando se encontrou com Salomão, conversou com ele a respeito de tudo que tinha em mente.
2 မင်း​ကြီး​သည်​တစ်​ခု​မ​ကျန်​ဖြေ​ကြား​တော်​မူ သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​သော​ပုစ္ဆာ​ဟူ​၍ မ​ရှိ။-
2 Salomão respondeu a todas as suas perguntas; nada era difícil demais para ele explicar.
3 ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​ထံ​မှ ဉာဏ်​ပညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို​ကြား ၍ သူ​ဆောက်​လုပ်​ထား​သည့်​နန်း​တော်​ကို​မြင် တော်​မူ​၏။-
3 Quando a rainha de Sabá percebeu quanto Salomão era sábio e viu o palácio que ele havia construído,
4 ဘု​ရင်​မ​သည်​မင်း​ကြီး​ပွဲ​တော်​တည်​သော အ​စား​အ​စာ​များ၊ မှူး​မတ်​တို့​၏​နေ​အိမ် များ၊ နန်း​တော်​အ​မှု​ထမ်း​အ​ရာ​ထမ်း​များ အား​ဖွဲ့​စည်း​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ကြ​သည့် ဆင်​တူ​ဝတ်​စုံ​များ၊ ပွဲ​လမ်း​သ​ဘင်​အ​ခါ​တွင် မင်း​ကြီး​အား​ခ​စား​ရ​သူ​အ​စေ​ခံ​များ​နှင့် သူ​တို့​၏​ဝတ်စုံ​များ၊ ဗိ​မာန်​တော်​တွင်​မင်း ကြီး​ပူ​ဇော်​သည့်​ယဇ်​များ​ကို​တွေ့​မြင်​သော အ​ခါ​လွန်​စွာ​အံ့​သြ​လေ​သည်။
4 a comida que era servida às mesas do rei, os alojamentos e a organização de seus oficiais e servos, os trajes esplêndidos que vestiam, os copeiros da corte e suas roupas, e os holocaustos que Salomão oferecia no templo do S enhor , ficou muito admirada.
5 ဘု​ရင်​မ​က​မင်း​ကြီး​အား``အ​ကျွန်ုပ်​သည် ကျွန်ုပ်​၏​တိုင်း​ပြည်​တွင်​ရှိ​စဉ်​အ​ခါ​က​အ​ဆွေ တော်​နှင့်​အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​အ​ကြောင်း ကို​ကြား​သိ​ခဲ့​ရ​သည့်​သ​တင်း​သည်​မှန်​ပါ သည်​တ​ကား။-
5 Disse ela ao rei: “É verdade tudo que ouvi em meu país a respeito de suas realizações e de sua sabedoria!
6 ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ​မ​တွေ့​မ​မြင်​ရ​မီ အ​ခါ​က​ထို​သ​တင်း​ကို​ကျွန်ုပ်​မ​ယုံ​ပါ။ အ​ဆွေ တော်​သည်​လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ထက်​ပင် ပို​၍​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​ပါ​၏။-
6 Não acreditava no que diziam até que cheguei aqui e vi com os próprios olhos. Aliás, não tinham me contado nem a metade a respeito de sua grande sabedoria! Vai muito além do que ouvi.
7 အ​ဆွေ​တော်​၏​အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား လျက် အ​ဆွေ​တော်​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​စ​ကား​များ​ကို​ကြား​ရ​သူ​တို့​သည် အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။-
7 Como deve ser feliz o seu povo! Que privilégio para seus oficiais estarem em sua presença todos os dias, ouvindo sua sabedoria!
8 အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​ပါ​စေ​သ​တည်း။ ကိုယ် တော်​သည်​အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက် မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ မိ​မိ​၏​ကိုယ်​စား အုပ်​စိုး​နိုင်​ရန်​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ချစ် တော်​မူ​၍​ထာ​ဝစဉ်​စောင့်​ရှောက်​တော်​မူ​လို သ​ဖြင့်​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​နှင့်​တ​ရား မျှ​တ​မှု​ရှိ​နိုင်​စေ​ရန်​အ​ဆွေ​တော်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက် တော်​မူ​ပြီ'' ဟု​ပြော​၏။
8 Louvado seja o S enhor , seu Deus, que se agradou de você e o fez rei para governar para ele. Por causa do amor de Deus por Israel, e porque ele deseja estabelecer para sempre este reino, ele o fez rei para governar com justiça e retidão”.
9 ဘု​ရင်​မ​သည်​ရှော​လ​မုန်​မင်း​အား​ရွှေ​ချိန် ငါး​တန်၊ နံ့​သာ​မျိုး​နှင့်​ကျောက်​မျက်​ရ​တ​နာ အ​မြောက်​အ​မြား​ကို​လက်​ဆောင်​အ​ဖြစ်​ပေး ဆက်​တော်​မူ​၏။ ရှော​လ​မုန်​မင်း​အား​ရှေ​ဘ ပြည်​ဘု​ရင်​မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး ကဲ့​သို့​ကောင်း​သည့်​နံ့​သာ​မျိုး​ကို​နောင် အ​ဘယ်​အ​ခါ​၌​မျှ​မ​တွေ့​ရ​တော့​ချေ။
9 Então ela presenteou o rei com 4.200 quilos de ouro, especiarias em grande quantidade e pedras preciosas. Nunca houve especiarias tão finas como as que a rainha de Sabá deu ao rei Salomão.
10 (သြ​ဖိ​ရ​မြို့​မှ​ရွှေ​ကို​ယူ​ဆောင်​လာ​သော ဟိ​ရံ​မင်း​နှင့်​ရှော​လ​မုန်​မင်း​၏​လူ​တို့​သည် ထင်း​ရှူး​သား​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ ကို​လည်း​ယူ​ဆောင်​လာ​ကြ​၏။-
10 (Além disso, os marinheiros de Hirão e de Salomão trouxeram ouro de Ofir, madeira de sândalo e pedras preciosas.
11 ရှော​လ​မုန်​သည်​ထင်း​ရှူး​သား​ကို​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း​တော်​လှေ​ကား​များ​ပြု​လုပ်​ရာ​တွင် လည်း​ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း ကြီး​စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း​အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း သော​ထင်း​ရှူး​သား​မျိုး​ကို ယ​ခင်​အ​ဘယ်​အ​ခါ က​မျှ​ယု​ဒ​ပြည်​တွင်​မ​တွေ့​မ​မြင်​ဘူး​ကြ။)
11 O rei usou a madeira de sândalo para fazer os degraus das escadas do templo e do palácio real, e também liras e harpas para os músicos. Nunca se tinham visto coisas tão belas em Judá.)
12 ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။
12 O rei Salomão deu à rainha de Sabá tudo que ela pediu, muito mais que os presentes que ela havia trazido. Então ela e sua comitiva regressaram para sua terra.
13 — ausente —
13 A cada ano, Salomão recebia 23.300 quilos de ouro,
14 — ausente —
14 sem contar a renda adicional proveniente dos mercadores e comerciantes. Todos os reis da Arábia e os governadores das províncias também lhe traziam ouro e prata.
15 ရှော​လ​မုန်​သည်​တစ်​ဆယ့်​ငါး​ပေါင်​နီး​ပါး စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့်​မွမ်း​မံ​ထား​သည့် ဒိုင်း​ကြီး​နှစ်​ရာ၊-
15 O rei Salomão fez duzentos escudos grandes de ouro batido, cada um pesando 7,2 quilos.
16 ရှစ်​ပေါင်​နီး​ပါး​စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့် မွမ်း​မံ​ထား​သော​ဒိုင်း​ငယ်​သုံး​ရာ​ကို​ပြု​လုပ် တော်​မူ​သည်။ သူ​သည်​ထို​ဒိုင်း​အား​လုံး​ကို လေ​ဗ​နုန်​တော​ခန်း​မ​ဆောင်​တွင်​ထား​ရှိ စေ​၏။
16 Também fez trezentos escudos menores de ouro batido, cada um pesando 3,6 quilos. O rei colocou esses escudos no Palácio da Floresta do Líbano.
17 မင်း​ကြီး​သည်​တစ်​ပိုင်း​ကို​ဆင်​စွယ်​ဖြင့်​လည်း ကောင်း၊ ကျန်​တစ်​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​သော​ရာ​ဇ​ပလ္လင်​ကြီး ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
17 Então o rei fez um grande trono de marfim revestido de ouro puro.
18 ထို​ရာ​ဇ​ပလ္လင်​သို့​တတ်​ရန်​လှေ​ကား​ခြောက် ထစ်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​နှင့်​တစ်​စပ်​တည်း ရွှေ​ဖြင့်​မွမ်း​မံ​ထား​သော​ခြေ​တော်​တင်​ခုံ​ရှိ​၏။ ရာ​ဇ​ပလ္လင်​၏​တစ်​ဖက်​တစ်​ချက်​တွင်​လက်​ရုံး တန်း​တစ်​ခု​စီ​ရှိ​၍​ယင်း​တို့​၏​နံ​ဘေး​တွင် ရပ်​လျက်​နေ​သော​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ ရှိ​၏။-
18 O trono tinha seis degraus e um lugar de descanso para os pés feito de ouro. De cada lado do assento havia um apoio para o braço e, junto de cada apoio, a escultura de um leão.
19 လှေ​ကား​ထစ်​များ​၏​အ​စွန်း​တစ်​ဖက်​တစ်​ချက် စီ​တွင်​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ​ဖြင့်​ခြင်္သေ့​ရုပ်​တစ် ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ် တိုင်း​ပြည်​တွင်​မျှ​ဤ​ကဲ့​သို့​သော​ရာ​ဇ​ပလ္လင် မျိုး​မ​ရှိ​ခဲ့​ဘူး​ချေ။
19 Também havia outros doze leões, um de cada lado dos seis degraus. Nenhum outro trono em todo o mundo se comparava ao de Salomão.
20 ရှော​လ​မုန်​မင်း​၏​သောက်​တော်​ရေ​ဖ​လား​မှန် သ​မျှ​သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခန်း မ​ဆောင်​တွင်​ရှိ​သ​မျှ​သော​ခွက်​ယောက်​အ​သုံး အ​ဆောင်​များ​သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး သ​တည်း။ ရှော​လ​မုန်​၏​ခေတ်​၌​ငွေ​ကို​တန် ဖိုး​မ​ထား​ကြ။-
20 Todas as taças do rei Salomão eram de ouro, e todos os utensílios do Palácio da Floresta do Líbano eram de ouro puro. Não eram de prata, pois nos dias de Salomão a prata era considerada um metal sem valor.
21 မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-
21 O rei tinha uma frota de navios mercantes que navegavam com os marinheiros enviados por Hirão. Uma vez a cada três anos, as embarcações voltavam trazendo ouro, prata, marfim, macacos e pavões.
22 ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။-
22 Salomão se tornou o mais rico e sábio de todos os reis da terra.
23 သူ​တို့​သည်​ရှော​လ​မုန်​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ​တော်​နှင့် ယှဉ် သည့်​စ​ကား​များ​ကြား​နာ​ရန်​သူ့​ထံ​သို့ လာ​ရောက်​ကြ​၏။-
23 Reis de todas as nações vinham consultá-lo e ouvir a sabedoria que Deus lhe tinha dado.
24 ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။
24 A cada ano, os visitantes traziam presentes de prata e ouro, roupas, armas, especiarias, cavalos e mulas.
25 ရှော​လ​မုန်​မင်း​တွင်​စစ်​ရ​ထား​များ​နှင့်​မြင်း​များ အ​တွက်​မြင်း​စောင်း​လေး​ထောင်​ရှိ​၍​တိုက်​မြင်း တစ်​သောင်း​နှစ်​ထောင်​လည်း​ရှိ​လေ​သည်။ ထို​မြင်း အ​ချို့​တို့​ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း ထား​ရှိ​တော်​မူ​၏။-
25 Salomão tinha quatro mil estábulos para seus cavalos e carros de guerra, e doze mil cavalos. Mantinha alguns deles nas cidades designadas para guardar esses carros de guerra e outros perto dele, em Jerusalém.
26 ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​သည်​ဖိ​လိတ္တိ ပြည်​နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် အ​ရပ် ရပ်​ရှိ​ဘု​ရင်​တို့​ကို​အုပ်​စိုး​ရ​၏။-
26 Governava sobre todos os reis, desde o rio Eufrates, ao norte, até a terra dos filisteus e a fronteira do Egito, ao sul.
27 သူ​၏​လက်​တော်​၌​ယေရု​ရှ​လင်​မြို့​တွင်​ငွေ​သည် ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး​သား သည်​ယု​ဒ​တောင်​ခြေ​တွင်​အ​လေ့​ကျ​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ​များ လေ​သည်။-
27 O rei tornou a prata tão comum em Jerusalém como as pedras. E havia tanta madeira valiosa de cedro como as figueiras-bravas que crescem nas colinas de Judá.
28 ရှော​လ​မုန်​သည်​မြင်း​များ​ကို​မု​သ​ရိ ခေါ်​အီ​ဂျစ်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ တင်​သွင်း​ခဲ့​သည်။
28 Os cavalos de Salomão eram importados do Egito e de muitos outros países.
29 ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-
29 Os demais acontecimentos do reinado de Salomão, do início ao fim, estão anotados no Registro do Profeta Natã , na Profecia de Aías, de Siló e nas Visões do Vidente Ido , acerca de Jeroboão, filho de Nebate.
30 ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​၍​ဣသ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော်​မူ​၏။-
30 Salomão reinou por quarenta anos sobre todo o Israel, em Jerusalém.
31 သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော်​ရော​ဗောင် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။
31 Quando morreu e se reuniu a seus antepassados, foi sepultado na Cidade de Davi, seu pai. Seu filho Roboão foi seu sucessor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Crônicas 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.